Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဇေရတု - ဆန်းသစ်တီထွင်စတိဗ်ဂျော့

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ဆန်းသစ်တီထွင်သူ စတိဗ်ဂျော့

          နိဒါန်း

          “Apple မှာ အဖိုးတန်အရည်အချင်းတွေ အများကြီးရှိတယ်။ ဒါပေမဲ့ သေသေချာချာ မလုပ်ဘူးဆိုရင်တော့ ကုမ္ပဏီဟာ ... အင်း ကုမ္ပဏီ ဟာ၊ ဆီလျော်တဲ့စကားလုံးကို ကျွန်တော် ရှာကြည်နေတာ၊ ကျဆုံး သွားနိုင်တယ်။ ဟုတ်တယ်၊ ကျဆုံးသွားနိုင်တယ်”

 [Apple ကုမ္ပဏီ ယာယီအမူဆောင် အရာရှိချုပ် (iCEO)

အဖြစ်ပြန်လာစဉ် စတိဗ်ဂျော့၏ ပြောစကား

 

စတိဗ်ဂျော့က သူ၏ ကိရိယာပစ္စည်းများ (gadgets) များကို ထည့်သွင်းထုပ် ပိုးသော စက္ကူဘူးများကိုပင် ထုတ်ကုန်တစ်ခုနှယ် သဘောထားသူဖြစ်၏။ လှပသားနား ဖို့က တစ်စိတ်တစ်ပိုင်း ပါဝင်သော်လည်း ယင်းအတွက်ကြောင့်ချည်းတော့ မဟုတ်။

ဂျော့အတွက် ကုန်ပစ္စည်းတစ်ခုကို ဘူးအတွင်းမှ ထုတ်ယူခြင်းက သုံးစွဲသူ၏ အတွေ့ အကြုံ (user experience) တွင် အရေးပါသော အပိုင်းတစ်ခုဖြစ်သည်။ ထို့ကြောင့် ထုပ်ပိုးခြင်းကိုလည်း သူလုပ်သမျှ အခြားအရာတိုင်းလိုပင် သေချာစိစစ် စဉ်းစားပြီးမှ ဆောင်ရွက်လေ့ရှိသည်။ ထို

ကုန်ပစ္စည်း ထုပ်ပိုးခြင်းက ဝယ်ယူသုံးစွဲသူများသို့ အကျွမ်းတဝင် မရှိသေးသော နည်းပညာအသစ်တစ်ခုကို မိတ်ဆက်ပေးရာတွင် အကူအညီဖြစ်စေသော နည်းလမ်း တစ်ခုဟု ဂျော့က မြင်သည်။ ၁၉၈၄ ခုနှစ်၌ ထုတ်လုပ်ခဲ့သော လက်ဦး မက်ကင်းတော့ရှ် (Mac) ကွန်ပျူတာကိုကြည့်ပါ။ ထိုကဲ့သို့အရာမျိုးကို ယင်းအချိန်က မည်သူမှ မမြင်ဖူးကြပါ။ အစောပိုင်း Personal Computer များလို ကီးဘုတ်နှင့်မဟုတ်ဘဲ မောက်စ်ဟုခေါ်သည့် ထူးဆန်းသည့် ပစ္စည်းကလေးနှင့် ကွန်ပျူတာကို ထိန်းချုပ်နိုင် သည်။ ဂျော့က သုံးစွဲသူများကို မောက်စ်နှင့် အကျွမ်းတဝင်ဖြစ်အောင် လုပ်ယူရန် ၎င်းကို သူ့အကန့်နှင့်သူ သီးခြားထုပ်ပိုးပေးခိုင်းသည်။ သုံးစွဲသူကို မောက်စ်အား အထုတ် ဖွင့်ယူရန် ပလပ်ထိုးအောင် လုပ်ဆောင်စေခြင်းက ပထမဆုံးအကြိမ် မောက်စ်ကိုအသုံးပြုရမည့် အချိန်တွင် အစိမ်းသက်သက် အခြေအနေမှ လျော့ပါး သက်သာစေနိုင်ပါသည်။ ထိုနှစ်ကာလများမှ စတင်ကာ ဂျော့သည် Appleထုတ်ကုန် တစ်ခုစီတိုင်းအတွက် ထုပ်ပိုးခြင်းကဏ္ဍကို သေချာစွာ ပုံစံထုတ်ခဲ့သည်။

ထုပ်ပိုးခြင်းကဏ္ဍလိုပင် ဂျော့က ကျန် customer experienceနှင့်ဆိုင်သော ကဏ္ဍတိုင်းကို ထိန်းချုပ်ပေးလေသည်။ ထုတ်ကုန်ကို ဝယ်ချင်လာအောင် နှိုးဆွပေး သည့် တီဗွီကြော်ငြာများမှ အစပြု၍ ဝယ်သူတို့ ဝယ်ယူရာ ပြတိုက်ကြီးနှင့်တူသော လက်လီအရောင်းဆိုင်များအထိ၊ iPhoneမှာ အလွယ်တကူ သုံးစွဲနိုင်သော ဆော့ဖ်ဝဲမှ စကာ သီချင်းများ၊ ဗွီဒီယိုများထည့်ထားသော အွန်လိုင်း iTunes music store အထိ ဘက်ပေါင်းစုံ ပါဝင်သည်။

