Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဇေရတု - သင့်ကိုယ်သင် တန်ဖိုးမြှင့်တင်ခြင်း

Regular price 800 MMK
Regular price Sale price 800 MMK
Sale Sold out

သင့်ကိုယ်သင် တန်ဖိုးမြှင့်တင်ခြင်း

သင့်ကိုယ်သင် အရောင်းမြှင့်ခြင်း ဆိုတာ ဘာလဲ

သင်နဲ့ သင့် career အတွက် “အရောင်းမြှင့်ခြင်း” တို့၊ “ရောင်းချခြင်း” တို့ ဆိုတဲ့ စကားလုံးတွေကို အသုံးပြုခြင်းက ကြောင်တောင်တောင် နိုင်တယ် လို့ ထင်ရပေမယ့် ပြီးမြောက်ဆောင်ရွက်နိုင်မယ့် အရာကို ဖော်ပြဖို့ သူတို့က

ဘောင်ဝင်တဲ့ အသုံးအနှုန်းလို့ အပြည့်အဝ ဆိုနိုင်ပါတယ်။ မှန်ပါတယ်။ ဆပ်ပြာမှုန့်တို့၊ စက်သုံးဆီတို့ အရောင်းမြှင့်ရောင်းချတာနဲ့ သင့်ကိုယ်သင် အရောင်းမြှင့်ရောင်းချခြင်းတို့က စည်းမျဉ်းတွေ အတော်များများ တူတယ်ဆို ပေမယ့် လက်တွေ့မှာ ခြားနားတာတွေ ရှိပါတယ်။ ။

အရည်အချင်းရှိတဲ့၊ အသိအမှတ် ပြုလောက်တဲ့ လူတွေ သူတို့ကိုယ် သူတို့ အရောင်းမတတ်လို့ ရာထူးတိုးပေးတဲ့ နေရာမှာ ကျော်လွှားသွားခံရ တာမျိုးတွေ ရှိတာ ကျွန်တော်တို့ အားလုံးသိပါတယ်။ ကျွန်တော်တို့ဟာ အရည်အချင်း နည်းနည်းပဲရှိပြီး ကောင်းကောင်းလုပ်ဆောင်နိုင်တဲ့ လူတွေ၊ အနှစ်သာရထက် အရည်မရ အဖတ်မရနိုင်တဲ့လူတွေကို တွေ့နေရပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရောင်းမြှင့်ခြင်းက ပထမ တစ်ခုကို ပိုကောင်းအောင် ကူညီပေးမှာလား။ နောက်တစ်ခုက အရည်အသွေးညံ့တဲ့ ကုန်ပစ္စည်းရဲ့ ကောင်းမွန်တဲ့ အရောင်းမြှင့်ခြင်း အကူအညီနဲ့ တိုးတက်လာမှာလား။

သင် ဘယ်လိုလူပဲဖြစ်ဖြစ် နူးညံ့သိမ်မွေ့တဲ့ နည်းလမ်း (စိတ်လိုက် မာန်ပါ။ ဖိအားများများ သုံးရန်မဟုတ်) နဲ့ သင့်ကိုယ်သင် အရောင်းမြှင့် ရောင်းချခြင်း အနုပညာဟာ သင့် career မှာ ပိုပြီး အောင်မြင်မှုရအောင် ကူညီပေးနိုင်တယ် ဆိုတာ အမှန်တရားတစ်ခုပါ။ အဲဒါက သင်လိုချင်တဲ့ အရာဆိုရင်ပေါ့။ ဒီစာအုပ်မှာ အဲဒါကို သင်ဘယ်လို သိမ်သိမ်မွေ့မွေ့ နဲ့

အောင်မြင်အောင် လုပ်နိုင်သလဲဆိုတာကို ကျွန်တော်တို့ ကြည့်ပါတယ်။ ဒါပေမဲ့ သင့်ကိုယ်သင် အရောင်းမြှင့်ခြင်းနဲ့ ရောင်းချခြင်းရဲ့ တကယ့်အဓိပ္ပာယ်က ဘာလဲ။

အရောင်းမြှင့်ခြင်းကို အကျိုးအမြတ်အတွက် customer တွေရဲ့ လိုအပ်ချက်တွေကို ရှာဖွေဖော်ထုတ် ခန့်မှန်းပြင်ဆင်ပြီး ထောက်ပံ့ပေးတဲ့ လုပ်ငန်းစဉ်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ ရောင်းချခြင်းဆိုတာက စား သုံးသူ customer ကို ဝယ်ယူအောင် သင်က ဆွဲဆောင်စည်းရုံးတဲ့ အစိတ် အပိုင်း ဖြစ်ပါတယ်။ ဒီနှစ်ခုဟာ ခွဲခြားလို့မရနိုင်အောင် ချိတ်ဆက်နေပါ တယ်။

