Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ဇေရတု - သင့်သဘောအတိုင်းဆန္ဒပြီးမြောက်စေရန်

Regular price 800 MMK
Regular price Sale price 800 MMK
Sale Sold out

အခန်း(၁)

ပထမခြေလှမ်းများ

သင့်သဘောဆန္ဒအတိုင်း ဖြစ်အောင်လုပ်ဖို့ဆိုရင် သင် တခြား လူတွေဆီက သဘောတူညီမှု ရယူဖို့လိုပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ အကျပ်ကိုင်ဖို့၊ အတင်းအကျပ်လုပ်ဖို့ မဆိုလိုပါဘူး။ ကျွန်တော်တို့ရဲ့ စိတ်ကူးအကြံအစည်တွေ နောက်ကို လူတွေက စိတ်ပါလက်ပါနဲ့ လိုက်ပါလာတာကို ကျွန်တော်တို့လိုချင်တာပါ။ ဒါက မလွယ်ပါဘူး။ ကြိမ်လုံးလေးတစ်ချောင်းလို သဘောတူလာအောင် အာမခံပေးနိုင်တဲ့ ပဉ္စလက်ဆန်ဆန် ပုံသေနည်းမျိုးရှိတယ်ဆိုရင်တော့ ဒီစာအုပ်က ပိုတောင် တိုသွားနိုင်ပါတယ်။ တချို့ အကြံအစည်တွေအတွက် သဘောတူညီမှု ရဖို့က လွယ်ပါတယ်။ တချို့ အတွက်တော့ ခက်ခဲမှုရှိနိုင်ပြီး တစ်ခါ တလေမှာ သဘောတူညီမှုရဖို့ မဖြစ်နိုင်ပါဘူး။

သင့်ရဲ့ လက်ကို ရေနွေးဆူဆူမှာ ထည့်စိမ်ဖို့ ကျွန်တော်က သင့်ကို ဆွဲ ဆောင်ကြည့် မယ်ဆို ရင် ကျွန်တော့် အတွက် သင့် ကို ပေး စရာအကြောင်းပြချက် ရှိလာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီစာအုပ်ကို ဒီလောက်အထိရောက်အောင် သင်ဖတ်လာခဲ့ပြီဆိုရင်တော့ တစ်စုံ တစ်ရာက သင့်ကို ဒီစာအုပ်ဝယ်ဖို့ ဆွဲဆောင်နိုင်ခဲ့ပြီလို့ ဆိုရမှာပါ။

ဆွဲဆောင်စည်းရုံးရတာဟာ လွယ်ချင်မှ လွယ်မှာပါ။ ဒါပေမဲ့ အောင်မြင် နိုင်ပါတယ်။ ကိုယ်ရဲ့ စကားကို ယုံကြည်လက်ခံလာ အောင်ပြုလုပ်ပေးတဲ့ စည်းမျဉ်းတွေ၊ ချဉ်းကပ်ပုံနည်းလမ်းတွေ ရှိပါတယ်။ ဒါကို သင်က ထိထိရောက်ရောက် အသုံးချနိုင်ရင် သင် အောင်မြင်နိုင်ပါတယ်။

ဒီနည်းစနစ်တွေက သူ့ဟာနဲ့ သူဆိုရင် မရှုပ်ပါဘူး။ အများ အားဖြင့် သူတို့ဟာ သင့်ရဲ့ ပင်ကိုယ်အသိထဲမှာ ရှိနေပြီးသားဖြစ်ပြီး စကားပြောဆိုနေကြတဲ့အချိန်မှာ ဒီနည်းစနစ်တွေကို ဆီလျော်အောင် ဘယ်လိုအသုံးပြုမယ်ဆိုတဲ့ နည်းလမ်းတစ်ခုကို ကြိုတင်ပြင်ဆင်တဲ့ အခါမှသာ ရှုပ်ထွေးမှု ရှိလာတာပါ။ နောက်ဆုံး ချဉ်းကပ်တဲ့ နည်း လမ်းကို အခြားသူက လက်သင့်ခံနိုင်ရမှာဖြစ်ပြီး သဘောတူညီမှုရ အောင် စေ့ဆော်ပေးနိုင်တဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်း အရာကို တင်ပြနိုင်ရပါမယ်။ ။