ဂျော့က အံ့သြဖွယ်ကောင်းလောက်အောင် အရာရာကို ချုပ်ကိုင်ထားချင်သူဖြစ် သည်။ ဇီဇာကြောင်သူ၊ အထက်တန်းလွှာကို ပစားပေးသူ၊ အလုပ်သမားများအပေါ် တွင်တော့ မညှာမတာ ခိုင်းတတ်သူတစ်ယောက်လည်း ဖြစ်သည်။ ကြားသိရ သလောက် ဂျော့ကို ခပ်လွတ်လွတ်ဟု ဆိုကြသည်။ လူတွေကို ဓာတ်လှေကားအတွင်း မှာ အလုပ်ဖြုတ်သော၊ ပါတနာများကို ခြယ်လှယ်သော၊ သူများ၏ အောင်မြင်မှုကို အညွန့်ခူးစားသော အရှုပ်ထုပ်ကြီးအဖြစ် သူ့ကို တင်စားကြသည်။ လတ်တလော ထွက်ရှိလာသော အတ္ထုပ္ပတ္တိများတွင် ဂျော့ကို အာဏာရူးဆန်ဆန် နှစ်မြို့ဖွယ်မရှိသော ပုံဖော်ရေးသားခြင်းမျိုးသာ တွေ့ရပါသည်။ ဂျော့အကြောင်း စာအုပ်အများစုမှာ စိတ်ပျက်စရာ ကောင်းနေသည်။ ရက်စက်ခြင်း၊ ဒေါသကြီးခြင်းများကို တသီကြီးဖော်ပြ ထား၍ ဂျော့ကို အထင်သေးအောင် ရေးသားထားသည်။ ဂျော့၏ ထူးချွန်ထက်မြတ် သော အရည်အချင်းမှာ အဘယ်နည်း။ သင်သည်

မှန်တာတစ်ခုကို ချော့လုပ်ထားသည်ကတော့ ထင်ရှားပါသည်။ ဂျော့က Apple ကို ဒေဝါလီခံရမည့်ဘေးမှ လက်မတင်ကလေး ကယ်တင်ခဲ့ပါသည်။ သူကကုမ္ပဏီကို ဆယ်နှစ်အတွင်း ယခင်ကထက်ပို၍ ကြီးထွားခိုင်မာလာအောင် လုပ်ဆောင် ပေးခဲ့သည်။ Appleသည် ယခင်ထက် ငွေပိုရှာလာနိုင်ပြီး ကွန်ပျူတာများကိုလည်း ပို၍ထုတ်လုပ်နိုင်ခဲ့သည်။

၂၀၀၁ အောက်တိုဘာလ၌ စတင်မိတ်ဆက်သော iPadက Appleကို များ စွာပြောင်းလဲစေခဲ့သည်။ Apple သည် ကျဆုံးမသွားအောင် ရုန်းကန်နေရသော ကုမ္ပဏီတစ်ခုအဖြစ်မှ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုအများဆုံး ကုမ္ပဏီတစ်ခုအဖြစ်

ပြောင်းလဲသွားသကဲ့သို့ iPad သည်လည်း ဈေးကြီးသော ဇိမ်ခံပစ္စည်းအဖြစ်မှ မျိုးစုံ ကွဲပြား၍ အရေးကြီးသော ထုတ်ကုန်အမျိုးအစားအဖြစ် ပြောင်းလဲလာခဲ့သည်။ ဂျော့က iPad og psaap: 333p:Cleozuscus andmesoszki &qulossa : music player တစ်ခုအဖြစ်မှ တွဲဖက်ပစ္စည်းထုတ်လုပ်သော ကုမ္ပဏီများစွာနှင့် supporting player များစွာတို့အတွက် အဆင်ပြေသွားစေသည့် ဒေါ်လာသန်းချီတန်သော လုပ်ငန်းတစ်ခုဖြစ်အောင် အလျင်အမြန် ပြောင်းလဲပစ်ခဲ့သည်။ ။

ဂျော့သည် iPad ကို ကောင်းသည်ထက်ပိုကောင်းသော၊ သစ်သည်ထက် ပို သစ်သော မော်ဒယ်လ်များနှင့် မရပ်မနား လျင်မြန်စွာ အဆင့်မြှင့်တင်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇွန်လ၌ စတင်ဖြန့်ချိသော iPhoneသည် ဆဲလ်ဖုန်းလုပ်ငန်းကြီးတစ်ခုလုံးကို အကြီးအကျယ် ပြောင်းလဲပစ်လိုက်သည်။ iPhone ၏ သြဇာလွှမ်းမိုးမှုက ဆဲလ်ဖုန်း qoc&::s sp&q&:w6T8 (pre-iPhone) şč sp&q&:cone: (post-iPhone) ခေတ်ဟူ၍ ခေတ်နှစ်ခုခွဲကာ ပညာရှင်များ သတ်မှတ်ရသည်အထိ ဖြစ်ခဲ့သည်။

iPad 2028 vuga:gzē səcope:qag: digital audio players series ဖြစ်လာသည်။ ဤစာကိုရေးနေချိန် (၂၀၀၉၊ မတ်လ)၌ Apple သည် iPad အလုံးရေ ၁၆၃ သန်းကို ရောင်းချပြီးဖြစ်ပြီး ၂၀၀၉ ခုနှစ်အကုန်၌ သန်း ၃၀၀ ကျော်အထိ ရောင်းချနိုင်အောင် ပြင်ဆင်ထားသည်။

