Skip to product information
1 of 1

Other Websites

ဆောင်းလုလင် - ချွတ်စွပ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

လောကကြီးတွင် မိမိနှင့်ထပ်တူထပ်မျှ တထေရာတည်းတူသူ တစ်ဦးရှိနေသည်ဆိုပါက ထိုသူသည် မည်သို့ခံစားရလိမ့်မည်လဲ။

ကျွန်တော်သည် ကျွန်တော်ငယ်စဉ်ဘဝကပင် ကျွန်တော်၏ ကိုယ်ပွားခန္ဓာကိုယ်ကို တွေ့ရှိခဲ့ရပါသည်။ ကျွန်တော်တွင် အခြားသူများ နှင့်မတူသော ခန္ဓာကိုယ်အပွားတစ်ခုရှိနေတာကို ခံစားသိရှိခဲ့ရသည်။

ကိုယ်ခန္ဓာသည် သဘောဖြင့်သူ သူလုပ်ချင်ရာကို လုပ်ဆောင် | နိုင်ပြီး သူလုပ်ခဲ့သည့်လုပ်ရပ်များအတွက် တန်ပြန်မှုများကိုမူ ကျွန်တော်က ခံစားနေရပါသည်။

ဥပမာအားဖြင့် ကျွန်တော်သည် ငယ်စဉ်ကပင် ခန္ဓာကိုယ်နေရာအနှံ့ တစ်နေရာမဟုတ် တစ်နေရာ၌ နာကျင်မှုကို ခံစားရတတ်သည်။ မသိတတ် သေးခင်အချိန်က ဘာကြောင့် ထိုသို့ခံစားရမှန်း မသိပါ။

ကျွန်တော် အသက်ရနှစ်အရွယ်ခန့်က အမေ့ဈေးဆိုင်ကိုကူခင်း - ပေးနေစဉ် ကျွန်တော့်မျက်စိရှေ့သို့ လက်သီးတစ်ခုဝဲလာသည်ကို မြင်လိုက်ရ ' သည်း ချက်ချင်းပင် ကျွန်တော့်ပါးချိတ်ဆီ၌ ပြင်းထန်စွာနာကျင်သွားပါသည် ကျွန်တော်က “အား”ခနဲ တစ်ချက်အော် လိုက်မိသေးသည်။ )

“ဘာဖြစ်တာလဲသား” အမေက ကျွန်တော့်ကိုကြည့်ရင်း မေးလိုက်သည်။

ကျွန်တော်က ပါးချိတ်ဆီလက်ဖြင့်စမ်းရင်း -

“တစ်ယောက်ယောက်က ကျွန်တော့်ကို လက်သီးနဲ့ထိုးလိုက် တယ်အမေ"

“အို .. သားကလဲ၊ မဟုတ်နိုင်တာကွယ်၊ သားက အမေ့ရှေ့ မှာ အလုပ်လုပ်နေတာပဲ၊ သားအနားကိုဘယ်သူလာလို့ ဘယ်သူက ထိုးရမှာ

“မဟုတ်ဘူးအမေ၊ သားကိုတစ်ယောက်ယောက်က ထိုးလိုက် သလိုပဲ၊ လက်သီးကိုတောင် သားမြင်လိုက်ရသေးတယ်၊ ဒီနားမှာ နာကျန် ခဲ့တယ်အမေ"

ကျွန်တော်က နာသွားသောပါးချိတ်ဆီ လက်ဖြင့်စမ်းသပ်ရင်းမှ ပြောလိုက်သည်။

အမေက ကျွန်တော့်အနားရောက်လာ၏။ “ဟင် ...သားပါးချိပ်ရောင်နေတယ်"

အမေက ကျွန်တော့်ဘယ်ဘက်ပါးကိုပွတ်သပ်ရင်း အံ့သြစွာပြော လိုက်သည်။ ။

““ဟုတ်လားအမေ၊ အဲဒါကြောင့် သား လက်သီးနဲ့အထိုးခံလိုက် ရပါတယ်ဆို"

ကျွန်တော်က ဆိုင်နောက်ဘက်တွင်ချိတ်ထားသော မှန်ကလေးဆီ ပြေးသွားကာ မှန်ထဲတွင်ကြည့်လိုက်သည်။ ဟုတ်ပါရဲ့။ ကျွန်တော်အထိုး ခံလိုက်ရတယ်လို့ထင်မိတဲ့ ညာဖက်ပါးဟာ ရောင်နေပါလား။

