Skip to product information
1 of 2

Other Websites

ဆလိုင်းရွှေလင်း - ဆင်တတ်မှလှသည်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အသံတွေ..အသံတွေ

အပိုင်း(၁)

ဒကာရွှေရေ... အကြားအာရုံချို့တဲ့ ထိခိုက်စေတဲ့ - အကြောင်းရင်းများကို မှတ်သားမိသလောက် ပြောပါဦး။

' မှတ်မိသလောက် ဘယ်ဟုတ်မလ်ဘုရား၊ တိတိကျကျကို ဖတ်ပြနိုင်ပါတယ်၊ ပြည်တွင်းထုတ် ကျန်းမာရေးဂျာနယ်စာစောင် မှာ အကြားအာရုံချို့တဲ့စေတဲ့ အကြောင်းရင်း ၉ ချက်ကို ဖေါ်ပြခဲ့ ပါတယ်။

၁။ - ဆူညံသောလုပ်ငန်းခွင်၌ အလုပ်လုပ်ရခြင်း

၂။ ပေါက်ကွဲသံတစ်ခုခုနှင့် ကြုံတွေ့ရခြင်း . ၃။ အသံလှိုင်းတစ်ခုခု ကြုံရခြင်း

၄။ ပြင်းထန်စွာထိခိုက်မိခြင်း

၅။ ဆေးဝါးသုံးစွဲရာ၌ နားကိုထိခိုက်ခြင်း ၆။ ကလေးငယ်များတွင် နားတွင်း၌ရောဂါပိုးဝင်ခြင်း ၇။ - မွေးရာပါ နားမကြားခြင်း ၈။ အသက်အရွယ်ကြီးရင့်သဖြင့် နားလေးခြင်း ၉။ နာတာရှည်ရောဂါ တစ်ခုခုကြောင့်ဖြစ်ခြင်း

၉ ချက်ဆိုပေမယ့် တူရာတူရာစုလိုက်မယ်ဆိုရင် နံပါတ် ၁၊ ၂၊ ၃ တို့က အသံအုပ်စု တစ်ခုတည်းပါလား။

မှန်ပါတယ်ဘုရား။ ဆေးတက္ကသိုလ်နောက်ဆုံးနှစ်သင် ဒိုးထဲမှာ ကျန်းမာရေးဆိုင်ရာ ညစ်ညမ်းမှုတွေ ပါပါတယ်။ လေထု ညစ်ညမ်းမှု အသံညစ်ညမ်းမှု စသဖြင့်ပေါ့။ ဒါတင်ဘယ်ကမလဲ အမေရိကားမှာ အကြားအာရုံချို့တဲ့သူရဲ့ ၅ဝရာခိုင်နှုန်းလောက်ဟာ ဆူညံသောလုပ်ငန်းခွင်များကြောင့်ဖြစ်ပြီး၊ ၁၇ ရာခိုင်နှုန်းလောက် ဟာ ကွဲသံကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်၊ ဒါကြောင့်' အသံ နဲ့ ပတ်သက်ပြီး အကြားအာရုံချို့တဲ့သူက ၇ဝ ရာခိုင်နှုန်းကျော်ဖြစ် ပါတယ်။

အဲဒီ ၃ ချက်ကို နည်းနည်းရှင်းပြဦးကွ။ ဆူညီသော လုပ်ငန်းခွင်၌ အလုပ်လုပ်ရသူထဲမှာ လေယာဉ် ကွင်းဝန်ထမ်းတွေ၊ စက်မောင်းအလုပ်သမားတွေ၊ ထုရိုက်သံပေါ်

ထွက်တဲ့ စက်ရုံကအလုပ်သမားတွေ ပါဝင်ပါတယ်။ သူတို့က  နားဆို ကိရိယာ(Ear Plug) စတဲ့ အကာအကွယ် ကိရိယာတွေကို

သေသေချာချာ စနစ်တကျ အသုံးပြုဖို့ လိုပါတယ်။ ပေါက်ကွဲသံ တစ်ခုခုဆိုတာ ဗုံးပေါက်သံ၊ Gasပေါက်သံတို့ပေါ့၊ အသံလှိုင်း ( တစ်ခုခုဆိုတာ Ear Phone နဲ့ အသံနားထောင်ခြင်းအပါအဝင် လက်ကိုင်ဖုန်း၊ ကြိုးဖုန်း၊ အသံချဲ့စက်၊ TV စသဖြင့် အသံမျိုးစုံ ပေါ့ဘုရား။ ပေါ့ဘုရား။

.. အသံဆိုတာလဲ မီးလိုပဲ သုံးတတ်ရင်မိတ်ဆွေ၊ မသုံးတတ်ရင် ရန်သူပေါ့။ အင်း... အသံကိုအကြောင်းပြုပြီး သေတာတောင်ဖြစ် တယ်နော်။

