ဆောင်းလုလင် - တစ္ဆေအော်သံ
တယ်လီဖုန်းမြည်သံ။ ကလင် . . . ကလင် .. လင် .. .. လင်.. ပထမအကြိမ် တယ်လီဖုန်းသံထွက်ပေါ်လာသည်။
တယ်လီဖုန်းသံသည် ခေါ်သံသုံးကြိမ်မြည်ပြီးနေက် ရပ်သွား၏။
( နှစ်မိနစ် တိတိ အသံပြတ်တောက်သွားပြီးနေက် နေက် တစ်ကြိမ်မြည်လာပြန်သည်။ -
ကလင် .. .. .. ကလင် .. လင် .... လင်.
တယ်လီဖုန်းသံသည် ပထအကြိမ်အတိုင်း ခေါ်သံသုံးခါ မြည်ပြီးနေဘဲပြတ်အော်သွားပြန်လေသည်။
နှစ်မိနစ် တိတိအသံပြတ်အော်ပြီး တတိယအကြိမ်ထွက် ပေါ်လာပြန်သည်။
ကလင် .. .. .. ကလင် .. လင် .... လင်..
သည်တစ်ကြိမ်တွင်လည်း တယ်လီဖုန်းသံသည် သုံးကြိမ် သုံးခါအော်မြည်လိုက်သည်။
""""""ထို့နေတယ်လီဖုန်းသည် လုံးဝပြတ်တောက် | သျှပါလေ၏။
ခေါ်သံသုံးကြိမ်မြည်လာသော တယ်လီဖုန်းသံ။
တစ်ကြိမ်နှင့်တစ်ကြိမ်ကြားတွင် ၂မိနစ်တိတိပြတ်တောက် ခဲ့ သည်။
တယ်လီဖုန်းသံသည် တိတ်ဆိတ်သော ညသန်းကောင် ချိန်တွင်ထွက်ပေါ်လာခြင်းဖြစ်သည်။ လူသူမနေသောအဆောက်အ ဦးအတွင်းထွက်ပေါ်လာခြင်းဖြစ်ပါ၏။
ညအချိန် လူမနေသော ရုံးခန်းအတွင်းမှ တယ်လီဖုန်း သည် မည်သည့် အတွက်ကြောင့် ခေါ်သံထွက်ပေါ်လာရလေသ နည်း။
တယ်လီဖုန်းသံသည် မှားယွင်းခေါ်ယူမှု ကြောင့်ထွက်ပေါ် လသာခြင်းလား။ ဖုန်းလိုင်းတစ်ခုနှင့် တစ်ခုပူး၍ ထွက်ပေါ်လာ ခြင်းလား။
မတော်တဆ အသံထွက်ပေါ်လာသော တယ်လီဖုန်းသံ ဖြစ်လေသလား။
သို့ တည်းမဟုတ် - တယ်လီဖုန်းမြည်သံတွင် ရည်ရွယ်ချက်တစုံတခုရှိသလား။ | သက်ဆိုင်သောသူများကတော့ လူသူမရှိသည်ရုံးခန်း အ
က်အဦးထဲတွင် ညသန်းခေါင်အချိန်၌ မြည်လာသော တယ်လီဖုန်းသံသည် ရည်ရွယ်ချက်ရှိကြောင်းသိကြပါသည်။
ဤကမ္ဘာကကြီး၌ ထိုကဲ့သို့ မြည်လာတယ် လီဖုန်းသံ၏လျှို့ဝှက်ချက်များ ဖော်ထုတ်နိုင်သည်လူသား သုံးဦးထဲ သရိုပါလေ၏။
ထိုလူသားသုံးဦးသည်က ..
