Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

ဇေရတု - ထိုင်းဘုရင်ဘူမိဘောအဒူလျာဒက်(သို့)ထွန်းလင်းသောဉာဏ်ပညာအလင်းရောင်

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက်

 ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက် ဖန်တီးခဲ့တဲ့ ထိုင်းဘုရင်စနစ်သစ်ရဲ့ ဇာတိဇာစ်မြစ် ရှာဖွေကြည့်ကြပါစို့။ ဒီဘုရင်စနစ်အသစ်ဟာ ဘုရင် မင်းမြတ်ရဲ့ ခြောက်နှစ်ကျော်ကြာ အတွေ့အကြုံနဲ့ ဆင်ခြင်တွေးခေါ်မှုတွေရဲ့ ရလဒ်ဖြစ်ပါတယ်။ ဒါကြောင့် အသစ်စက်စက်လို့တော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ သူရဲ့ ဇာစ်မြစ်ကတော့ သတ္တမမြောက်နဲ့ အဋ္ဌမမြောက်ရာမဘုရင် များ စိုးစံရာအချိန်ကို ပြန်သွားပါတယ်။

၁၉၄၆ ခုနှစ်မှာ ဘုရင်ဘူမိဘောဟာ သူရဲ့ အစ်ကိုတော်ဖြစ်သူ အာနန္ဒာဘုရင်ဆီက ထီးနန်းကို ဆက်ခံပါတယ်။ အာနန္ဒာဘုရင် ထီးနန်း မရခင်က ဘုရင် ဖရာဂျာဒိပေါက်ခ် (King Prajadhipok) က နန်းစံဘုရင် ဖြစ်ပါတယ်။ ဘုရင် ဖရာဂျာဒိပေါက်ခ်ဟာ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ထီးနန်းစွန့်ခဲ့ပါတယ်။ ဖရာဂျာဒိပေါက်ခ်ဟာ ဘုရင်ဘူမိဘောရဲ့ ဦးရီးတော်ဖြစ်ပါတယ်။ သူဟာ သတ္တမမြောက် ရာမဘုရင်ဖြစ်ပြီး ဘူမိဘော အဒူလျာဒက်ဆိုတဲ့ နာမည်ကို တူတော်မောင်အတွက် ပေးခဲ့တာ ဖြစ်ပါ တယ်။ နိုင်ငံအားအင်” ဆိုတဲ့ အဓိပ္ပာယ်ရှိပါတယ်။

၁၉၃၂ ခုနှစ်မှာ အာဏာသိမ်းခေါင်းဆောင်တွေက ဒီမိုကရေစီ တော်လှန်ရေးတစ်ခုကို စတင်ခဲ့ပြီး မူလအမည် Siam ကနေ နိုင်ငံအမည် ကို Thailand လို့ ပြောင်းလဲလိုက်ပါတယ်။ ဒါပေမဲ့ စည်းမျဉ်းခံဘုရင် စနစ်ကလွဲလို့ အခြားအစိုးရဖွဲ့စည်းပုံတစ်ခုခုကို အာဏာသိမ်းမှုတွေကြား မှာ တွေးတောထားတာ မရှိပါဘူး။ ထိုင်းဘုရင်စနစ်ဟာ နိုင်ငံ့ယဉ်ကျေးမှု နဲ့ ကိုယ်ပိုင်လက္ခဏာတွေရဲ့ ခွဲခြားလို့မရနိုင်တဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ သမ္မတနိုင်ငံ(သို့မဟုတ်) အခြားနိုင်ငံရေး ဖွဲ့စည်းပုံစနစ်တစ်ခုခုကို တစ်ကြိမ် မှ စဉ်းစားထားခဲ့ခြင်း မရှိပါဘူး။ အာဏာသိမ်းမှုဟာ သတ္တမမြောက် ရာမ ဘုရင်အတွက် မျှော်လင့်မထားတဲ့ အံ့အားသင့်စရာ အဖြစ်အပျက်တော့ မဟုတ်ခဲ့ပါဘူး။ သူကိုယ်တိုင် နိုင်ငံကို တဖြည်းဖြည်းအာဏာလွှဲပြောင်း ပေးဖို့ လုပ်ဆောင်နေခဲ့တာပါ။ သတ္တမမြောက် ရာမဘုရင်ရဲ့ ဒီမိုကရေစီကို ထောက်ခံအားပေးမှုက ၁၉၃၅ ခုနှစ်က သူ့ရဲ့နန်းစွန့်ကြောင်း ရေးသားတဲ့ စာမှာ အထင်အရှားတွေ့ရပါတယ်။ “ပြည်သူလူထုအပေါ် ကျွန်ုပ်အကြွင်းမဲ့ ပိုင်ဆိုင်ထားသော အာဏာကို စွန့်လွှတ်ပါတော့မည်။ သို့သော် ပြည်သူလူထုအသံကို နားမထောင်ဘဲနှင့် အာဏာရှင်ဆန်ဆန် အသုံးချမည့် မည်သည့်ပုဂ္ဂိုလ်တစ်စုံတစ်ယောက်က အဖွဲ့အစည်းတစ်ခုခုကိုမှ အာဏာကို ကျွန်ုပ်လွှဲပြောင်းပေလိမ့်မည် မဟုတ်ပေ။”

