ဆောင်းလုလင် - နေတစ်ခြမ်းပဲ့
( ၁ )
, “နောက်ဆုံးအချိန်အထိ အမေတားချင်သေးတယ် သားရယ် မသွားပါနဲ့လားကွယ်"
ဒေါ်ပွင့်က... အာကာဟိန်း၏ မြင့်မားသောအရပ်ကြီးကို မော်ကြည့်ကာ မျက်ရည်စမ်းစမ်းဖြင့်ပြောလိုက်လေသည်။
“ဟုတ်သားပဲ အာကာရယ်၊ ဘာမျှ ဟုတ်တိပတ်တိ ရေရေရာရာ - မရှိဘဲနဲ့ မသွားပါနဲ့လားဟာ၊ ဒေါ်လေးလည်း စိတ်မကောင်းဖြစ်နေရပြီ၊ ပြီးတော့ ဒေါ်လေးမှာ အားကိုးမရှိဘူး၊ တစ်ယောက်တည်းရယ်”
မကြာဖြူကလည်း ပြော၍ရလိုရငြား အာကာဟိန်းကို တားမြစ် စကားဆိုလိုက်မိပြန်သည်။ တကယ်တော့ ရန်ကုန်ကိုသွားတော့မယ်ရယ်လို့၊ ရွာကနေ မြို့ပေါ်ကကားဂိတ်အထိပင် သူတို့ ရောက်လာကြပြီး အာကာဟိန်းကို လိုက်ဖို့ ဒေါ်လေးဒေါ်ကြူးပွင့်နှင့်မကြာဖြူတို့ ကားဂိတ်အထိ လိုက်လာကြ ဖြစ်သည်။
အာကာဟိန်းစိတ်က ဆုံးဖြတ်ပြီးကိစ္စအတွက် ဘယ်တော့မျှ နောက်မဆုတ်တတ်တာကို မကြာဖြူ သိပြီးဖြစ်၍ တားလို့လည်း ထူးခြားမှာ
ဘုတ်တာကို သိနေသည်။ သို့သော် အမေကိုသနားစိတ်ဖြင့် စိတ်ပြန် လည်လိုလည်ငြား မကြာဖြူက ဒေါ်လေးမခြူပွင့်စကားကိုနင်းကာ ဝင်ပြော လိုက်ခြင်းပင်ဖြစ်ပါသည်။
“သားကို မတားပါနဲ့တော့အမေ၊ သားစိတ်ကို အမေသိပါတယ်၊ သား သူ့ကိုတွေ့အောင်ရှာမယ်၊ သူနဲ့တွေ့ရမှဖြစ်မယ်၊ သူ့မျက်နှာကို သား မြင်ရရင် ကျေနပ်ပါပြီအမေ၊ သား သူ့ဆီက ဘာအခွင့်အရေးမျှတောင်းဖို့ မဟုတ်ပါဘူး၊ မြင်ဖူးရုံ တွေ့ဖူးရုံ သက်သက်ပါ”
. တကယ်တော့ အာကာဟိန်းနှုတ်မှ ထိုသို့သောစကားများကို အကြိမ် များစွာပင် ကြားခဲ့ရပြီးဖြစ်ပါသည်။ . "
“ကြာဖြူ နင်လည်း ငါ့ကိုတားမနေပါနဲ့၊ ငါ နင့်ကို ပြောခဲ့ပြီးသား ပဲ အဖေအရင်းဆိုတဲ့လူကို တွေ့အောင်ရှာမယ်ဆိုတာ ငါ့ ရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ပဲ၊ ဒါကို ဘယ်သူမျှဖျက်လို့ မရဘူးဟာ”
အာကာဟိန်းက မကြာဖြူကို တစ်ဆက်တည်း ပြောလိုက်သည်။
“ဒါပေမဲ့ အမေရော ကြာဖြူးရော့ ယုံကြပါ။ ကျွန်တော့်ဖခင်ကို တွေ့အောင်ရှာတာဟာ အလောင်းရိပ်အောက်က ထွက်ပြေးဖို့ မဟုတ်ပါဘူး၊ သူ့ကို မှီခိုချင်လို့လည်း မဟုတ်ပါဘူး၊ အဖေ အရင်းဆိုတဲ့ လူကို တွေ့ချင်ရုံ သက်သက်ပါ။ ကြာဖြူ၊ ငါ့အဖေအရင်းကို တွေ့ပြီးတာနဲ့ ငါရွာကိုပြန်လာမှာပါ။ ယုံပါနော် ....."
