Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

ဇော်ဂျီ - ညီသစ်ဆင်းကဗျာစု

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

စွယ်စုံ အလှ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း ၊

 မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်

ဘယ်ပညာမှာ တော်သနည်း။

တော်သည်ခြင်းရာ၊ ဆိုသည်မှာကား

လက်ရာဆန်းသစ်၊ ခေတ်မီဆန်းပြား

 တိုင်းခြားနည်းစုံ၊ အဖုံဖုံကို

တတ်ရုံမျှဖြင့်မပြီးသေး။

တို့မြေ တို့ရေ၊ တို့ အခြေနှင့်

တို့ငွေ တို့အား၊ တို့ စိတ်ထားနှင့်

စည်းဝါးကိုက်ညီ၊ ညှိကြံစည်မှ

တော်သည် ယူဆ စွယ်စုံလှ။ ။

ရှေ့ဆောင်လူငယ် အတွဲ ၁၊ အမှတ် ၃။

အောက်တိုဘာ ၁၉၆၄။

 

လုပ်အား အလှ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

 မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်

ဘယ်အလုပ်ကို လုပ်မည်နည်း။

အလုပ်ခြင်းရာ၊ ဆိုသည်မှာကား

ကာယ ဉာဏ၊ စွမ်းပြအင်အား

တစ်ပါးပါးဖြင့်

မနားမသုန်၊ ဖိန့်ဖိန့်တုန်အောင်

လုပ်ရုံမျှဖြင့် မပြီးသေး။

စားဝတ်နေမှု၊ ဤသုံးခုကို

လူ့ ဓမ္မတာ၊ ဆည်းပူးရာဝယ်

ပြည်ရွာအကျိုး၊ အများကျိုးလည်း

သယ်ပိုးပါမှ လုပ်အားလှ။ ။

 

ဂုဏ်အလှ

 ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်

ဘယ်ဂုဏ်မျိုးကို ကြိုက်သနည်း။

 ရွှေဂုဏ် ငွေဂုဏ်၊ ရာထူးဂုဏ်သည်

လူ့ဘုံလောက၊ အကာမျှတည့်

သူက ငြူစူ၊ မကြည်ဖြူ၍

ခွာယူလိုက ခွာ၍ရ။

ရိုးဂုဏ် ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်

 လူ့ဘုံလောက၊ နှစ်သာရသည့်

သူက ငြူစူ၊ မကြည်ဖြူလည်း

ခွာယူမရ ကွာမကျ။ ။

ရှေ့ဆောင်လူငယ် အတွဲ ၁၊ အမှတ် ၅၊ ဒီဇင်ဘာ ၁၉၆၄။