ဘုရင် ဖရာဂျာဒိပေါက်ခ်ဟာ ထိုင်းနိုင်ငံသစ်မှာ ပထမဆုံး စည်းမျဉ်းခံဘုရင် ဖြစ်လာပါတယ်။ ဒါပေမဲ့ သူက အင်္ဂလန်မှာရှိတဲ့ သူ့ ကိုယ်ပိုင်နန်းဆောင်မှာ နေထိုင်ခဲ့တာပါ။ သူဟာ ၁၉၃၅ ခုနှစ်၊ မေလ ၂ရက် နေ့မှာ ကျန်းမာရေးအခြေအနေကြောင့် ထီးနန်းကို စွန့်လွှတ်ခဲ့ရတာ ဖြစ်ပါ တယ်။ အဲဒီနောက်ပိုင်းမှာ သူဟာ အင်္ဂလန်မှာပဲ ဆက်လက်နေထိုင်ခဲ့ပါ တယ်။ သူက ထီးနန်းဆက်ခံမယ့်သူကို မည်သူမည်ဝါဆိုပြီး တရားဝင် ထုတ်မပြောခဲ့ပါဘူး။ ဒါပေမဲ့ ၁၉၃၄ ခုနှစ်မှာ တူတော်မောင် အာနန္ဒာ မင်းသားကို ထီးနန်းပေးချင်ပုံရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ ဒီလိုနဲ့ ဘုရင်အာနန္ဒာမဟီဒေါဟာ ထိုင်းနိုင်ငံရဲ့ အဋ္ဌမမြောက် ရာမဘုရင် အဖြစ် ထီးနန်းကို ဆက်ခံခဲ့ပါတယ်။ အချိန်ကာလတစ်ခု အတွင်းမှာပဲ အဋ္ဌမမြောက်ရာမဘုရင်တစ်ဖြစ်လဲ ဘုရင် အာနန္ဒာမဟီဒေါ နှစ်ပေါင်းများ စွာ စစ်ပွဲတွေနဲ့ ရုန်းကန်မှု တွေ ကြုံခဲ့ရတဲ့ နိုင်ငံကို မျှော်လင့်ချက်အသစ် တစ်ရပ် ပေးနိုင်ခဲ့ပါတယ်။ မင်းသားငယ်အဖြစ်ပဲ ရှိသေးတဲ့ ဘုရင်ဘူမိဘော ဟာ သူ့ရဲ့ အစ်ကိုတော်ဖြစ် သူ အာနန္ဒာဘုရင် ပြည်သူတွေထံ အလည်အပတ် သွားရောက်တဲ့အခါတိုင်း နောက်တော်က ပါလေ့ရှိပါတယ်။ အာနန္ဒာဘုရင် က ရှက်တတ်ပေမယ့် ဖော်ဖော်ရွေရွေရှိပါတယ်။ သူ့ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ ပုံစံနဲ့ အောက်ခြေအထိ ဆင်းပြီး လေ့လာမှုတွေ ပြုလုပ်ခြင်းက သူ့ကို နိုင်ငံရဲ့ မျှော်လင့်ချက်၊ လူကြိုက်များတဲ့ ဘုရင်တစ်ပါး ဖြစ်လာစေပါတယ်။

