ဆောင်းလုလင် - တိတ်တိတ်ပုန်းလရောင်
မိုးတွေ သည်းထန်စွာ ရွာသည့်တစ်နေ့တွင် သူမ ရောက်လာခဲ့သည်။
မနှင်းဖြူ ရောက်လာသည့်အကြောင်းကို တစ်ရွာလုံးက သိထားမိ နေကြသည်။ ဤရွာမှာ ဧည့်သည်အရောက်အပေါက် နည်းသောနေရာဖြစ်၍ လည်း ရွာသူရွာသားများက မနှင်းဖြူ ရောက်လာခြင်းကို အမှတ်ထင်ထင် ရှိနေရခြင်းဖြစ်သည်။
ထို့ပြင် ဒေသခံလူများနှင့် ပုံစံခြားနားနေပါသော မနှင်းဖြူဆိုသည့် သူငယ်မသားအမိ ရောက်လာပုံမှာလည်း ထူးခြားနေသည် မဟုတ်ပါလား၊
ထိုနေ့က ခင်စမ်း နှင့်သူ့အမေ ဒေါ်မြတို့ မြို့ကို သွားကြသည်။ အောင်လံမြို့နှင့် ရွာမှာ အတော်အလှမ်းဝေးသည်မို့ နေ့စဉ် ကားမရှိပါချေး၊ ခေတ်ကာလအလျောက် တစ်ပတ်မှ နှစ်ကြိမ်သုံးကြိမ်ခန့်သာမြို့နှင့် အဆက် အသွယ်ရပေသည်း၊ ခုလို မိုးသည်းထန်စွာ ရွာသောကာလမျိုးဆိုပါက တစ်ပတ် | တစ်ကြိမ်ပင် ကားက အနိုင်နိုင် ရောက်လေသည်။
အောင်လံမှာ ဆွေမျိုးများအလှူရှိ၍ ခင်စန်းတို့ မြို့ကို လာခဲ့ကြခြင်း ဖြစ်သည်။
| အောင်လံမှကားမထွက်မီ မိုးက တဖွဲဖွဲသာ ကျသေးသည်။ တာလ ပတ်ကြီးနှင့် အလုံအုပ်ပိုးထားသော လော်ရီကားကြီးအတွင်းမှာ လူက အပြည့် အသိပ်။ ခင်စမ်းသည် ခေါင်းကို တဘက်ကလေးနှင့်ပတ်ကာ ကားထောင့်တွင် ကျုံ့ကျုံ့လေး ထိုင်နေသည်။ ရသည့်နေရာလေးကို ကျပ်ကျပ်တည်းတည် ထိုင်ရင်း အပြင်ဘက်ကို ငေးမောနေမိသည်။
| ထိုစဉ်မှာပင် အမျိုးသမီးတစ်ဦးသည် လက်တစ်ဖက်က ကလေးငယ် ကို ပိုက်၊ တစ်ဖက်က သံသေတ္တာတစ်လုံးကို မနိုင်မနင်းသယ်ကာ ကား ရှိရာသို့ လာနေသည်ကို ခင်စမ်း တွေ့ရပါ၏။
ကားနားအရောက်တွင် မောပန်းသွားဟန်ဖြင့် သံသေတ္တာကို မြေပေါ် သို့ ခပ်ဆတ်ဆတ် ချလိုက်သည်။ သူမလက်ထဲက ကလေးကတော့ စူးစူးဝါး ဝါး ငိုနေ၏။ သူမမှာရော ကလေးမှာပါ မိုးရေများ ရွှဲစိုနေသည်။
“ဒီကားက ဘယ်ကိုသွားမှာလဲဟင်” ““ဩပလကို သွားမှာ” အနီးဆုံးဖြစ်သည့် ခင်ဝမ်းကပင် သူမအမေးကို ပြန်ဖြေလိုက်ပါ၏။ “ရှင် သုဗလဆိုတာ ရွာလား” “ဟုတ်တယ်... သမ္ဘူလရွာလေ။ ရှင် မကြားဖူးဘူးလား”
ခင်စပ်က မျှလဆိုသည့်အမည်ကို ဒေသခေါ်သည့် အသံအတိုင်း ပြောလိုက်ခြင်းဖြစ်သည်။ ။
“နေရာရှိသေးလား၊ ကျွန်မလည်း လိုက်မယ်”
သူမက ပြောပြောဆိုဆို သေတ္တာကို ကားပေါ်တင်လိုက်သည် ခင်စမ်းကပင် ဆီးယူကာသူမကိုလည်း က်တစ်ဖက်ကမ်းပေးရင်း ကားပေါ် ဆွဲတင်လိုက်ရ၏။
ကားက စက်နှိုး၍ ထွက်စပြုပေပြီ။
