Skip to product information
1 of 1

Other Websites

ဆောင်းလုလင် - ပွင့်တူရွက်တူ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

()

 စင်မြင့်တစ်ခုလုံးကို အမှောင်ချထားသည်။ တီးဝိုင်းမှတီးလုံး သံများကိုလည်း ရပ်ဆိုင်းထားသဖြင့် တစ်ခန်းလုံးတိတ်ဆိတ်နေ၏။

' အခန်းမျက်နှာကြက်ဆီမှ ဆလိုက်မီးရောင်က စင်မြင့်ထက်ဆီသို့ ဖြာကျလာသည်။ စင်အောက်မှလူများ၏အာရုံက စင်မြင့်ဆီသို့ ရောက်သွား ကြလေသည်။

ငြိမ့်ညောင်းသောတီးလုံးသံ ပေါ်ထွက်လာသည်။

တီးလုံးသံ၏သံစဉ်အလိုက်နှင့်အတူ စင်၏ညာဘက်ထောင့်မှ အမျိုး သမီးတစ်ဦးက တစ်လှမ်းချင်းလျှောက်လှမ်းလာလေသည်။ သူမ အပြုံးက ဆလိုက်မီးရောင်အောက်ဝယ် လင်းလက်တောက်ပနေ၏။ ပြူးထားသောကြောင့် ဘယ်ဘက်ပါးမှပါးချိုင့်လေးက ထင်းထင်းရှင်းရှင်း ပေါ်လွင်နေသည်။

သူမကား မြန်မာနိုင်ငံတွင် ကျော်ကြားထင်ရှားမှုအရှိဆုံး Presenter (ခေါ်) စီစဉ်တင်ဆက်သူတစ်ယောက်ဖြစ်သည့် ယဉ်မျိုးသွင်း ဖြစ်ပါသည်။

ယဉ်မျိုးလွင်က ဝင်အလယ်တည့်တည့်သို့ အရောက်တွင် ရပ် လိုက်သည်။ ပွဲကြည့်ပရိသတ်ကို ဦးညွှတ်အရိုအသေပြလိုက်သည်။

| ထို့နောက် ယဉ်မျိုးသွင်က သူမ၏သာယာချိုအေးသောအသံလေး ဖြင့် ကြေညာလိုက်လေသည်။

“ကြွရောက်လာကြတဲ့ ည့်ပရိသတ်များရှင်း အခုအချိန်က စလို့ နိုင်ငံကျော် စတီရီယိုတေးသံရှင် မာလာပေဟော့ရဲ့ ဖျော်ဖြေမှု အစီအစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ် မာလာမော့ဟာဆိုရင်....”

ယဉ်မျိုးသွင်က စကားလုံးတချို့ကို ဆက်ပြောနေသည်။

စင်အောက်တွင်ထိုင်ကြည့်နေသော လူသုံးယောက်ထဲမှ ... အသက်အကြီးဆုံးတစ်ယောက်က လက်ပြလိုက်သည်။

စင်ပေါ်မှယဉ်မျိုးလွင်က သူမပြောနေသောစကားများကို ရောက် သည့်နေရာမှာပင် ရပ်နားလိုက်လေ၏။

အခန်းတစ်ခန်းလုံး မီးရောင်များထိန်လင်းသွားလေသည်။ မ

စင်ပေါ်မှယဉ်မျိုးသွင်၏ တင်ဆက်မှုကို အောင်အောက်မှ ထိုင် ကြည့်နေသည့်ပရိသတ်များ သုံးဦးတည်းသာရှိပါသည်။

( ဒေါက်တာဖရက်ခန့်၊ ဒေါက်တာမျိုးထိုက်နှင့် ဦးအောင်သွင်ဆိုသူတို့ ပင်ဖြစ်သည်။

မကြာခင်ကထွက်ပေါ်ခဲ့သောတီးလုံးသံများမှာ တီးဝိုင်းတစ်ခုမှ တီးမှုတ်နေခြင်းမဟုတ်။ အသံသွင်းထားပြီးဓာတ်ပြားကို ဖွင့်ထားခြင်းသာဖြစ်ပါ သည်။

