Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

ဇင်မျိုး - ကမ္ဘာကြီးကိုချောက်ထဲတွန်းချခဲ့သူအဒေါ့ဖ်ဟစ်တလာ

ဇင်မျိုး - ကမ္ဘာကြီးကိုချောက်ထဲတွန်းချခဲ့သူအဒေါ့ဖ်ဟစ်တလာ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out
Type

အခန်း (၂)

ကျောင်းထွက်ခြင်း

အသက် (၁၆) နှစ်အရွယ်တွင် အဒေါ့ဖ်ဟစ်တလာသည် ကျောင်း ထွက်လိုက်သည်။ သူသည် ရှေ့လာမည့် နှစ်နှစ်တွင် အိမ်မှာနေရင်း ပန်းချီ ဆွဲခြင်း၊ ပြဇာတ်ကြည့်ခြင်း၊ အချိန်ဖြုန်းခြင်းဖြင့်သာ ကုန်လွန်စေခဲ့၏။ ထိုရက်များသည် ဘဝတွင် အပျော်ဆုံးအချိန်များပါဟု နောက်ပိုင်းတွင် သူက ထုတ်ဖော်ပြောဆိုခဲ့၏။ ရင်သားကင်ဆာဖြင့် ကလာရာဟစ်တလာ ကွယ်လွန်သည့် ၁၉ဝ၇ ဒီဇင်ဘာလတွင် ထိုပျော်စရာအချိန်များ ကုန်ဆုံး သွားတော့၏။

မိခင်ကွယ်လွန်ခဲ့ပြီးနောက် ဟစ်တလာသည် သြစတြီးယားနိုင်ငံ ဗီယင်နာသို့ ပြောင်းရွှေ့ခဲ့သည်။ ဗီယင်နာတွင် နာမည်ကြီးပန်းချီဆရာဖြစ် ရန် ကြိုးစားလေသည်။ ဗီယင်နာမြို့က သုခုမအနုပညာကျောင်းတွင် ပညာ သင်ရန် လျှောက်ထားလိုက်သည်။ ပန်းချီကျောင်းက သူ့ကို ဝင်ခွင့် ပယ်ချ လိုက်၍ သူသည် ဒေါသအမျက် ခြောင်းခြောင်းထွက်ခဲ့ရ၏။ “တစ်ကျောင်း လုံးကို ဖောက်ခွဲပစ်သင့်တယ်” ဟု သူက သူငယ်ချင်းတစ်ဦးကို ပြင်းပြင်း ထန်ထန် ပြောခဲ့လေသည်။

အဒေါ့ဖ်ဟစ်တလာ

( ၁၉၀၉ ခုနှစ် ဆောင်းဦးလောက်တွင် ဟစ်တလာ၌ မိခင်ထားခဲ့သော ငွေများ ကုန်သွားပြီဖြစ်သည်။ သူနေသောတိုက်ခန်းကို သူစွန့်ခွာခဲ့ရလေ သည်။ ခန္ဓာကိုယ်အလေးချိန် ကျသွားသည်။ ဆံပင်နှင့် မုတ်ဆိတ်မွေးများ သည် ထိုးထိုးထောင်ထောင်ဖြစ်လာသည်။ နေ့ဘက်တွင် လျှောက်သွား နေပြီး ညဘက်တွင် အိမ်ခြေရာမဲ့တို့၏ ခိုလှုံရာနေရာတွင်လည်းကောင်း၊ ပန်းခြံသို့မဟုတ် တံခါးပေါက်များတွင်လည်းကောင်း အိပ်ရလေသည်။

ဟစ်တလာသည် ပုံမှန်အလုပ်တစ်ခုလုပ်ရန် ငြင်းဆန်နေဆဲပင် ဖြစ် သည်။ ပန်းချီကားလေးများ ရောင်းချရသော ငွေဖြင့် စားနိုင်သောက်နိုင်ရုံ မျှသာ နေထိုင်နေလေသည်။ သို့ရာတွင် သူ့အကြိုက်ဆုံး အနားယူချိန်မှာ နိုင်ငံရေးအကြောင်း ငြင်းခုံနေခြင်းပင်တည်း။ သူ့ပြိုင်ဘက်များကို “သောက် ရူး” များဟုပြောကာ အငြင်းအခုံကို အဆုံးသတ်လေ့ရှိသည်။