သူမက သေတ္တာပေါ်မှာပင် ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။ ကလေးက အငိုမတိတ်သေးချေ။
သူမက ကလေးကိုမျောရင်း ခေါင်းတွင်ပတ်ထားသည့် ပဝါလေးကို ဖြုတ်ချလိုက်သည့်အခါ နဖူးတည့်တည့်မှ မှဲ့နက်ကြီးတစ်လုံးမှာ ထင်းခနဲ ပေါ်လာရလေ၏။ ။
| ဝင်စမ်းနှင့်တကွ ကားတစ်စီးလုံးရှိ တောသူတောင်သားများမှာ ထူးခြားသည့် သူမကို တအံ့တသြ ငေးကြည့်နေကြလေသည်။
ကလေးအငိုတိတ်သွားသည့်အခါ သူမနှင့် ခင်ဝမ်း စကားပြော ဖြစ်ကြသည်။
သူမအမည်မှာ မနှင်းဖြူဟု သူ့ကိုယ်သူ ပိတ်ဆက်၏၊
အသားညိုညို။ ထောင်ထောင်မောင်းမောင်းနှင့်ပို့ နှင်းဖြူ ဆိုသည့် အမည်နှင့်တော့ မလိုက်ဖက်ချေ။
မိုးက သည်းထန်လာပေပြီ။
ကားသည် နှေးသွား၏။ ပိုးကြောင့် ပတ်ဝန်းကျင်ကလည်း မှောင်လာသည်။
ရွံ့နွံများကြားတွင် ရုန်းကန်သွားနေရခြင်းကြောင့် ကားက ယိုင်ထိုး နေပြန်သည်။
မနှင်းဖြူက ကြမ်းတမ်းသည့်ခရီးကို မှုပုံမပေါ်ဘဲ သူမ အကြောင်း များကိုသာ ပြောပြလာခဲ့သည်။
““ကျွန်မက မုဆိုးမပါ။ လင်ယောက်ျားကလည်း ရှိတော့ ကိုယ် ဟာ ကိုယ်ပဲ လုပ်ကိုင်စားရတယ်လေးကျွန်ပအလုပ်ကတော့ ရွာကလေးတွေ လှည့်ပြီး ဈေးရင်းတာပါပဲ။ မိတ်ကပ် ပေါင်ဒါနဲ့ အဝတ်အထည်လေးတွေ ရောင်းပါတယ်။ ခုလည်း ညီမတို့ရွာကို အထည်ရောင်းဖို့ လိုက်လာတာ”
နှင်းဖြူ ပြောပြသည့်အကြောင်းများကို တစ်ကားလုံးလည်း ကြား လိုက်ကြရသည်။ အားလုံးက ကရုဏာသက်သွားကြ၏။
ကားက တောထဲ တစ်စတစ်စ ဝင်လာ၍ ချမ်းစိမ့်စိမ့် ဖြစ်လာသည်။ မနှင်းဖြူက သူ့ကလေးကို တဘက်တခ်ထည်နှင့်ထွေးပိုက်ကာ “သမီးလေး လေ” ဟု ခင်စပ်ဘက် လှည့်၍ပြောလိုက်၏။
ခင်စမ်းက “ကျွန်မ ခဏပေးထားပါလား” ဆိုကာ ကလေးကို တစ်လှည့် ယူလိုက်သည်။ သမီးလေးက ချစ်စရာလေး။ ။
မိုးခြိမ်းသံနှင့်အတူ လျှပ်စီးတစ်ချက် လက်လိုက်သောကြောင့် တော လမ်းခရီးမှ သစ်ပင်များ ယိမ်းထိုးလှုပ်ရှားနေပုံကို မြင်လိုက်ရသည်။ ကား နောက်မှာ မိုးပက်လာ၍ လူများအတွင်းသို့ စွတ်တိုးလာကြသည်။ နေရာက ပိုကျပ်ညပ်သွားလေ၏။ ။
“ကားကလည်း ကျပ်လိုက်တာတော်၊ နှေးလိုက်တာလည်း ပပြော ပါတော့”
အဘွားကြီးတစ်ဦးက ညည်းညူလိုက်သည်။ “ဒီက ညီမတို့ရွာမှာ ထမင်းဆိုင်ရှိတယ်နော်” နှင်းဖြူက ပေးလိုက်သည်။
““ဘယ်ရှိမှာလဲ မိန်းကလေးရယ်" ခင်ဝမ်းအမေဒေါ်မြက ဝင်ပြောလိုက်ခြင်း ဖြစ်သည်။
“ဟောတော့ ဒုက္ခပါပဲ။ ကျွန်မက ဆိုင်မှာပဲ ထမင်းယ်စားပြီး ညအိပ်ခွင့်တောင်းမလို့။ ဒီလိုဆို..."
