Skip to product information
1 of 2

Other Websites

ဆရာဦးမောင်မောင်သန်း - မြန်မာနှစ်၁၃၇၈ ခုနှစ် ၇ရက်သားသမီးဆောင်ရန်ရှောင်ရန်အစီအရင်များ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

စကားလက်ဆောင်

(၇) ရက်သားသမီးတွေအတွက် ဆောင်ဖို့၊ ရှောင်ဖို့လေးတွေ ပြထားတဲ့ ဒီစာအုပ်လေးကို -

စာမျက်နှာစဖွင့်လိုက်ပြီဆိုတာနဲ့ အောင်မြင်ဖို့ တံခါးတွေ စပွင့်ပါပြီလို့ နိမိတ်ကောင်းစကားကိုဆိုရင်း -

ဦးဆုံးဂါရဝပြုလိုက်ပါတယ်။ ဒီစာအုပ်လေးဟာ ၁၃၇၈ ခုနှစ်အတွက် ဖြစ်ပါတယ်။

စတင်ဖတ်ရှုပြီဖြစ်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာစွာ၊ လေးစားစွာနဲ့ ကျေးဇူးတင်ကြောင်း စတင်ပြောပါရစေ။

ဒီစာအုပ်လေးမှာ ပညာရေး၊ စီးပွားရေး၊ လူမှုရေး ရှေ့၊ နောက် အစီအစဉ်တကျဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ စာဖတ်သူရဲ့ရှေ့မှာထိုင်ပြီး ပြောပြနေသလို ပြင်နေ ရပ်။

“ခရာလေးတွေရှိပါတယ်။

အကျိုးပေးတဲ့ နာမည်ရှင်တွေဆိုတာ နံတွေအတူတူပါပဲ။ ဥပမာ စနေအကျိုးပေးတဲ့အကြောင်း၊ စနေနဲ့ ဘယ်လိုနာမည်နဲ့တွဲရင် ဘယ်လိုသတိထားရမယ်ဆိုတဲ့အကြောင်းပြောပြထားပေမယ့် စနေ အကျိုးပေးတယ်ဆိုရင် လူသုံးကုန်ပစ္စည်း စနေနံမှန်သမျှ အကုန် အကျိုးပေးတာချည်းပါပဲ။

သောကြာနာမည်ရှင်တွေ အကျိုးပေးတယ်ဆိုတာလည်း သောကြာနံကောင်းလို့ပါ။ ဒါဆို အနုပညာနဲ့ဆိုင်တဲ့လုပ်ငန်းတွေ၊ အစားအသောက်နဲ့ဆိုင်တဲ့လုပ်ငန်းတွေ၊ ခရီးသွားနဲ့ဆိုင်တဲ့လုပ်ငန်း တွေ၊ အလှအပနဲ့ဆိုင်တဲ့လုပ်ငန်းတွေ၊ သစ်-သံ-သွပ်လုပ်ငန်းတွေ၊ သတ္တုလုပ်ငန်းတွေ အကျိုးပေးပြီဆိုတဲ့သဘောပါပဲ။ နံသင့်ပစ္စည်း တွေကိုတော့ အများကြီးရေးပြမနေတော့တာပါ။ ။

သောကြာနာမည်ရှင်တစ်မျိုးတည်းမဟုတ်ပါဘူး။

ကျန်တဲ့နံတွေကိုလည်း အဲဒီလိုကောက်ယူရင်းနဲ့ ဆောင်ဖို့၊ ရှောင်ဖို့တွေ အဆင်ပြေသွားမှာပါ။ အကျိုးပေးတယ်၊ တိုင်ပင်ပြုလုပ်ပါ ဆိုတာက -