သင်က သင့်ကိုယ်သင် အရောင်းမြှင့်ခြင်းနဲ့ ရောင်းချခြင်း နှစ်မျိုးစလုံး လုပ်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့ career က ဈေးကွက် တစ်ခုထဲက ကုန်ပစ္စည်း တစ်ခုဖြစ်နေလို့ပါပဲ။ သင့် customerက သင့်ရဲ့ အလုပ်ရှင် အထူးသဖြင့် သင့် မန်နေဂျာပါ။ တခြား မန်နေဂျာတွေနဲ့ အလုပ် ရှင်တွေက အလားအလာရှိတဲ့ customer တွေ ဖြစ်ပါတယ်။ သင့် ကုန်ပစ္စည်းကတော့ သင်ဘာလုပ်သလဲဆိုတာပါပဲ။ ဒါက အစောပိုင်း မေးခွန်းဖြစ်တဲ့ “သင် ဘာအလုပ်လုပ်သလဲ” ဆိုတာနဲ့ ဆက်စပ်နေပါတယ်။ အရောင်းမြှင့်ခြင်းမှာ ပါဝင်တာကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 * သင့်ရဲ့ ဈေးကွက်မှာ အခုဘာတွေ လိုအပ်နေတယ်။ အနာဂတ်မှာဘာတွေ လိုလားသလဲဆိုတာကို သိတဲ့ ဈေးကွက် အပြောင်း အလဲကို နားလည်ခြင်း။ (ဘာတွေ ဖြစ်ပျက်နေသလဲ)

* သင့်ရဲ့ လက်ရှိကုန်ပစ္စည်းကို ဈေးကွက်နဲ့ ကိုက်ညီအောင်၊ အနာဂတ် လိုအပ်ချက်တွေနဲ့ ဟပ်မိအောင် ပြောင်းလဲဖို့ နားလည် ခြင်း။ (အနာဂတ်မှာ ငါ ဘာကိုပေးရမလဲ။ အဲဒါကိုပေးဖို့ ဘာတွေ

ကို လိုအပ်မလဲ)

* သင့်ရဲ့ ကုန်ပစ္စည်းကို ဈေးနှုန်းသတ်မှတ်ပြီး customer ဆီသို့

ရောက်ရှိစေခြင်း။ (ငါက ဘယ်လောက်အထိ ထိုက်တန်သလဲ။

ဘယ်နေရာမှာ ငါ အလုပ်လုပ်ချင်တာလဲ) ၊

- သင့်ရဲ့ ကုန်ပစ္စည်းကို customer တွေ သတိထားမိလာအောင်

လုပ် ပြီး အရောင်းမြှင့်ခြင်း။ (ငါ ဘာတွေလုပ်နိုင်သလဲဆိုတာကို တခြားလူတွေကို ဘယ်လို ပြောပြမလဲ)

-  သင့် ကုန်ပစ္စည်းကို ရောင်းချခြင်း (သူတို့လက်ခံ ယုံကြည်လာအောင် ငါဘယ်လိုလုပ်မလဲ)

 

 

                             သင့်ကိုယ်သင် အရောင်းမြှင့်သင့်ပါသလား

တကယ်တော့ သင်လုပ်ခဲ့ပြီးပါပြီ။ နေရာဌာန အမျိုးမျိုးမှာ သင်ဟာ သင့်ကိုယ်သင် အရောင်းမြှင့်တာမျိုး လုပ်ဖူးလှပါပြီ။ သင်ဟာ အဲဒါတွေကို အရောင်းမြှင့်တာနဲ့ ယှဉ်မစဉ်းစားမိတာဘဲ ဖြစ်မှာပါ။

 * သင်က ကျောင်းမှာ အသင်းတစ်ခုခုထဲပါဖို့ အရေး တစ်စုံတစ်ယောက်က သဘောကျလာအောင် ကြိုးစားတဲ့အခါ။

