Skip to product information
1 of 3

Other Websites

ဆောင်း၀င်းလတ် - နံနက်(၃)နာရီ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဤဝတ္ထုနှင့် ပတ်သက်၍

မြစ်ဝကျွန်းပေါ် ဒေသတစ်ခုလုံးသည် ကျွန်တော်နှင့်မစိမ်း။ ထို နည်းတူစွာ ပန်းတနော်မြို့ကလေးနှင့်လည်း ကျွန်တော် ရင်းနှီးကျွမ်းဝင်ခဲ့ ဖူးသည်။ မြန်မာတိုင်းရင်းသားများထဲမှ ထူးထူးခြားခြား ပန်းချီဆရာတစ်

ယောက် စတင်မွေးဖွားခဲ့ရာ မြို့ကလေးဖြစ်သည်။ ထိုမြို့ကလေးကို ရောက်တိုင်း၊ ဆရာကြီးဦးဘဉာဏ်၏ ဇာတိမြို့ကလေးဟူသော အသိက ကျွန်တော့်ရင်ကို လှုပ်ရှားစေခဲ့ဖူးသည်။ ဆရာကြီး၏ အနုပညာနှင့် ပတ် သက်၍ စာအုပ်စာတမ်းတွေ ကျွန်တော်ဖတ်ဖူးသည်။ ၁၉၆၃ ခုနှစ်၊ မြန်မာ့စွယ်စုံကျမ်း အတွဲ (၈)တွင် ဖတ်ရဖူးသည်။ တက္ကသိုလ် ရွှေရတု သဘင်ပွဲတွင် ပန်းချီဆရာကြီးဦးဘကြည် ဖတ်ကြားတင်သွင်းသော မြန်မာ့ ပန်းချီစာတမ်းတွင်လည်း ဆရာကြီးဦးဘဉာဏ် ရုပ်ပုံလွှာကို သိခဲ့ရသည်။ ၁၉၆၈ ခုနှစ်က ဆရာကြီးဂျီလှမောင် ပြုစုခဲ့သည့် ကမ္ဘာ့ပန်းချီသိ မြန်မာ့ ပန်းချီသိ စာအုပ်၊ ၁၉၇၄ ခုနှစ်က ဆရာကြီးဦးမင်းနိုင် ပြုစုသည့် ဦးဘဉာဏ်၏ဘဝနှင့် သူ့လက်ရာစာအုပ်၊ ၁၉၆၁

သဏ္ဌာန်ဖြင့် ရေးဖွဲ့ထားသောပုံရိပ်များဟု ဆိုနိုင်ပါသည်။ ဆရာကြီးလို ပန်းချီဆရာကြီးတစ်ယောက်ကို လွမ်းဆွတ်မှန်းဆ ရသဝတ္ထုပုံစံမျိုးဖြင့် စိတ်ကူးတန်ဆာဆင်ကာ အဖြည့်အစွက် ဝေဝေဆာဆာဖြင့် ရေးဖွဲ့ရည် ရွယ် ရှိခိုးကန်တော့လိုစိတ် ကျွန်တော့်မှာ ကိန်းအောင်းနေခဲ့သည်။ ဝတ္ထု ပုံစံဖြင့် စိတ်ကူးတန်ဆာဆင်ရာတွင် အက်စ်အက်စ် အမရပူရ သင်္ဘော ကြီးဖြင့်၊ အင်္ဂလန်သို့ ပင်လယ်ပြင်ခရီး ဆရာကြီးသွားခဲ့ရာဝယ်၊ ဆရာကြီး နှင့် စကားပြောဖော်ပြောဖက် ဇာတ်ကောင်များကို ကျွန်တော့် ပင်ကို အတွေးနှင့် ဖန်တီးယူရပါသည်။ ထိုသို့ ဖန်တီးယူနိုင်အောင်လည်း အကြောင်းတရားတွေရှိခဲ့၏။ ၁၉၈၀ ပြည့်နှစ် ပတ်ဝန်းကျင်က မော်လမြိုင် ဘက်တွင် ဂျီအမ်အင်ဂျင်ခေါ် စက်များကို ကျွန်တော်တို့ ပြင်ဆင်ကြရာ၌ ကျွန်တော်တို့ကို သွန်သင်ဦးဆောင်ရသော စက်ဆရာကြီး မောင်ကျော် ဆိုသူမှာ စစ်ကြိုခေတ်က ရှေးရေနွေးငွေ့ ဘွိုင်လာမီးထိုး ပင်လယ်ကူး သင်္ဘောကြီးများတွင် မီးထိုးသမားလေး ဖြစ်ခဲ့ဖူးပေရာ၊ သူ့ထံမှ အတွေ့ အကြုံတို့ကို ကြားဖူးနားဝ မှတ်သားခဲ့ရဖူးသည်။