ဗီယင်နာမြို့တွင် ဟစ်တလာသည် သူ၏ အတောမသတ်သော ဒေါသကို ရှာတွေ့ခဲ့၏။ မြို့တော်မှာ ကြီးမားလှပြီး ဂျူးလူဦးရေ ထူထပ်လှ ပေ၏။ ၊ ဂျူးကုန်သည်များ၊ ဂျူးစီးပွားရေးလုပ်ငန်းပိုင်ရှင်များသည် မြို့တော် ၏ အားကောင်းသော စီးပွားရေးအတွက် အဓိကကျပေသည်။ ဗီယင်နာမြို့ က ဆရာဝန်၊ ရှေ့နေတစ်ဝက်ကျော်မှာ ဂျူးလူမျိုးများဖြစ်သည်။ ကမ္ဘာကျော် ဂီတပညာရှင်များနှင့် ကမ္ဘာကျော်စာရေးဆရာများကို ဂျူးလူ့အဖွဲ့ အစည်း က မွေးထုတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။

သို့ရာတွင် ဂျူးများသည် ဥရောပမြို့ကြီးများတွင် ရာစုနှစ်ပေါင်းများ စွာအထိ မနာလိုဝန်တိုမှု၊ သံသယရှိမှုတို့ဖြင့် ပြုမူဆက်ဆံခံခဲ့ကြရသည်။ ဗီယင်နာမြို့တွင်လည်း ထိုအတိုင်းပင်ဖြစ်သည်။ ဂျူးဆန့်ကျင်ရေးလှိုင်းလုံး သို့မဟုတ် ဂျူးမုန်းတီးရေးလှိုင်းလုံးသည် မြို့တော်တွင် ပျံ့နှံ့လျက်ရှိသည်။ ဗီယင်နာမြို့ကြီးကို ဂျူးများက သိမ်းပိုက်ထားသည်ဟု နာမည်ကြီးမဂ္ဂဇင်း များက အခိုင်အမာဆိုကြသည်။ ဗီယင်နာမြို့၏ စီးပွားရေးကို ဂျူးဘဏ် လုပ်ငန်းရှင်များက ထိန်းချုပ်ထားသည်ဟု ဗီယင်နာမြို့တော်ဝန်က စွပ်စွဲသည်။

ဟစ်တလာသည် မြို့တော်၏ ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုထဲသို့ တည့်တည့် လှမ်းဝင်လိုက်သည်။ မြို့တော်၏ ရာဇဝတ်မှုနှုန်း မြင့်မားလာ ခြင်းမှာ ဂျူးများကြောင့်ဖြစ်ကြောင်း သူက အပြစ်တင်သည်။ ဂျူးများသည် အနုပညာနှင့် ဂီတလောကများကို ထိန်းချုပ်ထားသည်ဟု သူက ဆင်ခြေ ပေးသည်။ ရောက်လေရာနေရာတိုင်းမှာ အခုဆိုရင် ဂျူးတွေကိုပဲ ကျွန်တော် မြင်တယ်။ သူတို့ကို ပိုမြင်ရလေလေ သူတို့ဟာ ကျွန်တော့်မျက်လုံးထဲမှာ ကျန်လူတွေနဲ့ ပိုမိုကွာခြားလေပဲ”ဟု ဟစ်တလာက နောက်ပိုင်းတွင် သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိတွင် ရေးခဲ့သည်။

ဗီယင်နာသည် “ကျွန်ုပ်ဘဝ၏ အကြမ်းတမ်းဆုံးနှင့် အပြည့်စုံဆုံး သော စာသင်ကျောင်းကြီးပါ” ဟု ဟစ်တလာက နောက်ပိုင်းတွင် ပြောခဲ့ သည်။ ၁၉၁၃ ခုနှစ် မေလတွင် သူသည် ကောင်းကျိုးကို ရှေးရှု၍ မြို့မှ ထွက်လာရန် ဆုံးဖြတ်လိုက်သည်။ ပစ္စည်းစုံပါသော အိတ်သေးသေးလေး ကို ထုပ်ပိုးလျက် ဂျာမနီနိုင်ငံ မြူးနစ်မြို့တော်သို့ ပြောင်းရွှေ့လာခဲ့သည်။ ဟစ်တလာသည် ဂျာမနီစစ်စစ်များရှိရာ တစ်နေရာရာတွင် နေထိုင်ချင်ပေ သည်။ သူသည် စိတ်ပျက်လက်ပျက် မဖြစ်ချင်ပေ။