ဆိုကြပါစို့ - အိမ်ဆောက်ချင်တယ်။ အင်္ဂါနာမည်ရှင်တွေ အကျိုးပေးတယ်ဆိုရင် အင်္ဂါနာမည်ရှင်တွေနဲ့တိုင်ပင်ပြီး ဆောက် ရပါလိမ့်မယ်။ အဆောက်အအုံကံမကောင်းပေမယ့် အဆောက် အအုံနဲ့ပတ်သက်တဲ့နေရာမှာအလုပ်လုပ်နေကြတဲ့ မိတ်ဆွေတွေထဲက င်္ဂါနာမည်ရှင်ကို တိုင်ပင်ရမှာဖြစ်ပါတယ်။ ။ “အဆောက်အအုံအတွက်တိုင်ပင်ဖို့ရာ ကားတွေထောင်ထား

တဲ့ သူငယ်ချင်း အင်္ဂါကိုတော့ သွားတိုင်ပင်လို့မရပါဘူး။

ဒီလိုလေးတွေပါ။ | တနင်္လာနံ ကျောက်အရောင်းအဝယ်လုပ်ဖို့ နံသင့်တဲ့ ဗုဒ္ဓဟူး နဲ့တိုင်ပင်ပါဆိုရင်လည်း ကျောက်အရောင်းအဝယ်လုပ်ကြတဲ့ သူငယ်ချင်းတွေထဲက ဗုဒ္ဓဟူးနာမည်ရှင်ကို စဉ်းစားရပါလိမ့်မယ်။

သူနဲ့တိုင်ပင်ရမှာပါ။ အိမ်ဆောက်ပစ္စည်းရောင်းတဲ့ ဗုဒ္ဓဟူးနာမည် ( သူငယ်ချင်းနဲ့ သွားတိုင်ပင်လို့မရပါဘူး။

နိုင်ငံရပ်ခြားသွားချင်သူတွေအတွက်လည်း ဒီလိုပါပဲ။

အင်္ဂါနာမည်ရှင်တွေ အကျိုးပေးပြီဆိုရင် အင်္ဂါနံဖြစ်တဲ့ | စင်ကာပူတို့၊ ဆွစ်ဇာလန်တို့ အကျိုးပေးပါပြီ။

တနင်္ဂနွေနာမည်ရှင်တွေအကျိုးပေးပါပြီဆိုရင်လည်း တနင်္ဂနွေနံ ဖြစ်တဲ့ အမေရိကား၊ အင်္ဂလန်၊ သြစတြေးလျတို့ အကျိုးပေးပြီဆိုတဲ့ သဘောပေါ့။ တနင်္ဂနွေနံမကောင်းဘူးဆိုရင်တော့ အဲဒီနိုင်ငံတွေကို လည်း မစဉ်းစားပါနဲ့။ မဖြစ်မနေသွားရတော့မယ်ဆိုရင် ဘာမဆို အဆင်ပြေအောင် ကိုယ်နဲ့အကျိုးပေးတယ်ဆိုတဲ့နာမည်ရှင်တွေနဲ့သာ တိုင်ပင်ပြုလုပ်ပါ။

တိုင်းတစ်ပါးခရီး၊ နိုင်ငံတွေအသေးစိတ်မရေးပေမယ့် အကျိုး ပေးတဲ့နာမည်ရှင်၊ နံကစပြီး ဘာမဆို ရှောင်လို့၊ ဆောင်လို့ရပါပြီ။ စနေနာမည်ရှင်အကျိုးပေးပြီဆိုရင် စနေနံအကျိုးပေးပြီဆိုတာနဲ့ အတူတူပါပဲ။ ခွဲပြီးတော့သာရေးထားတာပါ။ “ မနက်မိုးလင်း မျက်နှာသစ်ပြီးတာနဲ့ ဘုရားရှင်ကို ပူဇော်ရ

မယ့် ဝတ်ပြုရမယ့်ကုသိုလ်ကတော့ ပညာရေးပဲဖြစ်ဖြစ်၊ စီးပွားရေးပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးပဲဖြစ်ဖြစ်၊ ရန်အတိုက်အခံများလို့ပဲဖြစ်ဖြစ်၊ ဘယ်ကိစ္စအတွက်ပဲဖြစ်ဖြစ် အတူတူပါပဲ။