“မင်း အလုပ်လုပ်ရင်းက တစ်ခုခုနဲ့ဆောင့်မိပါလိမ့်မယ်သား ရယ်” အမေက တွေးတွေးဆဆပြောလိုက်သည်။ ကျွန်တော့်အမေ့ကို ဘာမှပြန်မပြောတော့ပါ။

ထိုအဖြစ်မှာ ကျွန်တော် ပထမဆုံးသတိထားမိသော တ်မိသော အဖြစ်တစ်ခုသာဖြစ်ပါသည်။

နောက်ပိုင်းတွင် ထိုအဖြစ်မျိုး မကြာခဏကြုံရတတ်သည်။

ကျောင်းခန်းထဲတွင် စာသင်နေရင်း ကျွန်တော့်ခြေထောက်ကို တစ်စုံတစ်ယောက်က ဆောင့်ကန်လိုက်သလိုပျိုး၊ နားရင်းကိုအလုပ်ခံလိုက် ရ၍ ငိုက်ကျသွားတာမျိုးတွေကြုံရသည်။ ထိုအခါများတွင် ကျွန်တော်သည် ထိခိုက်မိသောနေရာများ၌ နာကျင်ကျန်ရစ်နေခဲ့တတ်ပါသည်။ တကယ် အထိအခိုက်ခံလိုက်ရသလိုမျိုး ခံစားနေရတတ်ပါသည်။ ။

| လမ်းသွားနေစဉ် နောက်မှ ပခုံးကိုပုတ်ခေါ်လိုက်သလိုမျိုး ကြုံ၍ ယောင်ပြီးလှည့်ကြည့်မိတာမျိုးလည်းရှိသည်။

တစ်ခါကတော့ တော်တော်အခြေအနေဆိုးသည်။ ထိုအချိန်က ကျွန်တော်လေးတန်းကျောင်းသားဖြစ်နေပါပြီး

ကျောင်းမှပြန်လာစဉ် ကြုံရခြင်းဖြစ်သည်။ ကျွန်တော့်ဘေးမှာ မူရာလည်းရှိနေသည်။ မူရာနှင့်ကျွန်တော်မှာ အိမ်နီးချင်း ရွယ်တူ အတန်းတူ သူငယ်ချင်းများဖြစ်၍ ကျောင်းသားကျောင်းပြန် အတူပြန်နေကျ ဖြစ်ပါသည်။

ကျွန်တော်တို့ လမ်းလျှောက်လာကြစဉ် •••

ကျွန်တော့်နောက်မှလူတစ်ယောက်က ကျွန်တော့် ညာဘက်လက် | ကို လိမ်ချိုးလိုက်လေသည်။ ကျွန်တော်သည် ရုတ်တရက်မို့ ခံလိုက်ရကာ ဒေါသတကြီးဖြင့် နောက်ကိုလှည့်ကြည့်လိုက်သည်၊

နောက်မှာ ဘယ်သူမျှရှိမနေပါ။

ကျွန်တော် လက်မှာမူ နောက်ကိုလိမ်ချိုးခံထားရပြီး ညာဘက်လက် ( ဂ)ကျောဘက်မှာဖိကပ်ထားသလိုဖြစ်နေသည်။ ။

. “ဟဲ....ဟဲ .. ဘယ်လိုဖြစ်တာလဲ"

မူရာက အလန့်တကြားမေးလိုက်သည်။

“လက်ကို လိမ်အချိုးခံလိုက်ရတယ်" “ဟင် ...နှင့်နောက်မှာ ဘယ်သူမှမရှိတာ”

“အဲဒါတော့ ငါမသိဘူး။ ငါ့လက် လိမ်သွားတာနင်အမြင်ပဲ။ နာလိုက်တာဟာ”

မူရာက လိမ်အချိုးခံလိုက်ရသလို နောက်ကျောကိုကပ်နေသည် ကျွန်တော့်လက်ကို ဖြည်းညင်းစွာ နေသားတကျဖြစ်အောင်လုပ်ပေးသည်။