ဒီမှာ အသေးအဖွဲကအစ အရေးကြီးလာပါပြီ။ အကျိုးနဲ့ အကြောင်း ရှင်းလင်းပြောဆိုပုံမှာ အသေးအဖွဲပြောင်းလဲမှုတွေက ခေါင်း ငြိမ့်ပြီးသားအဖြေတစ်ခုကို ခေါင်းပြန်ရမ်းစေတာမျိုး ကြုံရတတ်သလို အဲဒါနဲ့ ပြောင်းပြန်အခြေအနေမျိုးလည်း ကြုံရနိုင်ပါတယ်။

 

            ရှိရင်းစွဲ ပြဿနာများ

 

လူမှုဆက်ဆံရေးဟာ လုံးဝမလွယ်ကူဘူး ဆိုတာကို သဘော ပေါက်ခြင်းက သင့်ရဲ့ ဆက်ဆံရေးတွေ အဆင်ပြေအောင်မြင်စေဖို့ ပထမခြေလှမ်းပါပဲ။ ဆွဲဆောင်စည်းရုံးဖို့ အတွက် သင့်မှာ ဘာမျှော် လင့်ချက်မှ မရှိသေးခင်လူတွေရဲ့ အာရုံစိုက်မှုရအောင် သင် လုပ်ရ ပါမယ်။ နိဒါန်းစာပေမှာ ဖော်ပြခဲ့သလိုပဲ ဆက်ဆံရေးပျက်ပြား သွားတာတွေ၊ မအောင်မြင်တာတွေ အများကြီးပါပဲ။ အိမ်ကအစ အလုပ်ခွင် အဆုံး မြေကမ္ဘာတစ်ခွင်လုံးမှာ “ဒီလိုဆိုရင်လည်း ဘာလို့ အဲဒီလိုမပြော ရတာလဲ” “ဒါပေမဲ့ မင်းတစ်ခါမှ ဒါကို မပြောပါလား” ဆိုတဲ့အသံ မျိုးတွေ လှိုင်နေအောင်ကြား နေရပါတယ်။ ကျွန်တော်တို့ အားလုံးက တစ်စုံတစ်ယောက်နဲ့ပတ်သက်ပြီး စိတ်ဆိုး ဒေါသထွက်ရတာမျိုး ကြုံဖူး ကြပါတယ်။ ဒါဟာ ဘယ်နေရာ မှားယွင်းနေလို့လဲလို့ အဖြေထုတ်ကြည့် လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးပုံစံကြောင့်ဆိုတာ တွေ့ လာ ရပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ အကြောင်းအမျိုးမျိုး ရှိပါတယ်။ ဒီရှိရင်းစွဲပြဿနာတွေကို ကျော်လွှားနိုင်ဖို့ ဆောင်ရွက်ရမယ့် နည်းလမ်း တွေလည်း ရှိပါတယ်။ ဒါကြောင့် စကားတစ်ခွန်းကို ဆွဲဆောင်မှုရှိအောင် ဘာကလုပ်သလဲဆိုတာကို ခဏဖယ်ထားပြီး ဒီစကားရဲ့ ရှင်းလင်းပြတ် သားမှု အကြောင်းကို စဉ်းစားကြည့်ပါ။

ပြဿနာမှာလူတွေက နားမထောင်ခြင်း၊ နားလည်မလွယ် ခြင်း၊ သဘောတူဖို့၊ သို့မဟုတ် လိုက်နာဆောင်ရွက်ဖို့ ဝန်လေးခြင်း တို့အပြင် မပြည့်စုံမလုံလောက်သော ဝေဖန်သုံးသပ်မှုပြန်ပေးခြင်းတို့ ဖြစ်ကြောင်း တွေ့ ရပါတယ်။ ဒီအချက်များကိုလည်း တစ်လှည့်စဉ်းစားပါ။

 

