Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဇေရတု - ကျောင်းနေစအရွယ်ရင်သွေးငယ်

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

အခန်း (၁)

သင့်ရင်သွေးကျောင်းတက်ဖို့အတွက်

ဘယ်လောက်အဆင်သင့်ဖြစ်ပြီလဲ

အခု ဖော်ပြပေးထားတဲ့ မေးခွန်းတွေက သင်ဖြည့်စွက်ဖို့ပါ။ နောက် လာမယ့် အခန်းစဉ်တွေမှာ အကျယ်ချဲ့ ဖော်ပြပေးမယ့် ကျွမ်းကျင်လိမ္မာမှုတွေရဲ့ အကြမ်းဖျင်းသဘောကို ဒီအခန်းမှာ ထည့်ပေးထားပါတယ်။ သင့်ရင်သွေး ဟာ နေရာတကာမှာ ကျွမ်းကျင်လိမ္မာနေပြီလို့တော့ သင်မျှော်လင့်မထား ပါနဲ့။ ဒါတခြားသူတွေထက် အချို့နေရာတွေမှာ သူက သာလွန်နေတာတော့ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် သင့်ရင်သွေး ဘယ်အခြေအနေအထိ ရောက်နေပြီဆိုတာ သိရအောင် စစ်ဆေးကြည့်ပါ။ သင့်အဖြေတွေက သင့်ရင်သွေးကျောင်းတက် မယ့်အရေးမှာ ပြင်ဆင်ပေးဖို့ ဘယ်လောက်လိုအပ်မယ်ဆိုတာကို ဆုံးဖြတ်နိုင် အောင် ကူညီပါလိမ့်မယ်။ ဒါတွေကို သင့်ရင်သွေး လုပ်ဆောင်နိုင်ပြီလို့ ထင်ပါသလား။

၁။ ကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး

ကလေးတွေက သူတို့ရဲ့ ကျွမ်းကျင်လိမ္မာမှုတွေ ဘယ်လောက်မြန်မြန် တိုးတက်တယ်ဆိုတာကို မူတည်ပြီး ပြောင်းလဲကြပါတယ်။ ဥပမာ- အချို့ ကလေးတွေဟာ ၁၂လ (သို့) ၁၂လ မတိုင်မီ စောစောကတည်းက လမ်း

လျှောက်နိုင်ပြီး အချို့ကလေးတွေကတော့ ၁၈လ လောက်အထိ မတ်တတ် မရပ်နိုင်ကြသေးပါဘူး။

အချို့ကလေးတွေဟာ ကျောင်းတက်ရမယ့်အချိန်မှာ သူများတွေလို စာသင်ကြားဖို့ လုံလောက်တဲ့ အရွယ်ရောက်မှု၊ အဆင်သင့်ဖြစ်မှုတွေ မရှိ ကြသေးပါဘူး။

ဒါ့အပြင် ကလေးတစ်ယောက်မှာ ကျွမ်းကျင်လိမ္မာမှု အမျိုးမျိုးတို့ဟာ အရှိန်နှုန်းတစ်မျိုးစီနဲ့ ဖွံ့ဖြိုးလာနိုင်ပါတယ်။ အချိန်ကာလတစ်ခုအတွင်းမှာ ကလေးတစ်ယောက်စီဟာ သူတို့ ဘယ်နေရာမှာ တော်တယ်၊ ဘယ်နေရာ မတော်ဘူးဆိုတဲ့ ကိုယ်ပိုင်ပုံစံတစ်မျိုးစီကို ရရှိကြမှာပါ။

ကျွမ်းကျင်လိမ္မာမှုတွေကို ဖွံ့ဖြိုးစေဖို့ သင့်ရင်သွေး ရောက်နေတဲ့နေရာ ကနေစပြီး ဆက်လက်တည်ဆောက်ပါ။ သင့်ရင်သွေးဟာ သူနိုင်သလောက် သင်ယူ ဖွံ့ဖြိုးလာမှာဖြစ်ပြီး တချို့ ကျွမ်းကျင်မှုတွေကို အခြားကလေးတွေ ထက် လျှင်လျှင်မြန်မြန် တတ်မြောက်လွယ်ပါလိမ့်မယ်။