နားလှပါသည်။
မလှပသောဇာတ်ကြောင်းကိုတင်ပြရသည် အတွက် အား
ဤဇာတ်လမ်းသည် ခိုးဆိုးတိုက်ခိုက်မှုများ၊တန်ပြန်သော် စားချေမှုများ၊ အငြိုးထား သတ်ဖြတ်မှုများ၊ ဖောက်လွဲဖောက် ပြန်ပြုမျှများ၊ သုဘအယှင်များဖြင့် ပြည်လျှမ်းနေသည် မလှပသော ဇာတ်အိမ်တစ်ခုသာဖြစ်ပါသည်။ ။
ဤဇာတ်လမ်းတွင် ပါဝင်လှုပ်ရှားသူများမှာလဲ.. က် ထွင်းထိသူခိုးတစ်ယောက်၊ သူတစ်ပါးမယားကိုကြာဆိုသူလူယုတ်မာ တစ်ယောက်၊ လင်ယောကျာ်းကွယ်ရာတွင် ဖောက်လွဲဖောက်ပြန်ပြု သူ မိန်းမဆိုးတစ်ယောက်တို့ ဖြစ်ကြလေသည်။
သူတို့သုံးဦး၏ကြား၌ တယ်လီဖုန်းခေါ်သံတစ်ခုသည် လျှို့ဝှက်နက်နဲစွာပါဝင်ပတ်သက်နေခဲ့လေ၏။
ကိုထမင်းသည် သူခိုးတစ်ယောက်ဖြစ်သည်။
သူခိုးဖြစ်နေ၍ ကိုဘမင်းကို လေလွင့်နေသောတေလေ ဂျပိုးတစ်ယောက်လို့တော့ သတ်မှတ်လို့မရ။
ကိုဘမင်းသည် ဥပဓိရုပ်ကောင်းသည်၊ မှင်မောင်းကောင်း သည်။ တည်ကြည်ခန့်ညားသေကိုဘမင်းကိုကြည်၍ မည်သူကမှ ( သူခိုးသူဝှက်တစ်ယောက်လို့ စွပ်စွဲနိုင်မည်မဟုတ်။
တကယ်လဲ ကိုဘမင်းသည် အဆင့်မြင့်သူခိုးတစ်ယောက် ဖြစ်လေသည်။
ဖောက်ထွင်းဝိဇ္ဇာ၊ ဝိဇ္ဇာ၊ | ကိုဘမင်းသည် အဆင့်မြင့်ဆုံး ခိုးနည်း၊ ဝှက်နည်း၊ သော့ဖွင့်နည်း၊ ည တုလုပ်နည်းများကို တတ်ကျွမ်းထားသော ဖေဘော်ထွင်းဝိဇ္ဇာတစ်ယေဘော်ဖြစ်ပါ၏။
မြေအောက်လောကတွင် နမည်အကျော်ကြားဆုံးသူခိုး တစ်ယောက်ဟုဆိုရပေမည်။ ကိုဘမင်းဖောက်ထွင်းခိုးယူခဲ့ သမျှ အမျှ တိုင်း ဖမ်းမိသည်ဟူ၍မရှိ။ ကိုဘမင်းလုပ်သမျှသည် ပိယိသည်။ သေသပ်သည်။ ထို့ကြောင့် ကိုဘမင်းကိုတပည်ခံလိုသူများလည်း
မြောက်များစွာရှိလေသည်။ သို့သော်.. ကိုဘမင်းကတပည်မမွေး၊ သူ့ပညကို ဘယ်သူ့မှလဲသင်မပေး။ လက်ဆင့်ကမ်းခဲ့ ပေ။
တပည် တပန်းထားခြင်းသည် မိမိကိုယ်ကို ကြိုးကွင်းစွပ် ခြင်းတစ်မျိုးဟု ကိုဘမင်းက ယုံကြည်သည်။ ကိုဘမင်းသည် | ကိုယ်ကကျူးလို့ ကိုယ်ဒူးတောင်မယုံသည်လူစားမျိုးဖြစ်သည်။
ကျူးလွန်သမျှ ဖောက်ထွင်းမှု တိုင်းတွင် ကိုဘမင်းက တစ် ကိုယ်တော်သာလှုပ်ရှားခဲ့သည်။
ကိုဘမင်း၏ခံယူချက်က တစ်မျိုးဖြစ်သည်။ သူလုပ်နေ သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် မကောင်းမှုဒုစရိုက် လုပ်ငန်းဖြစ်တာကိုသူသိသည်။ သူ၏ အဒိန္နာဒါနကံကို ကျူးလွန် နေသောဒုစရိုက်မှုများအား တစ်ပါးသူကိုခွဲဝေမပေးလို၊ တစ်ချိန် တွင်တန်ပြန်ခံစားရမည် “ဗ”အတွက် သူတစ်ယောက်ထဲသာခံယူ လိုသည်။ မတော်တဆ ဖမ်းဆီးခံရပါကလည်း ရရှိမည်ပြစ်ဒဏ်ကို မိမိတစ်ယောက်ထဲသခံပါမည်။ ထို့ကြောင့် မကောင်းမှုဒုစရိုက် ပညကို မဖြန့်ဝေလိုခြင်း၊ ပွားမပေးလိုခြင်းဖြစ်ပါသည်။