အာရုံစိုက်ခြင်း

လူတွေဟာ အချိန်ကြာကြီး နားထောင်ဖို့ (ဒါမှမဟုတ် စာဖတ်တဲ့ နေရာမှာ အာရုံစိုက်ဖို့) မလွယ်ကူတတ်ပါဘူး။ တစ်စုံတစ်ယောက် အချိန်အကြာကြီးပြောတဲ့ စကားကို နားထောင်ပေးဖို့ စိတ်မရှည်တတ်ကြ ပါဘူး။ ဒီစာအုပ်လိုမျိုး အပိုင်းကဏ္ဍတွေ အများကြီးခွဲထားပြီး အချိန်ခဏ နားလို့ရအောင်၊ ရောက်တဲ့နေရာမှာ ခဏရပ်ထားလို့ရအောင် စီစဉ်ပေးထားတဲ့ စာအုပ်ကိုတောင် ဖတ်ဖို့ခက်တယ်လို့ မြင်ချင်မြင်ကြမှာပါ။ ဒါ့အပြင် လူတွေက ကြေး(ဂျီး)များပါတယ်။ သူတို့အတွက် အရေး ကြီးတယ်လို့ထင်တဲ့ အစိတ်အပိုင်းကိုပဲ သူတို့ အာရုံထားပါတယ်။ ပြီးတော့ စကားတစ်ခွန်းရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတွေက ဘာတွေ လဲဆိုတဲ့နေရာမှာ အယူလွဲ၊ အကောက်လွဲတာမျိုးတွေ လုပ်တတ်ပါတယ်။

သင်ခန်းစာ- သင့်ရဲ့ ဆိုလိုရင်း တကယ်ရောက်၊ မရောက် သေချာ အောင် လုပ်တဲ့နေရာမှာ ကြိုးကြိုးစားစားလုပ်ဖို့လိုပါတယ်။

 

 

နားလည်ခြင်း

နားလည်မှုကို အားလျော့စေတဲ့ လူသားတွေရဲ့ သဘာဝ အလျောက်တုံ့ပြန်မှုတွေ ရှိပါတယ်။ လူတွေက သူတို့ရဲ့ အတိတ်က အတွေ့ အကြုံအပေါ် အခြေတည်ပြီး ထင်မြင်ယူဆမှုတွေ လုပ်လေ့ရှိပါ တယ်။ ဒါကို သင် ထည့်တွက်မထားဘူးဆိုရင် သင်ပြောချင်တဲ့ အကြောင်းအရာကို ချိတ်ဆက်ပေးမယ့် ရည်ညွှန်းကိုးကားစရာ တစ်ခုခု ရှိလာမှာ မဟုတ်ပါဘူး။ ကို

လူတိုင်းနားမလည်နိုင်တဲ့ စကားအသုံးအနှုန်းတွေက ပြဿနာ တစ်ခုဖြစ်နိုင်ပါတယ်။ သိတဲ့လူတွေအဖို့တော့ အလွယ်နားလည်နိုင်လာ ပြီး အခြားလူတွေကိုတော့ ရှုပ်ထွေးစေနိုင်ပါတယ်။ ဒါ့အပြင် အဲဒီ အချက်လူတွေကို ငတုံးငအတွေလို့ အထင်ခံစရာရှိရင် သူတို့ နား မလည်ပါဘူးလို့ပြောဖို့ နောက်တွန့်နေကြမှာပါ။

တစ်စုံတစ်ယောက်က ပြောနေတဲ့စကားမဆုံး သေးခင်မှာပဲ လူတွေဟာ ထင်မြင်ယူဆမှုတွေ လုပ်တတ်ပါတယ်။ လူတွေက သူတို့ ကိုယ် သူတို့ “ဒါ ဘာဖြစ်တော့မယ်ဆိုတာ ငါသိနေပြီ” ဆိုပြီး ပြောတတ်ပါတယ်။ အဲဒီအချိန်မှာ သူတို့ရဲ့ စိတ် က နားထောင်ခြင်းအပေါ် အာရုံစိုက်တာ ရပ်သွားပြီး တုံ့ပြန်မှုတစ်ခုခု ဘယ်လိုလုပ် ရင်ကောင်းမလဲဆိုတာကိုပဲ တွေးနေတတ်ကြပါတယ်။ ။

