Skip to product information
1 of 14

စိတ်ကူးချိုချိုစာပေ

ဇေရတု - အောင်မြင်မှုအတွက်စွန့်လီတ်စွန့်စားခြင်းတောတွင်းသင်ခန်းစာများ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

အခန်း (၁)

 ရှစ်နှစ်သမီး ဆင်မလေး ဘယ်လာ

ဘယ်လာက သူများနဲ့ မတူဘူး။ ဆင်ပေါက်လေးတွေ အများစုဟာ သူတို့ထက် အသက်အရွယ်ပိုကြီးသူတွေ၊ အတွေ့အကြုံများပြီးသား ဆွေမျိုး တွေအနားမှာပဲ ကပ်နေပြီး ဆင်အုပ်နဲ့အတူ ကျေကျေနပ်နပ် လိုက်ကြတယ်။ ဘယ်လာကတော့ သူ့ဘာသာသူ စွန့်စားဖွေရှာချင်တယ်။ သူဟာ မနက်တိုင်း ဆင်အုပ်နဲ့ မလှမ်းမကမ်းမှ ခွာပြီး သူ့သဘောနဲ့ သူ လမ်းရှာသွားလေ့ရှိ တယ်။ ပြီးတော့ တစ်ရက်ကို နည်းနည်းစီ ဆင်အုပ်နဲ့ ပိုခွာသွားပါတယ်။ သူ့ရဲ့ စွန့်စားခန်းမှာ ဦးတည်ရာ အရပ်က နည်းနည်းချင်းစီ ကွဲပြားသွား ပါတယ်။

အမှန်တော့ ဘယ်လာ ဒီလိုလျှောက်သွားကြည့်တာက နေရာအသစ် တွေ၊ သတ္တဝါအသစ်တွေကို တွေ့ရဖို့သက်သက် မဟုတ်ပါဘူး။ တောထဲ မှာ သူ့လမ်းကြောင်းသူ ထွင်သွားနိုင်အောင် လမ်းပြပေးမယ့် သဲလွန်စတွေ ကို ရှာတာလည်းပါတယ်။ တောမှာ ကြီးမားတဲ့ လျှို့ဝှက်မှု၊ အလားအလာနဲ့ အမှန်တရားတို့ ရှိတယ်။ အချိန်ရဲ့ အစကတည်းက လောက လျှို့ဝှက်ချက် တို့ရဲ့ ရှေ့ပြေးနိမိတ်၊ ကမ္ဘာပေါ်က ရှေးအကျဆုံး နေရာဖြစ်တယ်။ တောကပေးတဲ့ အလားအလာတွေဟာ မကုန်အောင် များပြားတယ်။ ရွေးစရာတွေ က အမျိုးမျိုးရှိတယ်။

ဘယ်လာအတွက်တော့ ရက်တွေကြာသွားပေမဲ့ ဘယ်ဦးတည်ရာ၊ ဘယ်လမ်းကို လိုက်ရမလဲဆိုတဲ့ ရွေးချယ်မှုအတွက် ရှင်းရှင်းလင်းလင်း အဖြေကို ရှာမတွေ့နိုင်ပါဘူး။ မြင်ကွင်းအသစ်တစ်ခုစီက မေးခွန်းအသစ်တွေ ကို ပေါ်လာစေတယ်။ မေးခွန်းအသစ်တစ်ခု ပေါ်လာတိုင်း အင်မတန် ကျယ်

ပြောပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ တောကြီးမျက်မည်းထဲမှာ သူ့လမ်းကို ရှာတွေ့ချင်တဲ့ အာသီသက ကြီးထွားလို့ လာပါတယ်။ နေ့တိုင်း နေ့တိုင်းဟာ

မျှော်လင့်ချက်နဲ့ အစပြုခဲ့တယ်ဆိုပေမဲ့ စိတ်ပျက်ခြင်းနဲ့ အဆုံးသတ်ရ ပါတယ်။

| ဘယ်လာက ဝမ်းနည်းပက်လက် တွေးပါတယ်။ “ငါ ဘယ်သူလဲ။ တောထဲမှာ ငါ့ နေရာက ဘာလဲ။ ဘဝက ငါ့အတွက် ထူးထူးခြားခြား ပြင်ဆင်ထားတာ တစ်ခုခုများ ရှိလေသလား။”

