Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ဆရာဝစကြာ - တိုင်းရင်းမြန်မာပွဲတွေ့ဆေးနည်းကောင်းများ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

                  ပြည်လုံးချမ်းသာ နတ်ရေစင်ဆေး

              နတ်ရေစင်ကဲ့သို့ အစွမ်းထက်သောကြောင့် “နတ်ရေစင်”လို့ ခေါ်တဲ့ ဆေးတစ်ပင် ရှိပါတယ်။ အဲဒီဆေးပင်ဟာ ရောဂါခပ်သိမ်း ပျောက်ကင်းငြိမ်းနိုင်တာမို့ “ပြည်လုံးချမ်းသာဆေးပင်” လို့လည်း ခေါ်ကြတယ်။

ဒီအပင်ဟာ ငန်းမန်း ဟူသမျှကိုလည်း လွန်စွာနိုင်နင်းတယ်။ ဘယ်အနာရောဂါပဲဖြစ်ဖြစ် ငန်းမန်းအားကြီးနေရင် ဒီဆေးပင်ကို ပဉ္စ ငါးပါး ပြုတ်သောက်၊ ငန်းဖမ်းသော အနာမှစ၍ ရောဂါခပ်သိမ်း ပျောက်ကင်းစေနိုင်တယ်။ ဒါကြောင့် အဲဒီဆေးပင်ကို “မန်းဆေးပင်” လို့လည်း ခေါ်ကြသေးတယ်။ - မကျက်နိုင်တဲ့ အနာအို၊ အနာဟောင်း၊ အနာဆွေးတွေကိုဆေးပင် ပဉ္စငါးပါးကြိတ်၍ အုံပေးရမယ်။

လက်ချောင်းထိပ်တွေမှာ ဖြစ်တတ်တဲ့ ခူနာရောဂါဆိုရင် ဆေးပင် ပဉ္စငါးပါးရဲ့ သတ္တုရည် တစ်ကျပ်သားနဲ့ ထန်းလျက်တစ်ကျပ်သား ရောသမမွှေ၊ နှမ်းဆီနည်းနည်း စပ်ထည့်ပြီး ပတ်တီးသာစည်းထားပေတော့၊ နာကျင်ကိုက်ခဲ မပျောက် မချင်း မခွာဘဲထား။

- မျက်နှာမှာ တင်းတိတ်စွဲနေရင် ဆေးပင် ပဉ္စငါးပါး သတ္တု ရည်ကို သနပ်ခါး အပွေးကောင်းကောင်း သွေးပြီးရည်နဲ့ ရောစပ်လို့ ညအိပ်ရာဝင်ခါနီးတိုင်း လိမ်းပေး။

- ချောင်းဆိုးသွေးပါ ရောဂါဖြစ်ရင် ဆေးပင် ပဉ္စငါးပါးကိုကျကျလေးပြုတ်၊ သကြားလေး ချိုရုံထည့်ပြီး သောက်ပေးပါ။ - ဆီးဖြူ၊ ဆီးနီ၊ ဆီးဝါ၊ ဆီးချုပ်၊ ဆီးအောင့် စတဲ့ ဆီးရောဂါ

တွေဖြစ်နေရင် ဆေးပင်ကို အရိပ်အောက်မှာ ခြောက်သွေ့စေပြီး ပြုတ်သောက်ပေးရမယ်။

- ဦးခေါင်းမှာ ဗောက်တွေထရင် ဆေးပင် ပဉ္စငါးပါး သတ္တုရည်ကို မကြာမကြာ လိမ်းပေးပါ။

- ဆံပင်တွေဖြူပြီး ဦးခေါင်းယားရင်တော့ ပဉ္စငါးပါးပြုတ်ရည်နဲ့ ခေါင်းလျှော်ပေးလိုက်ပါ။

