Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

ဇေရတု - ဦးနှောက်စွမ်းအားလေ့ကျင့်မြင့်တင်ခြင်း

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

လေ့ကျင့်မှုပဲ လိုပါသည်

ထိုးထားသော မီးမောင်းအောက်တွင် သမင်တစ်ကောင်အဖြစ် ကျွန်မ ရပ်နေခဲ့သည်။

 “စိတ်ထဲမှာ ပေါ်လာတာ တစ်ခုခုကို ပြောလိုက်ပါ မေမေ”

 ကယ်ဗင်က ကျွန်မကို တိုက်တွန်းသည်။ ကျွန်မခေါင်းထဲမှာ ရှိ တာက ဒီစင်ပေါ်က ဆင်းသွားရဖို့ပဲ ဖြစ်သည်။ ကျပန်းသရုပ်ဆောင် စွမ်း ရည်ပြသင်တန်းကို စာရင်းသွင်းသည့် စိတ်ကူးမှာ ကျွန်မစိတ်ကူး မဟုတ် ဘဲ ကျွန်မသား၏ စိတ်ကူးသာဖြစ်သည်။ ဒီသင်တန်းက ကျွန်မကို စဉ်းစား တွေးတောမှု လျင်မြန်အောင် ကူညီပေးပြီး ကျွန်မလိုအပ်နေသော ကိုယ့် ကိုယ်ကို ယုံကြည်မှုပေးလိမ့်မည်ဟု သူကပြောပါသည်။ အချိန်ပြည့် မိခင် တစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီးသောအခါ စီးပွားရေးလောကသို့ ကျွန်မ ပြန်ဝင်ခဲ့ပါသည်။ ကျွန်မကိုယ်ကျွန်မ အရင်ကလောက် ထက်ထက်မြက်မြက် မရှိတော့ဟု ထင်ကြောင်း သူ့ကိုပြောပြမိသည်က ကျွန်မအမှားဖြစ်သည်။ မကြာသေးမီက နေ့လည်စာစားပွဲတစ်ခုတွင် စီး ပွားရေး လုပ်ဖော်ကိုင်ဖက်များနှင့် ပြောရန်ရှိသည့် အကြောင်းအရာများကို စဉ်းစားသည့်အခါ ကျွန်မအခက်တွေ့ခဲ့ရပုံကို သူ့ကိုပြန်ပြောပြခဲ့မိသည်။ ကျွန်မ မျှော်လင့်ထားသည်က သူ့ထံမှ စာနာနားလည်မှု ဖြစ်သော်လည်း သူကတော့ ပြဿနာကို အခုနှယ် ဖြေရှင်းလိုက်ခြင်း ဖြစ်သည်။

ကယ်ဗင်က သရုပ်ဆောင်တစ်ယောက် ဖြစ်သည်။ ရိုက်ကူးရေးများ အတွက် မြို့ပြင်သို့ မထွက်ရသောအချိန်များတွင် ဖီးနစ်စတူဒီယို၌ သရုပ် သင်တန်းများ သူပေးပါသည်။ ကျွန်မတို့ နယ်မြေတစ်ဝှမ်းလုံးရှိ ကျပန်းသရုပ်ဆောင်စင်မြင့်များတွင် သူက လူကြိုက်များသော အနုပညာရှင်လည်း ဖြစ်သည်။ ကျပန်းသရုပ်ဆောင် စွမ်းရည်ပြခြင်းက သူ၏အထူးပြ ပညာ ရပ်ဖြစ်သည်။ ပရိသတ်များ၏ တောင်းဆိုမှုကို အခြေပြုပြီး ဇာတ်လမ်း ဇာတ်ကွက်များကို သရုပ်ဆောင်က သဘာဝကျကျ ဖန်တီး တင်ဆက် ပေးရသော ဟာသပညာတစ်မျိုးဟု ဆိုနိုင်ပါသည်။ ကယ်ဗင်က ကျပန်း သရုပ်ဆောင်စွမ်းရည်သည် သရုပ်ဆောင်ရွေးချယ်ပွဲ (Auditions) များ အတွက် သူ၏ဉာဏ်ရည်ကို ထက်သန်စေပြီး မည်သည့်အခန်းကဏ္ဍတွင် မဆို ပါဝင် သရုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေစေသည်ဟု ကျွန်မကို ပြော ပါသည်။ ဤစွမ်းရည်ကို သင်ယူခြင်းက ကျွန်မကိုလည်း အကူအညီ ဖြစ်စေလိမ့်မည်ဟု ဆိုပါသည်။ သူ့အပြောကိုကျပြီး ကျွန်မ သဘောတူ လိုက်ပါသည်။

