Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဆွေမြင့် - တစ်ယောက်တစ်လှည့်

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

တစ်ယောက်တစ်လှည့်

အခန်းတွင်းရှိ အလင်းရောင်များက ပိုမိုထိန်လင်းလာသည်။ ထူးခြား ဆန်းကြယ်သော၊ နိမိတ်မကောင်းသော အသွင်သဏ္ဌာန်ဖြင့် မီးပွားများက ဖျတ်ခနဲ၊ ဖျတ်ခနဲ ပွင့်ထွက်ဖြစ်ပေါ်လာသည်။

ပေါလ်မောင်ဂိုမာရီ၏ အက်ကွဲနက်ကြောသော အသံကြီးကို ကြားလိုက် ရသည်။

“လွန်ခဲ့တဲ့ နှစ်နှစ်တာ ကာလလုံးလုံး ကျွန်ုပ်တို့နှစ်ယောက် သေဆုံးခဲ့ကြ ရပါတယ်။ အခုလို လက်ရှိအခြေအနေကို ပြန်လည်ရောက်ရှိလာဖို့ အပြင်းအထန် ကြိုးစားခဲ့တဲ့အတွက် ...”

သူက စကားသံကို ခေတ္တမျှ ရပ်တန့်လိုက်သည်။ ထိုအခိုက်အတန့်တွင်မီးပွားများက မိုးရွာချလိုက်သည့်အလား သူတို့ ဦးခေါင်းနှင့် ကိုယ်ခန္ဓာပေါ် သို့ သွန်းလောင်းကြဲဖြန့်ကျလာသည်။ ။

နီယွန်မီးကွင်းက ပိုမိုလင်းထိန် တောက်ပလာသည်။

“အံ့သြစရာကောင်းတဲ့ မိုးကြိုးဓာတ်အားတွေဟာ ကျွန်ုပ်တို့ ခန္ဓာကိုယ်ကို ဖြတ်သန်းစီးဆင်းသွားကြတယ်။ အဲဒီအခါမှာ အဆုံးအစမရှိတဲ့ စွမ်းအားတွေနဲ့ အတူ အခုလို ကျွန်ုပ်တို့ ပြန်လည် ရှင်သန်လာခဲ့ကြခြင်း ဖြစ်ပါတယ်” ။

သူသည် မှိန်ပျပျဖြစ်လာသော ဖန်ပြွန်ကွင်းကို မြှောက်ပြလိုက်သည်။

ရှေ့ဆုံးမှ ပရိသတ်အနီးသို့ ခြေလှမ်းတိုး၍ နောက်သို့ တစ်လှမ်းပြန်ဆုတ် သည်။

          “ကဲ... ပရိသတ်ထဲက တစ်ယောက်လောက် ဟောဒါလေးကို ကိုင်ပေး ပါ”

                ပရိသတ်ရှေ့ဆုံးတန်းမှ မိန်းမပျိုတစ်ယောက် ထလာသည်။ ပေါလ် လှမ်းပေးသော ဖန်ပြွန်ကွင်းကို ကိုင်ဆောင်လိုက်သည်။ ပေါလ် မောင်ဂိုမာရီနှင့် ဂျနီဖာ ဖန်ပြွန်ချောင်း၏ ထိပ်တစ်ဖက်တစ်ချက်စီတွင် ကိုင်ထားကြသည်။ အလယ် မှ မိန်းမပျိုအပါအဝင် သုံးယောက်သား ဖန်ပြွန်ချောင်းကို စုပေါင်း ဆုပ်ကိုင်နေ ကြသည်။

ပေါလ်မောင်ဂိုမာရီက ဂျနီဖာဘက်သို့ လှည့်ကြည့်လိုက်သည်။

“ကျွန်ုပ်တို့နဲ့အတူ သက်တမ်းရှည်စွာ နေနိုင်ကြပါစေ”

ပေါလ် မောင်ဂိုမာရီက ဆုမွန်တောင်းသော အသံနေ အသံထားဖြင့် ရွတ် ဆိုလိုက်သည်။ အဝါရောင် မီးရောင်သည် ပရိသတ်ပေါ်သို့ ကျရောက်လာသည်။ ခေတ်ပေါ်အဆိုတော် နာမည်ကြီး တယ်ရီတာဝါကို မီးရောင်အောက်တွင် တွေ့ရ သည်။ နောက်ဆုံးပေါ် ဝတ်စားဆင်ယင်မှုဖြင့် ဆံပင်ရှည်ရှည်၊ နီကြောင်ကြောင် လှည်းဘီးမျက်မှန်ဝိုင်းကြီးကို တပ်ဆင်ထားသည်။

