ဇဝန - ဝထ္ထုတို ၅ ပုဒ်
ပေးထားသည့် အိမ်နံပါတ်နှင့် တဖြည်းဖြည်းနီး၍လာပြီဖြစ်ရာ မိမိသွားရမည့်အိမ်မှာ စစ်ကဲကြီးအိမ်နှင့် ကပ်နေလိမ့်မည်ဟု တွက် ကြည့်လိုက်မိသေးသည်။ သို့သော် အိမ်နံပါတ်ကိုတွေ့၍ ကားရပ်ပြီး ကြည့်လိုက်ရာတွင် တစ္ဆေခြောက်သည်ဟု နာမည်ကြီးနေသော စစ်ကဲ ကြီး ဦးဖေသော်၏အိမ်ပင် ဖြစ်သည်ကို တွေ့ရလေတော့၏။
ဒေါက်တာမသင်းကြည်သည် ကားပေါ်တွင် မလှုပ်မရှားဘဲ မျက်လုံးများပြူး၍ အိမ်ကြီးကို ကြည့်နေမိသည်။ ရင်ထဲကလည်း ခုန်၍နေတော့သည်။ အိမ်ခေါင်မိုး တံစက်မြိတ်အောက်၌ ကပ်နေ
သော မျက်လုံးကြီးများနှင့်တူသည့် ဘဲဥပုံပြတင်းပေါက်နှစ်ခုထဲမှ မှေး မှိန်သော အလင်းရောင်ကို မြင်နေရသည်မှာ မျက်လုံးမှိတ်တုတ် မှိတ် တုတ် လုပ်ပြနေသလားဟု ထင်ရသည်။
ထိုအိမ်တွင် ကြာကြာလူနေလေ့မရှိ။ တစ်ခါတစ်ရံ နေထိုင်သူ ရောက်လာသော်လည်း မည်သူမည်ဝါဖြစ်သည်ဟု မသိရ။ နေ့ခင်း တွင် တံခါးများ အမြဲပိတ်ထားလေ့ရှိပြီး ညဘက်မှာမှ မီးရောင်တွေ့ရ ၍ လူရှိမှန်း သိကြရလေသည်။
မသင်းကြည်သည် မိမိအား တစ်စုံတစ်ယောက်သောသူက နောက်ပြောင်ပြီး ထိုအိမ်ကြီးသို့ ရက်ရက်စက်စက် ပို့လိုက်ခြင်းပေလော ဟုတွေးကာ မဝင်ဘဲ ပြန်ရလျှင် ကောင်းမည်လားဟူ၍ စိတ်၌ ဖြစ် လိုက်မိသည်။ သို့သော် အိမ်ထဲသို့ လှမ်း၍ လက်နှိပ်ဓာတ်မီးနှင့် ထိုး ကြည့်လိုက်ရာ ဆင်ဝင်အောက်တွင် မော်တော်ကားတစ်စီး ဆိုက်ထား သည်ကို တွေ့ရသောကြောင့် အနည်းဆုံး အပြင်ကလာသူ တစ်ဦး တစ်ယောက်တော့ ရှိနေရမည်ဖြစ်၍ မဝင်ရဲစရာမရှိဟု ယူဆရလေ၏။ ဆရာဝန်တစ်ယောက်ဖြစ်ခြင်းကြောင့်လည်း သတ္တိရှိရပေမည်။
မသင်းကြည်၌ ဆရာဝန်၏ သတ္တိရှိသော်လည်း မိန်းမသား၏နူးညံ့ထိတ်လန့်တတ်သော စိတ်နှင့် ယှဉ်၍နေလေသည်။ သို့ဖြစ်၍ အိမ်ထဲသို့ ဝင်ဝံ့သောသတ္တိကို ရုတ်တရက်ဖော်ထုတ်၍ မရသေးပေ။ သဘာဝလောကဓာတ်ကြီးကလည်း ကြောက်ရွံ့ စိတ်ပိုလာအောင် မိုး ချုန်းသံပေး၍ လျှပ်ပန်းလျှပ်နွယ်များ ဖြိုးပြက်နေလေသည်။ သစ်ပင် သစ်ရွက်များအကြားမှ တိုးဝှေ့၍ တဟဲဟဲမြည်သည့် လေသံကလည်း ကြက်သီးထချင်လာအောင် လုပ်နေသေးသည်။