- သွားနာ၊ သွားကိုက် ဖြစ်နေရင် ပဉ္စငါးပါးပြုတ်ကို ငုံငုံပေး၊ သွားပိုးစားလို့ သွားအခေါင်းပေါက် ဖြစ်နေခဲ့သော် အမြစ် ကိုကြိတ်ပြီး ကြိတ်ဖတ်ကို သွားပေါက်ထဲထည့်ပေးထားခြင်းဖြင့် သက်သာစေနိုင်တယ်။ ။

- ရေစီးကမ်းပြို ဒန္တစို (သွားဖုံးနာ) ဖြစ်နေခဲ့ရင် ဒီဆေးပင်ကဆေးရွက်နဲ့တမာရွက် ဆတူပြာချပြီး သိပ်ပေးရတယ်။

ဆေးပင် ပဉ္စငါးပါး ပြုတ်ရည်ကိုလည်း မကြာမကြာ ငုံပေးပါ။ အဲဒီလို သွားနာရောဂါတွေကို ပျောက်ကင်းချမ်းသာစေနိုင်သော ကြောင့် ဒီဆေးပင်ကို “ဒန္တသုခ” ဆေးပင်လို့လည်း ခေါ်တယ်။ ဒီဆေးပင်ကို သိသူများပါတယ်။ ဆေးပင်က တစ်တောင်လောက်သာ မြင့်ပြီး အရွက် က ခွေးသွားစိတ်ကလေးတွေ ပုံသဏ္ဌာန်ရှိတယ်။ ပွင့်ဖတ်လေးခုပါတဲ့ အပွင့်ဖြူလေးတွေ ပွင့်တယ်။ အသီးက နံနံစေ့နဲ့ တူတယ်။ အရွက်က သိကြားမင်းဆောင်းတဲ့ မကိုဋ်အုပ်ဆောင်းနဲ့ တူတာရယ်၊ အရွက်ကို ဝါးစားကြည့်တဲ့အခါ သကြားကဲ့သို့ ချိုမြမြ အရသာရှိတာရယ်ကြောင့် တချို့က “သကြားအုပ်ဆောင်းပင်” လို့ လည်းခေါ်တယ်။ တချို့ကတော့ “သိကြားမကိုဋ်ပင်” လို့ ခေါ်ကြပြန်ရော။ အရပ်သားတွေ တဲ့တိုး ခေါ်ကြသေးတာက “မြက်ချိုပင်” ပါတဲ့ခင်ဗျာ။ လက်တင်ဘာသာနဲ့က Scoparia Dulcis Linn လို့ ခေါ်ဝေါ်ပါတယ်။

                  ဒီဆေးပင်ကို လိုချင်ရင်တော့ ရတနာသုံးပါးနဲ့စပ်တဲ့ ဘုရားစေတီ ဝင်း၊ တရားရိပ်သာဝင်း၊ ဘုန်းကြီးကျောင်းဝင်း ပရိဝုဏ်မှာ များသော အားဖြင့် အလေ့ကျပေါက်ရောက်တတ်ပါကြောင်း လမ်းညွှန်လိုက်ရ ပါတယ်။

 

                   ဆေးဖက်ဝင်တာ ကျွန်းရွှေဝါ

ကျွန်းပင် (Tectona Grandis Linn) ပေါက်တဲ့ မြန်မာနိုင်ငံမှာ လူလာဖြစ်ရတာ လူဖြစ်ရကျိုးနပ်တယ်လို့ပြောရင် ဒေါသများ သင့်နေ မလား။

                 ကျွန်းပင်ဟာ ခြောက်သွေ့လွန်းတဲ့ဒေသတွေ၊ မိုးများလွန်းတဲ့ ဒေသတွေ၊ အေးလွန်းတဲ့ဒေသတွေမှာ မပေါက်ပါဘူး။ သမပိုင်းဇုန်လို ဒေသတွေမှာသာ ပေါက်တာပါ။ အဲဒီအထဲမှာ မြန်မာနိုင်ငံမှာ ပေါက်တဲ့ ကျွန်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအဖြစ် “ကျွန်းရွှေဝါ” ဆိုတဲ့ အမည် ကောင်းနဲ့ ထင်ရှားနေဆဲပါ။