 

ကျွန်မ၏ ပထမဆုံးအတန်းမှာ အခြေအနေ အလွန်ဆိုးပါသည်။ အစပိုင်းတွင် ကျွန်မတို့ကို အဖော်တစ်ယောက်စီနှင့် တွဲပေး၍ ကိုယ့်အဖော် ၏ မျက်လုံးကို တည့်တည့်စိုက်ကြည့်စေပြီး သူတို့ အရိပ်နိမိတ်ပြသမျှကို တုံ့ပြန်ခိုင်းသည့် ရိုးစင်းသော လေ့ကျင့်ခန်းများနှင့် လွယ်လွယ်ကူကူ စခဲ့ပါ သည်။ ကျွန်မတို့၏ တုံ့ပြန်နိုင်မှုကို အချိန်သတ်မှတ်ပေးပြီး စိန်ခေါ်သော ဂိမ်းများ ကျွန်မတို့၏ မှတ်ဉာဏ်နှင့် နားထောင်မှုစွမ်းရည်ကို တိုးတက်စေ မည့် လေ့ကျင့်ခန်းများကို ကစားကြ၊ လေ့ကျင့်ကြပါသည်။ ဤလေ့ကျင့် ခန်းများက ကျွန်မဦးနှောက်ကို မည်မျှထက်မြက်လာအောင် ပြုလုပ်နိုင် သည်ကို ကျွန်မ သိမြင်နိုင်ပြီး အခက်အခဲလည်း မရှိလှချေ။

 

သို့သော် ဤလေ့ကျင့်ခန်းများသည် ကျွန်မတို့အတွက် သွေးပူ လေ့ကျင့်ခန်းများသာဖြစ်ကြောင်း ကံဆိုးစွာဖြင့် ကျွန်မသိလိုက်ရသည်။ အဲဒီနောက် ကယ်ဗင်က “ဟုတ်ကဲ့၊ ပြီးတော့”ဟု အမည်ပေးထားသော ကစားနည်းတစ်ခုကို ကျွန်မတို့အား သင်ပေးပါသည်။ ကယ်ဗင်က ကျွန်မ တို့ကို နောဧနှင့် သူ၏တိရိစ္ဆာန်များအဖြစ် နှစ်ယောက်တစ်တွဲစီ တွဲပေးထား သည်။ ထို့နောက် တစ်တွဲစီကို စင်၏အလယ်ကောင်သို့ သွားစေသည်။ ထိုချောက်ချားဖွယ်ရာ အကောင်းဆုံးနေရာသို့ အရောက်တွင် ကျွန်မလုပ်ရမည်မှာ ကျွန်မနှင့်ပတ်သက်သမျှ (သို့မဟုတ်) ဇာတ်ကွက်နှင့် ပတ်သက် သမျှကို ကျွန်မ၏ အဖော်က ဘာပဲပြောပြော သဘောတူရမည်ဖြစ်ပြီး ဇာတ်ကွက်ကို ရှေ့ဆက်နိုင်အောင် ကျွန်မက လက်တန်းစကားတစ်ခုခု ဆက်ပြောပေးရမည် ဖြစ်သည်။ ဒါက ကျွန်မတို့၏ အစောပိုင်းက လေ့ ကျင့်ခန်းများထက် အတော်ပိုခက်ခဲရာ ကျွန်မမှာ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေခဲ့ပါသည်။

“မေမေ မလုပ်နိုင်တော့ဘူး”

အိမ်အပြန် ကယ်ဗင်က ကျွန်မကို ကား နဲ့ လိုက်ပို့စဉ် ကျွန်မသူ့ကိုပြောလိုက်ပါသည်။ ကျွန်မ အရှက်ကွဲသလို ခံစားရပါသည်။ အတန်းထဲမှာ ကျွန်မအသက်အကြီးဆုံး ဖြစ်တာကလည်း အကူအညီမဖြစ်ပါ။ အခြားသူများလို အလျင်အမြန် တုံ့ပြန်နိုင်စွမ်းမရှိခြင်း က ကျွန်မကို ပိုပြီးအိုစာသွားသလို ခံစားရစေသည်။ သားက ကျွန်မကို စိတ်အားတက်ကြွစေမည့် စကားတွေနှင့် ကျွန်မ လုပ်ပုံကိုင်ပုံတွေ ဘယ်

လောက်ကောင်းကြောင်း ချီးကျူးအားပေးလိမ့်မည်ဟု ကျွန်မမျှော်လင့်ထား ခဲ့သည်။ သူက ကျွန်မကို အားမပေးသည့်အပြင် မေးခွန်းတစ်ခုမေးပါ သည်။

