ဇင်မျိုး - မော်စီတုန်း
တရုတ်နိုင်ငံကို သွေးချွေးရင်း၍ အရက်စက်ဆုံးတည်ဆောက်ပေးခဲ့သူ
ပြိုကွဲနေသော အင်ပါယာ
တရုတ်၏ ဧကရာဇ်များသည် ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး လူ့အဖွဲ့ အစည်းထဲက တစ်ခုကို အုပ်စိုးလာခဲ့သည်မှာ နှစ်ပေါင်းလေးထောင်ရှိပြီ ဖြစ်ပါသည်။ တရုတ်လူမျိုးများသည် ယမ်းမှုန့်၊ စက္ကူ၊ သံလိုက် အိမ်မြှောင်တို့ကို တီထွင်ခဲ့ကြသည်။ သူတို့သည် လှပသော ကြွေထည်များ၊ ကျောက်စိမ်းရုပ်တုများ၊ ပန်းချီကားများကို ဖန်တီးခဲ့ကြသည်။
ကြီးကျယ်သော တရုတ်လူ့အဖွဲ့ အစည်းက ထုတ်လုပ်သော ဇိမ်ခံ ပစ္စည်းများကို ဥရောပတိုက်သားများက ငမ်းငမ်းတက် လိုချင်ကြသည်။ ၁၇ဝဝ ပြည့်နှစ် ကာလများတွင် စပိန်၊ ဗြိတိသျှနှင့် ဒတ်ချ်ကုန်သည်များက ငွေထည်များကို တရုတ်သို့ ယူဆောင်လာကြပြီး ၎င်းတို့ကို ပိုးထည်၊ အကောင်းစား ကြွေထည်၊ လက်ဖက်ခြောက်တို့နှင့် လဲလှယ်ကြသည်။ တရုတ်ဧကရာဇ်များသည် ဝင်ငွေရသည်ကို ကြိုဆိုကြသော်လည်း သူတို့ သည် တိုင်းခြားလွှမ်းမိုးမှုများကို သံသယရှိကြသည်။ နိုင်ငံခြားကုန်သည် များ ဆိပ်ကမ်းမြို့တစ်မြို့တည်းသို့လာရန် ကန့်သတ်ဖို့ ကြိုးစားလာသည်။
အနောက်သို့ ကြည့်ခြင်း
၁၈ဝဝ ပြည့်နှစ်များတွင် အနောက်ကမ္ဘာသည် တရုတ်များကို နည်း ပညာ အသာရလာသည်။ ဥရောပတိုက်သားများနှင့် အမေရိကန်များက ရေနွေးငွေ့ အင်ဂျင်များကို တီထွင်နိုင်ခဲ့ကြပြီး ခေတ်မီလက်နက်များကို တည်ဆောက်နိုင်လာသည်။ ဖိနပ်နှင့် အဝတ်အထည်များကို အလုံးအရင်း ထုတ်လုပ်နိုင်လာသည်။
၁၈ဝဝ ပြည့်နှစ် အလယ်ကာလလောက်တွင် အနောက်အင်အားကြီး နိုင်ငံများက လက်နက်ကောင်းတပ်ဆင်ထားသော စစ်သားများဖြင့် တရုတ်သို့ ပြန်လာကြပြီး အနောက်ကကုန်သည်များအတွက် ဆိပ်ကမ်းများ ဖွင့် ပေးရန် တရုတ်ကို တွန်းအားပေးခဲ့သည်။ ကုန်သည်များသည် တရုတ်တို့ ထံမှ ဇိမ်ခံပစ္စည်းများကို ဝယ်ယူကြပြီး အပြန်အလှန်အားဖြင့် သူတို့က တရုတ်များအား ဘိန်းများ ပြန်ရောင်းကြသည်။
တရုတ်ကို အုပ်စိုးခဲ့သော မိသားစုဖြစ်သည့် ချင်မင်းဆက်သည် ဥရောပနိုင်ငံများနှင့် ဖြစ်ပွားသော စစ်ပွဲတွင်နှစ်ကြိမ်၊ ဂျပန်နှင့်ဖြစ်သော စစ်ပွဲတွင်တစ်ကြိမ် အသီးသီး စစ်ရှုံးခဲ့လေသည်။ တရုတ်ပြည်သူများသည် သူတို့၏ အစိုးရကို အယုံအကြည်မရှိတော့၍ ပုန်ကန်ကြလေတော့သည်။ သွေးလွှမ်းသော ပြည်တွင်းစစ်ပွဲများတွင် လူသန်းချီ အသတ်ခံခဲ့ရသည်။ လူသန်းပေါင်းများစွာသည် ဘိန်းခန်းများတွင် ဘိန်းစားများအဖြစ် သူတို့၏ ဘဝများကို ဖြုန်းတီးပစ်ခဲ့ကြသည်။
ချင်ဧကရာဇ်များသည် ခေတ်မီစက်မှုလုပ်ငန်းနှင့် စာသင်ကျောင်း များထူထောင်ရန် အားထုတ်မှုတချို့ လုပ်ခဲ့သည်။ သို့ရာတွင် မော် အိမ်က ထွက်လာချိန်လောက်တွင် တရုတ်လူငယ်များက ပြောင်းလဲမှုနှုန်းကို စိတ် မရှည်ကြတော့ပေ။ တရုတ်ကို ဗရုတ်ဗရက်အနေအထားကနေ ဆွဲထုတ်ရန်နည်းလမ်းတစ်ခုတည်းရှိသည်ဟု သူတို့က ဆုံးဖြတ်ခဲ့ကြသည်။ သူတို့ သည် အနောက်တိုင်းနည်းများအတိုင်း သူတို့ကိုယ်သူတို့ ပညာသင်ရန် ဆုံး ဖြတ်ခဲ့ကြခြင်းဖြစ်သည်။ တရုတ်တို့ ခေတ်မီအတွေးအခေါ်များနှင့် ခေတ်မီ နည်းပညာယူလာရန် လိုအပ်နေပေပြီ။
ထို့ ထက်ပို မို အရေးကြီးသည်မှာ တရုတ်နိုင်ငံသည် ခေတ်မီ၍ ဒီမိုကရက်တစ် ဆန်သော အစိုးရကို လိုအပ်နေခြင်းပင် တည်း။ ခေတ်မီအစိုးရ ဖြစ်လာရန် လူထု သည် သူတို့၏ဧကရာဇ်ကို နန်းချပစ်ရပေလိမ့်မည်။