ထိုအခိုက်မှာပင် အိမ်ထဲက စူးရှသော မိန်းမအသံတစ်သံ ထွက် လာလေရာ မသင်းကြည်မှာ ခေါင်းနားပန်းကြီးသွားသည်။ ပြီးမှ မနည်း စိတ်ကို တင်းလိုက်ရသည်။ ထိုသို့ စိတ်ကို တင်းလိုက်သည်နှင့်အမျှ ဆရာဝန်စိတ်ပေါ်၍လာလေ၏။ အိမ်ကြီးထဲတွင် ပြင်းပြစွာ ဝေဒနာ ခံစားနေရသူတစ်ဦး ရှိနေရာ ဒေါက်တာသင်းကြည်မှာ ထိုဝေဒနာကို သက်သာအောင်လုပ်ပေးရမည့် တာဝန်ဝတ္တရားရှိသူဖြစ်သည့် အလျောက် သူရဲဘောကြောင်စွာဖြင့် နောက်ဆုတ်သွားခြင်းကို မပြုအပ်ပေ။
ထိုစိတ်ဓာတ် ပေါ်ပေါက်တက်ကြွလာသည်နှင့်တစ်ပြိုင်နက် မသင်းကြည်သည် ကားကို ဆက်၍မောင်းပြီး အိမ်ဝင်းထဲသို့ ချိုးဝင် လိုက်လေ၏။ အိမ်ရှေ့တံခါးမှာ ဖွင့်၍ထားရာ လေတိုက်သဖြင့် တံခါး ရွက်များ စေ့လိုက်၊ ပွင့်လိုက်နှင့် လူမျက်နှာနှင့်တူသော အိမ်ကြီးက ပါးစပ်ပိတ်လိုက်၊ ဟလိုက် လုပ်နေသည်ဟု ထင်ရပေ၏။
အိမ်ထဲသို့ကြည့်လိုက်ရာ အောက်ထပ်တွင် မှောင်၍နေသဖြင့် လက်နှိပ်ဓာတ်မီးပါလာစေကာမူ အရမ်းစွတ်၍ဝင်မသွားဘဲ တံခါးကို တဒုံးဒုံးပုတ်၍ လူခေါ်လိုက်ရလေ၏။ ။
သို့သော် အပြင်က မိုးသံ၊ လေသံများကြောင့် တံခါးပုတ်သံကို မည်သူမျှ ကြားဟန်မတူ။ တစ်ဦးတစ်ယောက်မျှ ထွက်ပေါ်၍မလာချေ။
လူနာကား အိမ်ပေါ်ထပ်တွင် ရှိနေမည်မှန်ပေသည်။ သို့သော်စွတ်၍တက်သွားလျှင် ဘာကိုတွေ့နေရမည်မသိနိုင်သဖြင့် တက်သွား ၍မဖြစ်။ တစ်ကြောင်းမှာလည်း မိမိမှာ မိန်းမသားတစ်ဦးဖြစ်နေပြန် သည့်အတွက် အတင့်မရဲသင့်ဟူ၍လည်း တွေးမိသည်။
ဆေးရုံကြီးတွင် လုပ်ရစဉ်က မသင်းကြည်အား ဆရာဝန်ကြီး ဒေါက်တာဘင်းနက်က “မင်းဟာ လူကတော့ ဖယောင်း၊ စိတ်ကတော့ သံချောင်း” ဟု ချီးကျူးခဲ့ဖူးလေသည်။ ယခုမူ မသင်းကြည်၏စိတ်မှာ သံချောင်းကဲ့သို့ ခိုင်မာခြင်းမရှိတော့ဘဲ သိုးမွေးချည်အပြတ်ကဲ့သို့ ပျော့ ဖတ်ဖတ်ဖြစ်၍နေတော့သည်။
တံခါးကို ပုတ်၍ခေါ်သော်လည်း မရသဖြင့် မသင်းကြည်မှာ အော်၍ခေါ်လိုက်ရလေ၏။ “ဘယ်သူမှ မရှိကြဘူးလား.....”
ဤအသံမှာပင် ငိုသံနှင့် ငယ်သံပါ၍နေလေသည်။ သို့သော် ထိုအသံကြောင့် အိမ်ပေါ်ထပ်မှ ခြေနင်းသံပေါ်လာကာ လူတစ်ယောက် ဖယောင်းတိုင်ကိုကိုင်လျက် အိမ်ပေါ်မှ ဆင်း၍လာလေ၏။ ထိုသူ၏ လက်ထဲက ဖယောင်းတိုင်မီးရောင်အားဖြင့် ထိုသူမှာ လူကြီးတစ်ယောက် မဟုတ်ဘဲ မိမိနှင့် အသက်အရွယ် မတိမ်းမယိမ်းလောက် ပင်ရှိမည့် ပျိုပျိုရွယ်ရွယ်လူတစ်ယောက်ဖြစ်သည်ကို တွေ့ ရသည့်ပြင် စိုးရိမ်ထိတ် လန့်ရလောက်သော ရောဂါဝေဒနာတစ်ခုခု ခံစားနေရသူ တစ်ယောက် ဖြစ်သည်ကို ဆရာဝန်၏အမြင်ဖြင့် အကဲခတ်လိုက်မိလေသည်။
“ဒေါက်တာသင်းကြည်လား...”