“မြို့ကြီးရဲ့ တံတိုင်းတွေထဲမှာ နှစ်ပေါင်းများစွာ နေဖူးသလို ဒီမြို့က ကျွန်တော်နဲ့ ရင်းနှီးကျွမ်းဝင်နေပါတယ်” ဟု နောက်ပိုင်းတွင် သူက ရေး သားခဲ့လေသည်။

 

အခန်း (၃)

စစ်သားဘဝ

 

မြူးနစ်လမ်းများပေါ်မှ ကောင်းချီးသြဘာသံကြီး ထွက်ပေါ်လာ သည်။ ၁၉၁၄ ခုနှစ် သြဂုတ် ၂ ရက်နေ့တွင် ဂျာမန်လူမျိုး ထောင်ပေါင်း များစွာသည် ပထမကမ္ဘာစစ်ကြီး စတင်မှုကို အောင်ပွဲခံရန် မြို့လယ်ရင်ပြင် သို့ စုပြုံရောက်ရှိလာကြသည်။ ပျော်ရွှင်နေသော လူအုပ်ကြီးထဲတွင် (၂၅) နှစ်အရွယ် အဒေါ့ဖ်ဟစ်တလာလည်း ပါဝင်လာသည်။

အစောပိုင်းတစ်လတွင် လုပ်ကြံသတ်ဖြတ်သူတစ်ဦးက ဩစတြီး ယား-ဟန်ဂေရီ အင်ပါရာ၏ နန်းမွေဆက်ခံမည့်သူကို သေနတ်ဖြင့် ပစ်သတ်ခဲ့လေသည်။ လူသတ်သမားသည် ဥရောပတိုက်တစ်လွှား တငွေ့ငွေ့ လောင်ကျွမ်းနေသော ရန်လိုမှုများကို မီးညှိပေးလိုက်ခြင်းပင် ဖြစ်သည်။ ဥရောပအင်အားကြီးနိုင်ငံများသည် တစ်နိုင်ငံပြီးတစ်နိုင်ငံ သူ့ဘက်ပါ ကိုယ့်ဘက်ပါဖြစ်ပြီး စစ်ပွဲနွှဲကြတော့သည်။ တစ်ဖက်တွင် ဂျာမနီ၊ သြစတြီး ယား-ဟန်ဂေရီတို့ပါသော ဗဟိုအင်အားကြီးနိုင်ငံများနှင့် အော်တိုမင်အင်ပါ ယာပါဝင်သည်။ အခြားတစ်ဖက်တွင် မဟာမိတ်သုံးနိုင်ငံဟုခေါ်သော ဂရိတ်ဗြိတိန်၊ ပြင်သစ်နှင့် ရုရှားတို့ ပါဝင်သည်။ (အမေရိကန်ပြည်ထောင်စုသည် နောက်ပိုင်းတွင် မဟာမိတ်များဘက်က ပါလာသည်။)

ဟစ်တလာသည် ဂျာမနီစစ်တပ်အတွက် စေတနာ့ဝန်ထမ်းအဖြစ် စစ်မှုထမ်းရန် ချက်ချင်းစာရင်းပေးလိုက်သည်။ ဂျာမနီမျိုးချစ်တစ်ဦးအနေ ဖြင့် သူသည် တစ်ယူသန်မေတ္တာဖြင့် တာဝန်သစ်ကို ထမ်းဆောင်မည် ဖြစ်ပါသည်။ ဒူးထောက်ချလိုက်ပြီး ကောင်းကင်ဘုံကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်” ဟု နောက်ပိုင်းတွင် သူက ရေးခဲ့လေသည်။

သြဂုတ် ၁၆ ရက်နေ့တွင် ဂျာမနီစစ်တပ်သည် ဘယ်လ်ဂျီယံနှင့် ပြင်သစ်နယ်စပ်တွင် တိုက်ပွဲများ ဆင်နွှဲနေပြီဖြစ်ပါသည်။ နယ်စပ်တိုက်ပွဲများ ဆင်နွှဲနေခိုက် ဟစ်တလာသည် တာဝန်ထမ်းဆောင်မြို့နယ်သို့ အကြောင်းကြားရသည်။ နောက်လာမည့် လေးနှစ်ကျော်ကာလအတွင်း ပြင်းထန်သော ပြင်သစ်နယ်စပ်တိုက်ပွဲ တစ်ဒါဇင်ကျော်လောက်တွင် သူ ပါဝင်တိုက်ခိုက်ရပေလိမ့်မည်။ သူပါဝင်သော တပ်ရင်းသည် လူပေါင်း ၃၇၅၄ ဦး အသက်ဆုံးရှုံးသွားသည်။ သို့တိုင် ဟစ်တလာမှာ တစ်နည်း နည်းဖြင့် အသက်ရှင်နေခဲ့ပါ၏။