“သား ....ဟိုရောက်ရင် မောင်ချစ်မောင်စကားကို နားထောင် နော်၊ ရန်ကုန်မှာ မသွားတတ်ဘဲနဲ့ လျှောက်လဲသွားမနေနဲ့ဦး"
တားမရနိုင်တော့မှန်းသိ၍ ဒေါ်ချူပွင့်က ရှေ့ခရီးအတွက် မှာကြား စရာရှိသည်ကိုသာ စကားပြောင်းပစ်လိုက်တော့သည်။
ကိုချစ်မောင်ဆိုသည်မှာ ရန်ကုန်တွင်နေထိုင်နေသည့် သူတို့ရွာမှ ရွာသားတစ်ယောက်ဖြစ်သည်။ ကိုချစ်မောင်က အာကာဟိန်းအတွက် အနု အထိုင်နှင့်အလုပ်အကိုင်ကိုစီစဉ်ပေးမည်ဖြစ်ပါသည်။ )
“ဒေါက်တာသစ်လွင်ဟိန်းကိုတွေ့ထားပြီ" ဟူသော သတင်း စကားကို ပေးပို့လိုက်သူမှာလည်း ကိုချစ်မောင်ပင်ဖြစ်ပါသည်။
စကားပြောနေကြစဉ်မှာပင် သူတို့မြို့ကနေ ရန်ကုန်အထိ ပြေးဆွဲ သည့် အဝေးပြေးကားကြီးက ဟွန်းကိုရှည်လျားစွာတီးကာ ရောက်လာ လေသည်။ အာကာဟိန်း ရန်ကုန်သို့ စီးနင်းလိုက်ပါသွားမည့်ကားပင် ဖြစ်ပါသည်။ အာကာဟိန်းက ကားလက်မှတ်ကြိုဝယ်ထားပြီး လမ်းမှဖြတ်စီး ခြင်းဖြစ်သည်။ ရွာထိပ်က အဝေးပြေးလမ်းမကြီးဘေးမှာ ရန်ကုန်သွား မည့်ကားကြီးကို စောင့်နေခြင်းဖြစ်ပါ၏။
ကားထိုးဆိုက်လိုက်သည်နှင့် စပယ်ယာက “အာကာဟိန်း အာကာဟိန်း ရန်ကုန်လိုက်မယ့် အာကာဟိန်းရှိလား” ဟု အော်လာသည်။
အာကာဟိန်းက တစ်ခုတည်းသော လက်ဆွဲအိတ်ကလေးကို ကြာဖြူလက်ထဲမှလှမ်းယူရင်း -
“ကဲ သားသွားတော့မယ် အမေ၊ အမေတို့လည်း ပြန်ကြတော့၊ ကြာဖြူ အမေ့ကို ကောင်းကောင်းခေါ်သွားနော်”
““အေးပါ ..." “ငါမကြာဘူး ပြန်လာမှာ၊ သိလား”
အာကာဟိန်းက နောက်ဆုံးနှုတ်ဆက်ကာ အဝေးပြေးကားပေါ်သို့ တက်သွားလေသည်။
ပြန်ပါတော့ဆိုသော်လည်း ဒေါ်မြူးပွင့်က မပြန်သေးပါ။ အဝေး ပြေးကားကြီးထွက်ခွာသွားသည်အထိ ရပ်ကြည့်နေသေးသည်။
ကားသည်လည်း လမ်းကြိုခရီးသည်ကို ခေါ်ရုံမျှသာရပ်သည်မို့ အာကာဟိန်းကားပေါ်ရောက်သည်နှင့် ထွက်ခွာခဲ့လေသည်။