MP3 player ဈေးကွက်၌ Apple သည် Microsoft ကုမ္ပဏီကဲ့သို့ တစ်ဦး တည်း ချုပ်ကိုင်ထားနိုင်သည်။ အမေရိကန်နိုင်ငံ၌ iPadသည် ဈေးကွက်ဝေစု ၉ဝ ရာခိုင်နှုန်းနီးပါး ရရှိထားသည်။ Hard-drive, based music playerဆယ်ခုရောင်း လျှင် ကိုးခုမှာ iPad ဖြစ်၏။ ၂၀၀၇ မော်ဒယ်ကားများ၏ လေးပုံသုံးပုံ၌ iPad ချိတ် ဆက်နိုင်သော plug-inပါရှိသည်။ Appleသည် iTunesjukebox ဆော့ဖ်ဝဲ သန်း ၆ဝဝ ကို ဖြန့်ချိခဲ့ပြီး iTunes အွန်လိုင်းစတိုးမှ သီချင်းပေါင်း သန်းသုံးထောင်ကိုရောင်းချခဲ့သည်။ အမေရိကန် iTunes သည် တေးသီချင်းများ ရောင်းချမှုတွင် ထိပ်ဆုံး မှရောင်းချနိုင်သူ ဖြစ်လာသည်။ iPad သည် Microsoft ကပင် မယှဉ်နိုင်သော ရပ်တန့်မရသည့် ယန္တရားကြီးဖြစ်လာခဲ့သည်။

အလားတူ Pixarလည်း ရှိသေး၏။ ၁၉၉၅ ခုနှစ်၌ ဂျော့၏ သီးခြားရုပ်ရှင် စတူဒီယိုကလေးက ပထမဆုံးကွန်ပျူတာဖြင့် အပြည့်အဝ ဖန်တီးထားသည့် Toy Story အမည်ရှိ ရုပ်ရှင်ကို ထုတ်လုပ်ခဲ့သည်။ Toy Story က တစ်နှစ်တစ်ကြိမ် နှစ်စဉ် Pixarမှ ထုတ်လုပ်ပြီး သေချာပေါက် လူကြိုက်များ အောင်မြင်သည့် ရုပ်ရှင် ကားများအနက် ပထမဆုံး ကာတွန်းရုပ်ရှင် ဖြစ်ခဲ့သည်။ Disney ကုမ္ပဏီက ၂၀၀၆ ခုနှစ်၌ Pixar ကို ၇.၄ ဘီလီယံပေး၍ ဝယ်ယူလိုက်သည်။ ၎င်းက ဂျော့ကို Disney ၏အများဆုံး သီးခြားရှယ်ယာ ပိုင်ဆိုင်သူတစ်ယောက်၊ ဟောလိဝုဒ်၌ အရေးအပါဆုံး လူထူးဆန်းတစ်ယောက် ဖြစ်လာစေခဲ့သည်။ “သူဟာ ဒီခေတ်ရဲ့ ဟင်နရီ ကိုင်ဇာ သို့မဟုတ် ဒေါ့တ်ဒစ္စနီပါပဲ” ဟု ကယ်လီဖိုးနီးယားပြည်နယ် စာကြည့်တိုက်မှူးနှင့် သမိုင်းနှင့်ယဉ်ကျေးမှု သုတေသီ ကီဗင်စတားက ဆိုပါသည်။

ဂျော့၏ လုပ်ဆောင်မှုတို့က ထူးခြားပြောင်မြောက်လှပါသည်။ သူသည် ကွန် ပျူတာများအပေါ်၊ ယဉ်ကျေးမှုအပေါ်၊ ပြီးနောက် Apple ကုမ္ပဏီအပေါ် အလွန့်အလွန် ကြီးမားသော သက်ရောက်မှုတစ်ခုကို ပြုလုပ်နေခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သူသည် ကိုယ်ထူးကိုယ်ချွန်သမား တစ်ယောက်ဖြစ်ပြီး ကမ္ဘာပေါ်၌ အချမ်းသာဆုံးလူတစ်

ယောက်လည်း ဖြစ်သည်။ “တစ်ကိုယ်ရေသုံး ကွန်ပျူတာလို့ ခေါ်တဲ့ ဒီကွန်ပျူတာ အတန်းအစားမှာ သူဟာ သြဇာလွှမ်းမိုးမှု အရှိဆုံး တီထွင်သူတစ်ယောက် ဖြစ်ခဲ့တယ်။ ဆက်ပြီးတော့လည်း ဖြစ်နေမှာပဲ” ဟု နာမည်ကျော် ကွန်ပျူတာသိပ္ပံပညာရှင်နှင့် ပြိုင်ဘက်ကင်း ကွန်ပျူတာသမိုင်း သုတေသီ ဂေါ်ဒွန်ဘဲလ်က ပြောပါသည်။