                ကျွန်းသစ်ကို ပုတီးလုံးလို အသေးအဖွဲကစပြီး လှေသင်္ဘောထိ အောင် စက်မှုသုံးပစ္စည်း၊ လူသုံးပစ္စည်း၊ အိမ်ထောင်ပရိဘောဂပစ္စည်း စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ စုံလင်အောင် ထုတ်လုပ်ဖန်တီးနိုင်တဲ့ အပြင် ခြမစား၊ အက်ဆစ်လည်းမစား၊ ရေစားခံ နေစားခံတဲ့ အဖိုးတန် “ရွှေသစ်” ဖြစ်ပါတယ်။//

 

                    တိုင်းရင်းမြန်မာ ပွဲတွေ့ဆေးနည်းကောင်းများ

               နွယ်မြက်သစ်ပင် ဆေးဖက်ဝင်ဆိုသကဲ့သို့ ကျွန်းပင်သည်လည်း ဆေးဖက်ဝင်တာမို့ ကျွန်းနဲ့ပတ်သက်လို့ တစ်မည်ကောင်း အသုံးဝင်တဲ့ ဆေးနည်းတွေကို ဖော်ပြလိုက်ပါတယ်။ - ဦးနှောက်ကိုက်ခဲသော် ကျွန်းသားကို ရေနဲ့သွေးပြီး လိမ်းနိုင်တယ်။ ကြို့ကြီးထိုးသော် ကျွန်းသားကို လွှဖြင့်တိုက်၍ ကျလာသော လွှစာမှုန့်နဲ့ ထမင်းကို ရောကြိတ်ပြီး ဆီး(ဇီး)စေ့ခန့်လုံး အရွယ်ကိုချင့်၍ တစ်လုံးမှ သုံးလုံး၊ တစ်နေ့ သုံးကြိမ်တိုက် ပေးပါ။ အမျိုးသမီး မီးယပ်ဖြူဆင်း ရောဂါသည်များအား ကျွန်းခေါက် ကို ရေစိမ်၍ တိုက်ပါ။ ဝမ်းသွားသော် ကျွန်းသားခေါက်ကို အမှုန့်ပြု၍ ရေနွေးဖြင့်သောက်ပါ။ နို့တိုက်မိခင်များ နို့ကြောင်းပိတ်လျှင် ကျွန်းသီးကို ဆန် ဆေးရည်ဖြင့် သွေး၍ လိမ်းနိုင်တယ်။ ဆီးချုပ်သော် ကျွန်းသီးကို စေးထန်းအောင် ကြိတ်၍ ချက်မှာအုံပေးပါ။ - အပူရင်ကပ်နှင့် အပူရင်ကျပ်ဖြစ်သော် ကျွန်းပင်ပျိုအပင်

ပေါက် လက်မလုံလောက်အရွယ်မှ အမြစ်ကို ပြုတ် သောက်ပါ။

 

                              ရုက္ခမူ ဆံမဖြူးဆေး

လောကုတ္တရာနယ်ပယ်တွင် ကမ္မဋ္ဌာန်းတရား ရှုပွားကြသည့်အခါ “အတ္ထိ ဣမသ္မိံ ကာယေ-ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော” စသည်ဖြင့် ၃၂ ပါးသော ကောဋ္ဌာသတို့အား စက်ဆုပ်ရွံရှာဖွယ်ရာ အဖြစ် အနုလုံ ပဋိလုံ အပြန်ပြန်အလှန်လှန် ရှုမှတ်လေ့ရှိကြပါသည်။ ။