ဆရာကြီးမောင်ကျော်နှင့် တစ်ကြိမ်၊ နောက်ဆုံး ဆုံခဲ့ကြရာ ကျွန်တော်က ရှေး မီးထိုးဘွိုင်လာ သင်္ဘောကြီးများခေတ်က အက်စ်အက်စ် အမရပူရ သင်္ဘောကြီးအကြောင်း စကားစပ်မိပြီး၊ ဆရာကြီးပြောသမျှ | ဗဟုသုတ ကြားနာခဲ့ရသည်။ ဆောင်းပါးနှင့်မတူသော ဝတ္ထုတစ်ပုဒ်ကို | ဖန်တီးရာဝယ် ဖတ်ချင့်စဖွယ်ဖြစ်အောင်၊ စာဖတ်သူများ စိတ်ဝင်စား ဖွယ်ဖြစ်အောင် ဇာတ်ကောင်တို့ကို လှုပ်လှုပ်ရှားရှားဖြစ်အောင် ကြံဆောင် တွေးတော ရေးဖွဲ့ရပြန်ပါ၏။ ပမာဆိုရသော် ကျွန်တော်ဖတ်ဖူးသော

ဆောင်းပါးအချို့တွင် လန်ဒန်၌ ဆရာကြီးဦးဘဉာဏ်နှင့် ဒီဇိုင်းများ ပူးပေါင်းရေးဆွဲခဲ့သည့် လုပ်ဖော်ကိုင်ဖက် မိတ်ဆွေအမျိုးသမီးလေး၏ အမည်မှာ မစ္စဆယ်လီရာရိုက် ဟုခေါ်သည်။ သို့သော် ကျွန်တော်က ဝတ္ထု အဖွဲ့စကားပြေ၌ သွက်လက်အောင်၊ စာဖတ်သူများ ဖတ်ရ လွယ်ကူချော မွေ့အောင် ဆယ်လီဟုပင်ရေးခဲ့သည်။ ဖတ်ခဲ့ဖူးသော ဆောင်းပါးများတွင် ထိုအမျိုးသမီးကလေးနှင့် ဆရာကြီးတို့ အတူတကွ လုပ်ငန်းလုပ်ခဲ့ဖူး

ကြောင်း ဝါကျတိုတစ်ခုမျှသာ ပါရှိခဲ့မည်ထင်ပါသည်။ သို့သော် ကျွန်တော် ၏ ဝတ္ထုအဖွဲ့တွင်မူ ကျွန်တော့်စိတ်ကူးဖြင့် ထိုအမျိုးသမီးကလေး၏ ဇာတ်

ကောင်စရိုက် သက်ဝင်လှုပ်ရှားလာအောင် ဆရာကြီးအား အကူအညီပေး မူများမှအစ စိတ်ကူးဉာဏ်ပွား၍ ရေးသားဖွဲ့ဆိုခဲ့ရပါသည်။ ဆိုလိုရင်းမှာ ကျွန်တော်သည် ဖတ်ခဲ့ရဖူးသော ဆရာကြီးအကြောင်း ဆောင်းပါးတချို့မှ အဓိကအချက် တချို့ကိုသာလျှင် ပန်းချီကားတစ်ကား၏ မူရင်းကောက်

ကြောင်းအဖြစ် ပုံကြမ်းလောင်းပြီးနောက်၊ ရသဝတ္ထုအဖွဲ့တည်းဟူသော ဆေးရောင်စုံဖြည့်စွက် စုတ်ချက်ကွန့်မြူးရာတွင်မူ၊ ကျွန်တော်၏ရင်ထဲတွင် ထင်မြင်ခံစားရမှုတို့ဖြင့် အရောင်စုံခြယ်ခဲ့ရသည်ဟု ဆိုလိုခြင်းဖြစ်ပါ၏။