တပည့်တော်သိတာက အသံနှုန်း ဒက်ဆီဘယ်(Decibel) -ကျော်ရင် အကြားအာရုံ ပျက်စီးနိုင်တယ်။ ဂျက်လေယာဉ်ရဲ့ အသံနှုန်းက ၁၀၀-ဒက်ဆီဘယ်လို့ ဆိုပါတယ်။ ၁၆၅-ဒက်ဆီဘယ်) ဆိုရင် လူတောင်သေနိုင်တယ်တဲ့ ဘုရား။

ဒကာရွှေပြောတဲ့ သေခြင်းက အသံဆူညံမှုကြောင့် တိုက် တ်အားဖြင့် သေခြင်းပဲ။ ကျုပ်ပြောချင်တဲ့ သေခြင်းက အသံဆူညံ

ကြောင့် သွယ်ဝိုက်သောအားဖြင့် သေခြင်းပဲ။ . TI အဆန်းပါလား ဘုရား။

ဒီလိုကွ...!တို့ မြန်မာမှာဆိုရိုးရှိပါရဲ့။ ကျောပူတာကို ခံနိုင်တယ်၊ နားပူတာကို မခံနိုင်ဘူးဆိုတာလေ။ အသံရဲ့ အနှောက် အယှက်ဟာ ဘယ်လောက်စိတ်ရှုတ်ထွေးစေသလဲ ဆိုတာပေါ်လွင် တယ်။ အာရုံကို ရောက်သွားတာပဲ၊ ခေါင်းကိုကိုက်သွားတာပဲလို့ ပြောကြတာ။ သတင်းစာထဲမှာပါတဲ့ သတင်းတစ်ပုဒ်ပြောပြမယ်။ ၂၀-၁၂-၂၀၁၁ နေ့ ည ၉-နာရီလောက်မှာ မရမ်းကုန်းမြို့နယ် ၁-ရပ်ကွက်၊ မြို့သစ် ၁- လမ်းမှာပေါ့။ TV အသံကျယ်တဲ့ ကိစ္စ

ပြောကြတာ တစ်ယောက်တစ်ခွန်း စကားများကြရာက ဝိုင်းဝန်း ရိုက်နှက်မှုတွေဖြစ်ပြီး လူတစ်ယောက် ဓါးဒဏ်ရာရတယ်။ မြောက် ဥက္ကလာပဆေးရုံမှာ အတွင်းလူနာအဖြစ် သနေတုန်း သေဆုံးသွား သတဲ့ကွ၊ ဆူညံသံဟာ ဘယ်လောက် နောက်ဆက်တွဲဆိုးကျိုး

တွေဖြစ်ပေါ်စေသလဲဆိုတာ သိသာတယ်နော်။ ဆူကတစ်ဆင့် `အငြင်းပွား၊ အချင်းများကြပြီး ဒေါသမီး၊ မောဟမီးလောင်ပြီး တစ်ဦးကသေဆုံး၊ နောက်တစ်ဦးကထောင်ကျ၊ မိသားစုတွေဒုက္ခ ရောက်... ဪသံဝေဂ ရစရာကြီးပါလား။

တပည့်တော် ၁၁-၁၂-၂ဝ၁၁ နေ့မှာ တိုက်ကြီးမြို့၊ ပြည်သဒ္ဓမ္မဇောတိကာရုံစာသင်တိုက်ကို ရောက်ခဲ့ပါတယ်။ ဦးစီးပဓါန ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ

နိုင်ငံတော်သြဝါဒစရိယ ဘဒ္ဒန္တဉာဏဝံသကို ဖူးခဲ့တယ်။ ဆရာတော် ကြီးက ၁၆-၁၂-၂၀၁၁မှာ သက်တော် ၉၀- ပြည့်ခဲ့ပြီး၊ ဒါပေမယ့် မျက်စိ၊ နား၊ သတိ... ကောင်းနေတုန်းပဲ၊ ဆရာတော်ကြီးကို ဖွေရေးရာများ ဆွေးနွေးလျှောက်ထားနေစဉ် ရပ်ကွက်မင်္ဂလာဆောင် ကဖွင့်တဲ့ အသံချဲ့စက်အသံက နားထဲကို တအုန်းအုန်းဝင်လာတယ်။ ဆရာတော်ကြီးက ဒီလိုမှတ်ချက်ချပိန့်ကြားပါတယ်ဘုရား။(ဆူညံ လွန်းတယ်ကွာ၊ သင့်တော်ရုံလောက်ဆိုကောင်းပါတယ်။ လွန်ကဲ ရင်တော့ ဘယ်ဟာမှမကောင်းဘူး။)

သာသနာတော်မှာ အသံနဲ့ပတ်သက်ပြီး နည်းမှန်၊ လမ်းမှန်၊ စည်းကမ်းရာကျသုံးရင် သာသနာပြုလုပ်ငန်းထိရောက်တယ်။ စည်းမဲ့ကမ်းမဲ့ ထင်ရာမြင်ရာသုံးရင်တော့ အကျိုးမရှိရုံမက သာသနာပြုလုပ်ငန်းကိုပါ ထိခိုက်တယ်ကွ။ ပြီး

