Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ဇေရတု - ချစ်ခြင်းမေတ္တာနှင့်ခေါင်းဆောင်ခြင်း

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

ခေါင်းဆောင်များထံမှ ပို၍ မျှော်လင့်ခြင်း

ကျွန်တော်တို့၏ Undercover Boss အစီအစဉ်ကို ၁၈ သန်း ထက်မနည်းသော ပရိသတ်ကြီးကကြည့်ရှုခဲ့သည်။ CBS ရုပ်မြင်သံကြား လိုင်းအတွက် ထိုတစ်ပတ်၏ လူကြိုက်အများဆုံး အစီစဉ်ဖြစ်သွားသည်။ အမေရိက၏ နာမည်ကျော် American Idol အစီအစဉ်ပြီးလျှင် ဒုတိယ ရေပန်းအစားဆုံးဖြစ်သည်။ ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြီးသည့်နောက် တွင် ကျွန်တော်၏ဆဲလ်ဖုန်းမှာ ၂၄ နာရီပတ်လုံး မြည်နေသည်ဟု ထင်ရပြီး Twitter နှင့် Facebook တို့ကဲ့သို့ Social media account များ၊ အီးမေးလ်များတွင် စာများ ဝင်လာမစဲ ဖြစ်နေခဲ့သည်။ ဥပမာအားဖြင့် ကျွန်တော်တို့၏ Website အတွင်းသို့ နေ့စဉ်ဝင်ရောက်ကြည့်ရှုသူမှာ ပျမ်း မျှအယောက် ၅၀ ရှိပြီး တီဗွီအစီအစဉ်ကိုထုတ်လွှင့်အပြီး ပထမ လေးဆယ့် ငါးမိနစ်အတွင်း၌ ဝင်ရောက်ကြည့်ရှုသူပေါင်း ၆ဝ,ဝဝဝ ဖြစ်သွားသည်။ ကျွန်တော်တို့အလုပ်သမားများ၏ လှုပ်ရှားဆောင်ရွက်မှုများကို မျက်ဝါး ထင်ထင်တွေ့မြင်ကြရသော လူများကို တစ်စုံတစ်ရာက ဖမ်းစားထားပြီး ၎င်းတို့၏သိချင်စိတ်များလည်း ပိုလာခဲ့သည်။

ကယ်လီဖိုးနီးယားမှ လူတစ်ယောက်က သူ့အမြင်ကို ကျွန်တော်တို့ အား ဤသို့ ထုတ်ဖော်ပြလာသည်။ “အခုနေသာ ကျွန်တော့်မှာ လုပ်စရာ အလုပ်တစ်ခု မရှိဘူးဆိုရင် ခင်ဗျားတို့ ကုမ္ပဏီမှာ ကျွန်တော့်ကို အလုပ်ခန့် တဲ့အထိ ထပ်ကာထပ်ကာ လာလျှောက်မှာပဲ။ အမှိုက်ကောက်တဲ့ အလုပ် ကိုပဲ လုပ်ရစေဦးတော့၊ ခင်ဗျားတို့လို ကုမ္ပဏီမျိုးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ကျွန်တော်အရမ်းဂုဏ်ယူမိမှာပါ” ဟု ရေးသားထားသည်။

ဤခံယူချက်က သူတို့၏ ကိုယ်ပိုင်အလုပ်နေရာကို Undrcover Boss အစီအစဉ်တွင် မြင်တွေ့ရသည်တို့နှင့်အလားသဏ္ဌာန်တူစေလိုကြောင်း ကျွန်တော်တို့ကို သိစေချင်သော လူများကြား၌ ပျံ့နှံ့နေသည်။

