Skip to product information
1 of 14

စိတ်ကူးချိုချိုစာပေ

ဇင်မျိုး - လူ့သမိုင်းအကြီးကျယ်ဆုံးတီထွင်ရေးသမားဂျိမ်းဝပ်

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out
အခန်း (၂)
တီထွင်သူ ဂျိမ်းဝပ်

စက်မှုတော်လှန်ရေးနောက်ခံ အခင်းအကျင်းဖြင့် ပေါ်ထွက်လာ သော တီထွင်သူတစ်ဦးမှာ ဂျိမ်းဝပ်ဖြစ်သည်။ ဂျိမ်းဝပ်သည် စကော့ လူမျိုးတီထွင်ဖန်တီးသူဖြစ်သည်။ သူသည် စက်မှုအင်ဂျင်နီယာတစ်ဦး လည်း ဖြစ်သည်။ နျူကိုမန် ရေနွေးငွေ့ အင်ဂျင်ကို ပိုမိုကောင်းမွန် အောင် လုပ်ပေးခဲ့သူဖြစ်၍ ဂျိမ်းဝပ်၏တီထွင်မှုမှာ သူမွေးရပ်ဂရိတ် ဗြိတိန် တွင်သာမက ကျန်သောကမ္ဘာကြီးတွင် စက်မှုတော်လှန်ရေးဆိုသော အပြောင်းအလဲများကို ဖြစ်ပေါ်စေခဲ့ပါသည်။

ဂျိမ်းဝပ်သည် ဂလပ်စဂိုတက္ကသိုလ်တွင် ပစ္စည်းကိရိယာတန်ဆာ ပလာတို့ကို ပြုလုပ်ပေးရသူအဖြစ် လုပ်ကိုင်နေရင်း ရေနွေးငွေ့ အင်ဂျင် နည်းပညာကို စိတ်ဝင်စားလာခဲ့သည်။ ဆလင်ဒါကို ပြန်လည် အပူ ပေးခြင်း၊ ထပ်တလဲလဲ အအေးခံခြင်းတို့ဖြင့် ခေတ်ပြိုင်အင်ဂျင်ဒီဇိုင်း များမှာ စွမ်းအင်ကို အလွန်အကျွံ ဖြုန်းတီးသလို ဖြစ်နေသည်ဟု ဂျိမ်းဝပ် က ဆိုသည်။ ထိုကြောင့် ဂျိမ်းဝပ်သည် အဆင့်မြှင့်တင်ထားသော ရေနွေး ငွေ့ အင်ဂျင်ဒီဇိုင်းကို ဖန်တီးခဲ့သည်။ သူဖန်တီးလိုက်သော ရေနွေးငွေ့အင်ဂျင်သည် စွမ်းအင်ဖြုန်းတီးမှုကို သက်သာစေသည်။ အင်ဂျင်ပါဝါကို ပိုကောင်းလာစေသည်။ ကုန်ကျစရိတ်သက်သာ၍ စွမ်းရည်ရှိသော အင်ဂျင်ဒီဇိုင်းဖြစ်၍ သီးခြား ကွန်ဒင်ဆာ ပါလာလေသည်။ ထို့အပြင် ဂျိမ်းဝပ်၏ရေနွေးငွေ့ အင်ဂျင်မှာ ရေစုပ်နိုင်ရုံသက်သက်မျှသာမက စက် ယန္တရားတို့ကိုပါ လည်ပတ်နိုင်အောင် လုပ်ပေးနိုင်သည်။ ထို့ကြောင့် ဂျိမ်းဝပ်၏ ရေနွေးငွေ့ အင်ဂျင်သည် မျိုးစုံသုံးပုံစံဖြစ်လာသည်။

စကော့တလန်သား ဂျိမ်းဝပ် ဂျိမ်းဝပ်ကို စကော့တလန်နိုင်ငံတွင် မွေးသည်။ မွေးဖွားရာဇာတိ မှာ ကုန်ဖရူးရှိုင်းယားခရိုင်အတွင်းက ဂရင်းနော့မြို့ဖြစ်သည်။ ဂရင်းနော့မြို့သည် ကလိုက်မြစ်၏ပင်လယ်လက်တက်ပေါ်က ဆိပ်ကမ်းမြို့ဖြစ် သည်။ သင်္ဘောကျင်းများရှိသော မြို့လေးဖြစ်သည်။ သင်္ဘောလုပ်ငန်း များ ထွန်းကားရာနေရာတွင်မွေးခဲ့သူဖြစ်၍ ဂျိမ်းဝပ်သည် တီထွင်တတ် သော ဗီဇပါလာသည်ဟု ဆိုရမည်ဖြစ်သည်။