“ရှူး ... ကျွတ် ... ကျွတ် ... နာလိုက်တာဟာ" “နင်တမင်လုပ်တာမဟုတ်လား" “ဟ...ငါ့လက်ငါ နောက်ကိုလိမ်သွားအောင် ဘယ်လိုလုပ်လို့

ရမလဲ”

“အေး ... ဟုတ်သားပဲ၊ နင်သိပ်နာသွားသလားဟင်"

ထိုအကြောင်းများကို အမေ့အား ပြန်ပြောပြသည့်အခါ အမေသည် ယခင်ကလို စိတ်ထင်လို့ပါဟုဆိုကာ မငြင်းဆန်တော့ပေ။ ကျွန်တော် ထိုသို့ဖြစ်သည့်အခါတိုင်း အမေက တစ်ခုခုကိုတွေးတောနေသလို ငေးငိုင် နေတတ်၏။ သက်ပြင်းကိုလည်း တချချဖြစ်နေတတ်ပါသည်။

ထိမိခိုက်မိသလို ခံစားရခြင်းမျှသာမဟုတ်ပါ။

ရံဖန်ရံခါတွင် ကျွန်တော့်မျက်လုံးထဲတွင်ပါ အရိပ်အယောင်များ မြင်လာတတ်ပါသေးသည်။ အရိပ်အယောင်ဆိုသည်မှာ ကျွန်တော့်လက်ရှိ ဘဝထဲတွင် တကယ်မရှိသော ပုံရိပ်များကို မြင်ယောင်လာခြင်းမျိုးဖြစ်ပါ သည်း

ဥပမာအဖြစ် ပြောပြပါမည်။

မူရာနှင့်အတူ ကျောင်းမှပြန်လာစဉ်က အဖြစ်အပျက်ပင်ဖြစ်ပါ " သည်။

| လမ်းလျှောက်လာရင်းမှ ကျွန်တော်အောက်ကို ငုံ့ကြည့်လိုက်ရာ ကျွန်တော့်ရှေ့တွင် ချောက်ကမ်းပါးကြီးတစ်ခုကို တွေ့လိုက်သည်။ အလွန် တရာနက်သောချောက်ကြီးဖြစ်ပြီး အောက်ခြေကို ရေးရေးပျပျမျှသာ မြင်တွေ့ ရပါသည်။ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်နှင့် ထိုချောက်နက်ကြီးထဲသို့ ကျွန်တော်ကျသွားမည်ဖြစ်ပါသည်။ ။

ကျွန်တော်က လျှောက်နေသောခြေလှမ်းကို ရုတ်တရက်တဲ့ လိုက်သည်။ ဘေးမှ ရာ့ကိုလည်း လက်ဖြင့် အလျင်အမြန်လှမ်းဆွဲလိုက်ရ

သည်း

“ဟဲ့ ... ဘာဖြစ်တာလဲ"

“ချောက်ကြီး ရှေ့မှာ ချောက်ကြီးမမြင်ဘူးလား၊ ဆက်လျှောက် ရင် ငါတို့ချောက်ထဲကျသွားလိမ့်မယ်”

“ဘာ..." ,

မူရာက ကျွန်တော့်လက်ထဲမှရုန်းထွက်လိုက်ကာ ကျွန်တော့်ကို ခါးထောက်ကြည့်လိုက်သည်း

ကျွန်တော်က နေရာမှမရွေ့ဘဲ ကျွန်တော်မြင်နေရသည့် ချောက် ကြီးကို ငုံ့ကြည့်နေမိဆဲ ...

ချောက်ကမ်းပါးကြီးမှာ တဖြည်းဖြည်းဖြင့် ဝေဝါးပျောက်ကွယ် သွားလေသည်။ ... ”

ကျွန်တော့်ရှေ့၌ နေ့စဉ်လျှောက်နေကျဖြောင့်ဖြူးသောလမ်းမ - ကြီးပြန်ပေါ်လာလေသည်။

“နန္ဒ နင်ဘာဖြစ်နေတာလဲ” “ဘာမျှမဟုတ်ပါဘူးဟာ” ကျွန်တော်က စကားကိုလျှော့ချလိုက်ရသည်။ “နန္ဒ၊ နင်ဟာလေ ... တော်တော်ကိုကြောင်ကယ်"