တယ်ရီတာဝါ၏ အတွဲဖြစ်သော တော်လီဆိုသော အမျိုးသမီးလည်း ပါ သည်။ တော်လီ ဝတ်ဆင်ထားသည်မှာ ကြောင်ကြောင်ကျားကျား မျက်စိနောက် စရာ ဝတ်စုံဖြစ်သည်။ ။

ဟန်ဂေရီ ရုပ်ရှင်မင်းသမီးတစ်ဦးသည် သူ၏ သက်တော်စောင့် လူငယ် တစ်ယောက်နှင့်အတူ ယှဉ်တွဲထိုင်နေသည်။

သူတို့အပေါ်သို့ မီးရောင်ကျလာသောအခါ အံ့ဩသွားကြသည်။

နောက်ထပ် အပြာရောင် ဖန်ပြွန်တစ်ခုမှာ တောက်ပလာသည်။ ပရိသတ် များအပေါ်သို့ ဖြန့်ကြက်လွှမ်းခြုံလိုက်သည်။

အခြား ထင်ရှားကျော်ကြားသူများကို ပရိသတ်ထဲတွင် တွေ့မြင်ကြရသည်။ ကွမ်းရိုးစင်းဝတ်စုံနှင့် ဗြိတိသျှ စာရေးဆရာ။ မုတ်ဆိတ်ဖွားဖွားနှင့် သိပ္ပံပညာရှင်။ ရွှေဒင်္ဂါးပြားများဖြင့် ဂါဝန်တစ်ခုလုံး ခြယ်မှုန်းထားသော သူကြွယ်မ။

အမျိုးသမီးမဂ္ဂဇင်းအယ်ဒီတာ ယောက်ျားလျာမနှင့် ကမ္ဘာကျော်အနုပညာ အသိုက်အဝန်းများ၊ စာပေပညာရှင်များ အားလုံးသည် မီးရောင်ထဲတွင် စိတ် လှုပ်ရှားမှုများကို ခံစားနေကြရသည်။

ထိုပရိသတ်ထဲတွင် စိတ်လှုပ်ရှားခြင်း၊ အံ့ဩခြင်း မဖြစ်သော လူ တစ် ယောက် ပါသည်။ ထိုသူမှာ ဂျနီဖာ၏ ရှေ့နေ ဟယ်ရီဂေါ်ဒန်ဖြစ်သည်။ သူသည် ရှေ့နေအဝတ်အစား ကိုးရိုးကားရားကြီးဖြင့် အနေရ အထိုင်ရ ကျဉ်းကျပ်လျက် စိတ်မသက်မသာ ဖြစ်နေသည်။ ။

စက်ကိရိယာတစ်ခု၏ ဒိုင်ခွက်တွင်းရှိ အိမ်မြှောင်က တရွေ့ရွေ့ လည်နေ သည်။

ပေါလ်မောင်ဂိုမာရီက ဆက်လက်၍ အချိန်ကို ရေရွတ်လိုက်သည်။ သူက ပရိသတ်ကို ကျောပေးထားသည်။///

သူသည် ပရိသတ်ဘက်သို့ မျက်နှာမူလိုက်သည်။ သူ၏ လက်ကို ဂျနီဖာ၏ ပခုံးပေါ်သို့ တင်သည်။

“ကျွန်ုပ်တို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက် တစ်နှစ်မြောက်တိုင်း ဓာတ် အား တစ်သောင်း ဖြစ်ပါတယ်”

လက်ခုပ်ဩဘာသံများက ဆူညံသွားသည်။

အခန်းတစ်ခုလုံး မီးရောင်များဖြင့် လင်းထိန်သွားသောအခါတွင် ရှန်ပိန် ဖြင့် ဧည့်ခံသည်။

ဧည့်ပရိသတ်က ဂျနီဖာနှင့် ပေါလ်အတွက် ဆုမွန်တောင်း၍ သောက်ကြ သည်။

ပြခန်းထဲတွင် အဆင်ပြေစွာ ခင်းကျင်းပြသထားသည်။

ရှေးဟောင်းပစ္စည်းများနှင့် ခေတ်ပေါ်ပစ္စည်းများကို ရုပ်တုများနှင့် အချိုး ကျစွာ ပေါင်းစပ်ထားသည်။ အဖိုးထိုက် အဖိုးတန် ရှေးဟောင်း ပန်းချီကားများ၊ ခေတ်ပေါ် ပန်းချီကားများနှင့် လက်ရှိ တင်းစတိန်း ရုပ်ပြောင်များကို နံရံပေါ်တွင် ချိတ်ဆွဲထားသည်။

အမျိုးအမည် ဖော်ပြ၍ မရနိုင်သော စိတ္တဗေဒဆန်သည့် တည်ဆောက် မှု ထောင့်ချိုးများ၊ အဖြူ၊ အမည်း နှစ်ရောင်ဖြင့် ဂဲသြမေထရီဆိုင်ရာ ပဟေဠိဒီဇိုင်း များ။