ဂျိမ်းဝပ်ကို ၁၇၃၆ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မွေးသည်။ ဖခင်မှာ သင်္ဘောတည်ဆောက်သူ၊ သင်္ဘောပိုင်ရှင်၊ ကန်ထရိုက်တာဖြစ် သည်။ ထို့အပြင် သူ၏ ဖခင်သည် စကော့တလန်ဒေသန္တရအစိုးရတွင် ပြည်သူ့ဝန်ထမ်းအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ဂျိမ်းဝပ်၏ ဖခင်ဒေးဗစ်ဝပ်သည် သားဖြစ်သူ၏ကျန်းမာရေးကို စိုးရိမ်ခဲ့သူဖြစ်သည်။ ဂျိမ်းဝပ်သည် မကြာခဏသွားကိုက်တတ်ပြီး ခေါင်းကိုက်လေ့ရှိသဖြင့် ငယ်စဉ်ကပင် အားနည်းချူချာသူဖြစ်သည်။

မိခင်မှာ စကော့တလန်မှူးမတ်မျိုးရိုးဖြစ်၍ ပညာတတ်မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ ဂျိမ်းဝပ်၏ မိခင်အဂ္ဂနက်မားဟတ်သည် သားဖြစ်သူကို အိမ်တွင် စာဖတ်တတ်အောင် သင်ပေးခဲ့လေသည်။ ဂျိမ်းဝပ်၏ အဘိုးသောမတ်ဝပ်သည် ကိုယ်ပိုင်ကျောင်းဖွင့်ကာ သင်္ချာ ဆရာဖြစ်သည်။ အဘိုးက ဂျိမ်းဝပ်ကိုသင်္ချာသင်ပေးသည်။ သင်္ဘောနှင့် အိမ်များကို ဆောက်လုပ်ပေးသော ဖခင်ကမူ ဂျိမ်းဝပ်ကို လက်သမား ပညာသင်ပေးသည်။ ငယ်စဉ်တွင် ကျန်းမာရေးညံ့ခဲ့သူ ဂျိမ်းဝပ်မှာ စာရေး၊ စာဖတ်တို့ကို အိမ်တွင်ပင် အဘိုး၊ ဖခင်၊ မိခင်ဖြစ်သူတို့ထံမှသာ သင်ယူခဲ့ရသည်။ ကျောင်းမှန်မှန်မတက်နိုင်ခဲ့သည့်တိုင် ဂျိမ်းဝပ်သည် မိခင်၊ ဖခင်တို့၏ အနီးကပ်သွန်သင်မှုဖြင့် ကျောင်းစာကို စိတ်ဝင်စားခဲ့ သည်။ ဂျီသြမေတြီကို စိတ်ဝင်စားသော ဂျိမ်းဝပ်သည် လက်တင်နှင့် ဂရိစာတို့ကို သဘောမကျခဲ့ပေ။

စာသင်ကျောင်းတက်ရချိန် သိပ်မရှိခဲ့သော ဂျိမ်းသည် ဖခင်၏ဆိုင်တွင် အချိန်ကုန်လေ့ရှိသည်။ ဖခင်၏ဈေးဆိုင်တွင် သူသည် လက်မှု ပညာ၊ ကြေးသွန်းပညာ၊ ပစ္စည်းကိရိယာလုပ်ခြင်း အတတ်ပညာ၊ ပုံစံ တူ ပြုလုပ်ခြင်း အတတ်ပညာတို့ကို တိုက်ရိုက်ဆည်းပူးခွင့်ရသလို ဖြစ် ခဲ့လေသည်။ ဖခင်၏ အလုပ်ခွင် အတွေ့အကြုံများကို ဂျိမ်းဝပ်သည် ကောင်းစွာမှတ်သားလေ့လာ၍ တတ်မြောက်အောင် ကြိုးစားခဲ့လေသည်။

 

၁၈ နှစ်သား ဂျိမ်းဝပ်

 

