Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

ဇော်ဇော်အောင် - အနုပညာသစ္စာတရား

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

အနုပညာသစ္စာတရား

အနုပညာသမားသည် အမှန်တရားကို ရှာဖွေသူဟု ပြောတတ် ကြသည်။

စကားလှလှသုံးရလျှင် လောကသစ္စာကို ရှာဖွေသူဖြစ်သည်ဟု ဆိုကြပါသည်။ ထိုအဆိုကို ကျွန်တော် သဘောမတူပါ။ အနုပညာသမား သည် လောကသစ္စာကို ရှာဖွေသူမဟုတ်။ ရရှိသူ၊ တွေ့ ရှိသူဖြစ်သည်။ ကျွန်တော့် အယူ ထိုသို့ ရှိပါ၏။

လောကထဲမှာ လူတစ်ယောက်အဖြစ် အသက်ရှင် ဖြစ်တည်ရင်း၊ အနုပညာသမားတစ်ယောက်၏ ဘဝကို ခံယူရင်း၊ အနုပညာများကို ဖန် တီးရင်း၊ အမှန်တရားကို တွေ့ရှိသွား သူ၊ ရရှိသွား သူဖြစ်သည်။ ကျွန်တော် ထိုသို့ အယူရှိပါ၏။

လောကသစ္စာဆိုတာ ဘာလဲ။ အမှန်တရားဆိုတာ ဘာလဲ။ အနုပညာသမားက ကြိုတင်သိထားသလား။ စိတ်ကူးယူ၍ ရသလား။ ကြံစည် တွေးတော ဆင်ခြင်သုံးသပ်၍ရသလား။

လောကသစ္စာဆိုသော သဘော၊ အမှန်တရားဆိုသော သဘော သည် နဂိုမူလအစကတည်းက ရှိနှင့်လေသလား။

အကယ်၍ နဂိုမူလ အစကတည်းက ရှိနေနှင့်သည်ဆိုပါလျှင် အနု ပညာသမား ရရှိလိုက်သော လောကသစ္စာသည် ထိုရှိနှင့်ပြီးသော လောက သစ္စာလား။ သီးခြားသပ်သပ်လား။ အလွန် မရေရာမသေချာသော အကြောင်းခြင်းရာများ ဖြစ်ပါသည်။ အလွန် ဝေဝါးမှုန်ရီပါသည်။ သံသယ ဖြစ်ဖွယ် အလွန်များပါသည်။

ကျွန်တော့်သဘောကို ပြောပါသည်။

ဤလောကမှာ အမှန်တရားကို ရှာဖွေသူတွေ များလှပါသည်။ သိပ္ပံပညာရှင်တွေ၊ ဝိဇ္ဇာပညာရှင်တွေ၊ ဒဿနပညာရှင် အတွေးအခေါ် သမားတွေ များလှပါသည်။ အမှန်တရားကို ရှာဖွေတွေ့ရှိသွားသူတွေ ရှိ ပါသည်။ အမှန်တရားကို ရှာဖွေတွေ့ရှိပြီဟု ထင်သွားသူတွေလည်း ရှိပါ သည်။ မာယာတောမှာ မောပန်းလက်လျှော့လိုက်သူတွေလည်း ရှိပါသည်။ ထိုပုဂ္ဂိုလ်အားလုံးသည် (ရသည်မရသည်အပထား) ရှာဖွေသူများဖြစ်ကြ ၏။

အနုပညာသမားက မရှာဖွေဘဲ တွေ့ရှိသူ၊ ရရှိသူဖြစ်၏။

အနုပညာသမားသည် လောကသစ္စာကို ရှာဖွေခြင်းအလုပ်ကို မလုပ်။ အနုပညာဖန်တီးခြင်း အလုပ်ကိုသာ လုပ်၏။

သူကမသွား။ သူ့ထံသို့ လာရ၏။ သူက မရှာ သို့သော် တွေ့၏။

ထိုသစ္စာတရားသည် သူကြိုတင် ကြံစည်တွေးတော စိတ်ကူး ထားသော အရာမဟုတ်။ ထိုသစ္စာတရားသည် အခြားသောပုဂ္ဂိုလ်များ တွေ့ရှိသော သစ္စာတရားနှင့် ခြားနား၏။ သူတွေ့ရှိသော သစ္စာတရား သည် အနုပညာသစ္စာတရားဖြစ်၏။

သူရရှိသော အမှန်တရားသည် အနုပညာအမှန်တရားဖြစ်၏။ အခြားသူများ တွေ့ရှိသော အမှန်တရားနှင့် ခြားနား၏။

အဘယ့်ကြောင့်ဆိုသော် သူတွေ့ ရှိသော အမှန်တရားသည် အခြား နည်းဖြင့်မရ။ အခြားသော လမ်းဖြင့်မရ။ အနုပညာ ဖန်တီးခြင်းနည်းဖြင့်၊အနုပညာသစ္စာတရား အနုပညာဖန်တီးခြင်းလမ်းဖြင့်သာ ရအပ်သော အနုပညာသစ္စာတရား၊ အနုပညာ အမှန်တရားဖြစ်နေခြင်းကြောင့်ပင် ဖြစ်၏ ။ ကျွန်တော် ဤသို့ အယူရှိပါ၏။