* သင် အလုပ်တစ်ခု လျှောက်တဲ့အခါ။

* အင်တာဗျူးမေးခွန်းတစ်ခုကို သင်ဖြေဆိုတဲ့အခါ။

 * VIP တွေ အလည်လာတဲ့အချိန် သင့်ကိုယ်သင် ကြော့မော့ ကြည့်

ကောင်းနေအောင် ကြိုးစားတဲ့အခါ။

* အလုပ်တစ်ခုကို အထူးကောင်းမွန်အောင် ဆောင်ရွက်တဲ့အခါ။

* ဟောပြောမှု တစ်ခုလုပ်ရတဲ့အခါ၊ အဲဒါ သင့်ကိုယ်သင် အရောင်း

မြှင့်တာပါပဲ။

သင့် ရည်မှန်းချက်က သင့် career မှာ ပိုပြီးအောင်မြင်ဖို့၊ သင့်ရဲ့ စွမ်းရည်တွေကို အပြည့်အဝအသုံးချပြီး အားရကျေနပ်မှု ရရှိဖို့၊ ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ အလုပ်တွေရယူပြီး ရာထူးအဆင့်ဆင့် တက်သွားဖို့ဆို ရင် သင့်ကိုယ်သင် သိမ်သိမ်မွေ့မွေ့နဲ့ အရောင်းမြှင့်ရောင်းချခြင်းက အရေး ကြီးပါတယ်။ တခြားကိစ္စတွေမှာလိုပဲ ကျွမ်းကျင်လိမ္မာမှုကို ရယူပြီး ကောင်းကောင်းပြန် အသုံးချနိုင်ရင် သင့်အတွက် ပိုအကျိုးရှိမှာပါ။ ဒါကြောင့် စည်း မျဉ်းတွေကို သင်ယူပြီး အကောင်းဆုံးကို အတုခိုးပါ။ အပိုချဲ့ကားခြင်း၊ အဓိပ္ပာယ် ယူလွဲခြင်းမရှိဘဲနဲ့ ကောင်းကောင်းမွန်မွန် ဆောင်ရွက်ပါ။

 

သင် - ကုန်ပစ္စည်း

 အရောင်းအဝယ် အသုံးအနှုန်းမှာ သင်က ကုန်ပစ္စည်းတစ်ခုလား၊ ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုလားဆိုတာကတော့ ခပ်ရှုပ်ရှုပ်ပါပဲ။ သင့်ရဲ့ ဘဝမှာ ပုံစံအမျိုးမျိုး၊ အခန်းကဏ္ဍအဖုံဖုံ ရှိပါတယ်။

 

အလုပ်ထဲမှာ သင်ဟာ အလုပ်သမားတစ်ယောက်၊ အထူးပြု ကျွမ်း ကျင်သူ၊ ဒါမှမဟုတ် အတတ်ပညာရှင် တစ်ယောက်ယောက် ဖြစ်နိုင်ပါ တယ်။ အလုပ်ရှင်၊ မန်နေဂျာ၊ ကြီးကြပ်သူ၊ နည်းပြ၊ သရုပ်ပြ၊ ခေါင်းဆောင်၊ အတိုင်ပင်ခံအပြင် တခြားအရာအများကြီးထဲက တစ်ယောက်ယောက်လည်း ဖြစ်နိုင်ပါတယ်။

အလုပ်ရဲ့ ပြင်ပမှာတော့ သင်ဟာ မိဘ၊ သားသမီး၊ အိမ်ထောင်ရှင်၊ ဦးလေး၊ အဒေါ်၊ တူ၊ တူမ၊ မိတ်ဆွေ သူငယ်ချင်း၊ အိမ်နီးချင်း တစ်ယောက်ယောက် ဖြစ်နေနိုင်ပါတယ်။ သင့်မှာ ဝါသနာပါရာ တစ်ခုခု ရှိချင်ရှိနိုင်ပြီး ဘုရားကျောင်း၊ လူမှုအဖွဲ့ အစည်း၊ အသင်းအဖွဲ့ တစ်ခုခုရဲ့ အဖွဲ့ ဝင်လည်း ဖြစ်နိုင်ပါတယ်။ ဒါတွေအားလုံးနဲ့ နောက်ထပ် ကျန်နေသေးတဲ့ အရာတွေ အားလုံးဟာ သင့်ဘဝမှာရှိတဲ့ အခန်းကဏ္ဍတွေ၊ သင်ဆိုတဲ့ ကုန်ပစ္စည်းရဲ့ပုံရိပ်တွေပါပဲ။

ဒီအခန်းကဏ္ဍတစ်ခုစီအတွင်းမှာ ရည်မှန်းချက်တွေ သင့်မှာရှိပါလိမ့် မယ်။ အဲဒါတွေကို ရဖို့ အခြားလူတွေရဲ့ အကူအညီကို သင် လိုအပ်ပါ တယ်။ အလုပ်မှာဆိုရင် တစ်စုံတစ်ယောက်က သင့်ကို ရောက်လာမယ့် ပရောဂျက်အတွက် ရွေးထုတ်ရမယ်၊ ရာထူးတိုးပေးဖို့အတွက် ရွေးချယ်ရမယ်။

