ဆောင်း၀င်းလတ် - မီးပြတိုက်
ပိတောက်ဖူးကလေးများမှာ အိပ်ပျော်နေကြဆဲပင် ဖြစ်သည်။ နွေဦးသစ်စမို့ သင်္ကြန်လက်ဆေးမိုးလည်း မရွာသေးပေ။ လမ်းဘေးဝဲယာတွင်မူ ရွက်ဝါတို့က သည်းသည်းလှုပ်မျှ ကြွေကျနေဆဲပင်ဖြစ်သည်။ ပုရစ်ဖူးစ နီကျင်ကျင် ရွက်တချို့ ကိုလည်း ပင်အိုတို့တွင် တွေ့ရတတ်သေးသည်။ နံနက်ခင်း၏ ခြံဝင်းကား ငှက်သံမှတစ်ပါး တိတ်လျက်။ အိန္ဒိယတိုင်းရင်းသား သတင်းစာပို့သမားလေး လာပို့သွားသော နေ့စဉ်ထုတ် သတင်းစာများကို ဖတ်ရင်း ဒေါ်ခင်ခင်မြမှာ ငိုင်ကျ သွားပေသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးမရသေးသောကာလ။ ရုံးပြင်ကန္တာမှန်သမျှ ဗြိတိသျှ အရာရှိများ အုပ်စိုးထားဆဲသမယဖြစ်သည်။
တိုးတက်ရေးသတင်းစာထဲတွင် ကမ္ဘာကြီးအား စစ်ရိပ်စစ်ငွေ့များ သန်းစပြုပြီ ဆိုသည့် ကြေကွဲဖွယ်ရာ အဖြစ်သနစ်တချို့ သူရိယသတင်းစာထဲမှာလည်း ပါလာ သည်။
ဒေါ်ခင်ခင်မြက သူရိယသတင်းစာကိုကိုင်ရင်း ထမင်းစားစားပွဲတွင် အိုဗာတင်းတစ်ခွက်ကို ထိုင်သောက်နေသော ခင်ပွန်းသည်ဖြစ်သူ ဦးလှိုင်ကျော်အား သွားပေးလိုက်သည်။
ပေါင်မုန့်မီးကင်ထောပတ်သုတ်တစ်ချပ်ကို မျှောချနေရင်းက ဦးလှိုင်ကျော် က
သတင်းထူးသေးလဲ” ဟု ဇနီးဖြစ်သူအား ခပ်တိုးတိုးမေးလိုက်သည်။ “စစ်ရိပ်စစ်ငွေ့ တွေကတော့ စိုးရိမ်စရာပဲ။ ပင်လယ်ထဲရောက်နေတဲ့ သားလေး ကို ရှင် ပြန်မခေါ်သေးဘူးလား။ သားသမီးကို အလိုလိုက်တယ်ဆိုတာ အတိုင်း အတာတစ်ခုအထိပဲ ကောင်းမယ် ကိုလှိုင်”
ဒေါ်ခင်ခင်မြ၏စကားကြောင့် ဦးလှိုင်ကျော်က “ငါ့သား မင်းဇော် ပင်လယ်ထဲသွားနေတာ သက်သက်သွားပြီး အချိန် ဖြုန်းတီးနေတာ မဟုတ်ဘူးကွ။ တစ်နေ့မှာ ငါတို့ မြန်မာပြည် လွတ်လပ်ရေးရတဲ့ အခါကျရင် မြန်မာ့ပင်လယ်ပြင်ကို မြန်မာလူငယ်တွေ စိုးမိုးနိုင်ရမယ်။ မြန်မာ့ ပင်လယ်ပြင်ထဲက အလုပ် တော်တော်များများကို မြန်မာလူငယ်တွေက ဦးစီး ဦးဆောင်ပြုသွားနိုင်ရမယ်ဆိုတဲ့ သူ့ရဲ့ အတွေးအခေါ် အမြော်အမြင်နဲ့ ဘယ်သူမှ စိတ်ကူးထဲမထည့်တဲ့ ဒီအလုပ်ကို အိန္ဒိယအလုပ်သမားတွေကြားထဲမှာ ပင်ပန်း ဆင်းရဲခံပြီး အောက်သက်ကြေအောင် အောက်ခြေသိမ်းကအစ အလုပ်သမားဘဝ နဲ့ သွားလုပ် သွားလေ့လာနေတာ မင်းလည်းအသိပဲ။ သူ့ ရည် ရွယ်ချက်က
