Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

ဇေရတု - နပိုလီယမ်ဟေးလ်၏ကမ္ဘာတည်မယ့်အတွေးအမြင်များ

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

ထွန်းပေါက်အောင်မြင်မှု များ

သင် သွားနေသည့်လမ်းအတိုင်း ဆက်သွားလျှင် ယခုမှ စ၍ နောက် ဆယ်နှစ်ကြာသည့်အခါ မည်သည့် နေရာ၌ သင် ရောက်ရှိနေမည်နည်း။

                                                                                     နပိုလီယံဟေးလ်

သင်၏လမ်းကြောင်းကိုသတ်မှတ်ပါ

ကြီးမားသော အောင်မြင်မှုဆိုသည်မှာ အလွန်ရှည်ကြာသည့် ကာလ တစ်ခုကို ကျော်ဖြတ်ပြီးမှ ရရှိထားသော အောင်မြင်မှုအသေးကလေး၏ ရလဒ်ဆိုသည်ကို လူအများစုက သဘောမပေါက်ကြပေ။ အမှန်တကယ်အောင်မြင်သောလူများသည် ရေရှည်ကို မျှော်တွေးနိုင်ကြသူများဖြစ်ကြ သည်။ ၎င်းတို့သည် အောင်မြင်မှုတစ်ခုစီအပေါ် အခြေပြု၍ ပို၍ကောင်းမွန် သစ်လွင်သော ဆောင်ရွက်ပုံနည်းလမ်းများကို စဉ်ဆက်မပြတ် သင်ယူသွားရ မည် ဆိုသည်ကို သိကြသည်။ သင်၏တိုးတက်မှုကို ပုံမှန်ဆန်းစစ်ခြင်းသည် ရည်မှန်းချက်ချမှတ်ခြင်းအတွက် အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ ရည်မှန်းချက်တွင် ပြီးမြောက်ခြင်းအတွက် အချိန်ဇယားမရှိလျှင် ၎င်းသည် ဆန္ဒတစ်ခုထက် အနည်းငယ်သာ သာလွန်သည်။ သင့်ဘဝအတွက် သင်၏ အစီအစဉ်တွင် ရေတို၊ အလယ်အလတ်၊ ရေရှည် ရည်မှန်းချက်များ ပါဝင်ပါ စေ။ အခြေအနေများက ပြဋ္ဌာန်းပေးသည့်အတိုင်း သင်၏ရည်မှန်းချက်များကို စိစစ်ပြင်ဆင်ပါ။ ပြီးမြောက်သွားသည့် ရည်မှန်းချက်ကို မှတ်သားပါ။ သင် တိုးတက်ထွန်းကားလာသည်နှင့်အမျှ သင့်အတွက် ပို၍ကြီးသော ရည် မှန်းချက်အသစ်များ ချမှတ်ပါ။ လမ်းကြောင်းမှန်ပေါ်၌ သင်ရောက်ရှိနေ ကြောင်း သေချာအောင် နှိုင်းဆဆင်ခြင်ရန် အချိန်ယူပါ။

            အောင်မြင်မှုအတွက်ဆောင်ရွက်ချက်

ပင်ကိုသဘောဆောင်ပါ။ သင်၏ တစ်နှစ်၊ သုံးနှစ်၊ ငါးနှစ်နှင့် ခုနစ် နှစ်တာရည်မှန်းချက်များပါသော ဘဝအစီအစဉ်ကို ဖန်တီးပါ။ လူတစ်ယောက်၏ဘဝတွင် ဖြတ်သန်းရသည့် အဆင့်ခုနစ်ဆင့်ရှိသည်ဟု ရှိတ်စပီး ယားက ရေးသားခဲ့သည်။ ယခုအချိန်အထိ သင်၏ဘဝကို သင် ဆန်းစစ် ကြည့်ပြီး မည်သည့်အဆင့်များအား သင် ဖြတ်သန်းနေထိုင်ခဲ့သည်ကို ပိုင်း ခြားစိတ်ဖြာ၍ ရည်မှန်းချက်များ ချမှတ်ဖန်တီးခြင်းဖြင့် နောက်လာမည့် အဆင့်အတွက် ပြင်ဆင်နိုင်ပါလိမ့်မည်။ လူသည် ခုနစ်နှစ်လျှင်တစ်ကြိမ်

ပြောင်းလဲသွားသည်ဟုလည်း အဆိုရှိသည်။ သင်၏ဘဝတွင် ခုနစ်နှစ် တစ်ကြိမ် ဖြတ်သန်းခဲ့သည့်ကာလကို ပြန်ကြည့်လိုက်လျှင် သင်၏ နောက် တစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှုကို စတင်ချိန်၌ သင် ရောက်လိုသည့်နေရာကို ကြိုတင်ခန့်မှန်းနိုင်ကောင်း ခန့်မှန်းနိုင်ပါလိမ့်မည်။