သူ မေးလိုက်သည့် စကားသည် ဒေါက်တာသင်းကြည်မှာ ယောက်ျားဆရာဝန်မဟုတ်ဘဲ မိန်းမတစ်ဦးဖြစ်နေသည်ကို တွေ့ရ၍ အံ့အားသင့်သည့် လေသံပါ၍နေပေသည်။ သူ၏စကားများမှာ ကြီးလှ စွာသော ဝေဒနာထဲမှ ထွက်လာရသည့် စကားများကဲ့သို့ရှိသည်။ သူ၏မျက်လုံးများတွင် သူ၌ ကာယိက ဒုက္ခတစ်ခုတည်းသာ ခံစားနေရ သည်မဟုတ်ဘဲ စိတ္တဒုက္ခပါ ခံစားနေရခြင်းကို ဖော်ပြနေလေသည်။
“လူမမာဟာ ရှင်ပဲလား...” “မဟုတ်ပါဘူး၊ မိန်းကလေးတစ်ယောက်ပါ၊ အပေါ်မှာပါ” “ရှင့်ကြည့်ရတာလည်း အတော့်ကို မမာနေပုံရတယ်”
“ကျွန်တော်က ကိစ္စမရှိပါဘူး။ အပေါ်က မိန်းကလေးကိုသာ မြန်မြန်လာပြီး ကြည့်စေချင်ပါတယ်... လိုက်ခဲ့ပါ..”
သူသည် လက်တစ်ဖက်ဖြင့် လှေကားလက်ရန်းကို မှီတွယ် အားပြုကာ ရှေ့ကတက်သွား၍ ဒေါက်တာသင်းကြည်က နောက်က လိုက်သွားရလေ၏။ သူကား အပေါ်ရောက်အောင် မနည်းကြိုးစား၍ တက်နေရလေသည်။
အပေါ်ထပ်သို့ ရောက်သည်နှင့် တံခါးပွင့်နေသော အခန်းတစ်ခု ကို လက်ညှိုးညွှန်ကာ “ဟိုထဲမှာ” ဟု လေသံဖြင့် ပြောလေသည်။
အခန်းထဲမှာ ဝေဒနာခံစားနေရသဖြင့် ညည်းညူနေသော မိန်းမ တစ်ယောက်၏အသံကို မသင်းကြည် ကြားရလေ၏။ သို့ ကြားလိုက် ရသည်တွင် ကြောက်စိတ်များအားလုံး မေ့ပျောက်သွားကာ အခန်းထဲ သို့ တောက်လျှောက်ဝင်သွားလေ၏။ အထဲသို့ ရောက်သည့်အခါ ခုတင်တစ်လုံးပေါ်တွင် ခွေ၍လဲနေသော မိန်းမငယ်တစ်ဦးကို တွေ့ သဖြင့် ရပ်ပြီး ငေးကြည့်နေမိသည်။ ။
အခန်းထဲတွင် ဖယောင်းတိုင်နှစ်တိုင်၏ အလင်းရောင်သာ ရှိ ပေ၏။ မိန်းမပျိုမှာ အတော်ပင် ငယ်လေသေးသည်။ သူ၏မျက်နှာ မှာ ဝေဒနာကြောင့် ရွှံ့၍နေသော်လည်း မိန်းမချောကလေးတစ်ယောက် ဖြစ်သည်ကိုကား သိသာလေသည်။
အခန်းတွင်း၌ ကမန်းကတန်း ရှင်းလင်းထားသည့် လက်စခြေစများနှင့် ကြမ်းပေါ်တွင် သွေးများ စွန်းပေနေသော အဝတ်တစ်ခု ပုံ ထားသည်ကို တွေ့ရ၏။
မိန်းမပျိုကလေးသည် မျက်လုံးများကိုဖွင့်၍ ဒေါက်တာသင်း ကြည်အား ကြည့်လေသည်။ သူ့မျက်လုံးများမှာ ဝေဒနာ၏ဒဏ်
ကြောင့် ပြူးနေလေသည်။ သူ၏ လက်ဝါးနှစ်ဖက်ကို ရင်ဘတ် အထက်တွင် ဖိထားသည်။
ဒေါက်တာသင်းကြည်က ထိုလက်နှစ်ဖက်ကို အသာအယာဆွဲ ၍ ရင်ဘတ်မှ ခွာလိုက်ရာ ဒဏ်ရာတစ်ခုရ၍ အဝတ်ဖြင့် မတတ် တတတ် ပတ်တီးစည်းပေးထားသည်ကို တွေ့ရလေ၏။
“ဒါ.. သေနတ်မှန်တာနဲ့ တူတယ်”ဟု မသင်းကြည်၏ ပါးစပ် မှ အသံကျယ်ကျယ်ထွက်သွားသည်။
ယောက်ျားပျိုသည် ခေါင်းညိတ်၍ ဝန်ခံကာ စကားကိုမပြော ဘဲ ကုလားထိုင်တစ်လုံးရှိရာသို့ ဒယီးဒယိုင် လျှောက်၍သွားလေ၏။
ကုလားထိုင်ပေါ်တွင် ထိုင်မိပြီးမှ ယောက်ျားပျိုသည် “ကျေးဇူး ပြုပြီး ကုပေးပါ ဒေါက်တာရယ်”ဟု ခြောက်ကပ်ကပ်အသံဖြင့် တောင်း ပန်လေသည်။
“မဖြစ်ဘူး.. မဖြစ်ဘူး... သူ့ကို ကျွန်မ မကုနိုင်ဘူး။ ဆေးရုံကို ချက်ချင်းပို့မှဖြစ်မယ်....”