ကောင်းနေတယ်။ စွန့်စားချင်တဲ့ ယောက်ျားပီသတဲ့ သူ့ရဲ့ စိတ်ဓာတ်က ကောင်းနေ တယ်။ ဒီရည်ရွယ်ချက်နဲ့ ဒီအလုပ်ကို (၆)လသွားလုပ်ပါရစေဆိုပြီး မိဘကို ခွင့်တောင်းလို့ ငါ ခွင့်ပြုလိုက်တာပဲ။ (၆)လပြည့်တဲ့အခါ မင်း သားလေး ပြန်ရောက်လာမှာပဲ။ တစ်ခါတည်း သေရွာကိုသွားတာမှ မဟုတ်ဘဲကွာ။ ဘာတွေ တွေးပြီး ပူပင်နေတာလဲ”
ဟု ခပ်အေးအေးပင် ပြန်ပြောလိုက်လေသည်။ ပြီးတော့ ဧည့်ခန်းဆီသို့ ထ,ထွက်သွားကာ သတင်းစာကို စိတ်ဝင်တစား ဖတ်နေလေသည်။
ဒေါ်ခင်ခင်မြကား မျက်ရည်တွေရစ်ဝဲလာသည်အထိ ရုတ်တရက် ဝမ်းနည်းမိ လေသည်။
တစ်ဦးတည်းသောသားကလေး မင်းဇော်မှာ တက္ကသိုလ်ပညာကို အိုင်အေ စီနီယာတန်းအထိ တက်ပြီးချိန်တွင် ဖခင်ဖြစ်သူ အထက်တန်းရှေ့နေ ဦးလှိုင်
ကျော်ထံမှ နယ်ချဲ့ဆန့်ကျင်ရေး၊ မြန်မာပြည် ဗြိတိသျှကိုလိုနီစနစ်အောက်မှ လွတ်လပ်ရေး စကားလုံးများကို နာခံရင်း ယခုလို မဟုတ်ကဟုတ်က အလုပ်တွေ စိတ်ကူးတည့်ရာ လျှောက်လုပ်နေသည်ဟု ဝမ်းနည်းကြေကွဲစွာ ဒေါ်ခင်ခင်မြ ယူကျုံးမရ ဖြစ်နေမိလေသည်။
သားလေးကို ရင်အုပ်မကွာထားချင်၏။ ဘီအေတန်းအထိ အောင်စေချင်၏။
ရုံးတစ်ရုံးတွင် ပြန်တမ်းဝင်အရာရှိ ဖြစ်စေချင်၏။ ရွှေပေါ်မြတင် နေစေချင်၏။ | ဒေါ်ခင်ခင်မြကိုယ်တိုင်လည်း ခေတ်ပညာတတ်အသိုင်းအဝိုင်းကြားမှာ မွေးဖွား ကြီးပြင်းလာရသူဖြစ်သည်။
နိုင်ငံရေးကို ဒေါ်ခင်ခင်မြ စိတ်မဝင်စားပေ။ အရေးကြီးတာက မိသားစု စားဝတ်နေရေး ပြေလည်ပြီး ဥမကွဲသိုက်မပျက် နေထိုင်နိုင်ရေးပင်ဖြစ်သည်ဟု သူ့အနေနှင့် ရိုးရိုးပင် တွေးလေသည်။ သားလေးမင်းဇော်ကိစ္စနှင့် ပတ်သက်၍ ဆွေမျိုးသားချင်းနှင့် မိတ်ဆွေအသိုင်းအဝိုင်းတချို့က ပြစ်တင်ရှုံ့ချသည်ကိုလည်း ခံစားနေရသည်။ လူ့ခွစာ ဦးလှိုင်ကျော်၏ အတွေးအခေါ်မှားယွင်းမှုကြောင့်
မောင်မင်းဇော်ဘဝ ပျက်စီးဆုံးရှုံးနစ်နာသွားပြီဟု ရင်ထုမနာပြောသူတွေက ပြော ကြသည်။
ဒါကို ဦးလှိုင်ကျော်က လုံးဝဂရုမစိုက်ခဲ့ပေ။ “လူတွေက အဲဒါခက်နေတာပဲကွ၊ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လွတ် မြောက်ရေး လုပ်နေတဲ့ ပညာတတ် မြန်မာလူငယ်တွေကို အားမပေးချင်တဲ့အပြင် အပြစ်တင်နေကြတယ်။ တစ်သက်လုံး သူများကျွန်ပြုတာ ခံသွားကြတော့မှာလား။
