Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ဆရာဦးလှထွန်း၊ဆရာညွန့်၀ေမိုး - ခေါင်းစဥ်ဆင်တူစာစီစာကုံးနှင့်အက်ဆေးများ

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

အရုဏ်ဦး

- အရုဏ်ဦး ရှုခင်း၏ သာယာလှပပုံ

- မြန်မာတို့ ကုသိုလ်ရေး ဆောင်ရွက်ကြပုံ

- လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်ကြပုံ

- တစ်နေ့တာ လန်းဆန်းတက်ကြွပုံ

- လူ့ဘဝ၏ အရုဏ်ဦးမှစ၍ တိုးတက်လင်းလက်တောက်ပလာအောင်

    အားမာန်နှင့် ကြိုးပမ်းဆောင်ရွ   က်သင့်ပုံ -

 - မိမိအမြင်

                                 အရုဏ်ဦး

အရုဏ်ဦး အချိန်အခါသမယသည် ညဉ့်အမှောင်ပျောက်၍ အလင်းသို့ စတင်ဝင်ရောက်စေပြီး နေမထွက်မီ အရှေ့အရပ်၌ ဦးစွာပေါ်သော ရှေ့ပြေး အလင်းရောင် ထွက်ပြူစအချိန်ပင် ဖြစ်ပါသည်။ ထိုအချိန်တွင် တစ်ညတာ အိပ်စက်အနားယူပြီး ငြိမ်သက်တိတ်ဆိတ်နေသော ကမ္ဘာလောကကြီးသည် လူးလွန့်လှုပ်ရှားစ ပြုလာပေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး၏ အရုဏ်ဦးရှုခင်း များမှာ သာယာလှပစွာ တည်ရှိလျက် ရှိပါသည်။ အရုဏ်ဦး၏ ကောင်းကင်ကြီး သည် ကြည်လင်စွာ တည်ရှိနေပါသည်။ အရုဏ်ဦး၏ မှိတ်တုတ်ကြယ်ကလေး များသည် ထွက်ပေါ်လာသည့်အလင်းရောင်ကို ပုန်းရှောင်နေကြသည်။ အရုဏ်ဦး၏ လေပြည်ကလေးများလည်း ဆော့ကစားနေပြီး ကြည့်လေရာ ရှုမငြီးစဖွယ် သာယာလှပလျက် ရှိပါသည်။

အရုဏ်ဦး အချိန်ကာလသို့ ရောက်သည်နှင့် ဘုန်းတော်ကြီးကျောင်းမှ ကုလားတက်ခေါက်သံ၊ အုန်းမောင်းခေါက်သံများ ထွက်ပေါ်သည်။ မကြာမီ နိဗ္ဗာန်ဆော်တို့၏ ကောင်းမှုကုသိုလ်ပြုကြရန်၊ သံဃာတော်တို့အား ဆွမ်းလောင်း လှူဖို့ ပြင်ဆင်ကြရန် နှိုးဆော်သံများကို ကြားနေရပါသည်။ ကျွန်ုပ်တို့ မြန်မာ လူမျိုးများသည် ဘာသာတရား ကိုင်းရှိုင်းကြပြီး ကောင်းမှုကုသိုလ်ဖြင့် မွေ့လျော်

ကာ စေတနာတရား ထက်သန်ကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် မင်္ဂလာ ရှိသော နံနက်ခင်း အရုဏ်ဦးကာလတွင် ကောင်းမှုကုသိုလ်ယူကြရန် အိပ်ရာမှ ထ၍ ပြင်ဆင်ကြလေသည်။ မကြာမီ ဘုရားဝတ်ပြုသံများ၊ အမျှအတန်း ပေးဝေ သံများကို ကြားနာရသဖြင့် သာဓုပင် ခေါ်မိပါသည်။ ထို့နောက် သံဃာတော်များ အရုဏ်ဆွမ်းအလို့ငှာ ဆွမ်းခံကြွလာကြရာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများက စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် လောင်းလှူနေကြသည်မှာ အတုယူ အားကျဖွယ် ကောင်းလှပေသည်။ ထိုသို့ အရုဏ်ကျင်းသည့် မင်္ဂလာနံနက်ခင်း အချိန်အခါ၌ မြန်မာတို့ ကုသိုလ်ရေး ဆောင်ရွက်ကြပုံကို တွေ့ရသည့်အခါ အလွန်စိတ်ကြည်နူးဖွယ် ကောင်းလှပေသည်။