သို့သော် ဂျော့အနေဖြင့် ယခုလို ကမ္ဘာကျော်လူသားတစ်ဦး ဖြစ်မလာဘဲ ပျောက်ကွယ်သွားနိုင်ခဲ့သော ကာလများလည်းရှိပါသည်။ အတိအကျဆိုရလျှင် ၁၉၈၅ ခုနှစ် ဂျော့ကို Appleမှ ကန်ထုတ်လိုက်သည့် အချိန်တွင်ဖြစ်သည်။ ပြီး

စတိဗ်ဂျော့ကို ၁၉၅၅ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ဆန်ဖရန်စစ္စကိုမြို့တွင် လက် မထပ်ရသေးသော လူငယ်စုံတွဲတစ်တွဲက မွေးဖွားပြီး မွေးပြီးတစ်ပတ်အတွင်းမှာပင် သူ့မိဘတွေက သူ့ကို မွေးစားဖို့ ပေးမည့်စာရင်း သွင်းလိုက်သည်။ စတိဗ်ဂျော့ကို လက်လုပ်လက်စား ဇနီးမောင်နှံ ပေါလ်နှင့် ကလာရာဂျော့တို့က မွေးစားခဲ့သည်။

မကြာမီ သူတို့မိသားစုသည် သစ်သီးများ တစ်မြို့လုံးပြည့်နေသော တောမြို့ကလေး တစ်မြို့ဖြစ်သည့် ကယ်လီဖိုးနီးယားပြည်နယ်၊ မောင်တိန်းဗျူးမြို့သို့ ပြောင်းရွှေ့လာခဲ့ကြ သည်။ နောင်တွင် ထိုနေရာ အနီးတစ်ဝိုက်၌ စီလီကွန်ဗလီဟု ထင်ရှားကျော်ကြားလာ မည့် ကမ္ဘာလုံးဆိုင်ရာ နည်းပညာရပ်ဝန်းကြီးတစ်ခု ပေါ်ပေါက်လာသည်။ ။

ဂျော့၏ မွေးစားဖခင်မှာ မက္ကင်းနစ်တစ်ယောက် ဖြစ်သည်။ စတီဗင် ပေါလ် ဂျော့ဆိုသည့် နာမည်မှာ မွေးစားအဖေထံမှ ဆက်ခံခြင်းဖြစ်သည်။ ဂျော့သည် ခပ်ဆိုးဆိုး လူငယ်လေးတစ်ယောက် ဖြစ်ခဲ့သည်။ စတုတ္ထတန်းမှ ဆရာမက သူ့ကို မုန့်ဖိုးပေး၊ သကြားလုံးကျွေး၍ ချော့မော့ကာ ပြုပြင်သင်ကြားပေးခဲ့ရသည်ဟု သူကဆိုသည်။ “ကျွန်တော်သာ အချိုးမပြင်ခဲ့ရင် ထောင်ထဲမှာ ဘဝဆုံးသွားနိုင်တယ်” ဟု သူက

ပြောပါသည်။ အိမ်နီးချင်းတစ်ယောက်က သူ့ကို Heathkits(ဝါသနာရှင်များ အသုံး ပြုနိုင်သော လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းများ) တွေပေးကာ လျှပ်စစ်ပစ္စည်းများ၏ အံ့ချီးဖွယ်ရာများနှင့် မိတ်ဆက်ပေးခဲ့သည်။ ၎င်းက သူ့ကို ကုန်ပစ္စည်းများ၏ အတွင်း ပိုင်း အလုပ်လုပ်ဆောင်ပုံအကြောင်းကို နားလည်သဘောပေါက်စေပါသည်။ တီဗွီကဲ့သို့ ရှုပ်ထွေးသော အရာများပင်လျှင် သူ့အတွက်နားလည်ရန် မခက်ခဲတော့ပေ။ “ဒါတွေ က ကျွန်တော့်အတွက် အထူးအဆန်းမဟုတ်တော့ပါဘူး။” ဒီပစ္စည်းတွေက တကယ်

တော့ ဆန်းကြယ်တဲ့အရာတွေ မဟုတ်ဘဲ လူသားတွေဖန်တီးမှုရဲ့ ရလဒ်တွေပဲဆိုတာ ပိုပြီး ပီပြင်ထင်ရှားလာတယ်” ဟု သူက ဆိုပါသည်။ ။

