Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဇေရတု - ဦးနှောက်ဖွံဖြိုးရေးနှင့်လေ့ကျင့်ခန်းများ

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

ဦးနှောက်စွမ်းအားဆိုတာ

ဦးနှောက်ဖွံ့ဖြိုးရေး” စာအုပ်တွင် ဦးနှောက်အတွက် လေ့ကျင့်ရေး စနစ်တစ်ခုကိုပေးမည့် ပေါ့ပါးသွက်လက်သော လေ့ကျင့်ခန်း ၇၀ ကျော် ပါဝင်သည်။ လေ့ကျင့်ခန်းတစ်ခုစီကို တစ်နေ့တာတွင် မည်သည့်အချိန်၌ မဆို မိနစ်အနည်းငယ် အချိန်ပေးရုံဖြင့် လုပ်ဆောင်နိုင်အောင် တိုတိုရှင်း ရှင်း စီစဉ်ပေးထားသည်။ အသင်းအဖွဲ့ ခေါင်းဆောင်များ၊ မန်နေဂျာများ၊ သင်တန်းဆရာများ (သို့မဟုတ်) တစ်ဦးတစ်ယောက်ချင်းအတွက် လက်စွဲ မှီငြမ်းစရာ စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ။

ဦးနှောက်သည် ကျွန်တော်တို့၏ အရေးအကြီးဆုံး ကိုယ်အင်္ဂါ အစိတ်အပိုင်းဖြစ်သည်။ သို့သော် ဦးနှောက်ကို အသုံးပြုရန်အတွက် ကျွန်

တော်တို့မှာ ညွှန်ကြားချက်၊ လမ်းညွှန်ချက်မျိုးမရှိသလို လေ့ကျင့်ပေးခြင်း မျိုးလည်း အလွန်နည်းပါသည်။ ကျွန်တော်တို့၏ ပညာရေးတွင် အကြီးမား ဆုံးလိုအပ်ချက်တစ်ခုမှာ ဦးနှောက်အား အသုံးပြုပုံကို သင်ကြားမပေးခြင်း ဖြစ်သည်။ လူတိုင်းလူတိုင်း၏ ဦးနှောက်တွင် သူတို့အသုံးပြုနေသည်ထက် ပို၍စွမ်းဆောင်နိုင်စွမ်းများ ရှိနေပါသည်။ ဤစာအုပ်က သင့်ဦးနှောက်အား မှတ်ဉာဏ်နည်းစနစ်များမှအစ အသိပညာရှာမှီးခြင်းအထိ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန် ကြံ့ခိုင်လာစေရန် အခွင့်အရေးတစ်ခုပေးပါသည်။

 

သင်၏ဦးနှောက်

ဦးနှောက်ကို ပို၍အကျိုးရှိရှိအသုံးပြုနိုင်ရန်အတွက် ၎င်း၏ အကြောင်းကို သင် များများစားစားသိရန်မလိုပါ။ အခြေခံမျှ နားလည် ထားလျှင် ကျန်အကြောင်းအရာကိုဆက်စပ်စဉ်းစားကြည့်နိုင်ပါသည်။ ဦးနှောက်အကြောင်းကို လေ့လာရသည်က စိတ်လှုပ်ရှားဖွယ်ကောင်းပါ သည်။ ကိန်းဂဏန်းများက အံ့အားသင့်လောက်စရာ ကောင်းသောကြောင့် ဖြစ်သည်။ ဦးနှောက်ကို အခြေခံအကျဆုံးပုံစံအနေဖြင့်ကြည့်လျှင် ကွန်ပျူတာတွင်ပါဝင်သော ဒွိစုံကိန်းစနစ် (bit) များကဲ့သို့ အခြေအနေနှစ်ရပ်တွင် တစ်ရပ်သာဖြစ်သော နျူရွန်(neurons) များဖြင့်ပါဝင်ဖွဲ့စည်းထားသည်။ သို့သော် ဦးနှောက်အတွင်း၌ နျူရွန်ပေါင်း ၁ဝ ဘီလျံခန့်ရှိပြီး နျူရွန်တစ်ခု စီနှင့် ကျန်နျူရွန်ပေါင်း ထောင်သောင်းချီပြီး အပြန်အလှန် ဆက်နွယ်မှုပြု နိုင်သည်။