ကျွန်တော်တို့အဖွဲ့ အစည်း၏သဘောသဘာဝနှင့် ကျွန်တော်တို့၏ အလုပ်သမားရွေးချယ်ထောက်ပံ့ရေး ဖောင်ဒေးရှင်းအကြောင်းကို ပို၍သိချင် သည်ဟူသော တောင်းဆိုမှုများမှာ အလွန်များပြားလာသည်။ စီးပွားရေး အတွက် ဆောင်ရွက်ရမည့်ကိစ္စများလည်း ရှိသေးသဖြင့် ပြင်ပမှပတ်သက်မှုများကို ကန့်သတ်ထားရန် လိုအပ်လာသည်။ သို့သော် ဤသတင်းအချက် အလက်ကို စီးပွားရေး၊ လူမှုရေးနှင့် အစိုးရအဖွဲ့ အစည်းများအပါအဝင် မည်သည့်အဖွဲ့ အစည်းမျိုးကိုမဆို ကြားသိစေရမည်ဟု ကျွန်တော်၏ အသိ စိတ်တစ်နေရာက တိုက်တွန်းနေပါသည်။

အရိုးရှင်းဆုံးအမှန်တရားမှာ ခေါင်းဆောင်ခြင်း၌ ယုံကြည်မှုနှင့်ပတ် သက်၍ ကြီးမားသောပြဿနာရှိနေခြင်းပင် ဖြစ်သည်။ အီးမေးလ်နှင့် ပေး စာ ထောင်ပေါင်းများစွာတွင် ပါဝင်လာသော မကျေနပ်ချက် ရင်ဖွင့်သံများ က ကျွန်တော့်ကို အလွန်အံ့အားသင့်စေပါသည်။ လူအများက သူတို့၏ ခေါင်းဆောင်များ၊ အလုပ်ရှင်များကို မယုံမကြည်ဖြစ်နေကြသည်။ ထို့

ကြောင့်ပင် ကျွန်တော်တို့၏ Undercover Boss အစီအစဉ်က တစ်ခဲ နက် တုံ့ပြန်မှုကြီးကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။ လူအများက သာလွန်ကောင်းမွန်သည့် အသစ်အသစ်သော တစ်စုံတစ်ရာကို မျှော်လင့်တောင့်တ နေကြသည်။ မရေမတွက်နိုင်သော အလုပ်သမားများက သူတို့ခေါင်းဆောင် များနှင့် အလုပ်ခွင်ဝန်းကျင်များမှ ပိုပြီး လိုလားချက်များ ရှိနေကြသည်။ ဤအကြောင်းအရာများကို ကျွန်တော်တို့ ကြားသိနေခဲ့ရသည်။

 

 

ချစ်ခြင်းမေတ္တာက ဘယ်အခန်းကဏ္ဍကနေ ပါဝင်သလဲ

Undercover Boss အစီအစဉ်၌ ပါဝင်ရခြင်း၏ကျေနပ်စရာ အကောင်းဆုံးအပိုင်းမှာ ရာစုနှစ်တစ်ဝက်ခန့်ကြာအောင် HFE ရှိ ခေါင်းဆောင်များ လေ့ကျင့်ပျိုးထောင်ပေးခဲ့သည့် “ချစ်ခြင်းမေတ္တာနှင့်အတူ ခေါင်း ဆောင်ခြင်း” ဆိုသည့် အမြော်အမြင်ရှိသော စီမံခန့်ခွဲမှု ဒဿနကို ခိုင်မာယုံ ကြည်သွားစေခြင်းဖြစ်သည်။ ။