ဤပွဲသည် နိုင်ငံကျော်တေးသံရှင် မာလာပေဟော့အမှန် တကယ် ဖျော်ဖြေနေသောပွဲလည်း မဟုတ်ပါ။ စင်မြင့်နှင့်တကွ အားလုံးသော အပြင် အဆင်များမှာ တကယ့်ပွဲနှင့်တူအောင် တုပပြင်ဆင်ထားခြင်းသာ ဖြစ်ပါသည်။

| မီးများလင်းအလာတွင် ... ဒေါက်တာဖရက်ဒီခန့်က ဦးအောင် သွင်ဖက်သို့လှည့်၍ မေးလိုက်သည် ။

“ဘယ့်နှယ်လဲ ဦးအောင်သွင်း ကျေနပ်ရဲ့လား"

“ဟာ... ကျေနပ်တာပေါ့ဆရာကြီးရယ် ... ကျွန်တော်တော့ ဒီလောက်အထိ တထပ်တည်းတူညီလိမ့်မယ်လို့ မထင်မိဘူးဗျာ သိပ်ကိုအံ့သြ မိပါတယ်။ တကယ်ပါပဲဗျာ”

သူတို့စကားပြောနေစဉ် စင်ပေါ်မှဆင်းလာသော ယဉ်ပါးသွင်က သူတို့အနီးသို့ ရောက်လာလေသည်။ -

“ယဉ်မျိုးတွင် ... ထိုင် ..”

| ဒေါက်တာဖရက်ဒီခန့်က ထိုင်ခုံတစ်လုံးကိုညွှန်ပြရင်း ပြောလိုက် - ရာ ယဉ်မျိုးသွင်က ဒေါက်တာညွှန်ပြသောခုံတွင် ဝင်ထိုင်လိုက်သည်။

“ကဲ ... ဦးအောင်သွင် ... ကျွန်တော်တို့ ယဉ်မျိုးသွင်ရဲ့ တကယ်ပွဲနဲ့ အခုန မြင်ခဲ့ရတာတွေ ဘယ်လောက်တူမတူ တိုက်ကြည့်ရ အောင်” ,

- ဒေါက်တာဖရက်ဒီခန့်က ပေးဆတ်ပြလိုက်သည်အခါ... ဒေါက်တာ ပျိုးထိုက်သည် အနီးတွင်ရှိသည့်ဗီဒီယိုပြစက်ထဲသို့ စီဒီဓာတ်ပြားတစ်ချပ်ကို ထည့်လိုက်လေသည် ။

_ တီဗီမြင်ကွင်းပေါ်တွင် စတီရီယိုတေးသံရှင်မာလာပဓဟူ၏ဖျော်ဖြေမှု အစီအစဉ်ပေါ်ထွက်လာသည်။ တီဗီထဲမှပေါ်ထွက်လာသော မြင်ကွင်းများကား မကြာခင်က သူတို့တွေ့မြင်ခဲ့ရသော စင်မြင့်ပေါ်မှမြင်ကွင်းနှင့် တထပ်တည်း

တူညီနေလေ၏။

ပြသနေသောဒီဓာတ်ပြားမှာ လွန်ခဲ့သောသုံးလက ပြုလုပ်ခဲ့သော အဆိုကျော်လာပေဖာ၏ စင်မြင့်ဖျော်ဖြေပွဲကို ရိုက်ကူးထုတ်လုပ်ထားသော ဓာတ်ပြားဖြစ်ပါသည်။

ထိုပွဲတွင် စီးစဉ်တင်ဆက်သူအဖြစ် ယဉ်မျိုးသွင်က ဆောင်ရွက်ခဲ့ခြင်း

ဖြစ်သည်။

“ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်များရှင် ... အခုအချိန်ကစလို့ ၊ နိုင်ငံကျော် စတီရီယိုတေးသံရှင် မာလာမေဖော့ရဲ့ ဖျော်ဖြေမှု အစီအစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ် ... မာလာမေဖော့ဟာဆိုရင် ....."