ဂျော့၏ မွေးမိဘတို့က သူ၏ မွေးစားစာချုပ်ပါ စည်းကမ်းချက်အရ သူ့ကို ကောလိပ်ကျောင်းတက်နိုင်အောင် ထောက်ပံ့ပေးကြရသည်။ သို့သော် အော်ရီဂွန်ပြည် နယ်၊ ရိဒ်ကောလိပ်ကျောင်း တက်နေရင်း ပထမနှစ်ဝက်အပြီး၌ ကျောင်းမှထွက်လာခဲ့ သည်။ သူ စိတ်ဝင်စားသည့် visual art နှင့်ဆိုင်သော လက်ရေးအလှရေးသားခြင်း (calligraphy) moze oss usqdep:opp sop:o£w«M> Quposo) sənşizons တက်ခဲ့သည်။ ခြူးတစ်ပြားမှ မရှိသော ဂျော့သည် ကိုလာပုလင်းခွံများကို ကောက် ရောင်းရသည်။ သူငယ်ချင်းများ၏ အိပ်ခန်းကြမ်းပြင်၌ ကပ်၍အိပ်နေသည်။ အနီး တစ်ဝိုက်ရှိ ဟိန္ဒူဘုရားကျောင်းမှကျွေးသော စတုဒီသာကိုစား၍ ဆာလောင်မှုပြဿနာ ကို ဖြေရှင်းရသည်။ ။

ဂျော့သည် ကယ်လီဖိုးနီးယားသို့ ပြန်လာပြီး ပထမဆုံး ဂိမ်းကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်သော Atari၌ အလုပ်တစ်ခု ချက်ချင်းဝင်လုပ်သည်။ အိန္ဒိယကိုသွားဖို့ ခရီးစရိတ်ရှာရန်ဖြစ်၏။ သူသည် မကြာခင်မှာပင် အလုပ်ထွက်၍ ငယ်သူငယ် ချင်းတစ်ယောက်နှင့်အတူ အသိအမြင်တို့ရှာဖွေရန် ခရီးထွက်လာခဲ့သည်။

ထိုခရီးမှ ပြန်လာပြီးနောက်တွင် ဂျော့သည် စတိဗ်ဝက်ဇ်နီယက်စ် ဆိုသူ နောက် ထပ်မိတ်ဆွေတစ်ယောက်နှင့် တွဲမိသည်။ သူသည် တစ်ကိုယ်ရေသုံး ကွန်ပျူတာ (personal computer) så səcydow on Sog@o2 secondoo copşoao@op ဉာဏ်ကြီးရှင်တစ်ဦးဖြစ်ပြီး ရောင်းချရန်ကိုမူ နည်းနည်းမှ စိတ်ဝင်စားခြင်းမရှိပေ။ ဂျော့မှာတော့ မတူညီသောစိတ်ကူးများ ရှိသည်။ သူတို့နှစ်ဦး အတူ Apple Computer Inc ကို ဂျော့၏ အိပ်ခန်းအတွင်းမှာပင် တည်ထောင်ခဲ့ကြသည်။ မကြာမီပင် သူတို့သည် ဆယ်ကျော်သက် သူငယ်ချင်းအချို့နှင့်အတူ သူ့မိဘများ၏ ကားဂိုဒေါင် အတွင်း၌ ကွန်ပျူတာများကို လက်ဖြင့်ဆင်သည်။ သူတို့အလုပ်အတွက် ငွေကြေးဖြည့် တင်းရန် ဂျော့သည် သူ၏ ဘောက်စ်ဝက်ဂွန်ကားကို ရောင်းလိုက်ရသည်။ ဝက်ဇ်နီ ယက်စ်က သူ၏ ဂဏန်းပေါင်းစက်ကို ရောင်းလိုက်ရသည်။ ယင်းအချိန်၌ ဂျော့ အသက်က နှစ်ဆယ့်တစ်၊ ဝက်ဇ်နီယက်စ်က နှစ်ဆယ့်ခြောက်နှစ်ရှိပြီဖြစ်သည်။

Apple သည် အစောပိုင်း PC တော်လှန်ရေး၏ အမြီးဖျားကို အမီလိုက်ရန် ဒုံးပျံတစ်စင်းကဲ့သို့ ထွက်ခွာလာခဲ့သည်။ ၎င်းသည် ၁၉၈၀ ၌ အများပြည်သူရှေ့မှောက် တွင် ချပြပြီး ၁၉၅၆ ခုနှစ်က ဖို့ဒ်မော်တော်ကားကုမ္ပဏီပြီးလျှင် အများပြည်သူသို့ အစုရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်း (public offering) မှာ အများဆုံးဖြစ်သည်။ ၁၉၈၃ ခုနှစ်တွင် Apple သည် Fortrane မဂ္ဂဇင်း၏ တစ်နှစ်တာအတွင်း ဝင်ငွေ အရှာနိုင်ဆုံး ကုမ္ပဏီ ၅ဝဝ စာရင်း၌ အဆင့် ၄၁၁ အဖြစ် ဖော်ပြခံရသည်။ စီးပွားရေး နယ်ပယ်သမိုင်းကြောင်းတွင် မည်သည့်ကုမ္ပဏီမှ မယှဉ်နိုင်သော အမြန်ဆုံးတိုးတက်မှု ဖြစ်စဉ်တစ်ရပ်ဟု ဆိုနိုင်ပါသည်။ “အသက်နှစ်ဆယ့်သုံးနှစ်မှာ ကျွန်တော်ဟာ ဒေါ်လာ တစ်သန်းကျော် တန်တယ်။ နှစ်ဆယ့်လေးနှစ်မှာ ဆယ်သန်းကျော်၊ နှစ်ဆယ့်ငါးနှစ် မှာ ဒေါ်လာသန်းတစ်ရာကျော် တန်နေပြီ။ ဒါတွေက သိပ်အရေးမကြီးပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ ဒီအလုပ်ကို ပိုက်ဆံအတွက်နဲ့ ကျွန်တော်လုပ်ခဲ့တာ မဟုတ်တဲ့အတွက် ပဲ” ဟု ဂျော့က ပြောပါသည်။