                ထွန်းပေါက်အောင်မြင်မှု

               သင်၏ ဘဝရည်မှန်းချက်ကို ရွေးချယ်ရာတွင် မြင့်မြင့် မှန်းရန် မကြောက်ပါနှင့်။ သင် မည်မျှမြင့်မြင့်မှန်းပါစေ၊ သင်၏အောင်မြင်မှုများက ထိုရည်မှန်းချက်အောက်မှာ ပင် ကျရောက်နေနိုင်သောကြောင့်ဖြစ်သည်။

                                                                               နပိုလီယံဟေးလ်

သင်၏ မိုးကုပ်စက်ဝိုင်းဆီသို့ ခရီးစထွက်ပါ

ယနေ့ခေတ်တွင် လုပ်ငန်းအများစုသည် ၎င်းတို့၏အရည်အသွေးမြှင့် အစီအစဉ်များ၏ အစိတ်အပိုင်းအဖြစ် “စဉ်ဆက်မပြတ်တိုးတက်မှု” ကို အားပေးကြသည်။ ယနေ့ခေတ် ကမ္ဘာ့စီးပွားရေးလောက၌ အများနှင့်တန်းတူ အမီလိုက်နိုင်ရန် လုပ်ငန်း၏ ဘက်စုံထောင့်စုံမှ ဖွံ့ဖြိုးတိုးတက်အောင် အစဉ် ကြိုးစားရုန်းကန်နေရမည်ဖြစ်ပြီး ထိုသို့မဟုတ်လျှင် ပြိုင်ဘက်များ၏ လွှမ်း မိုးကျော်လွှားမှုကို ၎င်းတို့ခံရမည်ဖြစ်ကြောင်း နားလည်ထားကြသည်။ လူ တစ်ဦးတစ်ယောက်ချင်းစီတွင်လည်း ဤကျင့်ဝတ်ကိုပင် အသုံးချရမည် ဖြစ်သည်။ ဘဝဟူသည် အမြဲမပြတ် သင်ယူနေရသော အတွေ့အကြုံတစ်ခု ဖြစ်သည်။ အောင်မြင်မှုတိုင်း၊ ယာယီဆုတ်ဆိုင်းမှုတိုင်းသည် တဖြည်းဖြည်း သင်အောင်မြင်လာမည့်အချိန်အတွက် သင့်ကိုပြင်ဆင်ရန် အခွင့်ပေးခြင်းသာ ဖြစ်သည်။ သင်၏ ရေတိုနှင့် အလယ်အလတ်အဆင့်သတ်မှတ်ထားသောရည်မှန်းချက်များသည် ယထာဘူတကျ၍ ရရှိအောင်မြင်နိုင်ရမည်ဖြစ်သည်။ သို့သော် ရေရှည်ရည်မှန်းချက်များမှာမူ သင်၏ လက်ရှိစွမ်းဆောင်နိုင်စွမ်း ထက် များစွာကျော်လွန်နေသင့်သည်။ “ကံကြမ္မာသည် ရဲဝံ့သူဘက်မှာရှိ သည်” ဟူ၍ ရောမခေတ် ကဗျာဆရာ ဗာဂီလ် ပြောခဲ့သလိုပင်ဖြစ်သည်။

                အောင်မြင်မှုအတွက်ဆောင်ရွက်ချက်

အဘယ့်ကြောင့် သင်၏ အတွေးများကို မိမိကိုယ်ကိုယ် စဉ်ဆက် မပြတ် တိုးတက်ရေးသို့ ဦးတည်မပစ်ရသနည်း။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင် ရာ၊ ခံစားချက်ပိုင်းဆိုင်ရာ၊ လူမှုရေးရာအရ သင့်ကိုယ်သင်ပြန်ကြည့်ပြီး နယ် ပယ်တစ်ခုစီအတွက် မိမိကိုယ်ကိုယ်တိုးတက်အောင် ဆောင်ရွက်ရေးအစီ အစဉ်တစ်ခုကို ပြင်ဆင်ပါ။ သင်၏ရည်မှန်းချက်များကို ရွေးချယ်သည့်အခါ သင် သွားလိုသည့်လမ်းကြောင်းကို ကောင်းကောင်းလေ့လာနိုင်ရန် ဆည်းပူး ဖတ်မှတ်စရာအချို့ ရှိလာနိုင်သည်။ နယ်ပယ်တစ်ခုစီ၌ အသစ်အဆန်းကို ကြိုးစားလုပ်ဆောင်ကြည့်ပါ။ ဤသည်မှာ စစ်မှန်သော ပုဂ္ဂလိကဖွံ့ဖြိုးမှု၏ အစ ဖြစ်သည်။