Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ဇေရတု - အချိန်စီမံခန့်ခွဲနည်း

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

အဖွင့်

လုပ်စရာတွေကများ၊ လုပ်ဖို့ အချိန်က နည်းနည်းဆိုတဲ့ အဖြစ်မျိုး မကြာခဏ ကြုံနေရပါသလား။

 ဒါက စိတ်ပျက်အား ကုန်စရာ ကောင်းသလို သင့်အောင်မြင်မှုအပေါ်မှာလည်း ကြီး ကြီးမားမား ထိခိုက်နိုင်ပါတယ်။ တစ်နေ့တာမှာ ဂမ္ဘီရဆန်ဆန် အချိန်ပိုတွေ ထပ်ပေါင်းထည့်လို့မရပေမဲ့ အချိန်ကိုစီမံခန့်ခွဲတတ်အောင် လေ့လာကြည့်နိုင်ပါတယ်။ ဘယ်လောက်ပဲ အကန့် အသတ်ရှိရှိ ပိုပြီးဂရုတစိုက်နဲ့ အကျိုးများအောင် လုပ်ကြည့်နိုင်ပါ . တယ်။ ဒီစာအုပ်မှာ သင် အချိန်ကို အသာစီးယူနိုင်အောင် အသုံး ပြုနိုင်မယ့် အခြေခံအဆင့်တွေ၊ နည်းလမ်းတွေကို အမြန်ဆုံး သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ။

* အချိန်ကို ဆစ်ပိုင်းအသုံးပြုခြင်း။

 * သင့်တာဝန်များကို ဦးစားပေး သတ်မှတ်ခြင်း။

* ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်အတွက် အချိန်ကို ပြန်လည်ခန့်ခွဲရန် အစီအစဉ်ချ မှတ်ခြင်း။

 * နောက်ဆုံးသတ်မှတ်ချိန် (dead lines) များကို စီမံခြင်း။

* အသေးစိတ်ကျသော တာဝန်အသားပေး လုပ်ဆောင်စရာစာရင်းများ ဖန်တီးခြင်း။

* အနှောင့်အယှက်များကို ရှောင်ဖယ်ခြင်း။

 

 

                       ဘာကြောင့် အချိန်ကို စီမံခန့်ခွဲရတာလဲ

“အလုပ်တွေ အကုန်ပြီးအောင်လုပ်ဖို့ ဘာကြောင့် ငါ့မှာ တစ်ခါမှ အချိန်မလောက်ရတာလဲ”

သင့်ကိုယ်သင် ဒီမေးခွန်း မကြာမကြာ မေးဖြစ်နေပြီလား။

ဟုတ်တယ်ဆိုရင် သင့်မှာ လုပ်စရာတွေ အတော်စုပုံနေတာ ဖြစ်နိုင် ပါတယ်။ သင့်အထက်လူကြီးပေးတဲ့ နေ့စဉ်တာဝန်တွေ၊ အကြီးစား စီမံကိန်းတွေအပြင် သင်ရှာမှီးချင်တဲ့ ကျွမ်းကျင် ပညာရပ်အသစ်တွေ၊ ဖြစ်မြောက်ချင်တဲ့ ပိုကြီးတဲ့ရည်မှန်းချက်တွေ သင့်ဆီမှာ မလွဲဧကန် ရှိနေ မှာပါ။ သင်ဟာ များပြားလှတဲ့ တာဝန်ဝတ္တရားတွေ၊ စီမံကိန်းတွေ၊ နောက် ဆုံးသတ်မှတ်ချိန် (deadlines) တွေကို ကိုင်တွယ်နေရတာပါ။ သင်ဟာ ဝန်တွေပိနေပြီး ဒါတွေအားလုံးကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ပါ့ မလားဆိုတာ မသေချာဘူး ဖြစ်နေပါတယ်။ လုပ်စရာတွေကများ အချိန် က နည်းလွန်းလှပါတယ်။ နောက်ဆုံးမှာတော့ တစ်ပတ်တာ အလုပ်ချိန် တွေဟာ ရှည်လျားလွန်းနေပါတော့တယ်။

အချိန်က ရှားပါးပြီး ပေါက်ရောက်မှုက နှေးကွေးနေတဲ့အခါ စိတ်ရှုပ်စရာကောင်းနိုင်ပါတယ်။ တစ်ခါတလေ အရာတိုင်းကို ပြီးမြောက်

အောင်တော့ သင် မလုပ်နိုင်ပါဘူး။ ပြီးရမယ့်ရက် ပြီးအောင်လုပ်မပေး နိုင်တာတို့၊ စီမံကိန်းတစ်ခုခုကို လက်လွှတ်လိုက်ရတာတို့ ဖြစ်တတ်ပါ တယ်။