ဦးနှောက်၏ အစိတ်အပိုင်းတစ်ခုစီက လုပ်ဆောင်ချက်တစ်ခုစီကို ထိန်းချုပ်ထားသည်ဟု စဉ်းစားလိုက စဉ်းစားနိုင်သည်။ ၎င်းသည် စနစ် ပေါင်းများစွာ ယေဘုယျနားလည်လက်ခံထားသော အချက်ဖြစ်သည်။ သို့ သော်လည်း ဤမျှမရိုးရှင်းပေ။ ဦးနှောက်၏ အခြေခံလုပ်ငန်းတစ်ခုကပင် လျှင် အပြုအမူအမျိုးမျိုးတို့ကို အစိုးရနိုင်သည်။ သို့သော် ဦးနှောက်ကို ပိုင်းခြားသတ်မှတ်သည့်နည်းလမ်းတစ်ခု၌ စံနှုန်းရှိသည်။ အယူအဆ တစ်ခုဟုလည်း ဆိုနိုင်သည်။ ဦးနှောက်၏ ဘယ်ဘက်ခြမ်းနှင့် ညာဘက် ခြမ်းတို့ အလုပ်လုပ်ပုံနှင့်ပတ်သက်၍ အချိန်အတော်ကြာကြာကပင် ငြင်း ခုံမှုများရှိခဲ့သည်။ ဘယ်ဘက်ခြမ်းက ယုတ္တိနှင့်ဆိုင်သောအခြမ်းဖြစ်သည်။ ကျိုးကြောင်းဆင်ခြင်မှု၊ ဘာသာစကား၊ သင်္ချာပညာရပ်တို့နှင့် သက်ဆိုင် သည်။ အဆက်အစပ်နှင့် တစ်ဆင့်ချင်းစီသွားရသော တာဝန်များကို ကိုင် တွယ်သည်။ ညာဖက်ခြမ်းက ဖန်တီးမှုအပိုင်း၊ အနုပညာခံစားမှုအပိုင်း ဖြစ်သည်။

ဤသီအိုရီက ယခု စဉ်းစားစရာရှိလာသော်လည်း တန်ဖိုးရှိသော အချက်ကို ချန်ထားခဲ့သည်။ ဦးနှောက် ဘယ်ညာအခြမ်းကွဲမှုက ကျွန်တော် တို့ဦးနှောက်တွင် မတူခြားနားသော ဆောင်ရွက်ချက်နှစ်မျိုးရှိသည်ဟု မဆို လိုပါ။ သို့သော် မတူခြားနားသော ဆောင်ရွက်ချက်ကတော့ ရှိပါသည်။ ခြားနားချက်သည် သိစိတ် (ဦးနှောက်ဘယ်ခြမ်း)နှင့် မသိစိတ် (ဦးနှောက် ညာခြမ်း)တို့အကြားမှာ ရှိနိုင်သည်။ အသုံးချနိုင်မည့်နည်းလမ်းတွင် ဖန်တီးမှုပါဝင်စေရန် ထိုသိစိတ်နှင့်မသိစိတ်အကြား အပြန်အလှန် ဆက် နွယ်မှု (သို့မဟုတ်) ပေါင်းစည်းမှုလိုပါသည်။ ဦးနှောက်ဘယ်ခြမ်းက တည် နေရာကို ချင့်ချိန်ဆုံးဖြတ်သည်။ ဦးနှောက်ညာခြမ်းက စိတ်ကူးအကြံအစည်များကို ထုတ်ပေးသည်။ ဦးနှောက်ဘယ်ခြမ်းက ပြဿနာများကို ဖြေရှင်းပေးသည်။ ကျွန်တော်တို့ဦးနှောက်ကို ပို၍အကျိုးရှိရှိ အသုံးပြုနိုင်အောင် လေ့ကျင့်ပေးရန်လိုအပ်ရုံ သာမက ဤဖန်တီးမှုဆိုင်ရာ အတုံ့ အလှယ်နှင့် အရောအနှောတို့ကို လေ့ကျင့်ပေးရန်လည်းလိုအပ်သည်။