အာကာဟိန်းသည် ကားလမ်းမကြီးဘေးတွင် ကားကိုမျှော်ကြည့် ကာ ကျန်နေရစ်ခဲ့သော မိခင်ကြီးကို လည်ပြန်ကြည့်ကာ သက်ပြင်းချ လိုက် သည်။ ခွင့်လွှတ်ပါ အမေ၊ အမေ့ကို မချစ်လို့မဟုတ်ပါဘူး သား သူ့မျက်နှာကို မြင်ချင်လွန်းလို့ပါ အမေရယ် '
ဒေါ်မြူးပွင့်နှင့် မကြာဖြူတို့ပုံရိပ်များက တဖြည်းဖြည်းဝေးကွာ ကျန်ရစ်ခဲ့လေပြီ။
ဖခင်ရင်းဆိုသည့် ဒေါက်တာသစ်လွင်ဟိန်းကို ရှာဖွေမည့် ခရီးစဉ် သည် စတင်ခဲ့ပေပြီ။
| အိမ်ကိုပြန်ရောက်တော့ သားအမိနှစ်ယောက်အတူနေခဲ့သည့် အိမ်ကလေးက အိမ်တံခါးသော့ခတ်ကာ ဒေါ်ပွင့်ကို ဆီးကြိုနေလေသည်။
သော် ... သားလေးမရှိဘဲ တစ်ယောက်တည်း ဘယ်လောက် ကြာကြာနေရဦးမယ် မသိ။ ။
ကြာဖြူက ဒေါ်မြူးပွင့်ဆီက သော့ကိုတောင်းကာ အိမ်တံခါးကို ဖွင့်ပေးသည်။ ဒေါ်ချူပွင့်ကိုလည်း တွဲခေါ်ကာ အိမ်ကလေးပေါ်သို့ ပို့ပေးလေသည်။
''လှေကားသုံးထစ်ဖြင့်တက်ရသော ခြေတံရှည်အိမ်လေးပေါ် အရောက်တွင် ဒေါ်ချူပွင့်က ကြမ်းပြင်ပေါ်မှဖျာကလေးပေါ် ထိုင်ချလိုက်၏။
“သမီး ကြာဖြူ ပြန်ချင်ပြန်တော့လေ သမီးအိမ်က စိတ်ပူနေမယ်” "ရပါတယ် ဒေါ်လေး၊ သမီးအိမ်ကို ပြောလာခဲ့ပါတယ်"
“အေးကွယ် သမီးသူငယ်ချင်း အာကာမရှိတော့ ဒေါ်လေး ည်း တစ်ယောက်တည်းအားငယ်မိတယ်။ ... သား ... ... ... လူငယ်ဆိုတော့လည်း လုပ်ချင်တာကို တားမရဘူးပေါ့လေ •• "
“ဟုတ်ပါရဲ့ ဒေါ်လေးရယ် အာကာကလည်း အဓိပ္ပာယ်မရှိတဲ့ အလုပ်ကို သိပ်လုပ်ချင်တယ်၊ ဒီမှာပဲ ကားမောင်းနေရင် အဆင်ပြေရဲ့သား နဲ့ ရန်ကုန်များ သွားချင်ရတယ်လို့”
ကြာဖြူကပြောရင်း အိမ်နံရံမှ ဓာတ်ပုံများဆီ လှမ်းကြည့်လိုက်
သည် ၊
“ဒေါ်လေး ... ဦးကြီးဖိုးထိန်သာရှိရင် အာကာ့ကို ရန်ကုန်လွှတ် မှာ မဟုတ်ဘူးနော်” ။
“ဟင် ...”