နောက်ထပ် စိန်ခေါ်မှုအသစ်တစ်ခုမှာ တာဝန်ပေးရပါမယ်။ သင်က သူတို့ ကို ပြောမထားဘူးဆိုလျှင် သင်က စိတ်ဝင်စားတယ်။ သင်လုပ်ပြနိုင်တယ် ဆိုတာကို သူတို့ ဘယ်လိုသိမှာလဲ။ သင့် ရည်မှန်းချက်တွေက သင့်အတွက် ရှင်းလင်းပြတ်သားပေမယ့် သင်က ပြောမပြရင် တခြားလူတွေအတွက်တော့ မြူဖုံးသလို ဖုံးကွယ်နေမှာပါ။

လူတွေရဲ့ သင့်အပေါ် မြင်ရတဲ့အမြင်က သူတို့သင့်ကို ဘယ်လို ထင်မလဲဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ ဒါက သူတို့ တစ်စုံတစ်ယောက်ကို ရှာဖွေနေတဲ့အခါ သင်က သူတို့ စိတ်ထဲကို ရောက်အောင် သွားနိုင်သလား။ သင့်ကို အကောင်းဆုံး ရွေးချယ်မှု၊ လက်ခံနိုင်လောက်တဲ့ ရွေးချယ်မှု၊ လက်ရှောင်ရမယ့် လူတစ်ယောက် အဖြစ် သူတို့ မြင်ကြသလား၊ ဒါမှမဟုတ် သင့်ကို လုံးဝ ထည့်သွင်းမစဉ်းစားဘူးလား ဆိုတဲ့အပေါ် မူတည်ပါတယ်။

သူတို့ရဲ့ သင့်အပေါ် တုံ့ပြန်မှုဟာ အကောင်းဖြစ်မလား၊ အဆိုးဖြစ် မလားဆိုတာက သင့်မှာ အမှန်တကယ်ရှိတဲ့ အရည်အချင်းထက် သူတို့ သင့်ကို ဘယ်လိုထင်သလဲ ဆိုတဲ့အပေါ်မှာ ပိုပြီး မူတည်ပါတယ်။ သူတို့ ရဲ့ ရှေ့မှာပေါ်တဲ့ သင့်ရဲ့ ပုံရိပ်က သင်နဲ့ တခြားသူတွေဆီကနေ တစ်ဆင့် လာတာပါ။ အဲဒီ ပုံရိပ်ကို သင် မထိန်းချုပ်နိုင်ပါဘူး။ ဒါပေမဲ့ သက်ရောက် လွှမ်းမိုးလို့တော့ ရပါတယ်။

စိတ်လှုပ်ရှားစရာကောင်းတဲ့ တာဝန်တွေ၊ ပရောဂျက်တွေ အတွက် ရွေးနုတ်ပြီး၊ ဗော်လံတီယာ (Volunteer) လုပ်ပေးတာကလည်း သင့်ရဲ့အကြောင်း စကားပျံ့နှံ့စေဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ။ ဒါပေမဲ့ သင့် ကုမ္ပဏီထဲက အခွင့်အလမ်းတိုင်းကိုတော့ သင် အကုန်မသိနိုင်ပါဘူး။ သင် သတိမထားမိတဲ့ အလုပ်နေရာ၊ အခန်းကဏ္ဍတွေအတွက် သင့်ကို ထည့် သွင်းစဉ်းစားနိုင်စရာ တစ်ခုတည်းသော နည်းလမ်းကတော့ တာဝန်ရှိသူက သင့်အကြောင်းကို ကြားသိထားဖို့၊ ဒါမှမဟုတ် သင့်ကို စဉ်းစားမိဖို့ပဲ ဖြစ်ပါ တယ်။ သင့်ကိုယ်သင် အရောင်းမြှင့်ပါ။ အဲဒါတွေ ဖြစ်လာပါလိမ့်မယ်။ ငြိမ်ငြိမ်လေး နေရင်တော့ ဘာမှ ဖြစ်မလာပါဘူး။