ဘုရင်မင်းမြတ် ဘူမိဘောက သူ့အစ်ကိုတော်ရဲ့ လက်ထက်က အကြောင်းအရာတွေကို ပြန်ပြောင်းအောက်မေ့ခဲ့ပါတယ်။ ။

“အဋ္ဌမမြောက် မင်းဆက်ဖြစ်တဲ့ ကျွန်ုပ်ရဲ့ အစ်ကိုတော်မှာ ဒုတိယ ကမ္ဘာစစ်အတွင်းနဲ့ စစ်ကြီးပြီးသွားတဲ့နောက် အကြောင်းကိစ္စများစွာကို ပြုလုပ် ဖို့အချိန် မရှိခဲ့ပါဘူး။ ခက်ခဲတဲ့အချိန်ကာလ ဖြစ်နေခဲ့လို့ပါ။ ဒါပေမဲ့ ဖြစ်နိုင်ခြေအရ သူကိုယ်တိုင် မသိလိုက်ဘဲနဲ့တောင် ဘုရင်စနစ်အသစ်ကို အစ ပျိုးခဲ့ပုံရပါတယ်။ ပြည်သူတွေမှာ အထိမ်းအမှတ် လက္ခဏာအဖြစ်မျှော်ကြည့်စရာ လူတစ်ယောက်ကို ရရှိခဲ့ပါတယ်။ သူ နတ်ရွာလားချိန်မှာ အသက် ၂၀ ပဲ ရှိပါသေးတယ်။ အနာဂတ်တွေ ရှိနေသေးတဲ့ လူငယ် တစ်ယောက်ပါ။ ထူးခြားချက်တစ်ခုကတော့ ရှေးက ဘုရင်တွေဟာ ပိုပြီး လူထုနဲ့ အထိအတွေ့နည်းကာ သိုသိုသိပ်သိပ်နေတာကြောင့် ထင်ပါတယ်။ သူကတော့ အလံတစ်ခုကို လွှင့်တင်နေတာနဲ့ တူပါတယ်။ ဒါပေမဲ့ လမ်းခု လတ်မှာတင် ရပ်တန့်ခဲ့ရပါတယ်။”

ဘုရင်ဘူမိဘောဟာ ထိုင်းဘုရင်စနစ်အသစ်ဆီသို့ သူလျှောက် လှမ်းရာလမ်းကြောင်းမှာ လမ်းပြပေးတဲ့ အလင်းရောင်ဟာ သူ့အစ်ကိုတော် ပဲ ဖြစ်ပါတယ်လို့ အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။ ဘုရင်အာနန္ဒာ မဟီဒေါဟာ ၁၉၄၆ ခုနှစ် ဇွန်လမှာ အဖြေရှာမရတဲ့ သေနတ်ပစ်လုပ်ကြံမှု တစ်ခုကြောင့် နတ်ရွာလားခဲ့ပါတယ်။ အာနန္ဒာဘုရင်ရဲ့ ပွင့်လင်းမှုရှိပြီး ပြည်သူလူထုနဲ့ ထိတွေ့မှုရှိတဲ့အလေ့ဟာ ဘုရင်မင်းမြတ် ဘူမိဘောရဲ့ လမ်းစဉ်ဖြစ်လာပါတယ်။