တစ်ညတာ အနားယူပြီးနောက် နေ့သစ်သို့ ရောက်ပြီဖြစ်သည့်အတွက် လူသားတို့ အိပ်ရာမှထကာ မိမိတို့သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ ဝင်ရောက်ကြရန် ပြင်ဆင်ကြပေသည်။ ကျွန်တော်တို့ မိသားစုသည်လည်း သက်ဆိုင်ရာ လုပ်ငန်းခွင် သို့ ဝင်ရောက်ကြရန် ပြင်ဆင်ကြပေသည်။ ရှေးဦးစွာ မေမေသည် မီးဖိုချောင်သို့ ဝင်ရောက်ပြီးလျှင် တစ်အိမ်သားလုံး စားသောက်ရေးအတွက် စီမံချက်ပြုတ်နေ ပါသည်။ ဖေဖေသည်လည်း ညက မပြီးပြတ်သေးသည့် အလုပ်ကိစ္စများကို ပြီးစီးအောင် ဆောင်ရွက်၍ ရုံးသွားရန် ပြင်ဆင်လျက် ရှိပါသည်။ ဘွားဘွားက ဘုရားခန်းတွင် ဘုရားရှိခိုးလျက် အမျှအတန်း ပေးဝေနေသည်။ ကျွန်တော်နှင့် ညီလေးမှာ ကျောင်းစာများကို သူ့ထက်ငါ အလုအယက် ကျက်မှတ်နေကြသည်။ ထိုသို့ ကျွန်တော်တို့မိသားစုသည် မိမိ သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ စတင် ဝင်ရောက်ကြသကဲ့သို့ အခြားသူများလည်း မိမိတို့ သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ ဝင်ရောက်နေကြလိမ့်မည် ဖြစ်ပါသည်။

 

                        ခေါင်းစဉ်ဆင်တူ စာစီစာကုံး နှင့် အက်ဆေးများ

အရုဏ်ဦးအချိန်ကာလသည် လူသားတို့ မောပန်းသမျှကို အနားယူ အိပ်စက်ပြီး နိုးထလာသည့်အချိန် ဖြစ်သောကြောင့် လူသားတို့အဖို့ တစ်နေ့တာ၏ အလန်းဆန်း အတက်ကြွဆုံးအချိန်လည်း ဖြစ်ပါသည်။ အိပ်ရေးဝဝ အိပ်ထားကြ သဖြင့် ဦးနှောက်ကြည်လင်လန်းဆန်းလျက် ရှိပေသည်။ ဦးနှောက်ကြည်လင် လန်းဆန်းနေသဖြင့် ကျွန်တော်တို့ ကျောင်းသူကျောင်းသားများအဖို့ အင်မတန် စာကျက်ကောင်း၍ စာ ပိုရလွယ်သည်။ စီးပွားရေးလုပ်ငန်းရှင်များအတွက်မူ စိတ်ကူးဉာဏ်သစ်များကို အကောင်အထည်ဖော်ရန်အတွက် တစ်နေ့တာပတ်လုံး လန်းဆန်းတက်ကြွလျက် ရှိနေပေတော့သည်။

နေ့တစ်နေ့၏ အချိန်ကာလသည် အမှောင်ထုပျောက်၍ အလင်းရောက် သည့် အရုဏ်ဦးအချိန်မှ စတင်ကာ အမှောင်ထုရောက်၍ အလင်းပျောက်သည့် အချိန်ထိအောင် ဖြစ်ပေသည်။ ထို့ကြောင့် အရုဏ်ဦးအချိန်ကာလသည် နေ့ တစ်နေ့တာ၏ အစဦးလမ်းစပင် ဖြစ်ပေသည်။ အရုဏ်ဦးအချိန်မှ စတင်ကာ တစ်လျှောက်လုံး အလင်းရောင်တို့ကို ဆောင်ကြဉ်းနိုင်ခဲ့သည်။ ထိုနည်းတူစွာပင် လူသားတို့၏ ဘဝတစ်လျှောက်လုံး အမြဲပင် ဖွံ့ဖြိုး၍ လင်းလက်တောက်ပလာ

အောင် လူ့ဘဝ၏ အရုဏ်ဦးအချိန်မှ စတင်ကာ အားကြိုးမာန်တက် ကြိုးစား လုပ်ဆောင်သင့်ပေသည်။ ထိုသို့ ဆောင်ရွက်ကြိုးပမ်းမှသာလျှင် လူ့ဘဝ တစ်လျှောက်လုံး ချမ်းသာသုခကို ခံစားရနိုင်ကာ နောင်သံသရာထိ ရရှိခံစား နိုင်ပေတော့မည်။

နံနက်အရုဏ်ဦးအချိန်သည် ကျန်းမာရေး လေ့လာလိုက်စားသူတို့အတွက် အားကစားလုပ်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။ အရုဏ်ဦး၏ သန့်ရှင်း လတ်ဆတ်သောလေကို တစ်ဝကြီးရှူသွင်းကာ ကျန်းမာရေးအတွက် လမ်းလျှောက်ရသည်မှာ အရသာရှိလှသည်။ အထူးသဖြင့် ဒီဇင်ဘာလ၏ နံနက်ခင်း တွင် ကန်တော်ကြီးအနီးတစ်ဝိုက်၊ အင်းလျားကန်တစ်ဝိုက်၊ ဦးဝိစာရ လမ်းမပေါ်၊ ဗဟိုလမ်းမပေါ်တို့တွင် လမ်းလျှောက်သူများနှင့် စည်ကားလျက် ရှိသည်။ ယခု အခါတွင် လူကြီးများသာမက ကလေးများကပါ လမ်းလျှောက်ခြင်း လေ့ကျင့်ခန်း ကို နှစ်ခြိုက်စွာ ပြုလုပ်လာကြပြီ ဖြစ်သည်။ လမ်းလျှောက်ခြင်းသည် သွေးလှည့် ပတ်မှုကို ကောင်းစေပြီး နေရထိုင်ရကောင်း၍ တစ်နေ့တာလုပ်ငန်းဆောင်တာ တို့ကို လန်းဆန်းတက်ကြွစွာ လုပ်ကိုင်နိုင်စေသည်။