ချစ်ခြင်းမေတ္တာနှင့်အတူ ခေါင်းဆောင်ခြင်းသည် ယနေ့ခေတ်၏စီး ပွားရေးဝန်းကျင်၌ အလိုအလျောက် တုံ့ပြန်မှုဖြစ်သည်။ ၎င်းက ခေါင်းဆောင်မှုစည်းမျဉ်းများကို ကျွမ်းထိုးမှောက်ခုံ ပြောင်းလဲသွားစေသည်။ သို့ တိုင်အောင် HFE ကို တစ်ကြိမ်တစ်ခါမျှ မကြားဖူးကြသော လူများထံမှ ရရှိလာသော တစ်ခဲနက် ထောက်ခံမှုများက ချစ်ခြင်းမေတ္တာနှင့် ခေါင်းဆောင်ခြင်းဖြင့် ကျွန်တော်တို့သည် အနည်းငယ် ရူးနှမ်းနှမ်းနိုင်သော အလုပ်ကို လုပ်နေမိခြင်းဖြစ်နိုင်သော်လည်း လူအများက တစ်စိတ်တစ်ပိုင်း အဖြစ် ပါဝင်ပတ်သက်ခွင့်ရရန် မွတ်သိပ်တမ်းတနေရသော တစ်စုံတစ်ရာ ကို ပြုလုပ်နေကြခြင်းဖြစ်ကြောင်းကိုလည်း ကျွန်တော့်ကို ယုံကြည်လာစေ သည်။

ရုပ်မြင်သံကြားအစီစဉ်မှ ကျွန်တော့်အတွေ့အကြုံများနှင့် ၎င်းအစီ အစဉ်အပေါ် တုံ့ပြန်မှုများကို ဖြေရှင်းပြောကြားရန် ဆောင်ရွက်ဆဲမှာပင် လူ့စွမ်းအားအရင်းအမြစ် မန်နေဂျာများ အဖွဲ့အစည်းမှ ပြုလုပ်သော ဆွေး နွေးပွဲတစ်ခု၌ ပါဝင်ရန် ကျွန်တော့်ကို ဖိတ်ကြားခဲ့သည်။ စတိတ်စင်ပေါ်သို့ ကျွန်တော် ရောက်သွားသောအခါ 'Undercover Boss' အစီအစဉ် အကြောင်းကို ခေါင်းစဉ်တပ်၍ ဆွေးနွေးလာသည်။ နောက်ထပ်ဖြစ်ပျက် သမျှမှာ ကျွန်တော့်ကို အံ့အားသင့်သွားစေခဲ့သည်။

အစီအစဉ်တင်ဆက်သူက ကျွန်တော်တို့အစီအစဉ်တွင် ပြသထား သော ကျွန်တော်တို့၏ စောင့်ရှောက်ကူညီမှုများ နောက်ကွယ်တွင် မည် သည့်အကြောင်းရှိနေသနည်းဟု မေးလာပါသည်။ ကျွန်တော်က HFE မှာရှိတဲ့ ခေါင်းဆောင်ခြင်းယဉ်ကျေးမှုကို သရုပ်ဖော်ဖို့ ချစ်ခြင်းမေတ္တာကို ကျွန်တော်တို့အသုံးပြုပါတယ်။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေကို သူ တို့အလုပ်သမားတွေနဲ့အတူ ထက်သန်တက်ကြွမှုတွေ ဖန်တီးပေးမယ် ဆို ရင် အလုပ်သမားတွေကလည်း အပြန်အလှန် နိုးကြားတက်ကြွတဲ့ လှုပ် ရှားမှုအတွေ့အကြုံတွေ ပြန်ပေးလိမ့်မယ်ဆိုတာ သူတို့သိအောင် လုပ်ပြီး အချင်းချင်း စေတနာ၊ မေတ္တာထားနိုင်ကြအောင် လေ့ကျင့်ပေးပါတယ်။ အဖွဲ့ အစည်းအများစုက လူတွေတစ်ဦးအပေါ်တစ်ဦး ဘယ်လိုဆက်ဆံ သင့် တယ် ဆိုတာကို ဆွေးနွေးဖို့ ရှောင်ကြဉ်ကြတယ်။ ဒါဟာ အဖွဲ့ အစည်းတွေ မှာ မှားယွင်းနေတဲ့အရာလို့ ကျွန်တော်ထင်တယ်။ ချစ်ခြင်းမေတ္တာအကြောင်း ကိုပြောဖို့ ဘာကြောင့် ဒီလောက်ကြောက်ကြရတာလဲဟု ဖြေပေးလိုက်ပါသည်။