“မိန်းမရွယ်တစ်ယောက်တည်းနဲ့ကွယ် ကလေးကဒ်ဖက်နဲ့ ဒီလို သာ သွားနေရင်ဖြင့် ကြောက်စရာ"
““ဒီလိုပဲ လုပ်ကိုင်စားနေရတာ အမေရဲ့”
“ကဲ... သုပလ ရောက်ရင် ငါတို့ အိမ်မှာပဲနေ၊ ငါတို့ကလည်း သားအမိနှစ်ယောက်တည်း။ မိန်းမတွေချည်းနေတာ"
“ဟုတ်သားပဲ အစ်မရဲ့” “အားနာစရာတော့ ကောင်းနေပြီ" “ဘယ်ဘာမှာမလဲ။ ဂလိုဘဲ ကူညီပယ့်ဟာ”
“ဟုတ်သဟု... သူငယ်။ ညည်း အတို့ အိပ်တည်တာ အကောင်းဆုံးပဲ”
အဘိုးကြီးတစ်ယောက်က ဝင်တိုက်တွန်းလိုက်ပြန်၏။
မနှင်းဖြူကို ကားပေါ်မှအားလုံးက သနားစရာမိန်းကလေးဟု မှတ်ယူကြသည်။ ယခုမှ တွေ့ဖူးသူပင်ဖြစ်သော်လည်း ရိုးသားသူများပီပီ အနည်းငယ်မျှပင် သံသယဝင်ကြချေ။
ခင်ဝမ်းကလည်း ဤအစ်မတို့ထိလိုက်တည်းမည်ဆို၍ ဝမ်းသာ သွားရသည်။ မနှင်းဖြူတ်သမီးလေးကိုလည်း ခင်စပ်က ချစ်နေလေပြီ။
သို့ဖြင့် မနှင်းဖြူသည် ခင်စမ်းတို့အိမ်သို့ မိုးသည်းသည်တစ်နေ့တွင် ရောက်လာခဲ့ခြင်း ဖြစ်သည်။
မနှင်းဖြူသည် ခင်ဝမ်းတို့သားအမိအအား တစ်မျိုးတစ်ဖုံ ပြောင်း လဲသွားအောင် ဖန်တီးမည့်သူဟူ၍ကား မည်သူမျှ သိခဲ့ကြ
ယခင်ကတော့ ခင်ဝမ်းတို့ရွာကို မိတ်ကပ် ပေါင်း လက်သည်း ဆိုးဆေးမှအစ ထမီ၊ ပုဆိုး၊ ပဝါအဆုံး တန်ဖိုးနည်းပစ္စည်းလေးများကို - ထန်းခါက်အလုံးတွင်ထည့်ကာ ရှေ့တစ်လုံးနောက်တစ်လုံး ဆိုင်းကြိုးနှင့် ထိုင်း၍ ထမ်းရောင်းသော နယ်လှည့်ဈေးသည်များသာ ရောက်လာတတ် သည်။ ခင်စန်းတို့က ထိုဈေးသည်များကို အထမ်းသည်ဟု ခေါ်၏။
မနှင်းဖြူကတော့ အထမ်းသည်များနှင့်စာလျှင် အတော်ပင် အဆင့် မြင့်သောဈေးသည်ပါပေ။ မနှင်းဖြူပစ္စည်းများက အထမ်းသည်များထက် ပိုကောင်းပုံရသည်။ အရောင်စုံသည် အဆင်အသွေးစုံသည်။ တောကြိုက် အရောင်တောက်တောက်ပပများမို့ ဈေးဝယ်သူများနှင့် ခင်စမ်းတို့ အိမ်ကလေး ပြည့်သွားပါ ၊
"အပယ်လေးလေး... ဒိအတိုင်းဆို ကျုပ်အိမ်ပြုမယ်။ လာကြပါ တော်၊ ဟိုပန်းပင်အောက်က ကွပ်ပျစ်ကလေးမှာ အေးအေးဆေးဆေး ဝယ်ကြပါ""
ဒေါ်မြက ဈေးဝယ်သူများကို အပြင်သို့ နေရာရွှေ့ရန် ပြောယူရသည်။
မနှင်းဆွည်းများထည့်ထားသော သံသေတ္တာကြီးကို ပိုင်းမ, ရင်း အိမ်ရှေ့ကွပ်ပျစ်ပေါ် နေရာပြောင်းကြရ၏။