ဝက်ဇ်နီယက်စ်က hardware ဉာဏ်ကြီးရှင်၊ မိုက်ခရိုချစ်ပ်များကို ဖန်တီးသူ အင်ဂျင်နီယာတစ်ယောက်ဖြစ်၏။ ဂျော့ကတော့ ထုတ်လုပ်ရောင်းချမှုအပိုင်း အလုံးစုံကို နားလည်သည်။ ဂျော့၏ ဒီဇိုင်းနှင့် ကြော်ငြာစိတ်ကူးများကြောင့်ပင် Apple Ilသည်သာမန်သုံးစွဲသူများအတွက် အောင်မြင်သည့် ပထမဆုံး အရေအတွက်အများဆုံး ထုတ် လုပ်ရသောကွန်ပျူတာ ဖြစ်လာသည်။ ယင်းက Appleကို ရှစ်ဆယ်ပြည့် အစောပိုင်း ကာလများ၏ Microsoft အဖြစ် ပြောင်းလဲပစ်လိုက်သည်။ ဤအခြေအနေကို ငြီးငွေ့ လာသော ဂျော့သည် ကျွန်ပျူတာသုတေသန စမ်းသပ်ခန်းများအတွင်း၌ တည်ဆောက် ပြုပြင်ထားသော တော်လှန်ပြောင်းလဲသည့် ဂရက်ဖစ်ကြားခံစနစ် (graphical user interface) ကို ပထမဆုံး ထည့်သွင်းအသုံးပြုထားသည့် Mac ကွန်ပျူတာကို ဆက် လက်ဖန်တီးခဲ့သည်။ ဂျော့က ယနေ့ ကွန်ပျူတာတိုင်းလိုလို၌ အသုံးပြုသော graphical user interfaceကို မတီထွင်ခဲ့ပါ။ သို့သော် ၎င်းကို လူထုရှေ့မှောက်သို့ အရောက် ပို့ဆောင်ပေးခဲ့ပါသည်။ ဖြစ်နိုင်သမျှ လူအများအတွက် အလွယ်တကူ သုံးစွဲနိုင်သော နည်းပညာကို ဖန်တီးရန်မှာ ဂျော့၏ မူလကပင် ရည်စူးထားသော ရည်မှန်းချက်ဖြစ်ပါ သည်။

၁၉၈၅ ခုနှစ်၌ ဂျော့ကို အလုပ်အတွက်လည်း အကျိုးမပြု၊ ထင်ရာလည်း လုပ်တတ်သည်ဆိုသည့် ပြစ်ချက်များနှင့် Appleမှ ကန်ထုတ်ဖို့လုပ်သည်။ ယင်းအချိန် ၌ စီအီးအိုဖြစ်နေသော ဂျွန်စကူလီနှင့် အာဏာချင်းပြိုင်ရာတွင် အနိုင်မရဘဲ သူ့ကို အလုပ်မဖြုတ်ခင် ဂျော့က အလုပ်မှထွက်လိုက်ပါသည်။ လက်စားချေရန် စိတ်ကူးများ ရှိသော ဂျော့သည် ကျောင်းများကို အဆင့်မြှင့်ထားသော ကျွန်ပျူတာများ ရောင်းချရန် နှင့် Appleကို ဤလုပ်ငန်းကြီးအတွင်းမှ ဖယ်ထုတ်ရန် ရည်ရွယ်ချက်တို့နှင့် NeXT ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ သူသည် ရုန်းကန်ရပ်တည်နေရသော ကွန်ပျူတာ ဂရပ်ဖစ်ကုမ္ပဏီတစ်ခုကိုလည်း ကွာရှင်းဖို့အတွက် ပိုက်ဆံလိုအပ်နေသော Star Wars ရုပ်ရှင်ဇာတ်ကားဒါရိုက်တာ ဂျော့ချ်လူးကပ်စ်ထံမှ ဒေါ်လာ ၁၀ သန်းပေး၍ ဝယ်ယူခဲ့ သည်။ ယင်းကုမ္ပဏီကို Pixar ဟု အမည်ပြောင်းပေးလိုက်ကာ ဆယ်စုနှစ်တစ်ခုကြာအောင် သူပိုင်ငွေ ဒေါ်လာသန်း ၆၀ နှင့် ကျားကန်ရပ်တည်ပေးခဲ့ရာ နောက်ဆုံးတွင် လူကြိုက်အများဆုံး၊ ဝင်ငွေအကောင်းဆုံး ကာတွန်းရုပ်ရှင်များကို ထုတ်လုပ်နိုင်သော ဟောလိဝုဒ်၏ ပထမတန်း animation studioတစ်ခု ဖြစ်လာခဲ့ပါသည်။

