Skip to product information
1 of 2

Other Websites

ဇော်လင်(youth) - Linux-

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

စာရေးသူ၏အမှာစာ

ကျွန်တော်ဒီစာအုပ်ကိုရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ဘူးဖြစ်နေတာ။ ဒီကြားထဲ CCNA က တအား Hot နေတော့ CCNA  ကိုလည်း‌ရေးဖြစ်နေတာရယ် ။ ကျွန်တော်ရေးထားတဲ့ Microsoft  Windows Server 2003  စာအုပ်လည်း ထပ်မထုတ်ဖြစ်တော့ တစ်ချိန်လုံး ဒီစာအုပ်ကို လိုတဲ့သူတွေက ဖုန်း တဂွမ်ဂွမ်ဆက်နေတာမို့ သူတို့တွေအတွက်လည်။ Micrewolf Windows Server 2003  ကို ရေးသားနေရပြန်တယ်။ တစ်ဖန် ဒီ စာအုပ်လေးကိုရေးမယ်လို့ကြံတုန်း ကျွန်တော့်ရဲ့ A+ စာအုပ်လေးကိုလည်း  up grate လုပ်ပြီး၊ second edition ဆိုကာ ထုတ်ဦးမှပဲဆိုတော့ အခုမှပဲ ဒီစာအုပ်လေးကို အလှည့်ကျတော့တယ်။ ကဲ ဒီစာအုပ်မှာ အပိုင်း ၃ ပိုင်းပါဝင်ပါတယ်။ တစ်ပိုင်က Linux ကို Personal Desktop အဖြစ်သို့  သုံးချင်တဲ့သူတွေအတွက်ဖြစ်တယ်။ ဒီကနေစပြီပြပေးလိုက်တော့ Linux ကိုအခုမှအခြေခံလေ့လာမယ့်သူတွေ လည်းအဆင်ပြေသွားမယ်။ အဲ့ဒါလေးကို  Fedora ရယ် Ubuntu ရယ်နဲ့ နှစ်ခုတွဲပြပေးမှာဖြစ်ပါတယ်။ အပိုင်း ၂ ကျမှ Fedora ကို server အနေနဲ့ သင်ခန်းစာကို ရှင်းပြပေးမှာ ဖြစ်ပါတယ်။

ဒီအခန်းကတော့ Linuxကို Persinal Desktop အဖြစ် နဲ့ Fedora ကိုပဲ သင်ကြားပြသပေးမှာပါ။

ဒီတော့သင့်အနေနဲ့ ဒီစာအုပ်ကိုလေ့လာပြီးသွားတဲ့ အခါ Linux Server ကိုလည်းသိသွားမယ်။ ကျန်တဲ့

Fedorm နှင့် Ubuntu ကိုလည်း Desktop အဖြစ် ဘယ်လိုသုံးသလဲ လည်း သိသွားမှာ ဖြစ်ပါတယ်။

နောက်တစ်ခု့က သင်ဟာ Linux ကို Personal Desktop  အဖြစ်နဲ့ သုံးသုံး Server  အထိပဲ သွားသွား သင် လုပ်နိုင် သုံးနိုင်သွားမှာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခန်းကို အပိုင်း ၃ အနေနဲ့ Real Hat Enterprise Linux  (RHEL) ကို Install လုပ်ပြီး  Fedora ကို Client ဖြစ်ထားကာ ချိတ်ပြမှာဖြစ်ပါတယ်။

ဒါကတော့ အစပျိုးပေးရုံလေးပါပဲ ။ သူက Enterprise  ကိုသွားဖို့ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်စာအုပ်လေးကိုလည်။ Learning Linux  (3  in1 ) နာမည်ပေးလိုက်တာပါ။

  Desktop  ရယ် Server ရယ်  Enterprise  ရယ်ပေါ့ဗျာ  Linux က  အများကြီးကျယ်ပြန့်တယ်ဆိုတာကို သင်တို့လည်း လေ့လာရင်းနဲ့သိလာလိမ့်မယ်။

ကျွန်တော်တို့အနေနဲ့လည်။ ကိုယ်သိထားတာလေးတွေကို လူငယ်တွေအတွက် လမ်းစဖော်ပေးနေတာဖြစ်ပါတယ်။ ကျ,်ဝန်းလှတဲ့ ICT မှာ လေ့လာစရာတွေလည်း မကုန်နိုင်တာမို့ ကျွန်တော်တို့ မသိထားတာတွေလည်း အများကြီးဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ လူငယ်တွေအတွက် ဖတ်စရာ စာအုပ်လေးတွေ မိခင်ဘာသာစကားနဲ့ ထွက်လာအောင် ကြိုးစားပေးတဲ့ သဘောပါ။ အဓိက ကတော့ လမ်းလျှောက်တတ်ဖို့ ပါ။လမ်းလျှောက်တတ်ပြီဆိုရင် တော့  ပြေးဖို့ဆိုတာ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် အခြေခံကျကျလေ့လာပါ။ ကျွန်တော့်အနေနဲ့လည်းစာရေးတဲ့အမှာ ဘယ်တော့ မှအကြောင်းအရာတစ်ခုကို တနည်းအားဖြင့် အသုံးပြု့ပုံ  Configure လုပ်ပုံ How ကို ပဲတည့်ဖေါ် ပြလေ့မရှိဘဲ ဒီအကြောင်းကို ဦးတည်ပြီးပြောသွားရင်းနဲ့  Related  ဖြစ်တဲ့ အဖြစ်တွေ အဓိပ္ပါယ်ဖွင့်ဆိုချက် တွေကိုပါ ထည့်ပေးသွားတာလည်း ဒီအတွက်ပဲ ဖြစ်ပါတယ်။ ဒီလောက်.ပါပဲ။ ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

စေတနာများစွာဖြင့်

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)