မမျှော်လင့်ဘဲ ပရိသတ်များက လက်ခုပ်ဩဘာများ ပေးကြပါသည်။ တော်တော်နှင့် အသံမစဲပါ။ ထိုနေ့ညတွင် ဆွေးနွေးသော ခေါင်းစဉ်များ အားလုံးအနက် စီးပွားရေးလုပ်ငန်းတွင် ချစ်ခြင်းမေတ္တာကို အသုံးပြုခြင်းနှင့်အလုပ်ခွင်အတွင်း တစ်ဦးအပေါ်တစ်ဦး ဆက်ဆံပုံအကြောင်း ဆွေးနွေးချက် မှာ ပရိသတ်လက်ခုပ်ဩဘာအရဆုံး အကြောင်းအရာဖြစ်သွားပါသည်။ ချစ်ခြင်းမေတ္တာနှင့်ခေါင်းဆောင်ခြင်းအကြောင်းကို လူတွေပိုပြီး စိတ်ဝင်စား လာပါသည်။

များမကြာမီပင် အော်လန်ဒို၌ပြုလုပ်သော ကျွန်တော်တို့၏စက်မှု လုပ်ငန်းညီလာခံတွင် ကျွန်တော် စကားအနည်းငယ် ပြောခွင့်ရခဲ့သည်။ Disney Universal တို့ကဲ့သို့ ကမ္ဘာတစ်ဝန်းလုံးရှိ ထင်ရှားကျော်ကြားသော ကုမ္ပဏီကြီးများမှ ကိုယ်စားလှယ်ပေါင်း သုံးသောင်းကျော် ညီလာခံ သို့ တက်ရောက်ခဲ့သည်။

တက်ရောက်လာကြသူများကို HFE ၏သမိုင်းအကြောင်းနှင့် ချစ် ခြင်းမေတ္တာနှင့်အတူ ခေါင်းဆောင်ခြင်းဟူသည့် ကျွန်တော်တို့၏ခံယူချက် အကြောင်းကို ကျွန်တော် ပြောကြားခဲ့သည်။ ကျွန်တော်တို့၏လုပ်ငန်း ပုံစံ အကြောင်းကို ခြုံငုံ၍ ပြောပြခဲ့သော်လည်း ခေါင်းဆောင်မှုအပိုင်းကို ချဉ်း ကပ်ရာတွင် ချစ်ခြင်းမေတ္တာကို မည်ကဲ့သို့ ကျွန်တော်တို့ အသုံးပြုသည် ဆိုသောအကြောင်းကို အချိန်အများစု၌ ဆွေးနွေးခဲ့သည်။

တုံ့ပြန်မှုမှာ အားရဖွယ်ကောင်းလှသည်။ ကျွန်တော်၏ပြောကြား ချက်အပြီးတွင် ညီလာခံခန်းမတစ်လျှောက် တက်ရောက်လာကြသူများက ထိုကဲ့သို့သောအကြောင်းအရာကို မျှဝေပေးသည့်အတွက် ချီးကျူးဂုဏ်ပြု ပါကြောင်း နှုတ်ဆက်သည်ကို အဆက်မပြတ်ပင် လက်ခံရရှိခဲ့သည်။ သူ တို့သည်လည်း သူတို့၏အဖွဲ့ အစည်းများအတွက် ချစ်ခြင်းမေတ္တာနှင့်ဦးဆောင်ခြင်းသည် အမှန်တကယ် ကောင်းမွန်သောအရာ ဖြစ်လာလေမည် လားဟု စဉ်းစားလာကြသည်။

နောက်တစ်နေ့တွင် ထုတ်ဝေသော စက်မှုလုပ်ငန်းသတင်းစာ၏ ခေါင်းကြီးပိုင်းကို ကျွန်တော်၏ပြောကြားချက်ဖြင့် တင်ထားပြီး “ချစ်ခြင်း မေတ္တာက ဘယ်အခန်းကဏ္ဍကနေ ပါဝင်သလဲ” ဟု ခေါင်းစဉ်တပ်ထားပါ သည်။ ထိုမေးခွန်းအဖြေကို ကျွန်တော့်ခေါင်းထဲမှာပင် ဖြေပေးလိုက်ပါသည်။ “အရာအားလုံး၊ ကဏ္ဍအားလုံး” ဟုပင်။