“ငါ လုပ်နိုင်တယ်လို့ ဘာကြောင့်မတွေးတာလဲ မေမေ”

“ဘာကြောင့်လဲဆိုတော့ မေမေ မြန်မြန် မစဉ်းစားနိုင်တော့ဘူး”

ကျွန်မ စိတ်ပျက် လက်ပျက်ဖြင့် ပြောချလိုက်သည်။ ။

“ပိုပြီးကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို မေမေသိလား” သူက တည်တည်ငြိမ်ငြိမ်ဖြင့် မေးပါသည်။ ကျွန်မက ရွဲ့တဲ့တဲ့ ပြန်ဖြေ လိုက်သည်။

“သိသားပဲ အသက်ပိုငယ်သွားဖို့ပဲ လိုတာလေ”

ကယ်ဗင်က လမ်းပေါ်ကို ကြည့်နေတဲ့ မျက်လုံးကို ကျွန်မဆီသို့ လွှဲကြည့်ပြီး ပြုံးရင်း ပြောလိုက်သည်။ “ဟင့်အင်း ... လေ့ကျင့်မှုပဲ လို တယ်”

ကျွန်မ အောင့်သီးအောင့်သက်နဲ့ ဒေါသလည်း ထွက်လာပါသည်။ မျက်လုံးထဲမှာ မျက်ရည်တွေဝိုင်းလာသဖြင့် ပြတင်းပေါက်မှတဆင့် တရိပ် ရိပ် ကျန်ခဲ့သော လမ်းမီးတိုင်များကို ငေးကြည့်နေလိုက်ပါသည်။ အသက်ကြီးလာတဲ့ လူတစ်ယောက်ဟာ စဉ်းစားတွေးတောမှုပိုင်းမှာ တုံ့နှေးလာ တတ်တာကို အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ယောက်က ဘာသိမှာလဲ။ ကျွန်မအမေလိုမျိုး အယ်လ်ဇိုင်းမားရောဂါရမှာကို ကျွန်မစိုးရိမ်နေမိတာ သူနားလည်နိုင်မည် မထင်ပါ။ သူ၏ ကျပန်းသရုပ်ဆောင် စွမ်းရည်အတန်း ကို ဘယ်တော့မှ ပြန်မသွားတော့ဟု ကျွန်မဘာသာ တိတ်တိတ်ကျိတ်၍ ကတိပြုလိုက်သည်။ ဟာသလူရွှင်တော်လည်း ကျွန်မမဖြစ်ချင်ပါ။

နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့ ရောက်ပြန်သောအခါ အတန်းကိစ္စကို ခေါင်းထဲမှ ထုတ်ထားရန် ကျွန်မကြိုးစားသည်။ တစ်ပတ်တာ၏ အခြား ညများ၌ ညတိုင်းလိုလိုပင် ကယ်ဗင်၏ညီ ရိုင်ယန် ဘေ့စ်ဘောကစား ရာ ဘောလုံးကွင်းနံဘေးတွင် ခင်ပွန်းသည်နှင့်အတူ ယှဉ်ထိုင်ပြီး ကောလိပ်

ကျောင်းသားများ ကစားသည့်ပွဲကို ကြည့်နေဖြစ်သည်က များပါသည်။ ကျွန်မခင်ပွန်းက ကျွန်မကို အပြစ်တင်ပြီး ကယ်ဗင်၏အတန်းသို့ သွား တက်ရန် တိုက်တွန်းပါသည်။ တစ်ပတ်လျှင် တစ်ည ကယ်ဗင့်ကို ကျွန်မ အချိန်ပေးရမည်တဲ့။ ကျွန်မမာနကို ကျွန်မပြန်မျိုချထားလိုက်ပြီး သား၏ သင်တန်းသို့ ပြန်သွားလိုက်ပါသည်။ ။