စကားတွေ ပြောပြီးသွားပေမဲ့ အကောင်အထည်ပေါ်အောင် ဘာမှမပြနိုင်ရင် နားလည်မှုလွဲဖို့ ပိုလွယ်သွားနိုင်ပါတယ်။ အကြောင်း အရာတွေကို ပြသပေးတာက အသုံးဝင်နိုင်ပါတယ်။ အလားတူ အကြောင်းအရာတစ်ရပ်လုံးကို သရုပ်ဖော်ပေးနိုင်တဲ့ သတင်းစကားလည်း အရေးကြီးပါတယ်။ ။ သင်ခန်းစာ- နားလည်မှုကိုအရယူရန် မျှော်မှန်းထားပါ။

 

 

သဘောတူခြင်း ၊

ဒါကတော့ ဆွဲဆောင်စည်းရုံးတဲ့အပိုင်းကို နည်းနည်းရောက်သွား ပါပြီ။ လူတွေက သူတို့ကို သိမ်းသွင်းဖို့ကြိုးစားရင် အဲဒီလို ကြိုးစားတဲ့ သူတွေကို သံသယဝင်တတ်ပါတယ်။ တစ်ခုခုကို သဘောတူပေးရတာ က သူတို့ကို မှားတဲ့ဘက်မှာ ရပ်တည်သလိုမျိုး အထင်အမြင်ခံရရင် စွန့်လွှတ်စွန့်စားရာကျတယ်ဆိုရင် ဒါဟာ လူတွေကို သဘောတူညီမှု ကနေ ဝေးရာကို တွန်းပို့တတ်ပါတယ်။ ။ သင်ခန်းစာ- ယုတ္တိဗေဒအရ လက်ခံသင့်တယ်လို့ သတ်မှတ်ထားတဲ့ ခိုင်မာလှတဲ့ အကြောင်းကိစ္စမျိုးမှာတောင် ခုခံငြင်းဆန် ခံရနိုင်ပါတယ်။

 

အကောင်အထည်ဖော် ဆောင်ရွက်ခြင်း

အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုတာက တစ်စုံ တစ်ယောက်က အလေ့အကျင့်တစ်ခုကို ပြောင်းလဲဖို့ပါ။ ဒါက ဘဝ တစ်သက်တာလုံး စွဲမြဲလာတဲ့ အကျင့်လည်း ဖြစ်နိုင်ပါတယ်။ အပြုအမူ//

က လူတွေကို ကြုံရမယ့်အခက်အခဲနဲ့ ပတ်သက်ပြီး ထည့်စဉ်းစားစရာ ဖြစ်စေပါတယ်။ “ငါ ဒါကို လုပ်လိုက်လို့ အဆင်မပြေဖြစ်သွားရင် နောက်ဘာဖြစ်မှာလဲ” ဆိုတဲ့မေးခွန်းမျိုးတွေ ထွက်လာပါတယ်။ တချို့ လူတွေကတော့ ဆုံးဖြတ်ချက်တစ်ခုကိုချဖို့ တုံ့နှေးတတ်ကြပြီး ဖြစ်နိုင်ရင် ရှေ့မဆုတ်ဘဲ ကမ်းပါးပေါ်မှာပဲ ရပ်ချင်နေတဲ့စိတ်မျိုး ရှိကြပါတယ်။ သင်ခန်းစာ- အကြောင်းပြချက်ကို လက်ခံလိုက်ပြီး မလုပ်ဆောင်နိုင်စရာ ဘာ အကြောင်းမှမရှိဘဲနဲ့တောင် အဲဒီအပြုအမူကို ချက်ချင်းဆောင်ရွက်ဖို့ အချိန်ကြာတတ်ပါသေးတယ်။

 

 

တုံ့ပြန်ဝေဖန်မှု ရယူခြင်း

ဆက်ဆံရေးမှာလူတွေက အမြဲတမ်း ပွင့်ပွင့်လင်းလင်း မရှိနိုင်ပါ ဘူး။ သူတို့ဟာ သူတို့ရဲ့ ခံစားချက်တွေကို တမင်ဖုံးကွယ်ထားတာ ဒါမှမဟုတ် တစ်ခြားအကြောင်းအရင်းတွေ (ဥပမာ-စိတ်မလုံလဲခြင်း)