                                      ဦးနှောက်နှင့် ပညာရေး

ကျွန်တော်တို့၏ဘဝတွင် အချိန်ပြည့်ပညာသင်ကြားကြရသော အချိန်သည် ၁၁ နှစ်မှ ၁၇ နှစ်အထိရှိသည်။ အချို့ဆိုလျှင် ပညာသင်ကြား ခြင်းဖြင့် တစ်ဘဝလုံး အချိန်ကုန်ကြသည်။ ဦးနှောက်၏ ထူးထူးခြားခြား စွမ်းဆောင်နိုင်စွမ်းနှင့် နှိုင်းစာလျှင် ကျွန်တော်တို့ဘဝသက်တမ်းတစ်

လျှောက် ပညာဗဟုသုတများ ထပ်မံရှာမှီးခြင်း မပြုဘဲနေမည်ဆိုပါက ဝမ်းနည်းစရာကောင်းပါသည်။ သို့သော် သင်ယူလေ့လာခြင်းနှင့် ပညာ သင်ကြားရေးတို့ကို လွယ်လွယ်နှင့်ရောထွေးနိုင်ပါသည်။ သမားရိုးကျ ပညာသင်ကြားရေးစနစ်တွင် ထိုက်သင့်သောအခွင့်အရေးများ ရှိသော် လည်း ဦးနှောက်စွမ်းအားကို ဆန့်ထုတ်ပေးနိုင်သည်တော့မဟုတ်ပေ။

ကောင်းမွန်သော ပညာရေးစနစ်က အသိပညာအပေါ် သင်၏ စုဆောင်း စီမံနိုင်စွမ်းကို တိုးတက်စေ လိမ့်မည်ဖြစ်သော်လည်း ယေဘုယျအနေဖြင့် သင်၏ မှတ်ဉာဏ်အစွမ်းအပေါ် လွှမ်းမိုးနိုင်မည်မဟုတ်ပေ။ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၏ တီတွင်ဖန်တီးနိုင်စွမ်းကို လျော့ကျမသွားစေသော သမား ရိုးကျ ပညာသင်ကြားရေးစနစ်မှာ အနည်းငယ်မျှသာရှိပါသည်။

ဤအတွက်လည်း အကြောင်းပြချက်ကောင်းများရှိပါသည်။ အဆိုး ဆုံးအခြေအနေ၌ တီထွင်ဖန်တီးနိုင်စွမ်းသည် ရှင်သန်ရပ်တည်စရာ လမ်းစ ဖြစ်နိုင်ပါသည်။ မိုးမျှော်တိုက်ပေါ်မှ အောက်သို့ဆင်းနိုင်ရန် နည်းလမ်း အမျိုးမျိုးသုံး၍ ကြိုးစားကြည့်ခြင်းက ဖန်တီးကြံဆမှု ပါချင်ပါနိုင်သော် လည်း အထပ် ၂၀ မြင့်သောနေရာရှိပြတင်းပေါက်မှ ခုန်ချလိုက်ခြင်းက တော့ ရှင်သန်မှုအတွက်ဟုမပြောနိုင်ပါ။ တီထွင်ဖန်တီးနိုင်စွမ်းသည် သီအိုရီအရ လက်ခံနိုင်သော်လည်း ကြားခံစိတ်ကူး စိတ်သန်းများစွာနှင့်ကြုံရ သည့်အခါ ပညာရေးအတွက်ခြိမ်းခြောက်မှု ဖြစ်နိုင်သည်။ ပညာရေးစနစ် အများစုသည် အချိန်ကာလတစ်ခုအတွင်း သတ်မှတ်ထားသော သင်ရိုး ညွှန်းတမ်းအတိုင်း သင်ကြားပြီးစီးရန်ကို အဓိကထားသည်။ ဖန်တီးမှုများ လွန်းခြင်းက ၎င်းကိုအနှောင့် အယှက်ပေးနိုင်သည်။ လက်တွေ့ဆန်သော ဆရာတစ်ယောက်သည် စာမေးပွဲစစ်ဆေးသူတို့လိုချင်သောအဖြေကိုရရန် သာ ကြည့်ရှုစစ်ဆေးမည်ဖြစ်ပြီး ဖန်တီးမှုအကောင်းဆုံးအဖြေကို လိုချင် မည်မဟုတ်ပေ။