ကျင့်ဝတ်သိက္ခာ အလွန်အမင်း စန်းတင်မှုတွေနဲ့ ပြည့်နေတဲ့ ကြော်ငြာတွေကို ကျွန် တော်တို့အားလုံး မြင်ဖူး ကြည့်ဖူးကြပါတယ်။ တလက်လက်ထနေတဲ့ ဆပ် ပြာပူဖောင်းတစ်လုံး လိုပါပဲ။ အထဲမှာတော့ ဘာမှမပါပါဘူး။ သင့်ကို မေး ခွန်းထုတ်စေတဲ့ တချို့လူတွေရဲ့ နည်းစနစ်တွေကို သင် သတိထားမိမှာပါ။ သူတို့ရဲ့ နည်းစနစ်တွေက ခဏပန်းအတွက်တော့ အသုံးတည့်ပါလိမ့်မယ်။ ဒါပေမဲ့ ပါဝင်တဲ့ သူတွေအတွက် အကျိုးအမြတ်ကို မပေးပါဘူး။

ဒီစာအုပ်ထဲမှာ သင်ဟာ သင့်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်မှာ ကျွမ်းကျင်ပြီးဖြစ်ပြီး သင့်အရည်အချင်းတွေကို သင်ကိုယ်တိုင်နဲ့ အများ အကျိုးအတွက် အပြည့်အဝအသုံးချလို့ ပိုပြီးထူးချွန်တဲ့သူ ဖြစ်ချင်လိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ သင့်ရဲ့ customer သင့်ရဲ့ အလုပ်ရှင်အတွက် ထူးခြားကောင်းမွန်ပြီး ပညာရှင်ပီသတဲ့ ဝန်ဆောင်မှုကို ပေးနေချိန်မှာ သင့်ရဲ့ career ထဲမှာ ဘောင်ဝင်၊ တရားဝင်တဲ့ တိုးတက်မှုကို လုပ်ဆောင်ချင်လိမ့် မယ်လို့လည်း ကျွန်တော် ယူဆပါတယ်။ သင့်မှာ အရောင်းမြှင့်ဖို့ ကုန်ပစ္စည်းကောင်းတစ်ခုရှိပြီး အဲဒါကို သင်က ဂုဏ်သိက္ခာရှိရှိနဲ့ တရားဝင်အောင် လုပ်ဆောင်ချင်ပါတယ်။ ဒီလိုပဲ ကျွန်တော် လက်ခံထားပါတယ်။

 

သင့်ရဲ့ ကိုယ့်ကိုယ်ကိုယ် အရောင်းမြှင့်ခြင်း ခံယူချက်က

- အလွန်အမင်း စန်းတင်ခြင်း၊ မှားယွင်းတင်ပြခြင်း၊ (သို့မဟုတ်) မှားယွင်းကတိ

ပေးခြင်းမရှိဘဲ သင့်ကို တခြားသူများ အာရုံထားလာအောင် ဆောင်ရွက်ရန်ဆိုပြီး ရိုးရိုးရှင်းရှင်း ဖြစ်သင့်ပါတယ်။

အကောင်းမြင်ပါ

သင်က သင့်ကိုယ်သင် ဘယ်လိုဖော်ပြမလဲဆိုတာက အလွန် အရေး ကြီးပါတယ်။ “သင် ဘာအလုပ်လုပ်သလဲ” ဆိုတဲ့ ရိုးရှင်းတဲ့ မေးခွန်းတစ်ခု ကို ပြန်ဖြေလိုက်တဲ့ သင့်အဖြေက သင့်အတွက် အကူအညီဖြစ်စေမယ့် (သို့မဟုတ်) အကူအညီ မဖြစ်စေမယ့် သင့်ရဲ့ ပုံရိပ်တစ်ခုကို ဘယ်လိုဖြစ်ပေါ် စေနိုင်တယ်ဆိုတာကို ကျွန်တော်တို့ နားလည်ခဲ့ပြီးပါပြီ။

နောက်ထပ် ရိုးရှင်းတဲ့ မေးခွန်းတစ်ခုဖြစ်တဲ့ “အခြေအနေတွေ ဘယ် လိုလဲ” ဆိုတဲ့ မေးခွန်းအတွက် မတူကွဲပြားတဲ့ အဖြေနှစ်မျိုးကို စဉ်းစားကြည့် ပါ။ ပထမအဖြေက သမားရိုးကျဆန်ဆန် ငြီးငွေ့စရာကောင်းပြီး အဓိပ္ပာယ် မရှိတဲ့ သင်ကြားဖူးထားပြီးသား အဖြေမျိုးဖြစ်ပြီး အဲဒီအဖြေနဲ့ ဆင်ဆင်တူ တဲ့ အဖြေတွေကို အကြိမ်ရေ ရာနဲ့ချီအောင် သင်ကြားခဲ့မှာပါ။ ဒုတိယအဖြေ