၂။ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေဟာ မတူပါဘူး

  • မိန်းကလေးတွေက စကားပြောတဲ့နေရာမှာ ပိုပြီး မြန်မြန်ဖွံ့ဖြိုးပါတယ်။ ဥပမာ- ယောက်ျားလေးတွေက အသက် ၂ နှစ်အရွယ်မှ စကားပြော တတ်ပေမယ့် မိန်းကလေးတွေက စကားပြောဖွံ့ဖြိုးမှုကို ပိုပြီး စောစော က ပြပါတယ်။ မိန်းကလေးတွေရဲ့ ဦးနှောက်မှာပါတဲ့ ဘာသာစကားဆိုင်ရာ အစိတ် အပိုင်းဟာ ယောက်ျားလေးတွေရဲ့ ဦးနှောက်အစိတ်အပိုင်းထက် ပို ကြီးပါတယ်။ ဒါကို ဇီဝဆိုင်ရာအကျိုးသက်ရောက်မှုလို့ ခေါ်ပါတယ်။ ဒါ့အပြင် မိခင်တွေဟာ သူတို့ရဲ့ တော့တီးတော့တအရွယ် သားငယ်တွေ ထက် သမီးငယ်တွေကို ပိုပြီး စကားပြောတတ်ကြပါတယ်။ ပတ်ဝန်း ကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု ဖြစ်ပါတယ်။ ဒါကြောင့် မိန်းကလေး တွေမှာ စကားလေ့ကျင့်မှုက ပိုပြီး စောစောကတည်းက ရှိနေနှင့်ပါတယ်။ မိန်းကလေးတွေဟာ စာဖတ်တဲ့နေရာမှာလည်း ယောက်ျားလေးတွေရှေ့ကရှိပါတယ်။
  • ကျောင်းမှာလည်း ယောက်ျားလေးတွေဟာ “အန္တရာယ်ကစားသူ” များ အဖြစ် နာမည်ကျော်ပြီး အပွန်းအပဲ့၊ ထိခိုက်ရှနာတွေနဲ့ အမြဲကြုံရတတ် ပါတယ်။ မိန်းကလေးတွေကတော့ တည်တည်ငြိမ်ငြိမ် အေးအေး ဆေးဆေးပဲ နေတတ်ကြပါတယ်။ ယေဘုယျမှာ မိန်းကလေးတွေက ကျရှုံးမှုကို ရှောင်ကြဉ်ပြီး နှစ်သိမ့် ကျေနပ်မှုရရှိဖို့ ယောက်ျားလေးတွေထက် ပိုကြိုးစားပါတယ်။ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေက ယောက်ျားလေးတွေကြားမှာ ပိုအဖြစ် များပါတယ်။ စကားပြောဆိုမှုနဲ့ ဘာသာစကား သင်ယူမှုတို့မှာ ညံ့ဖျင်းခြင်း၊ စာဖတ်ရာမှာ အခက်အခဲများရှိခြင်း၊ အာရုံစိုက်ခြင်းနဲ့ အလွန်အကျွံပြုမူခြင်း ပြဿနာများ၊ စိတ်ခံစားမှုနဲ့လူမှုဆိုင်ရာ မဖွံ့ ဖြိုးမှု၊ ဆိုးသွမ်းရန်လိုသော အမူအကျင့် စတာတွေကို ယောက်ျားလေး တွေမှာ မိန်းကလေးတွေထက် ပိုပြီး ၃ဆ ကနေ ၅ဆ အထိ အဖြစ်များတာ တွေ့ရပါတယ်။ ဒါပေမဲ့ မိန်းကလေး၊ ယောက်ျားလေး လူဦးရေ စုစုပေါင်းကို ခြုံကြည့်မယ် ဆိုရင် မတူတဲ့အချက်တွေထက် တူတာတွေက ပိုများနေမှာပါ။

                      ၃။ ကျောင်းတက်ဖို့ ပြင်ဆင်တာဟာ အလွန်အကျွံ

                                                 တွန်းအားပေးဖို့ မဟုတ်ဘူး။

တချို့လူတွေက သူတို့ကလေးတွေကို သင်ကြားမှုအတွေ့အကြုံတွေ အများ ကြီးပေးထားတာဟာ ရလဒ်ကောင်းတွေ ပြန်ရလာလိမ့်မယ်လို့ ယုံကြည်ကြ ပါတယ်။ သင့်ရင်သွေးကို ကျောင်းတက်ဖို့ ပြင်ဆင်ပေးတာဟာ သူရဲ့ IQ ကို မြင့်လာအောင် လုပ်တာ မဟုတ်ပါဘူး။ သူ ၁၀ နှစ်သားမှာ သိပ္ပံပညာရှင် တစ်ယောက်ဖြစ်လာအောင် ဖန်တီးပေးရတာလည်း မဟုတ်ပါဘူး။ ကျောင်း ကို ယုံကြည်ချက်ရှိရှိနဲ့ သွားနိုင်ပြီး စာသင်ခန်းနဲ့ကစားကွင်းထဲမှာ လိုအပ် ချက်တွေဖြစ်တဲ့ လူမှုရေး၊ ပညာရေး၊ လက်တွေ့ဘဝနဲ့ အမူအကျင့်ဆိုင်ရာ တောင်းဆိုမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့က ပိုအရေးကြီးပါတယ်။

 

အကြံပြုချက်။

  • ကလေးတွေမှာ သန်မာမှုအဆင့်၊ စိတ်ဝင်စားမှု၊ စွမ်းရည်၊ ဖွံ့ဖြိုး မှု အရှိန်နှုန်းတွေဟာ အလွန်ကွဲပြားခြားနားတယ်ဆိုတာ သတိရပါ၊ သင့် စိတ်ထဲမှာ သင်နဲ့ သင့် ရင်သွေးအတွက် မှန်တယ်လို့ သင်ယူဆတဲ့ အရာရှိလျှင် အိမ်နီးနားချင်းတွေ၊ သင့်မိတ်ဆွေနဲ့ လုပ်ပုံကိုင်ပုံ မတူပေမယ် အဲဒါကို လုပ်ကြည့်ဖို့ ယုံကြည်ချက်ရှိပါ၊ ကလေးတွေမှာ လွတ်လွတ်လပ်လပ်ကစားဖို့၊ ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိဖို့နဲ့ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေဖို့ အချိန်ရှိရမယ်ဆိုတာလည်း မှတ်ထားပါ။