ဒီအတွက် ဘာမှတတ်နိုင်တာ မရှိဘူးပေါ့ ။ ဟုတ်ပါသလား။ မှားပါတယ်။ သင်ဟာ အလုပ်နဲ့ပတ်သက်ရင် အတွေ့အကြုံ နုသေးတဲ့ လူသစ်ပဲဖြစ်ဖြစ်၊ ရှည်ကြာလှပြီဖြစ်တဲ့ အချိန်စီမံခန့်ခွဲမှု ပြဿနာတစ်ခုကို ကိုင်တွယ်ဖြေရှင်းနေတဲ့ ဝါရင့်တစ်ဦးပဲဖြစ်ဖြစ် သင့်လုပ်ငန်းစဉ်တွေနဲ့ သင့်ရဲ့ ရည်မှန်းချက်တွေကို ချိန်ညှိနိုင်ဖို့၊ ဦးစားပေး သတ်မှတ်ထားတတ် ဖို့၊ အစီအစဉ်ချဖို့၊ ပိုပြီး မြန်ဆန်ပေါက်မြောက်အောင်လုပ်ဖို့ သင်ယူလေ့ လာလို့ ရပါတယ်။ အချိန်ကို စနစ်တကျ စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်း ဟာ ဗီဇပါစရာ မလိုပါဘူး။ သင်ယူလေ့လာပြီး အလေ့အကျင့်လေးနဲ့ ဆက်လက်ပြီးတော့ ညှိနှိုင်းလုပ်ဆောင်သွားလို့ ရပါတယ်။ စည်းစနစ် ရှိဖို့ပဲလိုတာပါ။

ကျွန်ုပ်တို့အားလုံးမှာ မတူညီတဲ့ လုပ်ငန်းအစီအစဉ်တွေ၊ တာဝန် တွေ၊ ပြီးတော့ ကွဲပြားတဲ့ ပင်ကိုစရိုက်တွေ ရှိတဲ့အတွက်ကြောင့် အချိန် စီမံခန့်ခွဲမှု အပိုင်းမှာ အားလုံးနဲ့ ကွက်တိကိုက်ညီတဲ့ နည်းလမ်းဆိုတာ မျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ အကောင်းဆုံး အသုံးချနည်းလမ်းတွေတော့ ရှိပါတယ်။ ဒီစာအုပ်က သင့်ရဲ့ လုပ်ငန်းစဉ်တွေ လမ်းမှန်ကမ်းမှန် ပေါ် ပြန်ရောက်အောင်လုပ်ဖို့ အခြေခံကျကျနဲ့ ယုံကြည်စိတ်ချရလောက် တဲ့ နည်းလမ်းတွေဆီ သင့်ကို ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ နောက်ထပ် အချိန်တွေ အလဟဿ မကုန်ရအောင်လည်း မြန်မြန်လေး ရှင်းပြပေးမှာ ဖြစ်ပါတယ်။

အောက်ပါတို့ကို ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို သင် သိရှိခွင့်ရမှာ ဖြစ်ပါတယ်။

 

* တစ်နေ့တာအတွင်းမှာ တိမ်မြုပ်နေတဲ့ သင့်အချိန်တွေကို ဖော် ထုတ်ရင်းနဲ့ အခုအချိန်ကို သင် ဘယ်လောက်ကောင်းကောင်း အသုံးချ နေသလဲဆိုတာကို ချင့်တွက်နိုင်မယ်။

* ရည်မှန်းချက်တွေဆီကို ရောက်အောင်လှမ်းသွားနိုင်ဖို့ သင့်ရဲ့ ရည်မှန်းချက်က ဘာတွေလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိအောင် လုပ် နိုင်မယ်။

* သင်နဲ့ သင့်ရဲ့ လုပ်ငန်းအဖွဲ့အစည်းအတွက် အရေးကြီးတဲ့ အလုပ်နဲ့ ရည်မှန်းချက်တွေကို ဦးစားပေး သတ်မှတ်ဖို့ သင့်ရဲ့ အချိန်တွေ ကို ပြန်လည်ခန့်ခွဲနိုင်မယ်။

* လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဖြစ်အောင် ကာဆီးနေတဲ့ ကြုံနေကျ အခက်အခဲတွေကို ကျော်လွှားနိုင်မယ်။

* အလေ့အကျင့်ရအောင် လေ့လာမိပြီးသွားရင် အချိန်ကို ပိုပြီး ရည်ရွယ်ချက်ရှိရှိနဲ့ စီမံခန့်ခွဲခြင်းဟာ လုပ်ရကျိုး တကယ်လုပ်တဲ့ အလုပ်ဆို တာ သင်တွေ့လာလိမ့်မယ်။ သင့်အထက်လူကြီး၊ သင့်ရဲ့ အသင်းအဖွဲ့၊ သင့်လုပ်ငန်းအဖွဲ့ အစည်းနဲ့ သင်ကိုယ်တိုင်အတွက် အရေးအကြီးဆုံးဖြစ် တဲ့ ကျွမ်းကျင်မှု အရည်အချင်းတွေ၊ တာဝန်တွေနဲ့ စီမံကိန်းတွေအပေါ် အာရုံစိုက်ဖို့ အချိန်နဲ့ခွန်အားတွေ ရလာပါလိမ့်မယ်။ အခု စတင်ကြည့်ကြ ရအောင်။