ဆုထက် - ရှေ့ဆက်ရမယ့်ခရီး
ကျွန်တော်အသက်၁၃နှစ်သားအရွယ်မှာ ကွန်ပျူတာအတွက်ပရိုဂရမ်(Program)ကို ပထမဆုံးစတင်
ရေးသားခဲ့ပါတယ်။ ပရိုဂရမ် ဆိုတာက ကွန်ပျူတာကို ဘာလုပ်ရမယ်ဆိုပြီး စေခိုင်းတဲ့ အစီအစဉ် (ဝါ) အမိန့်ပါပဲ။ ကျွန်တော်ရေးတဲ့ ပရိုဂရမ်က ကွန်ပျူတာကို ဂိမ်းကစားဖို့ စေခိုင်းတဲ့ ပရိုဂရမ် တစ်ခု ဖြစ်ပါတယ်။ အဲဒီကွန်ပျူတာက ကြီးမားလွန်းပြီး လုပ်ငန်း လုပ်ဆောင်ရာမှာ အလွန်နှေးကွေးပါတယ်။ ကွန်ပျူတာဖန်သားပြင် *(Computer Screen)လည်း မပါရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တီထွင် ပြုလုပ် ထားတဲ့ ပစ္စည်းဟာ အံ့သြစရာကောင်းလှတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်က ကလေးသာသာပဲ ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော် စေခိုင်းသမျှကို ကွန်ပျူတာက လိုက်လုပ်ပေးပါတယ်။ ယနေ့ကာလအထိ အဲဒီလို မိမိလုပ်ချင်တာကို လုပ်လို့ရတဲ့အတွက် ကွန်ပျူတာတွေကို ကျွန်တော် သဘောကျနေခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော် ကောင်းမွန်တဲ့ ပရိုဂရမ်တွေ ရေးတဲ့အခါတိုင်းမှာ ကွန်ပျူတာက အမြဲတမ်း လိုလေသေးမရှိ လုပ်ကိုင် ပေးပါတယ်။
ကွန်ပျူတာက ကျွန်တော်တို့ရဲ့ ကစားစရာပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့တစ်တွေ ကွန်ပျူတာနဲ့ ကြီးပြင်းလာခဲ့ကြပါတယ်။ ကျွန်တော် တို့ ကြီးပြင်းလာတဲ့အခါမှာ ကျွန်တော်တို့ဟာ ကစားစရာတွေနဲ့ အတူ ကွန်ပျူတာတွေကိုလည်း ဆောင်ထားကြပါတယ်။ ခုကာလမှာ ကျွန်တော် တို့ရဲ့ နေအိမ်တွေ၊ ရုံးခန်းတွေမှာ ကွန်ပျူတာတွေ ရှိနေပါပြီ။ ကွန်ပျူတာက ကျွန်တော်တို့ရဲ့ ဘဝတွေကို ပြောင်းလဲပစ်ခဲ့ပါတယ်။ ခုလည်း နောက်ထပ်ပြောင်းလဲမှုတွေ ထပ်မံဖြစ်ပေါ်နေပါတယ်။ ခုချိန်မှာ ကွန်ပျူတာတွေ အကုန်လုံးစုပေါင်းပြီးတော့ စနစ်သစ်တစ်ခုကို တည်ဆောက်နေပါပြီ။ ဒီစနစ်မှာ ကမ္ဘာအနှံ့ ရှိနေတဲ့ ကွန်ပျူတာတွေအားလုံး စုပေါင်းပြီး
အလုပ်တစ်ခုကို အတူတကွလုပ်ကိုင် ကြတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ရှိနေတဲ့ ကွန်ပျူတာတွေဟာ ကျွန်တော်တို့ရဲ့ တယ်လီဖုန်း၊ ကျွန်တော်တို့ရဲ့ စာတိုက်၊ ကျွန်တော်တို့ရဲ့ စာကြည့်တိုက်နဲ့ ကျွန်တော်တို့ရဲ့ ဘဏ်တိုက်တွေ ဖြစ်လာတော့မှာမို့လို့ပါပဲ။ အဲဒီစနစ်သစ်အကြောင်း ပြောပြတဲ့အခါမှာ အဲဒီအကြောင်းအရာကို ကျွန်တော်တို့က အင်တာနက် (Internet) လို့ ခေါ်ဝေါ်အသုံးပြုပါတယ်။ ဒီစာအုပ်မှာ အင်တာနက်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းတွေကို ရှင်းလင်းဖော်ပြသွားမှာ ဖြစ်ပါတယ်။ သဘောကတော့ အင်တာနက်ကဘာနဲ့တူမယ်၊ ဘယ်လိုအသုံးပြုမယ်ဆိုတာတွေလည်း ပါပါတယ်။ တစ်ခါ တစ်ရံမှာ အင်တာနက်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ပြောတဲ့အခါမှာ ကျွန်တော်တို့ဟာသတင်းအဝေးပြေးလမ်းမကြီး'Information Highway' လို့ ခေါ်ဝေါ်အသုံးပြုမှာ ဖြစ်ပါတယ်။
*
ဒီ “သတင်း အဝေးပြေးလမ်းမကြီး” ပေါ်လာတာနဲ့ ကျွန်တော်တို့ အတွက် လုပ်စရာလုပ်ငန်းသစ်တွေကို ယူဆောင်လာမှာ ဖြစ်ပါတယ်။ အသစ်ဆိုတာဟာ လူတွေနဲ့ မယဉ်ပါးသေးဘူး။ စိမ်းနေပါတယ်။ တစ်ခါ တစ်ရံမှာ လူတွေဟာ အသစ်တွေကို ထိတ်လန့်နေတတ်ကြပါတယ်။ ဒါပေမယ့် သူတို့တတွေဟာ အသစ်တွေနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားနေတတ်ပါသေးတယ်။ ဒီဆန်းကြယ်သစ်လွင်တဲ့အချိန်ကာလမှာ လူဖြစ်ရတဲ့အတွက်၊ ပါဝင်ရတဲ့
အတွက် ကျွန်တော်အရမ်းပျော်ပါတယ်။
အဲဒီခံစားမှုမျိုး၊ ပျော်ရွှင်မှုမျိုးကို ကျွန်တော်အရင်ကလည်း ခံစားခဲ့ဖူး ပါတယ်။ အသက် ၁၃ နှစ်သားမှာ ပထမဆုံး ပရိုဂရမ် (အစီအစဉ်)ကို ရေးဆွဲပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော့်သူငယ်ချင်း ပေါ(လ)အယ်လင်နဲ့ ကျွန်တော်ဟာ အချိန်နာရီပေါင်းများစွာကြာအောင် ကွန်ပျူတာနဲ့ အလုပ်ရှုပ် နေခဲ့ပါတယ်။ အဲဒီတုန်းက ကွန်ပျူတာတွေဟာ အလွန်ဈေးကောင်းနေပါ တယ်။ ကွန်ပျူတာကို ငှားရမ်းသုံးစွဲမယ်ဆိုရင် တစ်နာရီ ဒေါ်လာ ၄၀ နှုန်း ကျပါတယ်။ ဒီအတွက် ငွေတွေကို ကျွန်တော်တို့တစ်တွေဟာ နွေရာသီမှာ အလုပ်လုပ်ပြီး စုဆောင်းထားရပါတယ်။ ကျွန်တော်တို့ အလုပ်လုပ်တဲ့ နေရာကလည်း ကွန်ပျူတာကုမ္ပဏီတွေမှာ ဖြစ်ပါတယ်။
ကျွန်တော့်သူငယ်ချင်း ပေါ(လ)က စက်ပစ္စည်းတွေနဲ့ ပတ်သက်ရင် ကျွန်တော့်ထက် ပိုနားလည်ပါတယ်။ ကျွန်တော်ကတော့ ပရိုဂရမ်တွေကို ပိုပြီး စိတ်ဝင်စားပါတယ်။ ဒါပေမယ့် စက်ပစ္စည်းတွေနဲ့ပတ်သက်လို့ ရှိရင်တော့ ပေါ(လ)ဆီကနေ သင်ယူရပါတယ်။ တစ်နေ့ ၁၉၇၂ ခုနှစ်၊ ကျွန်တော် အသက် ၁၆ နှစ်။ ပေါ(လ)က ဆယ့်ကိုးနှစ်။ ပေါ(လ)က သူရေးတဲ့စာအုပ်ကို ကျွန်တော့်ကို ပေးဖတ်ပါတယ်။ သူရေးထားတဲ့စာအုပ် အင်တယ် (Intel) ကုမ္ပဏီနဲ့ ပတ်သက်ပါတယ်။ အဲဒီမှာက မိုက်ကရိုပ ဆက်ဆာချိ(ပ) (Microprocessor chip) * အသစ်တီထွင် ထုတ်လုပ်နေပြီ ဆိုတဲ့ အကြောင်းပါပဲ။