ရလဒ်အနေဖြင့် လူတိုင်းတိုင်း ကျောင်းစတက်သည့် အချိန်မှ ကျောင်းမှ စွန့်ခွာသည့်အချိန်အတောအတွင်း ဖန်တီးနိုင်စွမ်းများ လျော့ကျ သွားကြသည်။ ပိုဆိုးသည်မှာ ကျောင်းတွင် သက်တူရွယ်တူချင်းထံမှ ဖိ အားပေးခံရမှုကို လိုက်လျောညီညွတ်အောင်နေထိုင်ရန် လိုအပ်ခြင်းက လည်း ဖန်တီးနိုင်စွမ်းကိုလျော့ကျစေသည်။ ဤသို့ဆိုလိုက်၍ ကျောင်း များကိုစွဲချက်တင်နေသည်ဟု မထင်စေလိုပါ။ ကျောင်းများကို လုံးဝ ကွဲ ပြားခြားနားသောအရာတစ်ခု ကျွန်တော်တို့ မလုပ်စေချင်ဘူးဆိုလျှင် အတိုင်းအတာတစ်ခုအထိ လိုက်လျောညီထွေ ရှိရန်လိုအပ်သည်။ ဆိုလို သည်မှာ ဦးနှောက်အား ကျောင်းမှာ အသုံးပြုပြီးသည့်တိုင်အောင် ဆက် လက် လေ့ကျင့်စေမှုများ ပြုလုပ်ပေးရမည်။

 

                         အသိပညာ၊ မှတ်ဉာဏ်နှင့် ဖန်တီးနိုင်စွမ်း

ဦးနှောက်၏လုပ်ငန်းစဉ်နှင့် စွမ်းဆောင်နိုင်စွမ်းတို့က ကျယ်ပြန့် များပြားလှသည်။ သို့ သော် ဤစာအုပ်၏ရည်ရွယ်ချက်အရ အသိပညာ၊ မှတ်ဉာဏ်နှင့် ဖန်တီးနိုင်စွမ်း နယ်ပယ်သုံးရပ်တို့ကိုသာ အဓိကထားပါ မည်။ နယ်ပယ်တစ်ရပ်စီသည် ဦးနှောက်စွမ်းအားကို ယေဘုယျ မည်သို့ သတ်မှတ်မည်ဆိုသည့်ကဏ္ဍတစ်ခုစီကို ကိုယ်စားပြုသည်။ သင်၏ ပညာ ရှာမှီးမှုအား တည်ဆောက်ခြင်းနှင့် အသုံးချခြင်းတို့တွင် သင်မည်မျှ ထိထိရောက်ရောက်လုပ်နိုင်သည်၊ သင်၏ မှတ်ဉာဏ် မည်မျှကောင်းမွန်သည်။ သင် မည်မျှ လွယ်လွယ်နှင့်ဖန်တီးနိုင်သည် ဆိုသောအချက်များက သင့်ဦး နှောက်၏ စွမ်းဆောင် နိုင်စွမ်းကို အဘက်ဘက်မှ ပံ့ပိုးကူညီပေးနိုင်သည်။ လေ့ကျင့်ခန်းအချို့ အား ပြုလုပ်ပြီးသည့်အချိန်၌ ဤနယ်ပယ်သုံးရပ်လုံး ဖွံ့ဖြိုးလာအောင် လုပ်ဆောင်နိုင်မည့်အခွင့်အရေးကို သင်ရရှိပါလိမ့်မည်။