၁၉၁၈ ခုနှစ် အောက်တိုဘာ ၁၃ ညတွင် ဟစ်တလာတိုက်ပွဲဝင်ရ ခြင်းသည် အဆုံးသတ်ခဲ့ရ၏။ အကြောင်းမှာ အဆိပ်ဓာတ်ငွေ့ဖြင့် တိုက် ခိုက်ခြင်းခံရသဖြင့် သူ့မျက်လုံး ယာယီကွယ်ခဲ့ရသောကြောင့် ဖြစ်ပါသည်။ မျက်လုံးပြန်ကောင်းလာချိန်တွင် ဂျာမနီ စစ်ရှုံးသွားကြောင်း သူ့အား သင်း အုပ်ဆရာက ပြောလေသည်။ ဒေါသထွက်နေသော သင်္ဘောသားများ၊ စစ်သားများ၊ အလုပ်သမားများသည် လမ်းပေါ်တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေကြပြီး ဧကရာဇ်ဆင်းပေးရန် တောင်းဆိုကြသည်။ ဒီမိုကရေစီနှင့် အလုပ်သမားအခွင့်အရေးများ ပေးမည်ဟု ကြွေးကြော်လျက် အလယ် အလတ် ဆိုရှယ်ဒီမိုကရက်တစ်ပါတီက နိုင်ငံတော်အာဏာကို လွှဲပြောင်း ယူလိုက်သည်။ နိုဝင်ဘာ ၁၁ ရက်နေ့တွင် အစိုးရသစ်သည် စစ်ပွဲအဆုံး သတ်စေမည့် စစ်ဆိုင်းရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးသည်။ နိုဝင်ဘာလကုန်ပိုင်းတွင် ဂျာမနီ၏ စစ်ရှုံးဘက် မဟာမိတ် ဩစတြီးယားဟန်ဂေရီအင်ပါယာသည် နိုင်ငံများ ကွဲထွက်သွားသည်။

ဂျာမနီစစ်ရှုံးကြောင်းသတင်းကို ကြားရပြီးနောက် ဟစ်တလာသည် ဂျာမနီ၏အရှုံးကို တမြုံ့မြို့တွေးရင်း အိပ်မပျော်သောညများ ရှိလာခဲ့၏။ ဒေါသထွက်နေသော ဂျာမနီပြည်သူများကဲ့သို့ပင် ဂျာမနီသည် လက်နက် ချ အရှုံးမပေးသင့်ကြောင်း သူ့ကိုယ်သူ ပြောနေမိသည်။ “အရူးတွေ၊ လူလိမ် တွေ၊ ရာဇဝတ်သားတွေသာ ရန်သူသနားတာကို မျှော်လင့်ကြတယ်” ဟု သူရေးသည်။ “အဲဒီ အိပ်မရတဲ့ညတွေမှာ ကျွန်တော့်မှာ အမုန်းတရားတွေ ကြီးထွားလာတယ်။ ဒီလုပ်ရပ်အတွက် တာဝန်ရှိသူတွေကိုလည်း မုန်းတယ်” ဟု ရေးခဲ့လေသည်။

စစ်ရှုံးသည့်အတွက် “နိုဝင်ဘာရာဇဝတ်ကောင်များ” ဟု သူခေါ်သည့် အုပ်စုကို သူက အပြစ်တင်သည်။ ဆိုရှယ်ဒီမိုကရက်များက အဓိက အပြစ် ကျူးလွန်သူများဟု သူထင်သည်။ သို့ရာတွင် သူ့ဒေါသက နိုင်ငံရေးပါတီကို ရည်ရွယ်ရုံသက်သက်မျှ မဟုတ်ပေ။ ဆိုရှယ်ဒီမိုကရက်တစ်ပါတီကို အလွန့် အလွန် မုန်းတီးတာထက်ကို ပိုပါသည်။