မူရာ့စွပ်စွဲစကားကို ကျွန်တော်ပြန်မဖြေရှင်းနိုင်ပါ။ ကိုယ့်အဖြစ် ကိုယ်သာ အံ့အားသင့်နေမိသည်။

ကျွန်တော်သည် ဘဝတစ်လျှောက်လုံး ထိုကဲ့သို့ ကိုယ့်ပတ်ဝန်း ကျင်မှမဟုတ်သော အရာများ၊ မြင်ကွင်းများကို မကြာခဏမြင်လာတတ် လေ့ရှိပါသည်

တောင်တန်းမှိုင်းမှိုင်မြို့မြို့ကြီးများ၊ ရေတံခွန်များကိုမြင်ရတတ် ပါသည်။ ကျွန်တော်တို့နေသောမြေလတ်ဒေသတွင် ထိုကဲ့သို့ မြင်ကွင်းများ ရှုခင်းများမရှိပါ။ ကျွန်တော်မြင်ရသော ရှုခင်းများမှာပြက္ခဒိန်များတွင်သာ မြင်ရတတ်သော သာယာလှပသည့်ရှုခင်းများ ဖြစ်နေတတ်ပါသည်။ - ကျွန်တော်သည် သက်ငြိမ်ပန်းချီကားကဲ့သို့ ရုပ်သေမြင်ကွင်း

များကိုချည်း မြင်နေရတာမျိုးမဟုတ်ပါ။ တစ်ခါက တောင်တန်းမှိုင်းမှိုင်း -ကြီးကိုနောက်ခံထား၍ မိုးပေါ်သို့တလွင့်လွင့်တက်သွားသော မီးပုံးပျံတစ်ခုကို မြင်တွေ့ခဲ့ရသည်။ မိုးသားတိမ်တိုက်များကလည်း ကောင်းကင်ပေါ်တွင် ရွေ့လျားနေပါ၏။ .

တစ်ခါတစ်ရံ ကျွန်တော်သည် အိပ်ရာမှတစ်ရေးနိုးသည့်အခါ အခန်းပြတင်းပေါက်ကိုကျော်၍ လှပစွာပွင့်ဝေနေသော ချယ်ရီပင်များကို မြင်တွေ့ရတတ်ပါသည်။ ချယ်ရီပင်များနှင့်အတူ နှင်းပွင့်ဖြူ၊ ဖြူးများကလည်း တဝဲဝဲကျဆင်းလျက်ရှိသည်။ . ။

ကျွန်တော်သည် ထိုမြင်ကွင်းကို အိပ်ရာပေါ်မှ မလှုပ်မယှက် ကြည်နေမိတတ်သည်။ ထိုအခါမျိုး၌ ကျွန်တော်အိပ်နေသောနေရာ မှာလည်း ကျွန်တော်တို့အိမ်လေးထဲက အိပ်ရာထဲမှာမဟုတ်ဟု ထင်မှတ် မိပါသည်။

. ။ ကျွန်တော်ငေးကြည့်နေစဉ်မှာပင် နှင်းများရော ချယ်ရီပန်းများပါ မြင်ကွင်းမှပျောက်သွားကာ ကျွန်တော်တို့နေအိမ်ကလေး၏ ညမြင်ကွင်းက ပြန်၍ ပီပြင်လာလေသည်။

ထိုမြင်ကွင်းကို ကျွန်တော်မကြာခဏမြင်ရတတ်ပါသည်။ အထူး သဖြင့် အိပ်ရာမှတစ်ရေးနိုးသည့်အခါတိုင်း မြင်ရတတ်သည်။ အိပ်မက် လည်း မဟုတ်ပါ။ မျက်စိဖွင့်ကြည့်ရင်းမှ မြင်နေရခြင်းဖြစ်ပါသည်။

တကယ်တော့ ကျွန်တော်တို့နေသည်ဒေသမှာ ခြောက်သွေ့ ဒေသသာဖြစ်သည်။ ချယ်ရီပန်းလည်းမရှိပါ။ နှင်းများလည်း ဆောင်းတွင်းမှာပင် ကျွန်တော်မြင်ရသည့်မြင်ကွင်းထဲကလောက်မကျပါ။

တစ်ညတွင် ကျွန်တော်မြင်ရသောမြင်ကွင်းမှာ အတော်ကို ထူးဆန်းပါသည်။ -

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)