ထိုသို့ စက်ဆုပ်ရွံရှာဖွယ်ဖြစ်သော ၃၂ ကောဋ္ဌာသ အဝင်အပါ ဆံပင်ကို ရှင်ရဟန်းတို့ ပယ်ရှင်းကြရပေသည်။ တစ်နည်းအားဖြင့် ကြည့် လျှင်လည်း သူတော်ကောင်းတရားပွားများအားထုတ်ကြရာ၌ အထောက် အပံ့မဖြစ် အကျိုးမဲ့သော ဆံပင်အား ဆီထည့်ခြင်း၊ ဖြိုးသင်ခြင်း၊ ဖြတ်ညှပ် ခြင်း၊ ခေါင်းလျှော်ခြင်း စသည့် ဆံပင်နှင့်စပ်လျဉ်း၍ ပြုလုပ်ရသည့် ကိစ္စဝိစ္စများ ငြိမ်းစေခြင်းပင် ဖြစ်သည်။

လောကီနယ်တွင်မူ ဆံပင်ကို အမြတ်တနိုး တယုတယ ပြုစုပြုပြင် ကြ၏။ မြန်မာမင်းများလက်ထက်၌ ရှင်ဘုရင်အား ဦးခေါင်းလျှော်ခြင်း၊

 

            တိုင်းရင်းမြန်မာ ပွဲတွေ့ ဆေးနည်းကောင်းများ ဆီထည့်ခြင်း၊ ပြီးသင်ခြင်း၊ ဆံရှင်းခြင်း စသည့် အမှုတို့ကို မိဖုရားတိုင်း ပြုလုပ်ခွင့် မရကြ။ ရှင်ဘုရင် စိတ်ချယုံကြည် ချစ်ခင်သော မိဖုရားတစ်ဦး နှစ်ဦးသာ ထိုအခွင့်အရေးကို ရကြ၏။

မြန်မာအမျိုးသမီးများက ပိတုန်းရောင်ကေသာဟူ၍ ဆံပင် မည်းနက်ခြင်းကို ဂုဏ်ယူလေ့ရှိကြ၏။ ရှေးပဝေသဏီက မဇ္ဈိမတိုင်း၊ ဇနကမင်းဆက်တို့သည် မည်းနက်သော မိမိဆံပင်များအတွင်းမှ ဖြူဖွေး

သော ဆံပင်တစ်ချောင်းကို တွေ့ရှိရသည်နှင့် သေမင်းအောင်လံစိုက်ပြီဟု သံဝေဂရလျက် တောထွက်လေ့ရှိကြ၏။

အချို့သော ငယ်ရွယ်သည့် မင်းပျိုမင်းလွင်တို့သည် မင်းစည်းစိမ် ကို ခံစားရကောင်းမှန်းသိသဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့် တောမထွက်လို သေးသောကြောင့် ဆံမဖြူစေရန် နည်းမျိုးစုံဖြင့် ကာကွယ်တားဆီးကြ ၏။ သစ်ဥ၊ သစ်ဖု၊ သစ်ရွက် စသည့် ရုက္ခမူကို အခြေခံနည်းဖြင့် ဖော်စပ် သည့် ဆံပင်နက်လိမ်းဆေး၊ စားဆေးတို့ကို နန်းတွင်းသမားတော်တို့အား ဖော်စပ်စီရင်စေခဲ့သည်။

ယခုခေတ်အခါ အမျိုးသား၊ အမျိုးသမီးတို့သည် ဓာတ်ဆေးများ ကို အခြေခံသော ဓာတုနည်းဖြင့် ဖော်စပ်သည့် ခေါင်းလျှော်မှုန့်၊ အရည်၊ ခေါင်းလိမ်းဆီ၊ ဆံပင်ဆိုးဆေး၊ ဆံပင်ကောက်ဆေး/ ဖြောင့် ဆေး စသည်တို့ကို အလွယ်တကူ အသုံးပြုနေကြပေရာ ထာဝရ မတည်တံ့သော ဇင်္ဂမ ပသာဒအကျိုးသာ လတ်တလော ခံစားကြရပြီး ရေရှည်တွင်မူ ဆံပင်ဖြူရန် ပို၍ပင် နီးစပ်လေသည်ဟု ယူဆမိပါသည်။