 

အခန်း (၂)

လိပ်ပြာ

မွန်းလွဲနှောင်းပိုင်းတစ်ခုမှာ အနီနဲ့စိမ်းပြာရောင် အပြောက်ခြယ်ထား တဲ့ လိပ်ပြာတစ်ကောင်ဟာ ဘယ်လော့အာရုံကို ဖမ်းစားလိုက်ပါတယ်။ ဘယ်လာဟာ သွားရင်းလာရင်း လိပ်ပြာတွေကို မြင်နေကျ ဖြစ်လာပါပြီ။ လိပ်ပြာအချို့ အုပ်ဖွဲ့ပျံသန်းနေတာတောင် မြင်ဖူးပါတယ်။ ဒါပေမဲ့ ဒီလိပ်ပြာ ဟာ ထူးခြားတယ်။ သူ့ရဲ့ လှုပ်ရှားပုံတွေက အားအင်တစ်ခုခု၊ ခံယူချက် တစ်ခုခုကို ဖော်ပြနေသလိုရှိတယ်။

ကြည့်နေရင်းနဲ့ လိပ်ပြာဟာ သူ့နှာမောင်းပေါ်ကို တိုက်ရိုက်လာနား ပါတယ်။ တစ်ခါ တစ်ခါ တစ်ကြိမ်တည်း၊ တစ်ခါတလေတော့ တစ်ရက် တည်းနဲ့ အကြိမ်အများကြီးလည်း လာနားတယ်။ ဒီလိပ်ပြာဟာ ရဲဝံ့တယ်။ အကြောက်အလန့် မရှိဘူးလို့ ဘယ်လာ သတိပြုမိတယ်။

ဘယ်လာရဲ့ စွန့်စားခန်း ရက်ပေါင်းလေးဆယ်လောက် ကြာသွား တဲ့အချိန် မြူဆိုင်းတဲ့ အင်္ဂါနေ့မနက်တစ်ခုမှာ အနီနဲ့စိမ်းပြာရောင် အပြောက် ခြယ်တဲ့ လိပ်ပြာဟာ ဘယ်လာရဲ့ မျက်လုံးနှစ်ခုကြားက နှာမောင်းပေါ်ကို တစ်ခါလာနားပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူက တစ်မနက်လုံးဘယ်လာရဲ့ စူးစမ်းစွန့်စားမှုကို စိတ်ဝင်တစားနဲ့ တရစ်ဝဲဝဲ လိုက်ကြည့်လို့ နေပါတယ်။

အချိန်နည်းနည်းကြာတော့ စကားပြောနူးညံ့သူလေး ဘယ်လာဟာ သူ့ကိုတွယ်ကပ်နေတဲ့ မျက်နှာပြောင်တဲ့ လိပ်ပြာကို စိတ်မရှည်သလို ကြည့် လိုက်ပြီး “ရှင်က ဘာလိုချင်လို့လဲ” မေးခွန်းထုတ်လိုက်ပါတယ်။

“ဘဝဟာ သတ္တိရှိခြင်းနဲ့ စတင်တယ်”လိပ်ပြာက ချက်ချင်း အဖြေ ပြန်ပေးပါတယ်။ “မေးခွန်းထုတ်ရဲတဲ့ သတ္တိ၊ အတွင်းကျကျ ကြည့်ရဲတဲ့ သတ္တိတို့ဟာ တောတွင်းက မင်းရဲ့ သူမတူတဲ့ နေရာကို ဖော်ထုတ်ဖို့ ပထမ ဆုံး ခြေလှမ်းတွေပဲ”လိပ်ပြာဟာ သူ့ရဲ့ ရောင်စုံအတောင်ပံကို တဖျပ်ဖျပ် ခတ်ရင်း ပျံသွားပါတယ်။

အဲဒီနေ့မှာ မိုးနဲ့မြူတွေက ဘယ်လာကို စူးစမ်းစရာ နေရာအသစ်တွေ မမြင်တော့အောင် ပိတ်ဆီးထားလို့ သူဟာ အိမ်ကိုပဲ ပြန်ခဲ့ပါတယ်။ အိမ် အပြန်လမ်းမှာ လိပ်ပြာပြောသွားတဲ့ စကားတွေကို တစိမ့်စိမ့်တွေးကြည့်ရင်း နဲ့ပေါ့။