တစ်ဖက်၌ NeXT ကုမ္ပဏီမှာမူ ထင်သလောက် မစွဲခဲ့ပါ။ ရှစ်နှစ်အတွင်း ကွန်ပျူတာ အလုံးရေငါးသောင်းသာ ရောင်းချခဲ့ရပြီး Hardwareလုပ်ငန်းမှထွက်ကာ CIA ကဲ့သို့ တစ်ချီကောင်း ဝယ်ယူသူများထံသို့ Software ရောင်းဖို့သာ အာရုံစိုက် ထားရသည်။ ဤအခိုက် ဤနေရာသည် အများပြည်သူရှေ့မှ ဂျော့ ပျောက်သွားနိုင်သောနေရာဖြစ်သည်။ NeXT ၏ ကျရှုံးခြင်းနှင့်အတူ သူသည် ကိုယ်ရေးအတ္ထုပ္ပတ္တိ ရေးချင်လျှင်ရေး၊ သို့မဟုတ်လျှင်လည်း သူ့ရှေ့မှ အခြားလူများလိုပင် စွန့်ဦးအရင်းရှင် သူဌေးတစ်ယောက်အဖြစ်နေမည်ဆိုက နေလို့ရပါသည်။ သို့သော် နောက်ကွယ်၌ NeXT ၏ အောင်မြင်မှုမှာ ယုံနိုင်စရာမရှိလောက်သော အောင်မြင်မှုဖြစ်ပါသည်။ NeXT el capdogs cypel Apple af salgeme:saozos 03&:38:Coole: Apple နည်းပညာချက်များစွာ၏ အခြေခံအုတ်မြစ်၊ အထူးသဖြင့် Apple ၏ အလေးထားအခံရဆုံး၊ လွှမ်းမိုးမှုအရှိဆုံး Mac OSX ၏ အခြေခံအုတ်မြစ် ဖြစ်လာ သည်။

၁၉၉၆ ခုနှစ်၌ ဂျော့၏ကုမ္ပဏီသို့ အပြန်ခရီး၊ ဆယ့်တစ်နှစ်တာ ကာလအတွင်း ကူပါတီအိုနယ်မြေ (Appleရုံးချုပ်) သို့ ပထမဆုံးအကြိမ် ခြေချခြင်းက စီးပွားရေး လောကသမိုင်းကြောင်း၌ အကြီးကျယ်ဆုံး တစ်ကျော့ပြန်ခြင်းဖြစ်ခဲ့သည်။ “Apple ဟာ နည်းပညာလောကမှာ မြင်ဖူးသလောက် ပြောစမှတ်အဖြစ်ဆုံး ဒုတိယမြွေခြေလှမ်းကို လှမ်းခဲ့တယ်လို့ ပြောလို့ရတယ်။ သူ့ရဲ့ ပြန်လည်နိုးထမှုဟာ တကယ်ရင်သပ်ရှုမော ဖြစ်လောက်ပါပေတယ်” ဟု ဂူးဂဲလ်၏ အမှုဆောင်အရာရှိ အဲရစ်ရှမစ်ဒ်က တိုင်းမ် မဂ္ဂဇင်းကို ပြောပြခဲ့ပါသည်။

ဂျော့က ပါးနပ်သောအရွေ့ ကို တစ်ခုပြီးတစ်ခု ရွှေ့ပါသည်။ iPad က ပေါက်သွားပြီး iPhoneကလည်း ထက်ကြပ်မကွာ လိုက်ပါလာပါသည်။ ယခင်က အခွင့်ထူးခံလူတန်းစားအတွက် ဈေးကြီးသော လက်ကိုင်ပစ္စည်းသဖွယ် ဖြစ်ခဲ့သော Macကွန်ပျူတာပင်လျှင် လှုပ်လှုပ်သဲသဲ တစ်ကျော့ပြန်လာသည်။ Apple၏ ဂုဏ် သတင်း ကျော်စောလာသကဲ့သို့ Mac သည်လည်း ခေတ်၏ရေစီးကြောင်း ဖြစ်လာ သည်။ ဆယ်နှစ်တာ ကာလအတွင်း၌ ဂျော့သည် ခြေလှမ်းနည်းနည်းမျှ မမှားခဲ့ပေ။ သို့သော် အမှားကြီးတစ်ခုကိုတော့ သူလုပ်မိသည်။ သူသည် Napster(သီချင်းဖိုင်များ sharing လုပ်ရန် ဝန်ဆောင်မှုပေးသော ကုမ္ပဏီ) နှင့် ၂၀၀၀ ပြည့်နှစ်၌ ပေါ်ပေါက်

သော ဒီဂျစ်တယ်တေးဂီတ တော်လှန်ရေးကို မျက်စိလျှမ်းသွားခဲ့သည်။ ဝယ်သူတို့က CD burner op:04 2003:6$ aj ďoza Applem DVD drive olcuus iMac ကွန်ပျူတာများကို ထုတ်လုပ်ပြီး ၎င်းတို့ကို ဗွီဒီယိုတည်းဖြတ်စက်များအဖြစ် ကြော်ငြာ