ဂျူးဆန့်ကျင်ရေးဝါဒသည် ဟစ်တလာ၏ လောကအမြင်ကို အရောင်ဆိုးစပြုပြီ။ ဆိုရှယ်ဒီမိုကရက်တစ်ပါတီကို ဂျူးတို့က ထိန်းချုပ် ထားသည်ဟု သူနားလည်ထားသည်။ ဂျူးဘဏ်လုပ်ငန်းရှင်များက စစ်ရေးကြိုးပမ်းမှုများကို အားပေးရန် ပျက်ကွက်သည်ဟု သူက စွပ်စွဲသည်။ သူ၏ ခါးသီးသော စိတ်ကူးတွင်မူ ဂျာမန်အညံ့ခံအရှုံးပေးခြင်းမှာ ဂျာမနီ နိုင်ငံတော် အားနည်းသွားအောင် ဂျူးအများစုက လျှို့ဝှက်ကြံစည်ခြင်းသာ ဖြစ်၍ နိုင်ငံတော်အားနည်းသွားလျှင် အစိုးရကို ဂျူးတို့က ထိန်းချုပ်ရန် စီစဉ်ထားသည်ဟု မြင်သည်။

ဂျာမနီ၏ အရှုံးအတွက် ဟစ်တလာ၏ ရှင်းပြချက်မှာ သံသယလွန် ကဲမှု ဖြစ်နေပြီး မှန်ကန်မှုလည်း မရှိပေ။ ဆိုရှယ်ဒီမိုကရက်များ အာဏာရ ချိန်တွင် ဂျာမနီစီးပွားရေးမှာ အဆိုးဆုံးအနေအထားကို ရောက်နေသည်။ ဂျာမန်လူမျိုး သန်းပေါင်းများစွာသည် အလုပ်လက်မဲ့ပြဿနာ၊ အစာရေစာ ပြတ်လပ်သည့် ပြဿနာတို့နှင့် ရင်ဆိုင်နေရသည်။ စီးပွားရေးအကျပ် အတည်းကြောင့် ဂျာမနီသည် အစိုးရကို မည်သူက ထိန်းချုပ်ထားသည် ဖြစ်ပါစေ၊ ငြိမ်းချမ်းရေးကို ဆွေးနွေးရမည်သာ ဖြစ်ပါသည်။

“ဂျူး လျှို့ဝှက်ကြံစည်မှု” မှာ ဟစ်တလာ၏ စိတ်ကူးဖန်တီးချက် တစ်ခုမျှသာ ဖြစ်ပါသည်။ လေးနှစ်ကြာစစ်ပွဲအတွင်းတွင် ဂျာမန်ဂျူးများ သည် မျိုးချစ်စိတ်ရှိကြောင်း သက်သေပြခဲ့ကြပြီးဖြစ်သည်။ ဂျာမနီစစ်တပ်တွင် ဂျူးတို့က အခြားတိုင်းရင်းသား သို့မဟုတ် အခြားသော ဘာသာရေး အုပ်စုများထက် ပိုမိုများပြားခဲ့ပါသည်။ စစ်ပွဲအပြီးတွင် ကတုတ်ကျင်းများ ထဲဝယ် ဂျူးလူမျိုး ၁၂,၀၀၀ ခန့် သေဆုံးခဲ့ကြသည်။

သို့ရာတွင် ထိုအချက်အလက်များကို ဟစ်တလာအလေးမထားပေ။ သူ့၌ အမုန်းတရားသာရှိသည်။ အနာဂတ်တွင်လည်း သူ့စိတ်သည် အမုန်း တရားကိုသာ စူးစိုက်ထားသည်။ နိုဝင်ဘာရာဇဝတ်ကောင်များ” က ဂျာမနီကို စစ်ရှုံးအောင်လုပ်တာဟု သူပြောသည်။ ယခုမူ သူသည် စစ်ရှုံး အောင်လုပ်သူများကို လက်စားချေချင်သည်။ ဆိုရှယ်ဒီမိုကရက်များ၊ ဂျူး များ၊ ငြိမ်းချမ်းရေးမြတ်နိုးသူများကို ရှင်းပစ်ရမည်ဟု သူ သန္နိဋ္ဌာန်ချလိုက် လေသည်။ အငြိုးအတေးကြီးလှသော သူ့အတွေးထဲတွင်ကား သူသည်သာ ဂျာမနီကို အရှုံးကနေ နိုးထစေမည့်သူဟု အတွေးဝင်စပြုပြီဖြစ်ပါ

View full details