ထိုဒီဇိုင်းများကို တစ်ဖန် မီးစလောင်းနှစ်ခုဖြင့် အလင်းရောင် ထိုးပေးထားသည်။

ထိုမီးရောင်အောက်တွင် ရှေးဟောင်း ရွှေစင် ရွှေသားဖြင့် ပေါင်ကြက် ထားသော ပတ္တူဖျင်ပေါ်တွင် ရှေးဟောင်းမျက်နှာကြီးများကို တွေ့ရသည်။

ဧည့်ပရိသတ်က ဖန်ခွက်ထဲသို့ ရှန်ပိန်များ ထပ်မံ င့်ထည့်နေသည်။ အထက်သို့ လက်ဆန့်တန်း၍ မြှောက်ကြပြန်သည်။ နောက်ထပ် ဆုတောင်းကြ ခြင်းပင်။

အခြားဧည့်သည်များထက် အဆိုကျော် တယ်ရီတာဝါ၏ အသံက ပိုမို ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“ပေါလ်နဲ့ ဂျနီဖာအတွက် ဆုမွန်တောင်းပါတယ်။ ကျွန်တော့်ရဲ့ အနုပညာ ကို အလေးအနက် အားပေးတဲ့ ပရိသတ်အနည်းငယ်ထဲမှာ သူတို့ ဇနီးမောင်နှံပါတယ်။ သူတို့ ဘာဖြစ်လို့ ကျွန်တော့်ကို အားပေးကြရသလဲဆိုရင် ကျွန်တော့် နည်းတူ ရူးသွပ်နေကြသူတွေ ဖြစ်လို့ပါပဲ၊ ပေါလ်နဲ့ဂျနီဖာတို့ ဇနီးမောင်နှံရဲ့ ဒုတိယ အကြိမ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့အတွက်”

ဂျနီဖာ ဝတ်ဆင်ထားသော စိန်တစ်ဆင်စာ ကျောက်မျက်ရတနာများမှာ အဖြူရောင် မီးတောက်ဖြစ်နေသည့်အလား ဂျနီဖာ လှုပ်ရှားသည့်အခါတိုင်း တဖျပ် ဖျပ် ဝင်းလက်နေသည်၊ သူမ၏ ဂါဝန်မှာ ဝိတိုရိယခေတ်ပုံစံကို အတုယူ၍ ချုပ် ထားသော လည်ပင်းပေါက်ကျဉ်းသော ဒီဇိုင်းမျိုးဖြစ်သည်။

ရွှေဒင်္ဂါးပြားများသီ၍ ဂါဝန်ချုပ်ထားသော သန်းကြွယ်သူဌေးမ၏ အမည် မှာ စီလီယာဖြစ်သည်။ စီလီယာက ရှေ့နေကြီး ဟယ်ရီဂေါ်ဒန်ဘက်သို့ လှည့်ကြည့်သည်။

ဟယ်ရီဂေါ်ဒန်၏ လက်ထဲတွင် စကော့ခ်ျဝီစကီ ဖန်ခွက်ကို ကိုင်ထားသည်။ သူသည် စကော့ခ်ျဝီစကီကို ရှန်ပိန်ထက် ပို၍နှစ်သက်သူ ဖြစ်သည်။

“ဘယ့်နှယ်လဲ” ရှေ့နေကြီးက စီလီယာအား မေးလိုက်သည်။

“ကောင်းပါတယ်။ သမားရိုးကျမဟုတ်တဲ့ ထူးထူးခြားခြား ဆန်းဆန်းပြား ပြား ပါတီပွဲတစ်ခုပါပဲ။ ရှင်ကတော့ သူတို့ ဇနီးမောင်နှံနဲ့ပတ်သက်လို့ အနီးကပ် ပေါင်းနေတဲ့ လူတစ်ယောက်ပဲ”

စီလီယာ၏ ထင်မြင်ချက်ကို ရှေ့နေကြီးဟယ်ရီဂေါ်ဒန်က အပြုံးဖြင့် ခေါင်းညိတ်ပြသည်။

စီလီယာက ဆက်၍ မေးသည်။

“အဲဒီ ချောက်ချားစရာကောင်းတဲ့ လျှပ်စစ်လုပ်ပုံ လုပ်နည်းက ဘယ်လို များလဲ ရှေ့နေကြီး”