တီဗီထဲမှ ယဉ်မျိုးသွင်ပြောနေသည်စကားလုံးများမှာ မကြာမီက ယဉ်မျိုးသွင်စင်မြင့်ပေါ်တွင်ပြောသွားသည့် စကားလုံးများပင် ဖြစ်ပါသည်။

တီထဲတွင်မြင်တွေ့နေရသော စီစဉ်တင်ဆက်သူအမျိုးသမီးလေးမှာ ယဉ်မျိုးသွင်အစစ်ပင် ဖြစ်လေသည်။

| တီဗီထဲက ယဉ်မျိုးသွင်အစစ်နှင့် မိမိရှေ့တွင်ထိုင်နေသော ယဉ်မျိုးသွင်အတုတို့၏ - ရုပ်ရည်၊ အမူအရာ၊ အသံ၊ လေယူလေသိမ်း မျက်နှာပေး စသည်တို့မှာ အားလုံးတူညီနေသည့်အတွက် ဦးအောင်သွင် ဆိုသူက တီဗီကိုတစ်လှည့် ဘေးတွင်ထိုင်နေသော် ယဉ်ပါးသွင်ကိုတစ်လှည့် ကြည့်ရင်း အံ့သြနေလေသည်။

ယခုမြင်နေရသော ယဉ်မျိုးလွင်၏မေးဖျားမှ နီနီကလေးမှာ ထင်းနေ သည်။ ယဉ်မျိုးသွင်အစစ်တွင်လည်း မေးဖျား၌ မဲ့နီနီကလေး တစ်လုံးရှိပါ သည်။ ယဉ်မျိုးလွင်အတုံတွင် ရှိသောနေရာအတိုင်း တစ်သဝေမတိမ်း တူညီအောင် ရှိနေခြင်းဖြစ်သည်။

“ဆရာကြီးရဲ့ပညာကိုတော့ ကျွန်တော်မအံ့သြဘဲ မနေနိုင်တော့ဘူး ဆရာကြီး၊ ကျွန်တော် အလုပ်သာအပ်ခဲ့ရတယ်၊ ဒါလောက်ထိ ထပ်တူထပ်မျှ တူတဲ့ ယဉ်ပျိုးသွင်အတုတစ်ယောက် ပေါ်လာလိမ့်မယ်လို့ မထင်မှတ်ခဲ့ဘူးဗျာ အခုတော့ ...”

ဦးအောင်သွင်၏ချီးကျူးစကားကို ဒေါက်တာဖရက်ဒီခန့်က ပြူးနေ သည်။

“ကျုပ် ... သူ့ကို ယဉ်ပျံသွင်အစစ်နီးပါးဖြစ်အောင် လေ့ကျင့်ပေး ထားပါတယ်”

ဒေါက်တာဖရက်ဒီခန့်၏အသက်မှာ ခုနစ်ဆယ် နီးပါးရှိနေပြီ။ ပါးလှပ်လှပ်သာရှိသော ဆံပင်များဖြူနေကာ၊ ပါးရေနားရေများလည်း တွဲကျနေပြီ၊ သို့သော် သူ့အပြုံးကတော့ နုပျိုလတ်ဆတ်နေသည်။ သူ၏ အောင်မြင်သောတီထွင်မှုအတွက် ဂုဏ်ယူဟန်အထင်းသားပေါ်နေသည်။

“ယဉ်မျိုးသွင် ..." ,

ဒေါက်တာဖော်ခန့်က ယဉ်မျိုးသွင်အတုကို ခေါ်လိုက်သည်။ “ရှင် ... ဆရာကြီး” “သူဘယ်သူလဲ ... သူ့ကိုပင်း သိသလား”

ဒေါက်တာဖက်ဒီခန့်က ဦးအောင်သွင်ကိုလက်ညှိုးထိုးပြကာ ပေးလိုက်ခြင်းဖြစ်သည်။ ။

“သိပါတယ် ဆရာကြီး... ဒါယဉ်နဲ့အန်ကယ် ဦးအောင်သွင်ပါရှင် - ယဉ့်ဖေဖေ ဦးမင်း၊သွင်ရဲ့ညီ ...ယဉ်ရဲ့ဦးလေး ဦးအောင်သွင်ပါ ဆရာကြီး”