 

                                    သိစိတ်နှင့် မသိစိတ်

စိတ်ပညာပါရဂူ ဂိုင်းကလက်စ်တန် ပြောသလိုပင် သိစိတ်အခြေခံ အဆင့်ဆင့်တွေးတောခြင်း၌ ကျွန်တော်တို့ ပို၍အလေးသာ အသားကျ နေကြသည်။ သိပ္ပံပညာဆိုင်ရာ သုတေသနပြုလုပ်ခြင်းမှစ၍ စုံစမ်း ထောက်လှမ်းရသောအလုပ်မျိုးအထိ ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ရှုမြင်မှုကို သာ အားကိုးအလေးထားပြုကြသည်။ သို့တိုင်အောင် မသိစိတ်က ထူးထူး ခြားခြားအရာများကိုစွမ်းဆောင်နိုင်ကြောင်းကို ကျွန်တော်တို့ လက်ခံထား ကြပါသည်။ ခက်ခဲရှုပ်ထွေးသော အလုပ်တစ်ခုကို ဆောင်ရွက်နေစဉ်တွင် ရုတ်တရက် နားလည်သဘောပေါက်သွားခြင်းမျိုး ကျွန်တော်တို့ အားလုံး လိုလို ကြုံဖူးကြသည်။ တစ်စုံတစ်ခုကို သတိရရန် မည်မျှကြိုးစားစေကာမူ သတိမရနိုင်ဘဲ စဉ်းစားခြင်းကို ရပ်လိုက်ပြီး မကြာမီတွင်မှ ထိုအရာအား ဖျတ်ခနဲ သတိရမိသည့်အခါမျိုးလည်း ရှိပါသည်။

ဤလေ့ကျင့်ခန်းများက သင့်မသိစိတ်အတွင်းမှ တွေးခေါ်မှုကို တွန်း အားပေးနိုင်ရန် ရည်ရွယ်ပါသည်။ ဖိအားပေး သုံးသပ်ဆင်ခြင်မှုကို ခဏ ရပ်နားပြီး လိုအပ်ချက်အား သတ်မှတ်ရန် သင့်ဦးနှောက်တစ်ခုလုံးအား ခွင့်ပြုပေးလျှင် ရလာမည့်အကျိုးအမြတ်များကို အသုံးချနိုင်ပါသည်။ ဤကဲ့ သို့ လေ့ကျင့်ခန်းမျိုးက အနည်းငယ် အရည်မရ အဖတ်မရနိုင်သည်ဟု ထင်စရာရှိပါသည်။ သို့သော် ဤလေ့ကျင့်ခန်းများက လက်တွေ့ ကျသော လေ့ကျင့်ခန်းများဖြစ်ပါသည်။ ရည်ရွယ်ပုံ တစ်မူထူးခြားသောကြောင့်သာ ထူးဆန်းသယောင် ထင်ရခြင်းဖြစ်သည်။

 