ဆရာကြီးအပေါ် ရိုသေဂါရဝပြုမှုဖြင့် ရေးသားခဲ့သော ကျွန် တော်ဝတ္ထုတွင် ချို့ယွင်းချက် တစ်စုံတစ်ရာရှိခဲ့ပါကလည်း ကျွန်တော့်အား ခွင့်လွှတ်ကြပါရန်၊ စာဖတ်သူများအား လေးစားစွာ ပန်ကြားအပ်ပါသည်။

မကြာသေးမီက ထားဝယ်မြို့မှမိတ်ဆွေ ဒေါက်တာသန်းဝင်းနှင့် အတူ ဆေးတက္ကသိုလ် (၁)မှ ဇီဝကမ္မဗေဒဌာနမှူး ဆရာကြီးဦးညွန့်ဝေထံ တွေ့ဆုံရန် သွားခဲ့၏။ အပြန်တွင် ဆေးတက္ကသိုလ်ဝင်းအတွင်းရှိ လက် ဖက်ရည်ဆိုင်ကလေး၌ ထိုင်ရင်း၊ ယခုဝတ္ထုကို

ထားဝယ်မြို့သို့ ပြန်ခါနီးတွင် ရေးဖြစ်အောင်ရေးဖို့လည်း ထပ်မံစေ့ဆော် သတိပေးသွားပါသေးသည်။ ဝတ္ထုတစ်ပုဒ်ကို စိတ်ဝင်တစား ရေးသားနိုင် ရန် စိတ်ကူးစိတ်သန်းများကို ကြိုတင်ဖွဲ့ တည်ရပါသည်။ ။

မဟေသီမဂ္ဂဇင်း၊ ရနံ့သစ်မဂ္ဂဇင်း၊ ကလျာမဂ္ဂဇင်း၊ ရွှေဝတ်မှုံ မဂ္ဂဇင်းနှင့် ဂျာနယ်စာစောင်တချို့တွင် ကျွန်တော်သည် ပန်းချီပြပွဲများ အကြောင်း၊ ပန်းချီသဘောတရား ပြောပြသူ ပန်းချီဆရာများအကြောင်း၊ ပန်းချီကားများအပေါ် ခံစားရမှု စသည်ဖြင့် ပန်းချီနှင့်ပတ်သက်သော

ဆောင်းပါးတော်တော်များများကို ရေးသားခဲ့ဖူးပါသည်။ “Fashion Image” မဂ္ဂဇင်းမှာပင် ပန်းချီပြပွဲအကြောင်း ဆောင်းပါးတစ်ပုဒ် ကျွန် တော် ရေးခဲ့ဖူးပါသေးသည်။

မန္တလေးမြို့မှကျွန်တော့်မိတ်ဆွေပန်းချီဆရာ ကေထွန်းကလည်း၊ | ကျွန်တော်ရေးသည့် မဂ္ဂဇင်းများမှ ပန်းချီအကြောင်း ဆောင်းပါးများကို

ဖတ်ပြီး၊ ပန်းချီအနုပညာလောကကို အခြေခံသည့် ဝတ္ထုတစ်ပုဒ် အမှတ် တရရေးဖို့၊ ကျွန်တော့်ကို ခင်မင်ရင်းနှီးစွာ တိုက်တွန်းဖူးပါသည်။

ထို့ကြောင့် တိတ်ဆိတ်အေးချမ်းစွာ၊ စာရေးနိုင်မည့် နေရာတစ်နေ ရာကို စဉ်းစားရပါသည်။ မြစ်ဝကျွန်းပေါ်ဒေသ မအူပင်မြို့ကလေးသို့ ကျွန်တော် ခရီးထွက်ခဲ့ပါသည်။

မအူပင်မြို့ရှိ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးထွန်းကြည် ညီမဖြစ်သူ ဒေါ်ဒေါ်စု၊ သားဖြစ်သူ ပြည့်သက်ထွန်းတို့က သူတို့အိမ်တွင် ကောင်းမွန်အေးဆေးစွာ စာရေးသားနိုင်ရန်အတွက် အဖက်ဖက်မှ ကူညီ စောင့်ရှောက်မှုပေးခဲ့ကြပါသည်။