“ဟင် ... က သိတယ် သူက အဲဒီလိုမျိုးသိနေတယ် ဟုတ်လား ( ဆရာကြီး” ,

- ယဉ်မျိုးသွင်အတု၏ စကားဆုံးသည်နှင့် ဦးအောင်သွင်က တအံ့တဩ ပေးလိုက်လေသည်။

ဒေါက်တာသက်ခန့်က ရယ်လိုက်လေသည်။ ပြီးနောက် အနီးမှ သူ၏တပည့်ဒေါက်တာမျိုးထိုက်အား ပြောလိုက်

သည်း

“မောင်မျိုးလိုက် ... ယဉ်မျိုးသွင်ကို သူ့နေရာသူ ပြန်ပို့ပေ။ လိုက်ပါကွယ်"

“ဟုတ်ကဲ့ ဆရာကြီး”

ဒေါက်တာမျိုးထိုက်က ထိုင်ခုံမှထလိုက်သည်။ ယဉ်မျိုးသွင် ထိုင်နေသည့်နေရာသို့ လျှောက်သွားကာ

“လာ • ယဉ်မျိုးသွင် ... ကိုယ်တို့ ပင်းနေတဲ့အခန်းကို

ပြန်ကြရအောင်

ဒေါက်တာမျိုးထိုက်နှင့် ယဉ်မျိုးလွင်တို့ ထထွက်သွားကြသည်။

ကျန်ခဲ့သူနှစ်ယောက်က ယဉ်မျိုးသွင်တို့ကို မျက်စိတစ်ဆုံး ကြည့်ရင်း ကျန်ခဲ့ကြ၏။

အခန်းထောင့်ချိုးတွင် ယဉ်ပါးသွင် ဝင်ရောက်ပျောယဉ်မျိုးသွင်နဲ့ မှပင် ... ဦးအောင်သွင်ကု ဒေါက်တာဖရက်ဒီခန့်ကို လှည့်၍ပြောလို

"တကယ်ပါပဲဗျာ .. တကယ်ပါပဲ ။ သူဟာ တကယ့် ယဉ်သွင်အစစ်ပါပဲ ဆရာကြီးရယ်””. . ။

ဦးအောင်သွင်ချီးကျူးမည်ဆိုလျှင်လည်း ... ချီးကျူးလောက်ပါပေ သည်။ သူ့မျက်စီဖြင့် တပ်အပ်မြင်လိုက်ရသောမိန်းကလေးမှာ သူ့တူမ | ယဉ်မျိုးသွင်အစစ်နှင့် အစစအရာရာမှာ ခွဲမရအောင် တူနေလေ၏။ မေးဖျားက မဲ့နီနီလေးကအစ တူညီနေပါသည်။ ။

ယဉ်သွင်အစစ်နှင့် ချွတ်စွပ်တူသောမိန်းကလေးကို ဖန်တီးထားသူ မှာ ဒေါက်ဘာဖရက်ဒီခန့်ပင် ဖြစ်ပါသည်။ )

တူလှပါသည်ဟု ဦးအောင်သွင်ချီးကျူးခြင်းခံရသည့် မိန်းကလေးမှာ တကယ်တော့ လူအစစ်တစ်ယောက် မဟုတ်ပါ။ ဒေါက်တာဖရက်ဒီခန့် | တီထွင်ထားသော လူအတုတစ်ယောက်သာလျှင် ဖြစ်ပါ၏။ ။

မှန်ပါသည်။ မနုဿဗေဒပညာရှင် ပရော်ဖက်ဆာဒေါက်တာ | ဖက်ခန့်ကိုယ်တိုင် စမ်းသပ်ဖန်တီးထားသော လူအတုတစ်ယောက် ဖြစ်ပါ၏။

သူမသည် ယဉ်မျိုးသွင်အစစ်၏ခန္ဓာကိုယ်မှ အပိုင်းအစတစ်ခု ကိုယူ၍ ပုံတူမျိုးပွားထားသော ယဉ်မျိုးသွင်ကိုယ်ပွားဖြစ်ပါသည်။ ယဉ်မျိုးလွင်၏ “ပုံတူကလုန်း'Clone တစ်ခုသာဖြစ်ပါလေသည်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)