မိုက်ကရိုပရိုဆက်ဆာချိ(ပ)ဟာ တွေးတောမှုကို ပြုလုပ်နိုင်တဲ့ ကွန်ပျူတာရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီ တီထွင်ထုတ်လုပ်ထား တဲ့ ပစ္စည်းသစ်ဖြစ်တဲ့ မိုက်ကရိုချိ(ပ)အတွက် ပရိုဂရမ်တွေ ရေးဆွဲချင်ပါ တယ်။ နောက် မှာ ပရိုဂရမ်ရေးသားတဲ့အလုပ် ကျွန်တော်တို့လုပ် လိုက်ရပါတယ်။ငွေ , အနေနဲ့ကတော့ များများစားစား မရလိုက်ပါဘူး။
အင်တယ်ကုမ္ပဏီရဲ့ မိုက်ကရို ပရိုဆက်ဆာသစ်ဟာ ၁၉၇၄ မှာ ထွက်လာခဲ့ပါတယ်။ ဒီတစ်ခုက အရင်တစ်ခုထက် ပိုပြီးစမတ်ကျပါတယ်။ အဲဒီအကြောင်းကို ဖတ်ရတဲ့အခါမှာတော့ ကျွန်တော်က ပေါ(လ)ကို ကွန်ပျူတာအကြီးကြီးတွေ အခန်းကဏ္ဍကတော့ သွားပြီလို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် စိတ်ကူးသစ်ကတော့ ကျွန်တော်တို့ကို စိတ်လှုပ်ရှားစေ ပါတယ်။ ရင်ခုန်စေပါတယ်။ အဲဒီနှစ် ၁၉၇၄ ခုနှစ် ဒီဇင်ဘာလမှာပဲ(လ)တဲရား ၈၈ဝဝ (Altair 8800)ပုံကို တွေ့လိုက်ရပါတယ်။ အော(လ) တဲရားဆိုတာက ကွန်ပျူတာ အသေးစား (မိုက်ကရိုကွန်ပျူတာ) ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒီ အော(လ)တဲရား ၈၈ဝဝမှာ အင်တဲ(လ) မိုက်ကရို ပရိုဆက်ဆာချ(ပ) အသစ်တပ်ထားတာ တွေ့ရပါတယ်။ အဲဒီပုံလည်း တွေ့ လိုက်ရရော ကျွန်တော်တို့ ဟောသလို တွေးမိပါတယ်။
“အို... မဟုတ်ဘူး၊ လူတွေဟာ အဲဒီချိ(ပ)အတွက် ပရိုဂရမ်သစ်တွေ ရေးကြတော့မှာပါပဲ”
“ဟုတ်တယ်၊ကျွန်တော်အဲဒီပစ္စည်းအတွက်ပရိုဂရမ်ရေးဆွဲချပ်ပါတယ်။ အဲဒီအစီအစဉ်မှာ ကျွန်တော်
ပါရမှာလည်း သေချာပါတယ်”
ကျွန်တော်တို့ အဲဒီလုပ်ငန်းကို ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ လုပ်ကြ ရတယ်။ လုပ်ရတာ ၅ပတ်ကြာပါတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ အောင်မြင်စွာနဲ့လုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အော(လ)တဲယား
အတွက် ပရိုဂရမ်ကို ရေးဆွဲနိုင်ခဲ့ပါတယ်။ နောက်ထပ်လည်း ကျွန်တော်တို့ လုပ်စရာတွေ အများကြီးရှိလာပါတယ်။ ကျွန်တော်တို့ဟာ မိုက်ကရိုကွန်ပျူတာတွေအတွက် ပရိုဂရမ်တွေ စတင်ရေးဆွဲရတဲ့လူ ဖြစ်ခဲ့ပါတယ်။ အဲဒီပစ္စည်းတွေကို ကျွန်တော်တို့က မိုက်ကရိုဆော့(ဖ) (Microsoft) လို့ အမည်ပေးခဲ့ပါတယ်။
ကုမ္ပဏီတစ်ခု စတင်တည်ထောင်ဖို့ဆိုတာ မလွယ်ပါဘူး။ တစ်ခါတစ်ရံမှာကိုယ့်စိတ်ကြိုက်လုပ်ချင်တာတွေ မလုပ်နိုင်ပါဘူး။ ကျွန်တော် တက္ကသိုလ်ကိုနှစ်သက်ပါတယ်။ချစ်ခင်ပါတယ်။စမတ်ကျတဲ့လူတွေနဲ့စကားပြောရတာ၊ အတွေးအခေါ်တွေ ဖလှယ်ရတာ သဘောကျပါတယ်။ တက္ကသိုလ်ကို စွန့်ခွာဖို့ သံဓိဌာန် ချလိုက်ပါတယ်။ ကျွန်တော့်အသက်က ၁၉ နှစ်ရှိနေပါပြီ။