ကြာဖြူစကားကြောင့် ဒေါ်မြူးပွင့်အကြည့်များက အိမ်နံရံပေါ်သို့ ရောက်သွားလေသည်။
နံရံတွင် အဖေနှင့်အမေ့ဓာတ်ပုံ၊ အစ်ကိုကြီး ကိုဖိုးထိန်ဓာတ်ပုံများ ချိတ်ထားသည်။ ဒေါ်မြူးပွင့်နှင့်အာကာတို့ဓာတ်ပုံများလည်း မှန်ပေါင်သွင်း ၍ ချိတ်ဆွဲထားပါ၏။ အာကာဟိန်းပုံက အများဆုံး ကလေးဘဝအရွယ်မှ ယခုအရွယ်အထိ ကလေးဘဝ ကျောင်းသားဘဝ၊ လူပျိုပေါက်အရွယ် မှသည် ဘွဲ့ရသည်အထိဓာတ်ပုံများ တန်းစီနေသည်။ ။
“ဟုတ်တယ်နော် ဒေါ်လေး၊ ဦးဖိုးထိန်သာရှိရင် အာကာ့ကို ရန်ကုန်ဘယ်လွှတ်လိမ့်မလဲ"
နံရံပေါ်မှ ဒေါ်ဖြူပွင့်၏ အစ်ကိုကြီးဦးဖိုးထိန်ဓာတ်ပုံက အသက် | ဝင်လာသလို ဒေါ်ချူပွင့်အာရုံထဲမှာ ပေါ်လာသည်။
“ဟင်း .. သွားချင်လိုက်ရတဲ့ ရန်ကုန်၊ ရောက်ဖူးချင် လိုက်ရတဲ့ ရန်ကုန်၊ ဧချင်လှချည်ရဲ့ဆိုတဲ့ ရန်ကုန်၊ ခုတော့ ရန်ကုန်သားက စော်ကားလွှတ်လိုက်လို့ ... နင် ဗိုက်တစ်လုံးနဲ့ ပြန်လာရပြီမဟုတ်လားတဲ့ အမိုက်မရဲ့၊ ပြည် ဖြူဖွင့် အထင်ကြီးချင်ဦးလေ...ရန်ကုန်ကို တောက်”
ဒေါ်ချူးပွင့်နားထဲမှာ အစ်ကိုကြီးကိုဖိုးထိန်ပြောခဲ့သော စကား များကို ပဲ့တင်ထပ်ကာကြားယောင်မိရင်း မိုက်ခနဲဖြစ်သွားလေသည်။
“အို ... ဒေါ်လေး၊ သမီးပြောလိုက်လို့ ဒေါ်လေးစိတ်မကောင်း ဖြစ်သွားပြီလား ဟင်၊ ကန်တော့ ကန်တော့ပါ ဒေါ်လေးရယ်”
“ကိစ္စမရှိပါဘူး သမီးရယ် သားလေးကို သတိရသွားတာပါ။ အေးပေါ့ လေ . သူ့ဦးကြီးက သူ့ကိုသိပ်ချစ်တာကို၊ အစ်ကိုကြီး | ဖိုးထိန်သာရှိရင် အာဏုကို ရန်ကုန်လွှတ်မှာ မဟုတ်ဘူးကွယ့်၊ ဟုတ်တယ် ... ဟုတ်တယ်”
“အာကာကလည်း အကြာကြီးမနေပါဘူးလို့ ပြောသွားပါတယ် ဒေါ်လေးရယ် ... သူ ပြန်လာမှာပါ”
“ဟုတ်ပါတယ် ... သားလေးပြန်လာမှာပါ”
| ဒေါက်တာသစ်လွင်ဟိန်းမျက်နှာကို မြင်ရရုံပါပဲတဲ့၊ သူ့အဖေ | မျက်နှာကိုမြင်ရုံမြင်ရရင် ကျေနပ်ပါပြီတဲ့။ သားလေးအာကာဟိန်းက တဖွဖွ - ပြောသွားခဲ့သည်။
ဒေါက်တာသစ်လွင်ဟိန်း ... ကိုကိုလေး... ကိုကိုလေး အရာ သားအmဟိန်းရဲ့အမ အစစ် အမှန် ဟုတ်ရဲ့လား။ ငါကိုယ်တိုင် သေချာအောင် မစဒ္ဓိနိုင်အီဖို့ သားလေးကို စိတ်ဒုက္ခပေးလိုက်သလိုများ ဖြစ်သွား ပြီလား။ ဘုရား.. ဘုရား..... ။
ဒေါ်ပွင့် ဘယ်လောက်ထိ စိတ်တွေလွင့်မျောသွားသည် မသိ။ ကြာဖြူက ပြန်ဖို့နှုတ်ဆက်လိုက်မှပင် သတိဝင်လာရလေသည်။
“သမီးပြန်မယ်နော် ဒေါ်လေး၊ မိုးမချုပ်ခင် သမီးတစ်ခေါက် လာခဲ့ပါဦးမယ်”
ဒေါ်မြူးပွင့်သည် အိမ်ပေါ်မှဆင်းသွားသော ကြာဖြူကိုကြည့်ပြီး စဉ်းစားကျန်ခဲ့သည်။