ထိုကဲ့သို့သော အကြောင်းတရားတို့ကြောင့် ယခုဝတ္ထုကို စာပေ မြတ်နိုး ဖတ်ရှုသူများလက်ဝယ်သို့ ရိုသေလေးစားစွာ ပေးအပ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ဆောင်းဝင်းလတ် ခေတ္တ-မအူပင်မြို့

ပြာလဲ့ကြည်စင်သောကောင်းကင်အောက်တွင်ရန်ကုန်ဆိပ်ကမ်း ၌ ဆိုက်ကပ်ထားဆဲဖြစ်သော အက်စ်အက်စ် အမရပူရသင်္ဘောကြီးကို တွေ့မြင်ရ၏။ ရေနွေးငွေ့ အင်ဂျင်သုံး သင်္ဘောကြီးဖြစ်သည်။ ထိုနေ့က မိုးရိပ်မိုးငွေ့လေးများ အထူးပင် ကင်းဝေးနေခဲ့၏။ ခရစ်သက္ကရာဇ် ၁၉၂၁ ခု ဩဂုတ်လ (၂၄)ရက်နေ့ နံနက်ပိုင်းတွင်မူ အမရပူရသင်္ဘောကြီးရှိ သင်္ဘောသားအားလုံးမှာ ပိုမိုတက်ကြွစွာ၊ မိမိတို့သက်ဆိုင်ရာ လုပ်ငန်း

ဆောင်တာတို့ကို အသီးသီးအသက လုပ်ဆောင်နေကြ၏။ တိတိပပ မိုးရွာ မချသေးသော်လည်း၊ အနည်းငယ်တော့ မှိုင်းညို့နေသည်။ ညနေ ရေ တက်ချိန်တွင် သင်္ဘောကြီးက ပြည်ပခရီးစဉ် ထွက်ခွာရတော့မည်ဖြစ် သည်။ သင်္ဘောကြီး၏ စက်ခန်းနှင့်ကပ်လျက်၊ ရေနွေးငွေ့ ဘွိုင်လာခန်းမှ မီးထိုးသမား၊ မြန်မာသင်္ဘောသား ဖေမောင်တစ်ယောက်၊ ချွေးသီချွေး ပေါက်များနှင့်အတူ ပူပူလောင်လောင်ကြားမှာပင် အလုပ်ကို ဇယ်ဆက် သလို လုပ်ကိုင်နေရ၏။ ။

သင်္ဘောကြီး၏ ခရီးစဉ်မှာ သီဟိုဠ်ကျွန်းကိုလည်း ရောက်မည်။ | ပင်လယ်နီကိုလည်း ဖြတ်မည်။ အာဖရိကတိုက်သို့လည်း ကြုံတွေ့ရဦး မည်။ ပို့ဆူဒန်မှတစ်ဆင့် စူးအက်တူးမြောင်းကိုလည်း ချင်းနင်းဝင်ရောက် ဦးမည်။ ပို့ဆက်မှာ ဆိုက်ကပ်လိမ့်မည်။ ထို့ပြင် ပြင်သစ်ပြည် ဗာဆေးမြို့၌ လည်း ခေတ္တရပ်နားပြီး၊ အင်္ဂလန်ပြည် လန်ဒန်မြို့ဆိပ်ကမ်းအထိ သွား

ရမည်ဖြစ်သည်။

တစ်လကြာမည့်ပင်လယ်ခရီးဟု ဆိုနိုင်ပါ၏။သင်္ဘောသားမီးထိုး သမား ဖေမောင်သည်၊ လူပုံလူပန်းက အသားလတ်လတ်၊ မျက်နှာသွယ် သွယ်နှင့် ကိုယ်လုံးကိုယ်ပေါက် ကျစ်လျစ်ကာ အရပ်အမောင်းမှာ ငါးပေခွဲ ခန့် ရှိလိမ့်မည်စကားပြောသွက်လက်ချက်ချာသည်။ ပေါင်းသင်းဆက် ဆံရေး ကောင်းမွန်ပြီး၊ လူချစ်လူခင် ပေါသူလည်းဖြစ်သည်။