ကယ်ဗင် သင်ကြားပေးနေသည်ကို ကြည့်ရသည်မှာ ကျွန်မကျေနပ် မိပါသည်။ သင်တန်းများမှာလည်း တဖြေးဖြေး ပို၍ပျော်စရာ ကောင်းလာ ပါသည်။ ဇာတ်ကောင်နှင့် ဇာတ်လမ်း ဇာတ်ကွက် အသစ်များအား မည်သို့ မည်ပုံ အလျင်အမြန် တီထွင်ဖန်တီးရမည်ကို ကျွန်မ သင်ယူနေခဲ့သည်။ သို့တိုင်အောင် ကျွန်မမှာ မပြည့်ဝ မလုံလောက်သေးဟု ခံစားနေရသည်။ သင်တန်းချိန် တစ်ချိန်စီပြီးတိုင်း ကယ်ဗင်က ကျွန်မကို မေးပါသည်။ “မေမေ ဘယ်လိုလဲ” ကျွန်မ ဘာကိုလုပ်နိုင်ခဲ့ပြီး ဘာကို မလုပ်နိုင်ခဲ့ဘူးဆို တာ ကျွန်မ သိသလောက် သူ့ကို ပြောပြသည်။ ကျွန်မကိုယ်ကျွန်မလည်း သေသေချာချာတော့ မသိသေးပေ။ သို့သော်လည်း တစ်ညတွင်မတော့ ကျွန်မ ကောင်းကောင်းလုပ်နိုင်သည်ကို သိခွင့်ရခဲ့ပါသည်။

ကျွန်မတို့က စိတ်ကူးဖြင့်ပုံဖော်ထားသော ဂျက်ကက်အင်္ကျီတစ် ထည်ကို အခြေပြုသည့် ဇာတ်ကွက်တစ်ကွက်အား သရုပ်ဆောင်နေကြသည်။ စင်မြင့်ပေါ်တွင် လူငယ်ကလေး ဒေ့ဗ်က သူ၏ချစ်သူအဖြစ် သရုပ်ဆောင်သော မိန်းကလေး၏ ကိုယ်ပေါ်တွင် ဂျက်ကက်ကို လွှမ်းခြုံပေးလိုက် သည်။ သူမက မမြင်ရသော ဂျက်ကက်အင်္ကျီကို သဘောတကျရှိပုံနှင့် ညင်ညင်သာသာ ပြောလိုက်သည်။

“ဒါ Ju Ju Bees အဖွဲ့ ခေါင်းဆောင် အဆိုတော်ရဲ့ လက်မှတ်လားဟင်”

ဒေ့ဗ်က မာန်ပါပါလမ်းလျှောက်နေရင်းမှ “အင်း”ဟု အဖြေပေး လိုက်သောအခါ ကယ်ဗင်ထ ထအော်လိုက်သည်။ ။

“အဲဒီလက်မှတ်ကို သူဘယ်တုန်းက ရတာလဲ ပြပါ”

ရုတ်တရက် စင်ပေါ်မှ လူများအားလုံးရှင်းသွားပြီး တစ်စုံကစ် ယောက်က အားဖြင့်တွန်းလိုက်သလိုမျိုး အလိုအလျောက် ဆိုသလိုပင် စင်မြင့်အလယ်သို့ ကျွန်မရောက်သွားသည်။ ပြီးတော့ ခေါင်းဆောင်အဆို

တော်၏ ပုံစံအတိုင်း တုပသရုပ်ဆောင်လိုက်သည်။ ကျွန်မဦးခေါင်းကို ချာချာလည်အောင် လှုပ်ခါပြီး ဆံပင်တွေကို မွေ့ယမ်းလိုက်သည်။ လက် သီးနှစ်လုံးကို လေထဲမှာထိုးပြီး လျှာကို အပြင်မှာထုတ်ထားသည်။ ကျွန်မ က ဒေ့ဗ်ရှိရာသို့ အေးအေးလူလူ လျှောက်သွားပြီး အိတ်ကပ်ထဲမှ မမြင်ရ

သော ဘောပင်တစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး သူ၏မမြင်ရသော ဂျက် ကက်အင်္ကျီပေါ်၌ လက်မှတ်ကို ဟန်ပါပါဖြင့် ရေးပေးလိုက်သည်။

သရုပ်ဆောင်မှုပြီး၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အံ့သြ ဖွယ်ရာ တိတ်ဆိတ်နေသည်ကို သတိထားမိလိုက်သည်။ ကျွန်မ မျက်နှာ မှာ ထူပူသွားပြီး ပင်ကိုယ်က တည်ငြိမ်ဣန္ဒြေရသော စရိုက်ပြန်ပေါ်လာ သည်။ ကျွန်မကို စူးစိုက်ကြည့်နေကြသော မျက်ဝန်းများကို ပြန်ကြည့်လိုက် သည်။ ရုတ်တရက်ဆိုသလိုပင် ကျွန်မ၏သင်တန်းဖော်များက လက်ခုပ် ဩဘာများ ကျယ်ကျယ်လောင်လောင် ပေးလိုက်ကြသည်။ ကျွန်မ၏စိတ် မှာ အများကြီး ရွှင်လန်းပေါ့ပါးသွားသည်။ အခု ကျွန်မ Meryl Streep ၏ အမူအရာများကို ခိုးချစရာမလိုသည်ကို သိသွားပါပြီ။ သို့သော်လည်း ထိုနေ့ညနောက်ပိုင်းတွင် တီထွင်တွေးခေါ်နိုင်သော အခြေအနေများ ကျွန်မ စိတ်သို့ ပိုပြီးလျင်လျင်မြန်မြန် ရောက်ရှိလာသည်ဟု ပြောရပါမည်။ ချက်ချင်းပင် ကျွန်မသည် သားဖြစ်သူနှင့် ဆုံတွေ့ရအောင် ချိန်းဆိုပေးရန် ရံရွေ