ဈေးဝယ်သူများကလည်း ပစ္စည်းဝယ်ချင်လွန်းလို့ချည်း မဟုတ်။ သံ စိဆံင်စားစရာနည်းပါးသော ဘောပလေ့ထုံးစံအတိုင်း အိမ်ခြေ ၅၀ ခန့်
ရှိသော ရွာကလေးမှာ ပနှင်းဖြူသည် အထူးအဆန်းသဖွယ် ဖြစ်နေသည်မို့ အကြောင်းရှာ၍ လာကြည့်ကြသူများလည်း ပါသည်။
ပည်သို့ပင်ဆိုစေ မနှင်းဖြူ၏ပစ္စည်းများမှာ နှစ်ရက်အတွင်း ကုန် သွားလေ၏။ ။
ခင်၈မ်းမှာ နှင်းဖြူးရောက်လာကတည်းက ပျော်နေသည်။ ကောက် စိုက်အငှားပင် မလိုက်တော့ တစ်နေ့ တစ်နေ့ မနှင်းဖြူကို ဈေးကူရောင်း၊ ကလေးထိန်းပေးနှင့် အချိန်ကုန်နေလေ၏။ - မနှင်းဖြူကလည်း ထမင်းဖိုးဆိုကာ တစ်နေ့သုံးကျပ်နှင့် ခင်ဝမ်းဖို့ . ထမီအနီရဲရဲလေးတစ်ထည်၊ ဒေါ်မြဖို့ မွှေးပွတဘက်ကြီးတစ်ထည် လက်ဆောင် ပေးထားငှာ ကျေးဇူးတင်လို့ မဆုံးတော့ပေ။
ပိုးကောင်းနေသဖြင့် မြို့မှ ကားရောက်မလာ။ မနှင်းဖြူ သလရွာ မှာ သောင်တင်နေသည်မှာ သုံးရက်ပင် ရှိသွားပြီ။
ဤသုံးရက်အတွင်းမှာပင် မနှင်းဖြူနှင့်ခင်စန်းတို့ သားအမိ ရင်းနှီး လာသည်။ သံယောဇဉ် တွယ်လာသည်။
“မမရယ်... နောက်တစ်ခေါက်လည်း ခင်စမ်းတို့ရွာကို လာခဲ့ပါ “ညီမရယ် ... ပခက အခုတောင် ပြန်ချင်တော့တာ မဟုတ်ဘူး “ဂလိုထိုလည်း ငါတို့နဲ့ပဲ လုပ်ကိုင်စားနေပါလားအေ"
ဒေါ်ပြက ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို အားရပါးရ ဖွားနေရင်းမှ ဝင်ပြောလိုက်သည်။
“ပြောသာပြောတာပါအေး ညည်းတို့လို မြို့ကြီးသူတွေက တို့တော မှာ ပျော်မှာ မဟုတ်ပါဘူး"
“ဪ... အရီးရယ်၊ လူဆိုတာ ပျော်ရာမှာမနေဘူး၊ တော်ရာ မှာသာ နေရတာ မဟုတ်လား။ ကျွန်မ အရီးတို့နဲ့ အတူနေချင်ပေမဲ့ နေလို့ မဖြစ်သေးပါဘူးရှင်။ ကျွန်မရဲ့ ဘဝပေးအခြေအနေကိုက .. "
( မနှင်းဖြူ စကားပြောရင်း အသံလေးများ တိမ်ဝင်သွားလေသည်။
“လူဆိုတာ ကိုယ်ချစ်တဲ့လူတွေနဲ့လည်း အတူနေချင်မှာနေရတယ် ကိုယ်ဟ်ရာအရပ်မှာလည်း နေချင်မှနေရတာပါ။ ကျွန်မလေ အရီးမြတို့၊
ဦးနော်"
ညီလေးခင်စမ်းတို့ရဲ့ ဆင်းရဲပေမဲ့ အေးချမ်းတဲ့ဘဝလေးကို အားကျမိပါ တယ်။ ကျွန်မမှာတော့...”