ရောင်းချခဲ့သည်။ “ကိုယ့်ကိုယ်ကိုယ် ငတုံးတစ်ကောင်လိုမျိုး ခံစားရတယ်” ဟု သူက Fortune မဂ္ဂဇင်းတွင် ဖြေကြားခဲ့သည်။

 

အစစအရာရာ ချောမွေ့သောအစီအစဉ် ဖြစ်ခဲ့သည်တော့ မဟုတ်ပါ။ ဂျော့က ကံကောင်းခဲ့ခြင်းသာ ဖြစ်ပါသည်။ ၂၀၀၄ ခုနှစ် မနက်ခင်းတစ်ခုတွင် ဓာတ်မှန်တစ်ချပ် က သူ၏ ပန်ကရိယ၌ ကင်ဆာအကျိတ်တစ်ခု ရှိနေကြောင်းကို ဖော်ပြလိုက်သည်။ ပန်ကရိယကင်ဆာသည် သေဒဏ်နှင့် အလားသဏ္ဌာန်တူသည်။ လူကို မနှေးအမြန် မရဏစခန်း ပို့နိုင်သည်။ “ဆရာဝန်က ကျွန်တော့်ကို အိမ်ပြန်ခိုင်းပြီး ကျွန်တော့် ကိစ္စဝိစ္စတွေကို ဆောင်ရွက်စရာရှိတာ ဆောင်ရွက်ဖို့ အကြံပေးပါတယ်။ ဒါဟာ သေဖို့ အသင့်ပြင်ထားဖို့ ဆရာဝန်ရဲ့ စကားဝှက်လို့ ဆိုရပါမယ်။ ဒါဟာ နောက်ဆယ်နှစ်

လောက်အတွင်းမှာ ပြောဖို့ရှိသမျှ အရာအားလုံးကို လပိုင်းလောက်နဲ့ ကိုယ့်ကလေးတွေ ကို ပြောနိုင်အောင် ကြိုးစားခိုင်းတဲ့ သဘောပါပဲ။ ကိုယ့်မိသားစုအတွက် ဖြစ်နိုင်သမျှ လွယ်ကူအောင် အရာအားလုံး လက်စသတ်ခိုင်းတာပါပဲ။ နှုတ်ဆက်စကားပြောဖို့ အချိန်ပေးလိုက်တာပါပဲ” ဟု ဂျော့က ပြောပါသည်။ သို့သော် ထိုနေ့ညနေခင်း၌ ဓာတ်ခွဲစမ်းသပ်သည့် အဖြေအရ အကျိတ်သည် ခွဲစိတ်ပျောက်ကင်းနိုင်သော အလွန် ရှားပါးသည့် ကင်ဆာရောဂါတစ်မျိုးဖြစ်ကြောင်း သိရသည်။ ဂျော့က ခွဲစိတ်မှုကို ခံယူခဲ့ပါသည်။

၂၀၀၈ ခုနှစ်အတွင်း၌ သူသည် ကိုယ်အလေးချိန် အလျင်အမြန်ကျဆင်းသွား သည်။ ကုန်ပစ္စည်းမိတ်ဆက်သည့် အခမ်းအနားများတွင် အံ့သြစရာကောင်းလောက်

အောင် ပိန်လှီနေသည်ကို တွေ့ကြရသည်။ သူကိုယ်တိုင်ကရော Appleကပါ အမှား အယွင်း တစ်စုံတစ်ရာမရှိပါဟု ငြင်းဆန်ကြသော်လည်း ဂျော့၏ ကျန်းမာရေးအခြေ အနေ ကျဆင်းနေသည်မှာ သိသာထင်ရှားပါသည်။ Mac world Expo မတိုင်မီ ဒီဇင်ဘာလအတွင်း၌ ဂျော့သည် မထင်မှတ်ဘဲနှင့် Appleမှ ခွင့်ခြောက်လ ယူသွား သည်။ သူ့မှာ အစာခြေစနစ် မူမမှန်သည့်ပြဿနာ ရှိနေပြီး စားသောက်ပုံနည်းလမ်း မှန်ကုန်အောင်ပြုပြင်လျှင် ကုသ၍ရနိုင်သည်ဟု သူကဆိုသည်။ ပုံမှန်အနေအထား အထိ သူ ကျန်းမာလာအောင် အလုပ်မှ ခဏအနားယူမှဖြစ်မည်ဟု သူကဆိုသည်။ သူ မရှိခိုက်တွင် စီမံခန့်ခွဲရေးမှူးတာဝန် ယူထားသော တင်မ်ကွတ်က စီအီးအိုအဖြစ် ထမ်းဆောင်ရသည်။

ဂျော့က Appleကို အနုပညာမြောက်ခြင်းနှင့် ထိပ်တန်းကျသော မူပိုင်လက္ခဏာ များ ဖော်ဆောင်ခြင်းတို့၏ ထူးကဲသောပေါင်းစပ်မှုနှင့် ဦးဆောင်ခဲ့ပါသည်။ သူက စီးပွားရေးသမားတစ်ယောက်ထက် ဖန်တီးသူအနုပညာရှင်တစ်ယောက်နှင့် ပိုတူသည်။