သို့ဖြစ်ပါ၍ အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ ဆံပင် မည်းနက် ကြစေခြင်းအလို့ငှာ ဓာတုဗေဒဓာတ်ဆေး လုံးဝမပါဝင်သည့် ရုက္ခမူသက်သက် မြန်မာ့ဆံပင်နက်ဆေးနည်းတစ်လက်ကို တင်ပြပေး လိုက်ပါသည်။

 

 “မြန်မာကုက္ကို ခေါ်လိုသညာ

မန်ကျည်းရွက်ထဲ ဆားလည်းအပါ

ထနောင်းခေါက်နှင့် မျောက်ဆိပ်ခေါက်သာ

စားလျှင်လည်း အမြဲ ဆံနက်မှာ”

             ဖော်စပ်ပုံ အချိုးအစားမှာ မန်ကျည်းရွက် ၁၅ ကျပ်သားနှင့် မြန်မာကုက္ကို၊ ထနောင်းခေါက်၊ မျောက်ဆိပ်ခေါက်တို့ ၅ ကျပ်သားစီကို ဆားအနည်းငယ်ထည့်လျက် သမအောင် ရောကြိတ် တေထားရမည်။ ညစဉ် မန်ကျည်းစေ့ခန့် ရေအေးနှင့် သောက်ရပါမည်။

             ဤဆေးသည် မဖြူသေးသော ဆံပင်တို့ အား မည်းနက်နေ စေခြင်းငှာ တင်ကြို ကာကွယ်တားဆီးသည့် ဆံမဖြူဆေးမျှသာ ဖြစ်ပါ သည်။ ဤဆေးဖြင့် ဖြူဖွေးနေသော ဆံပင်ရှိသူတို့အဖို့ တစ်ဖန် ပြန်လည်နက်မှောင်နိုင်စွမ်း မရှိပေ။ သို့ဖြစ်သောကြောင့် ဤဆေးသည် ဆံမဖြူသေးသူတို့သာ စွဲမြဲစွာ သောက်သုံးသွားရန် သင့်လျော်ကြောင်း သတိပြုစေလိုပါသည်။

ယခုကာလ အများသူငါတို့ ဆံမဖြူကြစေခြင်းငှာ အောက်ပါ အချက်အလက်တို့ကိုလည်း လိုက်နာစေချင်ပါသည်။

(၁) တရော်-ကင်ပွန်းဖြင့်သာ ခေါင်းလျှော်ပါ။

(၂) အုန်းဆီစစ်စစ်ဖြင့် ခေါင်းကို ဆီထည့်ပါ။

(၃) ငရုတ်သီး၊ ငရုတ်ကောင်း စသည့် ပူစပ်သော အစာများကို

ရှောင်ကြဉ်ပါ။ (ပမာအားဖြင့် ဝက်သားနှင့် ကုလား ငရုတ်သီးတွဲဖက်စားလျှင် ဆံပင်ကို လျင်မြန်စွာ ဖြူစေပါ

သည်။)

(၄) ဓာတုစားဆေး၊ ထိုးဆေးများကို တာရှည်စွဲ၍ မမှီဝဲပါနှင့်။

(၅) မိုးရွာ၊ နေပူသို့ ထွက်တိုင်း ဦးထုပ်၊ ထီး ဆောင်းပါ။

 

တိုင်းရင်းမြန်မာ ပွဲတွေ့ ဆေးနည်းကောင်းများ (၆) ပူပင်သောကများကို မစဉ်းစား မစွဲလမ်းဘဲ ခေါင်းကို

အေးအေးထားပါ။ ဤအချက်များကိုလိုက်နာလျှင် ဆံဖြူသည့်ဘေးမှ ကင်းဝေးစေနိုင် ကြောင်း အကြံပြုလိုက်ရပေသည်။