စကားပြောရင်း ငိုရှိုက်သံလေးပါ ရိုက်ခတ်လာသည်ပို့ ခင်စမ်းတို့ သားအမိ အံ့အားသင့်သွားသည်။ ဒိအစ်မမှာ စိတ်ညစ်ညူးစရာအကြောင်း တစ်စုံတစ်ရာ ရှိနေပြီဆိုတာ ခင်စမ်း ရိပ်မိလိုက်သည်။
"စိတ်မကောင်းစရာ အကြောင်းတွေးများ ကြုံခဲ့ရလို့လား ပိန်း ကလေးရယ်”
“ကမ္ဘာပေါ်မှာရှိသမျှ စိတ်ဆင်းရဲစရာအဖြစ်ဆိုးတွေဟာ ကျွန်မ တစ်ယောက်တည်းမှာ စုပြီးဖြစ်နေသလားလို့တောင် ထင်မိပါတယ် အရိုး ရယ်”
“ဘာတွေများဖြစ်ခဲ့လို့လဲကွယ်” “မပြောပါရစေနဲ့အရီး။ “ အဟောင်းတွေ အသစ်ဖြစ်မှာ စိုးလို့ပါ" မနှင်းဖြူက ပြောရင်း မျက်ရည်များကျလာသည်။
ခင်စမ်း မကြည့်ရက်တော့ နှင်းဖြူ၊ ငိုနေသည်ကို ခင်စမ်း ကြည့် ရက်တော့ပါ၍... ။
“စိတ်မကောင်းမဖြစ်ပါနဲ့ ပပရယ်။ ခင်စပ်က ဒီသမီးလေးကို ချစ်လွန်းလို့ ခင်စပ်တို့နဲ့ အတူနေပါလို့ ပြောတာပါ”
"အေး ... ပပလည်း ဒါကိုပဲ စဉ်းစားနေတာပါကွယ်။ မမရဲ့သမီး လေးကို ညီပတို့နဲ့ပဲ ထားခဲ့ရရင် ကောင်းမလားလို့”
ပနှင်းဖြူထံမှ မမျှော်လင့်သောစကားကြောင့် ခင်စပ်တို့သားအမိ အံ့သြရပြန်သည်။
“ဟုတ်တယ်။ ပလေ... နေရာတော်တော်များများကို ရောက်ခဲ့ပါ ပြီ။ ဟောဒီ သမီးလေးအတွက် အကောင်းဆုံးနေရာ သမီးလေးကို မေတ္တာ ငွေ့ ကောင်းကောင်းပေးနိုင်မယ့် အသိုင်းအဝိုင်းကို ရှာလို့ မတွေ့နိုင်ခဲ့ပါဘူး ကွယ် ဒီရွာကိုရောက်လာမှ ညီမတို့သားအမိနဲ့တွေ့မှ အရီးတို့ ညီမတို့ စေတနာကို ပြင်လာရတဲ့အပြင် မိန်းမသားနှစ်ယောက်တည်း ဖြစ်တဲ့ အရီးတို့ သားအမိဟာ သမီးလေးအဘွက် အကောင်းဆုံးအုပ်ထိန်းသူတွေ ဖြစ်လာ မလားလို့”
“နေပါဦး မနှင်းဖြူရဲ့၊ ကိုယ့်သားသမီးကို ဘာလို့ သူများပေးပစ်ဖို့ နိုက်ကူးတယ်ဆိုတာ ပြောပြစမ်းပါဦး”
ဒေါ်မြက မေးလိုက်သည်။
“တကယ်တော့ ကျွန်မဟာ ဒီလိုရွာစဉ်လှည့်ဈေးရောင်းရလောက် အောင် ချို့ငဲ့သူ မဟုတ်ပါဘူး၊ ကျွန်မမိဘတွေဟာ မြစ်ဝကျွန်းပေါ်ဘက်မှာ အတော်ကို ချမ်းသာတဲ့သူဌေးကြီးတွေပါ။ ဒီသမီးလေးဟာ ကျွန်မမိဘတွေ သဘောမတူတဲ့ ကျွန်မချစ်သူနဲ့ ရခဲ့တဲ့ကလေးပါ။ ကျွန်မချစ်သူဟာ ကျွန်မနဲ့ တစ်နှစ်လောက်ပဲ ပေါင်းခဲ့ရပြီး သေဆုံးသွားခဲ့ရပါတယ်”