ဂျိမ်းဝပ်သည် လူပျိုပေါက်အရွယ်တွင် ဘဝ၌ ကြေကွဲစရာနှင့် ကြုံတွေ့ခဲ့ရသည်။ အသက် ၁၈ နှစ်အရွယ်တွင် မိခင်ဖြစ်သူ ကွယ်လွန် သွားခဲ့သည်။ ဖခင်ဒေးဗစ်ဝပ်သည်လည်း ကျန်းမာရေးမကောင်းတော့ ပေ။ ဤသို့သော အနေအထားတွင် သင်္ချာကိုသာ စိတ်ဝင်စားခဲ့သော ဂျိမ်းဝပ်သည် သိပ္ပံပစ္စည်းကိရိယာတို့ကို ဖန်တီးသူအဖြစ် အသက်မွေးရန်ဆုံးဖြတ်ခဲ့သည်။ ဇာတိမြို့ဂရင်းနော့ကို သူသည် စွန့်ခွာခဲ့လေသည်။ သူသည် ထိုအချိန်က ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်း မြို့ အဖြစ် ထင်ရှားနေသော ဂလပ်စဂိုကို ပြောင်းရွှေ့ခဲ့သည်။ ၁၇၇၅ တွင် သူသည် လန်ဒန်မြို့ကို ရောက်လာခဲ့သည်။ လန်ဒန်တွင် တစ်နှစ်ကြာ ပညာဆည်းပူးခဲ့သည်။ သူသည် လန်ဒန်မြို့တွင် ပန်းချီနှင့် လက်မှု ပညာကို သင်ယူခဲ့သည်။ ရေကြောင်းနှင့် သိပ္ပံပစ္စည်းများကို တီထွင်ရန် သူသည် အဆိုပါပညာရပ်များကို သင်ယူခဲ့ခြင်းဖြစ်သည်။

လန်ဒန်တွင် နေထိုင်ရသည်မှာ ကျန်းမာရေးနှင့် အဆင်မပြေသဖြင့် ဂျိမ်းဝပ်သည် စကော့တလန်ကို ပြန်ရန် ဆုံးဖြတ်လိုက်သည်။ လန်ဒန် မြို့ကြီးတွင် တစ်နှစ်ခန့် နေထိုင်ခဲ့ပြီးနောက် သူသည် ဂလပ်စဂိုမြို့ကို ပြန်လာခဲ့သည်။ ဂလပ်စဂိုမြို့တွင် သိပ္ပံပစ္စည်းကိရိယာများကို ဖန်တီး သူအဖြစ် လုပ်ကိုင်ရန် စဉ်းစားသည်။ ဂလပ်စမြို့တွင် ဂျိမ်းဝပ်သည် ဆွေမျိုးတစ်ဦးက မိတ်ဆက်ပေးသဖြင့် ရော်ဘတ်ဒစ်နှင့် အသိအကျွမ်း ဖြစ်ခဲ့သည်။ ရော်ဘတ်ဒစ်သည် ဂလပ်စဂိုတက္ကသိုလ်က သိပ္ပံပညာရှင် ဖြစ်သည်။ ရော်ဘတ်ဒစ်သည် ဂျိမ်းဝပ်၏ပစ္စည်းကိရိယာများ လုပ်တတ်သော ပညာကို အထင်ကြီးမိသော်လည်း၊ ဂျိမ်းဝပ်သည် အထူးသင်တန်း တက်ရန် လိုသေးသည်ဟု ပြောသည်။ ထို့ကြောင့် ဂျိမ်းဝပ်ကို လန်ဒန် တွင် သင်တန်းများသွားတက်ခိုင်းသည်။ ပညာသင်အဖြစ် သင်တန်း တက်ခွင့်ရရှိရန် ဂျိမ်းဝပ်သည် လန်ဒန်တွင် သီတင်းနှစ်ပတ်နေခဲ့ရသည်။ လန်ဒန်တွင် ဆိုခဲ့သလို တစ်နှစ်ကြာပညာသင်ယူပြီးနောက် သူ့အား လန်ဒန်သို့ စေလွှတ်ခဲ့သူ ရော်ဘတ်ဒစ်ကို ဂလပ်စဂိုမြို့တွင် တွေ့သည်။

ဂလပ်စဂိုမြို့ကို ပြန်ရောက်လာသော ဂျိမ်းဝပ်အား ရော်ဘတ်ဒစ် က အလုပ်တချို့ရှာပေးသည်။ ထို့ကြောင့် ဂျိမ်းဝပ်သည် ဆိုင်တစ်ဆိုင် ဖွင့်သည်။ အခြားသော လက်မှုပညာသည်များ