သူက မြစ်ဝကျွန်းပေါ်ဒေသ ပန်းတနော်သားတစ်ယောက်လည်း ဖြစ်သည်။

ဖေမောင်၏စိတ်သည် ထိုနေ့က အထူးလှုပ်ရှားလျက်ရှိ၏။ မနေ့ က ညနေပိုင်းတွင် သူသည် အက်စ်အက်စ် အမရပူရသဘော်ကြီးဖြင့် ပြည်ပခရီးစဉ်လိုက်ပါမည့် ခရီးသည်များစာရင်းကို ကြည့်လိုက်ရာ မမျှော် လင့်ဘဲနှင့် ပန်းတနော်သားတစ်ယောက်၏ အမည်ကို ဘွားခနဲတွေ့လိုက် ရခြင်းကြောင့် ဖြစ်၏။

ကိုဘဉာဏ်...။ ပန်းတနော်သား. . . ကိုဘဉာဏ်။ မြစ်ဝကျွန်းပေါ် ၊ ဒေသ၊ ပန်းတနော်မှာ ပန်းချီရေးတဲ့ ကိုဘဉာဏ်။

တစ်နယ်တည်းသားမို့၊ ဖေမောင်သည် ကိုဘဉာဏ်နှင့် သိကျွမ်းခဲ့ ၏။ သမုဒ္ဒရာ ဝမ်းတစ်ထွာဆိုသလို ကိုယ်သန်ရာသန်ရာ ဝမ်းစာရှာကြရာ | ဝယ် တစ်နယ်စီခြားခဲ့ကြရပြန်၏။

ယခုတော့ သူတို့တစ်တွေ ပြန်ဆုံစည်းကြရပေတော့မည်။

ကာလမှာ ဗြိတိသျှ ကိုလိုနီကာလဖြစ်လေရာ အက်စ်အက်စ် အမရပူရ သင်္ဘောကြီးပေါ်ဝယ် သင်္ဘောသား လူမျိုးခြားများ လှုပ်ရှားလုပ် ကိုင်နေကြသည့် သမယဖြစ်၏။ အင်္ဂလိပ်၊ ပြင်သစ်၊ အိန္ဒိယသင်္ဘောသား ကများပြီး မြန်မာသင်္ဘောသားဟူ၍ မောင်ကျော်၊ ထွန်းကြိုင်နှင့် ဖေမောင် တို့သာပါပေသည်။

ဖေမောင်တို့က စက်ခန်းအလုပ်သမားများဖြစ်ကြလေရာ သင်္ဘော ကြီး ခရီးမထွက်မီ၊ အက်ဖ်အိုခေါ် စက်မောင်းဆီများ စနစ်တကျ ဖြည့်တင်းကြရသည်အက်စ်အေအီးဝမ်းစစ်စတိခေါ်ချောဆီများလည်းဖြည့် တင်းကြရသည်စပေရာခေါ်မီးထိုးပြွန်ခေါင်းများကိုလည်းစစ်ဆေးနေ

ကြရသည်။ ထို့ပြင် ရေယာဉ်၏ပဲ့ပိုင်းရှိ၊ တက်မစနစ် တယ်လီမိုတာခန်း တွင်လည်း လိုအပ်သည့် အမဲဆီချောဆီများ ဖြည့်တင်းနေကြရသည်။

အလုပ်ကို ဇယ်ဆက်သလိုလုပ်ပြီးနောက် မနက်စာထမင်းစား ကြသည်။ သင်္ဘောသားများ ထမင်းစားပြီးချိန် မွန်းလွဲပိုင်းလောက်မှစ၍ ပန်းဆိုးတန်း ကျန်းမာရေးဆိပ်ကမ်း တံတားမှတစ်ဆင့် ခရီးသည်တချို့ တစ်ယောက်ပြီးတစ်ယောက် သင်္ဘောပေါ် တက်လာကြလေသည်။

ဖေမောင် စက်ခန်းတာဝန်ပြီးချိန်တွင် တခြား နိုင်ငံခြားသားများ နှင့်အတူ မောင်ကျော်နှင့် ထွန်းကြိုင်တို့က ဘွိုင်လာခန်းတစ်ယောက် စက်ခန်းတစ်ယောက် အလုပ်ဝင်နေကြရ၏။ သူတို့ လေးနာရီ တာဝန်ယူရ ချိန်တွင် ဖေမောင်က လေးနာရီ နားခွင့်ရနေ၏။ ။

ထို့ကြောင့် သင်္ဘော၏ ဘယ်ဘက်ခြမ်း ဂန်းဝေးခေါ် လူအတက် အဆင်း လှေကားကြီး၏ထိပ်မှနေ၍ ဖေမောင်သည် တက်လာသော ခရီး သည်များကို စောင့်ကြည့်နေမိသည်။