နားလည်တတ်ကျွမ်းဖို့ လိုလာလိမ့်မယ်။ မြန်မာတိုင်းရင်းသားလူငယ်တွေဟာ ရေပြင်၊ မြေပြင်နဲ့ ကောင်းကင်ကို ဖြန့်ပြီး အုပ်ချုပ်နိုင်ရမယ်။ တစ်နေ့ကျ မြန်မာပိုင် ပင်လယ်ကူးသဘောကြီးတွေ ရှိလာရမယ် ။ ဒီသင်္ဘောကြီးတွေ့ ဒီ လေယာဉ်ပျံကြီးတွေကို မြန်မာလူငယ်တွေက အုပ်ချုပ်ကွပ်ကဲပြီး မောင်းနှင်နိုင်ရ မယ်။ ခရီးသွားနိုင်ရမယ်။ ငါတို့သားလေး မင်းဇော်က ပညာတတ်လူငယ် တစ်ယောက်ဆိုတာ မှန်ပါတယ်။ တစ်နေ့ နိုင်ငံအုပ်ချုပ်ရေးပိုင်းမှာ သူလည်း တစ်နေရာရာက ပါလာမှာပဲ။ ဒီကလေးက မြန်မာ့ပင်လယ်ပြင်ကြီးကို စာအုပ် စာတမ်းတွေ အထောက်အထား ဓာတ်ပုံတွေကြည့်ပြီး စိတ်ဝင်စားနေတာ ကြာပြီ။ သူ့သူငယ်ချင်းတချို့ဆို ရေကြောင်းသွားလာရေးပညာရပ်ကို စိတ်ဝင်စားလို့ ကိုယ့်စရိတ်နဲ့ ကိုယ့်မိဘတွေကို ပူဆာခွင့်တောင်းပြီး အိန္ဒိယကတစ်ဆင့် အင်္ဂလန်
မှာ ရေကြောင်းသိပ္ပံပညာတွေ သွားသင်နေကြပြီ။ မင်းဇော်သူငယ်ချင်း ခင်မောင် | ရင်ဆိုရင် လေယာဉ်အတတ် သွားသင်နေတယ်။ မောင်မင်းဇော်ကျတော့ မြန်မာ နိုင်ငံကို အလောင်းမင်းတရားကြီးလက်ထက်တော်ကတည်းက ကုန်သွယ်မှုစနစ်မှာ အချက်အချာကျတဲ့ ဆိပ်ကမ်းအဝင်အထွက်၊ အကောက်ခွန်ကိစ္စ၊ အုပ်ချုပ်ရေး စနစ်ကို အခြေတည်ခဲ့တာတွေ လေ့လာပြီး အခု အင်္ဂလိပ်လက်ထက်မှာ အင်္ဂလိပ် ဆိပ်ကမ်းအာဏာပိုင်အရာရှိတွေဟာ ဆိပ်ကမ်းနဲ့ ပတ်သက်လာရင် ရေကြောင်းနဲ့ ပတ်သက်လာရင် ဘယ်လိုစနစ်တွေနဲ့ အုပ်ချုပ်နေလဲဆိုတာ အတွင်းကျကျ စိတ်ဝင် တစား လေ့လာချင်တဲ့စိတ် သူ့မှာ ဖြစ်ပေါ်နေတယ်။ အထူးသဖြင့် မြန်မာ့ ပင်လယ် နယ်နိမိတ်မှာ အချက်အချာကျတဲ့နေရာမှာ အင်္ဂလိပ်က မီးပြတိုက်တွေ၊ မီးပြလှေတွေ နေရာချထားပေးတာ သူ လေ့လာနေတယ်။ ထူးခြားချက်တစ်ခုက ဒီမီးပြတိုက်နဲ့ မီးပြလှေလုပ်ငန်းဟာ ပင်ပန်းလွန်းလို့ မြန်မာတွေ မလုပ်နိုင်ဘူးဆိုပြီး အိန္ဒိယလူမျိုး | အလုပ်သမားတွေကို ရွေးပြီးထားတာ။ မောင်မင်းဇော်က ဘဝင်မကျ ဘူး။ တစ်နေ့မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီဆိုတဲ့အခါကျရင် မြန်မာ့ပင်လယ် ပြင်မှာ မြန်မာလူငယ်တွေဟာ ဘယ်လိုလုပ်ငန်းမျိုးကိုမဆို အောက်ခြေသိမ်း သိသင့် သိထိုက်တာမှန်သမျှ သိထားသင့်တယ်။ သိထားနားလည်ထားမှ မိမိ ပညာအရည် အချင်းအလိုက် သက်ဆိုင်ရာ မြန်မာအလုပ်သမားတွေကို ခန့်ထားပြီး စီမံနိုင်မယ်၊ ကွပ်ကဲနိုင်မယ်၊ အုပ်ချုပ်နိုင်မယ်၊ အလုပ်သမားတွေရဲ့ဘဝ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ သူက ယုံကြည်ထားတယ်။ ဒါကြောင့် ဖေဖေ့အသိ ရေကြောင်းဌာနက အရာရှိ မစ္စတာတွမ်မလိုကို ခွင့်တောင်းပြီး သားလေ့လာချင်တဲ့
ပင်လယ်ထဲက မီးပြတိုက်မှာ ၆လလောက် သွားအလုပ်လုပ်ခွင့်ပေးပါဖေဖေလို့ ပြောကာ မင်းလည်း အသိသားပဲ။ သားရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲဆိုတာ ဆွေမျိုး သားချင်းနဲ့ မိတ်သင်္ဂဟတွေကို မင်း ရှင်းမပြတတ်ဘူးလား။ မင်းမှာ ပါးစပ်မပါ ဘူးလား။ ဒီလိုရှင်းပြတာကိုမှ သူတို့က လက်မခံနိုင်ကြရင်လည်း နေပစေပေါ့ကွာ။ ငါလည်း မိဘအရင်းပါ။ ငါ့သားကို ငါ ချစ်တတ်တာပေါ့ ။ သေရွာသွားရမယ့် လမ်းပဲဖြစ်နေပါစေ၊ သားသမီးရဲ့ ရွေးချယ်တဲ့လမ်းကြောင်းက ဘယ်သူ့ကိုမှ အဆိပ်အတောက်မဖြစ်နိုင်ဘူးဆိုရင် မိဘက ခွင့်ပြုရမှာပဲ။ အများကောင်းဖို့ သူလုပ်နေတာကွ”
ဦးလှိုင်ကျော်က ဤသို့ ပင် ခပ်ပြတ်ပြတ်ပြောခဲ့ရပေါင်း များပေပြီ။ ရှေ့နေ ဆိုတော့ ဆင်ခြေဆင်လက်ကလည်း ပေးတတ်ပဟု မေးသူက ကြသေး
သည်။ ဦးလှိုင်ကျော် ဂရုမစိုက်။ သူ အမှုလိုက်ပေးတာကအစ ပိုက်ဆံနွမ်းပါး ချို့တဲ့သော မြန်မာတိုင်းရင်းသားများဘက်မှသာ ရွေးပြီး လိုက်ပေးနေသည်။ မည်သည့်နိုင်ငံခြားသားက ပိုက်ဆံမည်မျှပုံပေးပေး မလိုက်ခဲ့။ သူ ဥပဒေပညာ သင်ယူထားတာ မြန်မာတိုင်းရင်းသားများ ဥပဒေပညာကို လေးစားလိုက်တာတတ် ဖို့နှင့် မြန်မာတိုင်းရင်းသားများဘက်က အမှန်တရားကို ခုခံကာကွယ်ချေပဖို့ | အတွက်သာ ဖြစ်လေသည်။ ဦးလှိုင်ကျော်၏ ရိုးဖြောင့်တည်ကြည်မှုနှင့် ပြတ်သားမှု ကို ရိပ်စားမိသော အင်္ဂလိပ်အရာရှိ အသိုင်းအဝိုင်းတချို့ကပင် သူ့ကို ဂရုထား လေးစားမှု ရှိကြပေသည်။ ထိုအုပ်စုထဲတွင် မင်းဇော်ကို အလုပ်သွင်းပေးသော ဆိပ်ကမ်းရုံးအရာရှိ မစ္စတာတွမ်မလိုလည်း ပါပေသည်။ ထို့ကြောင့် အိန္ဒိယလူမျိုး | အလုပ်သမားများကြားတွင် ရှားရှားပါးပါး မြန်မာအလုပ်သမား မင်းဇော်ဆိုတာ ရှိလာရခြင်းဖြစ်၏။