 

အရုဏ်ဦးအချိန်သည် ကလေးများအတွက်လည်း တစ်နေ့တာ၏ လန်း ဆန်းတက်ကြွသောအချိန် ဖြစ်သည်။ ထိုအချိန်တွင် စာကျက်လျှင် စာများ ပို၍ အရလွယ်သည်။ အရုဏ်ဦး၏အလှနှင့် ကလေးများ၏ စာကျက်သံသည် ပနံ ရလှသည်။ အရုဏ်ဦးတွင် ကလေးများ၏ စာကျက်သံသည် မိဘတို့၏ရင်ဝယ် ငြိမ်းချမ်းစေပါသည်။ ယနေ့ခေတ်ကဲ့သို့သော ပညာခေတ်တွင် ကလေးများ စာကို အပတ်တကုတ် ကြိုးစားပါမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။ အရုဏ်ဦး၏အလှနှင့် ကလေးတို့၏ အားကြိုးမာန်တက် စာကျက်သံတို့ အမြဲ မခွဲဘဲ တွဲနေမှသာ တိုင်းပြည်၏အနာဂတ်သည် လှပနေမည်ဖြစ်သည်။

သို့ဖြစ်၍ အရုဏ်ဦးသည် နေ့တစ်နေ့၏ အစကနဦး အချိန်ကာလဖြစ်ပြီး လူသားတို့ကို အားသစ်အင်သစ် မွေးဖွားပေးသည့် အချိန်ကာလလည်း ဖြစ်ပါ သည်။ တစ်နေ့တာ၏ကာလကို “ည” ဟူသော အမှောင်ထု၏ကြီးစိုးမှုက ဝါးမျိုခဲ့ပြီး ထိုညတာသည် အရုဏ်ဦး၏ လင်းရောင်ခြည် ရောက်လာသည်နှင့် အတိတ်တွင် နေရစ်ခဲ့ရသည်။ အရုဏ်ဦး၏ အလင်းရောင်ခြည် ရောက်လာသော အခါ အရာအားလုံးသည် အသစ်က ပြန်စရသည်။ ထို့ကြောင့် အရုဏ်ဦးသည် နေ့သစ်ကို စတင်ရန် ဖန်တီးပေးသကဲ့သို့ လူသားတို့၏ ဘဝသစ်ကို စတင်ရန် အားသစ်အင်သစ်တို့ မွေးဖွားရာ အချိန်ကာလကြီးတစ်ခုပင် ဖြစ်ပါသည်ဟု ဆိုချင်ပါတော့သည်။

 

The Best Time of the Day

 

People invented timepieces to keep track of time. They measure time in seconds, minutes and hours. Moreover, they invented the calendar to count days, weeks and years. Generally, time is the passing of hours, days, weeks, months and years. A day is set to be the length of 24 hours. If a day is divided into parts, it has four parts- morning, afternoon, evening and night. Among these parts, dawn or daybreak is the best time of the day.

At dawn the eastern sky is red. Soon this colour cracks and turns into bright rays. The sun rises, sending its golden rays to wake the whole world. The breeze is blowing gently to tease the leaves of the trees. Most of the people are still sleeping at that time. However, some workers and boiled pea hawkers go out to do their respective jobs. Monks and novices get ready to worship Lord Buddha. Some women get up to cook meals. At dawn, everything is quiet except for the rustling of leaves. The birds wake up and twitter. Monks and old women strike the triangular gongs to share their merit after playing homage to Lord Buddha. Some street hawkers shout the names of products they are selling. Some farmers drive their squeaky bullockcarts to the farms. In cities, some buses begin to go on the road to take early morning passengers.

At dawn, the air is very fresh. So it is the best time to go for a walk. As the traffics is not so busy, it is also good to go walking at dawn. For religious people, it is the best time to sit in meditation or recite Buddhist scriptures. For students, dawn is the best time to study their lessons as it is quiet. For workers, it is the best time to start a day's work as the weather is cool. All in all, dawn is the best time of the day.

Glossary

divide - ခွဲခြားထားသည်

dawn - အရုဏ်ဦး

 street hawker - ခေါင်းရွက်ဗျပ်ထိုးဈေးသည်

 respective - သက်ဆိုင်ရာ၊ အသီးသီးအသက

 twitter - (ငှက်) ကျီကျီကျော်ကျော်မြည်သည်

monk - ဘုန်းတော်ကြီး

novice - ကိုရင်

share - မျှဝေသည်

merit - ကုသိုလ်

 sit in mediation - တရားထိုင်သည်

scripture - တရားစာ