တော်ကို မှာကြားနေသော အဲလိဇဘတ်ဘုရင်မကြီး (သို့မဟုတ်) စစ်စတိုင်း ဘုရားရှိခိုးကျောင်း၏ အမိုးမျက်နှာကြက်ကို ဆေးရောင်ပြန်တင်ရန် ဆုံး ဖြတ်ထားသော မာသာစတီးဝပ်တို့ ဖြစ်လာပါသည်။ ကျပန်းသရုပ်ဆောင် စွမ်းရည်ပြသင်တန်းသည် ရောက်လာမည့် အပတ်တိုင်းအတွက် ကျွန်မ မျှော်လင့်စောင့်ကြိုရသော တစ်စုံတစ်ရာဖြစ်လာသည်။ ကျွန်မသည်

ကျောက်ချထားသော ကျောက်ဆူးလိုမျိုး မဟုတ်တော့ဘဲ ကျွန်မပါဝင်ရ မည့် အခန်းကဏ္ဏတိုင်းအတွက် ကူညီပံ့ပိုးပေးသူ အဖွဲ့ ၏ အစိတ်အပိုင်း တစ်ခု ဖြစ်နေပါပြီ။

ပြီးခဲ့သော အပတ်က ညစာဝိုင်းတွင် ကျွန်မတို့အတန်းအတွင်းရှိ အခြားသရုပ်ဆောင်တစ်ယောက်က အခြားသူများအားလုံးထက် ကျွန်မ နှင့်အတူ အဖော်အဖြစ်တွဲလိုသော ဆန္ဒရှိသည်ဟု ကျွန်မကိုပြောကြောင်း မိသားစုဝင်များကို ကြွားကြွားလေး၊ ပြန်ပြောပြခဲ့သည်။

“သူက ပြောတယ် သိလား၊ ကျွန်မက စိတ်ကူးအရမ်းကောင်းတဲ့ အတွက်ကြောင့် သူ့ကိုလည်း ပိုတော်လာစေတယ်တဲ့။ အခု အရမ်းအဆင် ပြေတယ်။ ကျွန်မလည်း တွေးခေါ်ရာမှာ ပိုကောင်းလာတယ်၊ ဒီသင်တန်း က ကျွန်မရဲ့ သင်္ချာအစွမ်းကိုလည်း တိုးတက်အောင်လို့ လုပ်ပေးနိုင်လိမ့် မယ် ထင်တယ်” | ကျွန်မ စကားတွေ ရွှန်းရွှန်းဝေနေခဲ့သည်။ ကျွန်မ၏သား ကောလိပ် ကျောင်းသား အားကစားသမားက ကျွန်မကို ပြောပါသည်။ ။

“သားတို့အသင်းအတွက် စာရင်းဇယားတွေကို မေမေကိုင်ပေးပါ လား”

“ဟင့်အင်း မဖြစ်ဘူး၊ မေမေ လုပ်နိုင်မှာ မဟုတ်ဘူး” ကျွန်မက ညည်းလိုက်ပြန်ပါသည်။ ကယ်ဗင်က အေးအေးဆေးဆေးပင် မေးသည်။

“မေမေ ပိုပြီးတော်လာတာ မေမေသိပါတယ်။ ဟုတ်တယ် မဟုတ်လား”

အဲဒီနောက်မှာ ကယ်ဗင်နှင့် ရိုင်ယန်က ပြုံးစိစိနှင့် ညီတူညာတူပြောလိုက်ကြသည်။

“လေ့ကျင့်ပါ”

“လေ့ကျင့်ပါမယ်၊ ညည်းရင်းညူရင်းနဲ့ပဲ လေ့ကျင့်ရမှာပေါ့” ဟု ကျွန်မ ပြန်ဖြေလိုက်ပါသည်။ ။

                                                                                                                  Lindy Schneider