ဤအကြောင်းကြောင့်ပင် ဤစာအုပ်ကို သင့်လက်ထဲမှာ ကိုင်ဆောင်ထားခြင်း ဖြစ်ပါသည်။ သင်သည် မည်သည့်အဖွဲ့ အစည်းမျိုး၏အစိတ် အပိုင်းဖြစ်ပါစေ၊ သင် တာဝန်ယူထားရသော ခေါင်းဆောင်မှုအဆင့်က မည်မျှပင် ရှိပါစေ အဓိကအချက်များကိုသာ အလေးထားပြီး လိုချင်သော အရာကို မဖြစ်ဖြစ်အောင် လုပ်ခြင်းထက် သာလွန်ကောင်းမွန်သော ခေါင်းဆောင်မှုနည်းလမ်းရှိလိမ့်မည်ဟု သင် မျှော်လင့်နေသောကြောင့်သာ ဤ စာအုပ်ကို ဖတ်နေခြင်းဖြစ်ပါသည်။

ပိုကောင်းသည့်နည်းလမ်းရှိကြောင်း ကျွန်တော် အတိအလင်းပြော လိုက်ပါမည်။ ထိုနည်းလမ်းမှာ ချစ်ခြင်းမေတ္တာနှင့်အတူ ခေါင်းဆောင်ခြင်း ဖြစ်ပါသည်။ အလုပ်သမားများအပေါ် လေးစားမှုထားပြီး ပဓာနကျသော အချက်ကို ဖွံ့ဖြိုးစေသော ခေါင်းဆောင်သည့်နည်းလမ်းတစ်ခု၊ ဒုတိယ အကြိမ်အခွင့်အရေးများကို ပေးစွမ်းနိုင်သော တာဝန်သိတတ်မှုကို လိုအပ်

သော ခေါင်းဆောင်သည့်နည်းလမ်းတစ်ခု ဖြစ်ပါသည်။ လိုရင်းကိုဆိုရလျှင် သင့်အဖွဲ့အစည်း၏အစဉ်အလာနှင့် သင်၏ဦးဆောင်ပုံကို ပြောင်းလဲရန် ထိရောက်သောနည်းလမ်းတစ်ခုဖြစ်ပါသည်။

ဤစာအုပ်အတွင်းရှိ အကြောင်းအရာများနှင့် စည်းမျဉ်းများကို သင် မဖတ်ရသေးခင်အထိ သင်ယုံကြည်လာဖို့ ကျွန်တော် မမျှော်လင့်ပါ။ ကျွန်တော့်အတွေ့အကြုံများကလည်း နတ်သမီးပုံပြင်များ မဟုတ်ကြပါ။ နာ ကျင်မှုများ၊ မှားယွင်းမှုများ၊ ဆုံးရှုံးမှုများနှင့်သာ ပြည့်နှက်နေပါသည်။ သို့သော် HFE သို့ ရောက်လာခြင်းက ကျွန်တော်၏ဘဝနေမှုပုံစံ၊ ခေါင်းဆောင်မှုအပေါ် ကျွန်တော့်အမြင်တို့အား ပြောင်းလဲသွားစေခဲ့ကြောင်း ကျွန် တော်ပြောနိုင်ပါသည်။ ဤစာအုပ်၏ အဆုံးသတ်တွင် အချက်တစ်ချက်ကို သင်နားလည်လက်ခံလာအောင် ကျွန်တော် လုပ်နိုင်လိမ့်မည်ဟု မျှော်လင့် မိပါသည်။ ချစ်ခြင်းမေတ္တာဖြင့် ပြီးမြောက်အောင်မြင်နိုင်သည် ဟူသော အချက်ပင်ဖြစ်ပါသည်။