                        ဤစာအုပ်အား အသုံးပြုခြင်း “

ဦးနှောက်ဖွံ့ဖြိုးရေး” စာအုပ်တွင် ပါဝင်သော လေ့ကျင့်ခန်းတစ်ခုစီ ကို လိုအပ်သောပြင်ဆင်မှု၊ ကြာချိန်၊ အသုံးပြုသည့် အရင်းအမြစ်၊ ၎င်း၏ အချိန်အလျောက် လုပ်ရမည့်လုပ်ငန်းစဉ် စသည့် အသေးစိတ်အချက်များ ကို လေ့ကျင့်ခန်းဖော်ပြချက်နှင့်အတူ တွဲ၍ တင်ပြထားပါသည်။ ၎င်းတို့ နောက်မှ တုံ့ပြန်မှုအတွက် အကြံပြုခြင်း၊ ရလဒ်အပေါ် သုံးသပ်ချက်များ၊ နည်းစနစ်အတွက် ဖြစ်နိုင်သောမူကွဲများကို ဖော်ပြပေးထားပါသည်။

နောက်ဆုံးအပိုင်းမှာ ကြယ်ကလေးများဖြင့် အဆင့်သတ်မှတ်ခြင်း ဖြစ် သည်။ လေ့ကျင့်ခန်းတစ်ခုသည် သင်၏အသိပညာ၊ စီမံမှုအရည်အချင်း၊ မှတ်ဉာဏ်နှင့် ဖန်တီးနိုင်စွမ်းတို့အပေါ် မည်သို့ သက်ရောက်မှုရှိသည်ကို ပြသရန် အလျင်အမြန်ကိုးကားနိုင်သည်။ ပျော်ရွှင်ဖွယ် မည်မျှကောင်းသည် ကိုလည်း သိနိုင်သည်။ လျှပ်တပြက်” ဆိုသည့်အတိုင်း ပြင်ဆင်ရမည့်ကိစ္စ နည်းနိုင်သမျှနည်းအောင် စီစဉ်ထားသည်။ သို့ သော် အချို့လေ့ကျင့်ခန်း များကိုမစမီ အနည်းငယ်အလုပ်ရှုပ်ရမည့်သဘောရှိရာ ၎င်းတို့က တစ်ခါ တစ်ရံ၌ ထူးထူးခြားခြား အကျိုးရှိနိုင်ပါသည်။ အချိန်သတ်မှတ်ချက်မှာ အနည်းဆုံး၌ ထားထားသဖြင့် လေ့ကျင့်ခန်းအများစုကို သင့်လျော်သလို အချိန်ပိုယူနိုင်ပါသည်။

လေ့ကျင့်ခန်းများကို သင်မည်သို့ အသုံးချသနည်းဆိုသည်က သင် ၏ဘဝနေနည်းအပေါ် များစွာမူတည်နေသည်။ စာအုပ်တစ်အုပ်လုံးကို အစဉ်အတိုင်း လုပ်ဆောင်သွားခြင်း၌ ပြဿနာမရှိပေ။ ဤအချက်ကြောင့် လေ့ကျင့်ခန်းအမျိုးမျိုးတို့ တစ်ခုပြီးနောက်တစ်ခု ဆက်တိုက်စီစဉ်ထားခြင်း ဖြစ်သည်။ တစ်နေ့တာအတွင်း သင့်အတွက် အသင့်လျော်ဆုံးအချိန်တွင် လေ့ကျင့်ခန်းများကို ပြုလုပ်ပါ။ ချက်ချင်း အသုံးချ၍မရသောကြောင့်ဟူ သော အကြောင်းပြချက်ဖြင့် လေ့ကျင့်ခန်းတစ်ခုကို ကျော်မချပါနှင့်။ ဦး နှောက်ဖွံ့ဖြိုးရန် လေ့ကျင့်ခြင်းသည် ခန္ဓာကိုယ်ဖွံ့ဖြိုးရန် ကာယလုပ်ငန်း များ ပြုလုပ်ခြင်းနှင့် အလားတူပင်ဖြစ်သည်။ ကျယ်ကျယ်ပြန့်ပြန့် တိုးတက် မှအစား ရုတ်တရက်တုံ့ပြန်မှုကို သင်မျှော်လင့်၍ မရကြောင်းသိထားပါ။