တပည့်တော်ကတော့ အသံချဲ့စက်၊ ဆောင်းဘောက်နဲ့ ပတ်သက်ရင် ပြောလည်းပြောချင်ဆုံးပါ။ ဒါပေမယ့် ပြောလည်း လုံးဝ မပြောချင်ပါဘူးဘုရား။

ဘာကြောင့်တုန်း။ 

သာသုနာတော်အရေးကို မျှော်တွေးလိုက်ရင် အပြောချင် ဆုံးပါဘုရား။ လူမုန်းများမှာစိုးလို့ မပြောချင်ဆုံးပါဘုရား။

, ဒီလောက်တောင် လူမုန်းမခံချင်ရင် ဓမ္မစာပေမရေးနဲ့ . တော့။ ဒကာရွှေကို သာသနာပြု ဘက်လို့ ကျုပ်ကအသိအမှတ်ပြု

ထားတာကို အားနာဦး။ ကျုပ်တို့ဆွေးနွေးဖူးတဲ့ သရိသဒါန ၅-မျိုးထဲမှာ အနူပဃာတဒါနဆိုတာ တစ်မျိုးနော်။ မိမိ၊ သူတစ်ပါး နှစ်ဦးသားကို'မထိပါး မစွန်းငြိစေဘဲ လှူခြင်းတဲ့ကွ။ ကောင်းမှုပြု . သူနဲ့ အခြားသူတို့ကို ပင်မထားပြီး အကုသိုလ်ရမူကိုစဉ်းစားတော့ ၄-မျိုးဖြစ်လာတယ်။ ၁။ ကောင်းမှုပြုသူလည်း ကုသိုလ်ရပြီး အခြားသူတွေလည်း ကုသိုလ်ရခြင်း၊ ဥပမာ- လူတစ်ယောက် ရေအလှူကုသိုလ်ပြုတဲ့ အခါ အခြားသူတွေလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြတယ်။ နှစ်ဦးနှစ်ဘက် ကုသိုလ်ရကြတာပေါ့။ ၂။ ကောင်းမှုပြုသူလည်း အကုသိုလ်ရပြီး အခြားသူတွေလည်း အကုသိုလ်ရခြင်း။ ဥပမာ-သေရည်သေရက်ကို ပေးလှူတယ်။ လှူ တဲ့လူက ကောင်းမှုထင်ပေမယ့် အကုသိုလ်ဖြစ်နေတယ်။ အလှူခံ တွေလည်း သောက်စားမူးရူးပြီး အကုသိုလ်ဖြစ်ကြတယ်။ အရက် သမားတွေ ဆူညံနှောင့်ယှက်မှုကြောင့် အခြားသူတွေလည်း စိတ် ညစ်ပြီး အကုသိုလ်ဖြစ်ကြရတယ်။ ၃။ ကောင်းမှုပြုသူတွေကတော့ ကုသိုလ်ပြီး အခြားသူတွေက

ကုသိုလ်မရတဲ့အပြင် အကုသိုလ်ဖြစ်ရခြင်း၊ ဥပမာ-လူတစ်ယောက် ကုသိုလ်ပြုတဲ့အခါ အခြားသူတွေက သူ့အပေါ် ဣဿာမစ္ဆရိယ ပနာလိုဝန်တိုစိတ်တွေ ဝင်လာပြီး ကဲ့ရဲ့ ရှုတ်ချ ကြတယ်။ အဲဒါက ပုံစံတစ်မျိုးပေါ့။ အခြားပုံစံက ကောင်းမှုပြုတယ်ဆိုပြီး အသံ ချဲ့စက်ကို စည်းမဲ့ကမ်းမဲ့ သုံးတယ်။ ကြားရသူတွေ စိတ်ဆင်းရဲပြီး အကုသိုလ်ဖြစ်ကြတာ။

ကောင်းမှုပြုသူက အကုသိုလ်ရပြီး အခြားသူတို့ က ကုသိုလ်ရခြင်း၊ ပေးလှူသူကသောက်စားမူးရူးစေလိုတဲ့ စေတနာနဲ့

သေရည်သေရက်ကို ပေးလှူတော့ အကုသိုလ် ဖြစ်တာပေါ့။ ဒါပေမယ့် အလှူခံတွေက မသောက်မစား၊ မမူးရူးဘဲ သေရက်

သေရက်ကို ဆေးဝါးဖော်စပ်ရာမှာ သုံးပြီး ဇီဝိတဒါနပြုကြလို့ ကုသိုလ်ရကြတာပေါ့။

ဓမ္မရတနာ၊ ဧပြီ ၂၀၁၃

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)