ပိန်ပိန်ပါးပါး၊ အသားညိုစိမ့်စိမ့်မျက်လုံးမျက်ဖန်ကောင်းကောင်း မြန်မာလူရွယ်တစ်ယောက်သည် အနောက်တိုင်းဝတ်စုံကို ကျနသေသပ် စွာ ဝတ်ဆင်ကာ လက်တစ်ဖက်က ခရီးဆောင်အိတ်ကြီးကိုဆွဲပြီး သင်္ဘော ပေါ်သို့ တရွေ့ရွေ့တက်လာနေ၏။

တွေ့ပြီ ကိုဘဉာဏ်ပါလား။ ဖေမောင် ဝမ်းသာသွားသည်။ “ပေး... ပေး.. ကိုဘဉာဏ်”

ဖေမောင်ကပန်းချီဆရာ၏လက်ဆွဲအိတ်ကြီးကို လှိုက်လှိုက်လှဲလှဲ ပြေးဆွဲလိုက်သည်။ ကိုဘဉာဏ် အံ့အားသင့်သွားပုံရသည်။

“ဟေ့... ဖေမောင်”

“ကျွန်တော် ဒီသင်္ဘောမှာ မီးထိုးသမားလုပ်နေတယ် ကိုဘဉာဏ်” နှစ်ယောက်သား ဖက်လှဲတကင်း နှုတ်ဆက်မိကြသည်။

ဖေမောင်က ကိုဘဉာဏ် လိုက်ပါနေထိုင်ရမည့် အခန်းသို့ လိုက်ပို့ သည်။

“မင်း.. ပန်းတနော်ကို ပြန်ရောက်သေးလား” ပန်းချီဆရာက မေးသည်။ “လွမ်းတာပေါ့ ကိုဘဉာဏ်ရာ၊ ဒါပေမဲ့ သင်္ဘောက ခရီးရှည်နေ

တော့ စိတ်က ခဏခဏပြန်ရောက်ပြီး၊ လူကိုယ်တိုင်ကတော့ ခြေဦး ပြန်မလှည့်နိုင်တော့တာ ကြာပါပြီ ကိုဘဉာဏ်ရာ...”

“မင်းတို့သင်္ဘောမှာမြန်မာသင်္ဘောသားဘယ်နှယောက်ပါလဲကွ”

“သုံးယောက်ဗျ၊ ကျွန်တော့်သူငယ်ချင်း ထွန်းကြိုင်နဲ့ မောင်ကျော် | တို့တော့ စက်ခန်းထဲ အလုပ်ဆင်းနေကြလေရဲ့၊ ပင်လယ်ထဲကျမှ ဒီကောင်

တွေနဲ့ မိတ်ဆက်ပေးတော့မယ်ဗျာ။ ဒီခရီးစဉ်မှာ လန်ဒန်ရောက်တဲ့အထိ ဘာမှအားမငယ်နဲ့နော် ကိုဘဉာဏ်လိုတာရှိ ပြောသာပြော၊ ကျွန်တော်တို့ | အတတ်နိုင်ဆုံး စောင့်ရှောက်သွားပါ့မယ်”

“အေးကွာ .. ငါလည်းမင်းနဲ့တွေ့တာ၊စိတ်တော်တော်ချမ်းသာ သွားတယ်၊ မင်းတို့ မြန်မာသင်္ဘောသားတွေနဲ့ တွေ့ ရလို့ပေါ့ကွာ၊ ဒါနဲ့ မေးစမ်းပါဦးမယ်။ ဒီက လန်ဒန်အထိ ဘယ်လောက်ကြာမလဲကွ”

“သင်္ဘောခရီးစဉ်က တစ်လပေါ့ဗျာ၊ ကိုဘဉာဏ် တစ်ခါမှ လန်ဒန် မရောက်ဖူးသေးဘူးလား”

“ဟင့်အင်း... နိုင်ငံခြားကို ဒါပထမဦးဆုံးအကြိမ်ပဲကွ”

“လာဗျာ... ကိုဘဉာဏ်... လေညင်းခံရင်း သင်္ဘောပဲ့ပိုင်း ( ကု န်း ပတ်မှာ စကားပြောကြရအောင်၊ ခင်ဗျား ၊ ဆေးပေါ့လိပ်သောက်လား၊ စီးကရက်သောက်လား၊ ဆေးပြင်းလိပ်လား”