ခိုးဝှက်သည် အလုပ်ကိုလုပ်နေရ၍ ကိုဘမင်း အမြဲစိတ်မ ကောင်းဖြစ်ရသည်။ မလွှဲမကင်းသ၍တစ်ကြောင်း၊ ဘဝပေးအခြေ အနေကဖန်တီးလာ၍တစ်ကြောင်း သူသည် ဒုစရိုက်က၌ကျင် လည်နေရသည်။ ဖြစ်နိုင်လျှင် ဤဒုစရိုက်မှုကိုသူမလုပ်ချင်ပါ။
ထို့ကြောင့် ကိုဘမင်းက သံဓိဌာန်တစ်ခုချထားသည်။
ပါးက သူတစ်ပါးပစ္စည်းခုံခြင်း ========== ========
ဆိုသော အဒိန္နဒါနကံကိုကျူးလွန်နေရ၍ ကျန်သေကံလေးပါးကို လုံအောင်ထိမ်ပါမည်ဟု အဓိဌာန်ပြုထားခဲ့လေသည်။
လိမ်လည်ပြောဆိုခြင်း၊ သူတစ်ပါးအိမ်ကိုပြစ်မှားခြင်း၊ သူတစ်ပါးအသက်ကိုသတ်ခြင်း၊ အရက်သေစာသောက်စားခြင်း စ သည်ကံလေးပါးကိုလုံခြုံအောင်ထိမ်းထားဖို့ ကိုဘမင်းက ဆုံးဖြတ် ထားပါသည်။
အထူးသဖြင့် ဖောက်ထွင်းခိုးမှုကျူးလွန်စဉ်တွင်.. တ ဖက်ရန်ပြုလာသည် တိုင် ပြန်လည်ခုခံခြင်းမပြုရန် သံဓိဌာန် ချာသည်။ ခုခံခြင်းမပြုရုံသာမဟုတ်၊ သူတပါးကိုကြင်အောင် လည်းမလုပ်၊ သူတပါးအသက်ကိုလည်း မည်သည့် အခါမှမသတ်ပါ ဟုဆုံးဖြတ်ချက်ချထားခဲ့လေသည်။
ထို့ပြင် သူ၏အသက်လေးဆယ်ပြည် သည်နှင့် ဤအလုပ် ကိုလုံးဝစွန့်လွှတ်မည်ဟုလည်း ဘုရား၌သစ္စဆိုထားခဲ့ပါသည်။
ဒီ အ အ
ကျွမ်းကျင်-ကျင်လည်လွန်း၍ ပိယိစွာ လှုပ်ရှားနေနိုင် သေလဲ တကယ်တန်းဆိုလျှင်ကိုဘမင်း၏လုပ်ငန်းသည် အန္တရာယ် ကြီးလှပါသည်။ ။
ထို့ကြောင့် သူကတပည် တပန်းမထား။ ရသမျှလည်း | ကိုယ်ပဲယူမည်။ ခံစရရှိလျှင်လဲကိုယ်တစ်ယောက်ထဲခံမည်။ သက်
စွန့်ဆံဖျား ကြိုးပမ်းရယူထားသည်ပစ္စည်းပစ္စကို သူတစ်ပါးလဲခဲ့ မပေး၊ ခွဲပေးခြင်းဖြင့်လည်း တစ်ပါးသူကို ပြစ်ဒဏ်ခွဲမခံစေလို။ ကိုယ်လုပ်သမျှကံအတွက် ကိုယ်တိုင်စံစား၍ ခံစရရှိလျှင်လဲ ကိုယ် တိုင်ခံသွားပါမည်။ ငရဲကိုအဖော်ခေါ်မသွလို။
သည်လိုခံယူချက်ရှိသောကိုဘမင်းသည် အပေါင်းအပ ရှိ၊ တပည်တော်သားမထား။ ဖြစ်နိုင်လျှင် ကိုဘမင်းက လူဖြစ်နေ သမျှဘဝကို တစ်ကိုယ်တော်ကျင်လည်ကျက်စားရင်းအချိန်ကုန်လွန်
ချင်သည်။ ဖြစ်နိုင်ပါက သံယောဇဉ်ပွားရမည် အိမ်ယာထူ ထောင်ခြင်းအမှုကိုပင် ရှောင်လွဲချင်သည်။
သို့သော် သူသည် မလွဲမရှောင်သပဲအိမ်ထောင်ပြုခဲ့ရ သည်။ မိန်းမယူခဲ့ရသည်။
မင်းကြိုင်ကို ချစ်ခင်နှစ်သက်ခြင်းမရှိလှပါပဲပေါင်းသင်း ခဲ့ရခြင်းသည် သူ့အတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုကို ထမ်းရွက်ခဲ့ရ ခြင်းပင်ဖြစ်သည်။ ထိုအိမ်ထောင်မှု အချုပ်အနှောင်သည်ပင် တစ် ကိုယ်တော်သူ့ဘဝအား ဒုက္ခနွံတွင်းသို့ ကျရောက်ရန်ဖန်တီးခဲ့ခြင်း ဖြစ်တော့သည်။