“ကျွန်မမိဘတွေဆီပြန်တော့ ဖေဖေက ဒီကလေးပါရင် အိမ်မှာ လက်မခံနိုင်ဘူး။ ဒီကလေ.ကို အပြီးအပိုင်စွန့်ပစ်ခဲ့မှသာ ကျွန်မကို ပြန်လက် ခံနိုင်မယ်တဲ့။ ပြီးတော့ သူတို့ပေးတဲ့ ယောက်ျားကိုယူရမယ်တဲ့"
“ဟောတော်”
"ကျွန်မသမီးလေးကို ကျွန်မ သိပ်ချစ်ပါတယ် ဒါပေမဲ့ ရှေ့ရေးကို စဉ်းစားကြည့်တော့လည်း သမီးလေးနဲ့ခွဲခွာ အတူတူနေပယ်ဆိုရင် ကလေး ရော၊ ကျွန်ပါ ဒုက္ခမျိုးစုံကြားမှာ အတော်ကြီးရုန်းကန်နေရမယ်။ ကျွန်မ လည်း လူသားတစ်ယောက်ပဲ။ ပြီးတော့ ငယ်စဉ်ကတည်းက လိုလေသေး မရှိအောင် နေလာခဲ့သူမို့ ချမ်းသာပြည့်စုံတဲ့ဘဝကို မက်မောနေမိဆဲပါပဲ”
“ဒါပေါ့လေ”
နှင်းဖြူက စကားကိုရပ်လိုက်သည်။ ခင်စမ်း ရင်ခွင်တွင် အိပ်ပျော် နေသာ သမီးလေးကို ညင်သာစွာ ပြန်ယူလိုက်ရင်း ...
“ကျွန်မ အိမ်ကိုပြန်ချင်တယ်။ ကျွန်မမိဘတွေ ဆုံးပါးသွားတဲ့ အချိန်မှာဖြစ်စေ၊ အိမ်မှာ ကျွန်မ အာဏာတည်လာတဲ့အထိ အရေးပါလာတဲ့ အချိန်မှာဖြစ်စေ အဲဒီလိုအခါမျိုးကျမှ ကျွန်မ သမီးလေးကို ပြန်ခေါ်ရင် အဆင်ပြေမလားလို့ ... ။
“ကျွန်မ နေရာအနှံ့မှာ သမီးလေးအတွက် မွေးစားသူကို ရှာဖွေခဲ့ ပါတယ်။ စိတ်ကြိုက်မတွေ့ခဲ့ဘူး။ အရီးနဲ့ညီမလေးကို တွေ့တော့ အရိုးတို့ဟာ ဆင်းရဲပေမဲ့ ရိုးသားတယ်။ တစ်ဖက်သားအပေါ်မှာ စေတနာထားတတ်တယ် ခင်စပ်ကလည်း သမီးလေးကို သိပ်ချစ်ပြီး သံယောဇဉ်တွယ်နေတာ တွေ့ရ
တော့ သမီးအတွက် မိခင်ကောင်းကို တွေ့ပြီလို့ထင်ပါတယ်။ တကယ်လို့ ပျား သမီးလေးကို အရီးတို့က လက်ခံပယ်ဆိုရင်လေ အခုလောလောဆယ် ကျွန်ပမှာပါလာတဲ့ ငွေသုံးထောင်နဲ့အတူ အပ်ခဲ့ပါရစေလို့”
“သုံးထောင် ... အမယ်လေး ... သုံးကောင်"
ငွေသုံးထောင်ဟု ကြားလိုက်သည်ကိုပင် ဒေါ်က သူ့ရင်ဘက် သူ ဖိရင်း အထူးအဆန်းအလား အံ့သြနေတော့၏။
အမှန်တကယ်လည်း သုံးထောင်ဆိုသော ငွေပမာဏသည် သူတို့ အတွက်တော့ အံ့သြစရာ၊ လိုချင်စရာ၊ မက်မောလောက်ဖွယ်ရာ မဟုတ် လား။
သူတို့သားအမိ ကောက်စိုက်အငှားလိုက်သည်မှာ တစ်ရက်ကို တစ် ကျပ်ရသည်။ ဆန်တစ်တင်းလျှင် ၁၂ ကျပ်။ ရွှေတစ်ကျပ်သားကို ၁၅၀ ကျပ် ပေါက်ဈေးရှိသော ဤလိုခတ်မျိုးဝယ် သုံးထောင်ဆိုသောငွေမှာ မက် မောလောက်စရာ ငွေအလုံးအခဲကြီးပင် ဖြစ်ပါတော့သတည်း။