ဟယ်ရီဂေါ်ဒန်၏ အပြုံးက ပိုမိုကျယ်ပြန့်သွားသည်။

“ဆန်းဆန်းပြားပြား ပြသဖို့ တမင်သက်သက် ဖန်တီးထားတဲ့ စက်မှုပစ္စည်း က ထွက်ပေါ်လာတာပါ။ သူတို့ ကတ်သီးကတ်သတ် ရှာဖွေစုဆောင်းပြီး ပြုပြင် တီထွင်ထားတဲ့ ပစ္စည်းတစ်ခုပါပဲ။ ဂျနီဖာနဲ့ပေါလ်တို့ ဇနီးမောင်နှံကတော့ ဖြစ်ရိုး ဖြစ်စဉ်မဟုတ်တဲ့ ဆန်းဆန်းပြားပြား ကစားနည်းတွေကို နေ့စဉ်နဲ့အမျှ ရှာဖွေ စဉ်းစားပြီး တစ်ခုမဟုတ် တစ်ခုလုပ်နေကြလေ့ရှိတယ်”

“ရှေးဟောင်း ပန်းချီကားတွေကကော အစစ်အမှန်ဟုတ်ရဲ့လား” စီလီယာက စပ်စုသည်။ “ဟာ... အဲဒါကတော့ သေချာတယ်။ တကယ့်အစစ်မှန်တွေပါ” ရှေ့နေကြီးက ဖျာပျာသလဲ ပြောဆိုသည်။ “ရှင် ဘယ်လိုလုပ်ပြီး တိတိကျကျ ပြောနိုင်သလဲ”

“ပြောနိုင်တာပေါ့ဗျာ။ အဲဒီ ပန်းချီကားတွေဟာ ဂျနီဖာရဲ့ ဆွေစဉ်မျိုးဆက် အမွေဆက်ခံခဲ့တဲ့ ပစ္စည်းတွေဖြစ်နေတယ်လေ”

ထို့နောက် ဟယ်ရီဂေါ်ဒန်က ဖန်ခွက်ကိုင်ထားသော လက်ဖြင့် ရွှေသား ပေါင်ကွပ်ထားသော ပန်းချီကားကို ညွှန်ပြ၍ ပြောပြန်သည်။

“အဲဒီ ပန်းချီကားကို ကျုပ် အရမ်းသဘောကျတယ်။ ဒါမျိုးတစ်ကားလောက် အပိုင်ဝယ်ထားချင်တယ်။ ဈေးကတော့ ဒေါ်လာသိန်းနဲ့ချီပြီး တန်တယ်။ ဟိုဘက်က ပန်းချီကားကိုတော့ သဘောမတွေ့ဘူး။ အဲဒီပစ္စည်းရဲ့ အရသာကို ကျုပ် ပြည့်ပြည့် ဝဝ မခံစားတတ်လို့ပဲ ဖြစ်မှာပါ။ ပေါလ်ကတော့ ခံစားတတ်ပုံရတယ်လေ”

“ပေါလ်က အနုပညာပစ္စည်းကို အရသာခံစားတတ်တယ်၊ ဟုတ်ရဲ့လား” စီလီယာက ထောက်၍မေးလိုက်သည်။ ။ ဟယ်ရီဂေါ်ဒန်က ပခုံးတစ်ချက်တွန့်ပြသည်။

“အဲဒါတွေကို သူကိုယ်တိုင်ရွေးချယ်ပြီး ဝယ်လာတာပဲ။ ကျသင့်တဲ့တန်ဖိုး ကို ဂျနီဖာက ကျုပ် မျက်မှောက်မှာပဲ ချက်လက်မှတ်ပေါ်မှာ ဆိုင်းထိုးပေးတယ် လေ”

“ဘယ်လောက်များ အသုံးဝင်တဲ့ ယောက်ျားလဲနော်။ ရုပ်လည်း ချော တယ်။ ကိုယ်လုံးကိုယ်ပေါက်ကလည်း သန်မာတောင့်တင်းတယ်။ အတွေးအခေါ်၊ အမြော်အမြင်လည်းရှိတယ်။ ဂျနီဖာက သူ့ကို ဘယ်နေရာမှာ ရှာတွေ့လာတာလဲ”

စီလီယာက တီးတိုးမေးခွန်းဖြင့် စပ်စုသည်။ “ဆွစ်ဇာလန်မှာ စပြီးတွေ့ခဲ့တာပေါ့” စီလီယာက မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။

“ဟုတ်မှာပေါ့၊ ဆွစ်ဇာလန်က နှင်းတောင်တွေရဲ့ ဆင်ခြေလျှော တစ်ခု တစ်ခုမှာ သူလိုလူစားမျိုးတစ်ယောက်တော့ အမြဲတွေ့ခဲ့ရတာပဲ”

စင်စစ်အားဖြင့် ခပ်ပေါပေါအစားထဲမှာ ဂျနီဖာက ခေါင်းခေါက် ရွေးချယ်