အနုပညာများကို ဖန်တီးရင်း၊ အနုပညာသမားတစ်ယောက်၏ ဘဝကိုခံယူရင်း လူတစ်ယောက်အဖြစ် အသက်ရှင်ဖြစ်တည်နေသော လောကတွင် သူမှတစ်ပါး အခြားလူများစွာရှိနေကြ၏။

ဘဝတွေရှိနေကြ၏။ သူအပါအဝင်သူများ၏ ဘဝတွင် အသက် ရှင်ဖြစ်တည်မှု အတိုင်းအတာ အကန့်အသတ်တွေရှိနေ၏။ အသီးသီး၏ ဖြစ်တည်ဆဲဘဝမှာ လှုပ်ရှားနေကြ၏။ ရုန်းကန်နေကြ၏။ ဘဝတွေကို နေထိုင်ကုန်လွန်စေရင်း တန်ဖိုးများကို တည်ဆောက်နေကြ၏။ ထိုတန်ဖိုး များ မကြာခဏ ပြိုလဲပျက်စီးကုန်ကြ၏။ တန်ဖိုးအသစ်တွေ ပေါ်ထွက် လာ၏။ လူအများ ညီညွတ်စိတ်တူ တည်ဆောက်ဆဲခဏမှာပင် စောဒက တက်နေကြ၏။ နောက်ဆုံး အမှန်တရားကိုပင် စောဒကတက်နေကြ၏။

တစ်နေရာမှာ မှန်၍ တစ်နေရာမှာ မှားနေ၏။ အချို့ အတွက် မှန်၍ အချို့အတွက် မှားနေ၏။

ထိုသို့ ရှုပ်ထွေးဆူညံနေသော လောကထဲမှာ အနုပညာသမားသည် အထီးတည်း ဂုဏ်ရောင်ပြောင်စွာ သူ့ အနုပညာကိုသူ ဖန်တီးနေသည်။

သူဖြစ်တည်ဆဲ ဘဝသည် (ဝါ) အသက်ရှင်ဖြစ်တည်နေမှု အတိုင်း အတာသည် အချိန်တစ်ချိန်အတွင်းမှာမဟုတ်။ ခေတ်တစ်ခေတ်အတွင်းမှာ မဟုတ်။ အတိုင်းအတာ ကန့်သတ်ချက်ကို လွန်မြောက်သော အချိန်အားလုံး အတွင်းမှာ ဖြစ်၏။

ခေတ်အားလုံးအတွင်းမှာ ဖြစ်၏။ သမိုင်း၏ အပိုင်းအဆစ် အကန့်လွန်မြောက်၏။

သူသည် ခေတ်ပြိုင်လူသားမဟုတ်။ ခေတ်အားလုံး၏ လူသားဖြစ် ၏။ သူဖန်တီးသော အနုပညာသည် ခေတ်ပြိုင်အနုအပညာမဟုတ်။ ခေတ် အားလုံး၏ အနုပညာဖြစ်၏ ။ ခေတ်တစ်ခေတ်၏ အပိုင်းအဆစ်အတွင်းမှာ အရောင်အဆင်း၊ အသင်း၊ အပျံ့ ရနံ့များမဟုတ်။ ခေတ်အားလုံး၏ အတွင်းမှ

အရောင်အဆင်း၊ အသင်း၊ အပျံ့ ရနံ့များဖြစ်၏။ ခေတ်တစ်ခေတ်၏ အပိုင်း အဆစ်အတွင်းမှ ပုံသဏ္ဌာန်များမဟုတ်။ အကြောင်းခြင်းရာများမဟုတ်။ ခေတ်အားလုံးအတွင်းမှ ပုံသဏ္ဌာန်များ၊ အကြောင်းခြင်းရာများဖြစ်၏။

ခေတ်တစ်ခေတ်၏ အပိုင်းအဆစ်တစ်ခုအတွင်းမှ အသံများနှင့် ယင်းတို့၏ ပဲ့တင်များမဟုတ်။ ခေတ်အားလုံးအတွင်းမှ အသံများနှင့် ယင်း တို့၏ ပဲ့တင်များ ဖြစ်၏။ ခေတ်တစ်ခေတ်၏ အပိုင်းအဆစ်တစ်ခုအတွင်း မှ အမြင့်ဆုံးစံများ၊ အမြတ်ဆုံးတန်ဖိုးများမဟုတ်။ ခေတ်အားလုံး၏ အမြင့် ဆုံးစံများနှင့် အမြတ်ဆုံးတန်ဖိုးများဖြစ်၏။

အနုပညာသမားတစ်ယောက်၏ အနုပညာသည် အချိန်အပါ အဝင် အတိုင်းအတာ ကန့်သတ်ချက်အားလုံးကို လွန်မြောက် ပေါက် ရောက်နိုင်သော သတ္တိထူးရှိ၏။ ထိုသို့သော အနုပညာကို ဖန်တီးခြင်းဖြစ် မှသာလျှင် အမှန်တရားကို ရရှိနိုင်သည်ဟု ကျွန်တော် အယူရှိပါ၏။

ထိုအမှန်တရားသည် ဤလောကတွင် အရာအားလုံးနှင့် ခြား နားမတူသော အနုပညာသစ္စာတရားပင် ဖြစ်တော့သည်။