“ငါက... ရန်ကုန်ရောက်မှ စီးကရက်ကြိုက်နေတယ်ကွ”

ပန်းချီဆရာက ပြုံး၍ပြောလိုက်သည်။ စင်စစ်တွင်မူ ပန်းချီဆရာ သည် စကားနည်းသူဖြစ်၏။ အတွေးသမားပေကိုး။ သို့သော်လည်း ဇာတိသားချင်း ပြန်ဆုံရသည်မို့ သူ့ရင်ထဲတွင် လှိုက်လှဲနေပေသည်။ ဖေမောင်က ကိုဘဉာဏ်ကို သင်္ဘောမီးထိုးသမားများ နေထိုင်ရန် သတ် မှတ်ပေးထားသည့် အိပ်ခန်းသို့ ခဏခေါ်သွားသည်။

“ဒါက... မောင်ကျော်ရဲ့ အိပ်စင်၊ ဟိုဟာက ထွန်းကြိုင်အိပ်တဲ့ အိပ်စင်၊ ကျွန်တော်က ဒီအိပ်စင်မှာအိပ်တယ်၊ သင်္ဘောသားဘဝဆိုတော့ ခပ်ကြမ်းကြမ်းပဲ ကိုဘဉာဏ်ချေ... ရော့ဗျာ စီးကရက်တစ်တောင့်”

ဖေမောင်က . . လော့ကာခေါ် သင်္ဘောသားများ အသုံး အဆောင်ပစ္စည်းထားရာ၊ သံဗီရိုတစ်လုံးထဲမှ အံဆွဲတစ်ခုကိုဆွဲဖွင့်လိုက်ပြီး၊ ဆယ်ဘူးပါ စီးကရက်တစ်တောင့်ကိုယူကာ ပန်းချီဆရာ့ကို ပေးလိုက်

သည်။

“ကုန်သွားရင် ကျွန်တော့် သတိပေးနော် ကိုဘဉာဏ်” “ကျေးဇူးပါပဲကွာ” သူတို့နှစ်ယောက် သင်္ဘောနဲ့ပိုင်း ကုန်းပတ်သို့ တက်ခဲ့ကြသည်။

ဩဂုတ်လ၏ မိုးရိပ်မိုးငွေ့လေးတွေကတော့ သန်းနေ၏။ ရန် ကုန် မြစ်ကြီးအတိုင်း လှမ်းကြည့် လို က် တော့ တွဲ တေး တူးမြောင်းဝဘက်ဆီ လောက်မှာ မိုးသားနည်းနည်းလေး သို့ တက်နေတာ

တွေ့ရသည်။ မိုးတွင်း ကာလမို့ မြစ်က ဝါညစ်ညစ်အရောင်။ စင်ရော်တွေ ပင်လယ်ပြန်ပြေး ချိန်မို့၊ တစ်ကောင်မှမတွေ့ရ။ မိုးက ရွာမချသေး။ ညကျ ပင်လယ်ထဲ ရောက်မှ တစ်မလောက်တော့ ရွာချလိမ့်မည်ထင်သည်။ နှစ်ယောက်သား စီးကရက်တစ်လိပ်စီစွာရင်း သင်္ဘောကြီးပေါ် တက်လာနေကြသော ခရီး သည်တချို့နှင့်၊ ကုန်တင်ကုန်ချလုပ်ငန်းကို လှမ်းကြည့်နေမိကြသည်။ ။

“ဘယ်တုန်းက ရန်ကုန်ကို ရောက်တာလဲ ကိုဘဉာဏ်”

ဖေမောင်ကသင်္ဘောကုန်းပတ်ဘေးကာတန်းလက်ရန်းသံတိုင်ကို ကျောမှီရင်း၊ စီးကရက်ဖွာနေရာမှ ပန်းချီဆရာကို မေးလိုက်သည်။

“လွန်ခဲ့တဲ့ သုံးနှစ်လောက်ကမှ ရန်ကုန်ရောက်တာကွ၊ ဒီအရင်က မော်လမြိုင်မှာ ငါနေခဲ့ရသေးတယ်” ကိုဘဉာဏ်က ပြောပြသည်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)