“ဆေးရုံမသွားပါရစေနဲ့ရှင်... ဆေးရုံကိုသွားမယ့်အစား ကျွန်မ သေလိုက်ပါရစေတော့”ဟု မိန်းမပျိုက အသံသဲ့သဲ့ဖြင့် ပြောလေ၏။
“ဟုတ်တယ်... ဒေါက်တာ... သူ့ကို ဆေးရုံပို့လို့တော့ မဖြစ် ဘူး။ ဒီအကြောင်း ဘယ်သူမှ မသိစေချင်ပါဘူး.. ဒေါက်တာ တတ် နိုင်သမျှ ကြိုးစားပြီးတော့သာ ပြုစုပေးပါ..”
“ဒီလိုဖြစ်တဲ့ ဒဏ်ရာမျိုးကို တိတ်တိတ်ကျိတ်ကုလို့မဖြစ်ဘူး။
ဒီအမှုပေါ်သွားရင် ဘယ့်နှယ်လုပ်မလဲ။ ဆရာဝန့်မှာ အပြစ်ကြီးတယ်။
နောက်ပြီး လူနာသေသွားရင် မခက်ဘူးလား။ သေနတ်ကျည်ဆန် ဝင်နေရင် ခွဲထုတ်ရလိမ့်မယ်။ ဆေးရုံသွားမှ ကုနိုင်မယ်” ဟု မသင်း ကြည်က ခပ်တင်းတင်းပြောရလေ၏။
“ကျည်ဆန်ကို ကျွန်တော် တွေ့ပြီးပါပြီ။ မရှိတော့ပါဘူး။ အမှု လည်း မဖြစ်ပါဘူး။ ဘယ်သူမှလည်း မသိစေရပါဘူး။ ဒဏ်ရာက လည်း မကြီးလှဘူးလို့ထင်ပါတယ် ဒေါက်တာရယ်။ ကျကျနန ဆေးထည့်ပေးပြီး အနာသက်သာအောင် အိပ်ဆေးကလေးသာ ပေးပါ”
“အတော်ခက်တယ်... ဒါဟာ ကုပေးလို့ မဖြစ်ဘူး။ ဆေးရုံကို
သွားပါ”
“တောင်းပန်ပါရစေ ဒေါက်တာရယ်...၊ ဆေးရုံသွားရရင် ပုလိပ် မှု ဖြစ်နေပါလိမ့်မယ်။ ကျွန်တော်တို့အဖြစ်ကို ဘယ်သူမှ မသိစေချင် လို့ပါ။ သူကလည်း ဆေးရုံတော့ မသွားဘူး။ သေလိုက်မှာပဲ”
ယောက်ျားပျိုမှာ စကားပြောရင်း မောလာသကဲ့သို့ရှိကာ မနည်း အားယူ၍ ပြောနေရ၏။
ဒေါက်တာသင်းကြည်ကား တွေပြီးနေလေ သည်။
“ကျွန်တော်တို့ကို သနားတဲ့စိတ်နဲ့ ကျေးဇူးပြုပြီး ကူညီမစပါ ဒေါက်တာရယ်...”
“နေပါဦး အခုဟာ ဘာဖြစ်ကြတာတုန်း။ ဒီမိန်းကလေးကို ဘာပြုလို့ ဒီအိမ်ကြီးပေါ် ခေါ်လာတာလဲ”
“ဒီအကြောင်းကို မပြောပါရစေနဲ့ ဒေါက်တာရယ်။ တစ်ခုမှ ပြောလို့မဖြစ်ပါဘူး။ ဆေးသာ ထည့်ပေးပါ။ မနက်ကျရင် ကျွန်တော် တို့ ဒီအိမ်ကြီးမှာ ရှိကြမှာလည်း မဟုတ်တော့ပါဘူး။ အခုတွေ့ ရတဲ့ အဖြစ်အပျက်ကိုလည်း ဒေါက်တာ ဆေးကုပေးလိုက်ပြီးတဲ့နောက်