ကြောင့် ဖုံးကွယ်ထားတာတွေ ရှိနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း သူတို့ရဲ့ တုံ့ပြန်ဝေဖန်တဲ့ပုံစံကို အဓိပ္ပာယ်ကောက်ယူဖို့ မလွယ်ကူတာမျိုး လည်း ရှိပါတယ်။ သင်ခန်းစာ- တုံ့ပြန်ဝေဖန်မှုတွေကို အမိအရ အဓိပ္ပာယ်ကောက်ယူနိုင်ရပါ မယ်။ အပြင်ပန်း အသွင်အပြင်တွေက လှည့်စားတတ်တယ်ဆိုတာကို မေ့ထားလို့မရပါဘူး။

ဒါတွေအားလုံးက လူအချင်းချင်းဆက်ဆံရေးမှာ အမြဲလိုလိုဖြစ် ပေါ်တဲ့ အခက်အခဲတွေကို မြင်သာစေပါတယ်။ ပထမဆုံးအလုပ်က ဖြစ်တတ်တဲ့ပြဿနာတွေကို မှတ်သားထားဖို့ပါပဲ။ ဒီလိုနည်းလမ်းမျိုး တွေနဲ့ အခက်အခဲတွေ တွေ့ရမယ်လို့ သင်မျှော်မှန်းထားရင်း ပထမ ခြေလှမ်းက သူတို့ကို ကျော်လွှားအောင်မြင်ဖို့ ဖြစ်ပါတယ်။ စိတ်မပူပါနဲ့။

 

အကူအညီတွေရှိပါတယ်။ လူမှုဆက်ဆံရေးရဲ့ သဘောသဘာဝနဲ့ ပတ်သက်တဲ့ တခြားအကြောင်းအရာတွေက အောင်မြင်မှုရအောင် လုပ်ဆောင်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။ နည်းပရိယာယ် ကတော့ ဒီအကြောင်းအရာတွေက ဘာတွေလဲဆိုတာ သိဖို့နဲ့ သူတို့ကို ဆီလျော်အောင် အသုံးပြုတတ်ဖို့ပါပဲ။

 

 

နားလည်ခြင်းအတွက် အထောက်အကူများ

အခုဖော်ပြထားတဲ့အချက် (၄) ချက် (စိတ်ပညာရှင်တွေ အမည် တပ်ထားတဲ့ “သင်ယူခြင်း ဥပဒေသ” မှာအခြေခံတဲ့) စလုံးဟာ ဒီဖြစ်စဉ်အတွက် အထောက်အကူပေးပါတယ်။ အဲဒီအချက် (၄) ချက်ကတော့ ။

- တစ်ဦးတစ်ယောက်ချင်းစီ၏ မေးခွန်းများကို ဖြေကြားခြင်း

- အကျိုးအကြောင်း ခိုင်လုံအောင်ပြုလုပ်ခြင်း

- အတွေ့အကြုံနှင့် ဆက်စပ်ခြင်း ၊ ထပ်မံပြောကြားခြင်း တို့ပဲဖြစ်ပါတယ်။

တစ်ဦးတစ်ယောက်ချင်းစီ၏ မေးခွန်းများကို ဖြေကြားခြင်း။ ။ သတင်းစကား တစ်ခုအပေါ်မှာ လူတွေရဲ့ ပထမဦးဆုံး တုံ့ပြန်မှုက ဘာလဲ။ သူတို့အပေါ် ဒီစကားရဲ့ အကျိုးသက်ရောက်မှုကို သူတို့က မေးပါ တယ်။ သူတို့ အပေါ် ဒါက ဘယ်လိုသက်ရောက်မှုရှိမလဲ။ အကယ်၍ သက်ရောက်မှုဆိုတာရှိရင် အကောင်းလား၊ အဆိုးလား ဆိုတာကို သိချင်ကြပါတယ်။ ဒါက သေချာပေါက် နားလည်ပေးနိုင် ပါတယ်။ ကျွန်တော်တို့အားလုံး လုပ်နေကျအလုပ်ပါ။ ဒီအချက်ကို