ခွဲခြားပြီး ပြုလုပ်စရာ မလိုပါဘူး။

ရတနာမြတ်(၃)ပါးဂုဏ်ကျေးဇူးတော်ကို ဦးထိပ်ထားလိုက် တာဖြစ်တဲ့အတွက် အားလုံးအဆင်ပြေသွားမယ့်သဘောပါ။ ပညာရေးအခက်အခဲရှိရင်လည်း ဒီမနက်မိုးလင်းကုသိုလ် ကျန်းမာရေးလိုအပ်ရင်လည်း ဒီမနက်မိုးလင်းကုသိုလ်ပါပဲ။ ခွဲခြားပြီး ပြုလုပ်စရာ မလိုပါဘူး။

လုပ်ငန်းစတင်ခြင်း ဆိုတဲ့ နေရာမှာလည်း အကျိုးပေးတဲ့ နံသင့်လုပ်ငန်းတွေကိုသာ ဆိုလိုတာပါ။ နံမသင့်တဲ့လုပ်ငန်းတွေကို ဘော့လုပ်လို့မရဘူးပေါ့။

အင်္ဂါအကျိုးပေးတယ်ဆိုရင် ဆေးနဲ့ဆေးပစ္စည်းဆိုင်ဖွင့်တာ၊ စက်မှုလက်မှုလုပ်ငန်းတွေလုပ်တာလုပ်လို့ရပြီ။

အကျိုးမပေးဘူးဆိုရင် ဆိုင်ကယ်ကယ်ရီတောင်မဆွဲနဲ့။ တစ်မျိုးဖြစ်ရော။ ဝယ်ဖြစ်ရင် သတိနဲ့မောင်း၊ ဖြည်းဖြည်းမောင်း။ အပျက်အပြနည်းမယ်။ " အကြောင်းကိစ္စရှိမယ်ဆိုတာက -

ဥပမာ - အလုပ်ကိစ္စတစ်ခုအတွက်သွားမယ် ဒါမှမဟုတ် အလုပ်အတွက် စာမေးပွဲဖြေဖို့ရှိတယ်ဆိုရင် ပြုလုပ်သွားဖို့ပါပဲ။

ချင်ရင်လည်း ဒီလိုပါပဲ။

ဒီပြင်အစီအရင်တွေလည်းလုပ်ချင်ရင်လုပ်လို့ရပါတယ်။ ဘုရားရှင် | ကိုပူဇော်ပြီး ဦးခိုက်သွားတာထက် ကောင်းတာမရှိနိုင်တော့ပါဘူး။ ဒါအမြတ်ဆုံးပါပဲ။

ကြွေးသွားတောင်းလည်း ဒီလိုပါပဲ။ အရေးကြီးတဲ့ကိစ္စစကားပြောတော့မယ်ဆိုရင်လည်းဒီလိုပါပဲ၊

ဒါလေးတွေကို သိထားပြီဆိုရင် ဆောင်ရန်၊ ရှောင်ရန် | တော်တော်ပြည့်စုံသွားပါပြီ။

နိုင်ငံခြားမှာနေကြတဲ့သူတွေအတွက် ဒီကနေ လှမ်းပြီးပြော

ဆိုကြပါစို့ - တနင်္လာနာမည်ရှင် အကျိုးမပေးဘူးဆိုရင် ဟိုမှာရှိတဲ့ ကုမ္ပဏီတွေထဲက GREEN-HILL လို နာမည်ရှင်ရှိတဲ့ | ကုမ္ပဏီမျိုး၊ GRACE ဆိုတဲ့ နာမည်ရှင်မျိုးဆိုရင် အကျိုးမပေးတော့ တဲ့သဘောပါ။ ခင်လို့ရပါတယ်။

အင်္ဂါအကျိုးမပေးတော့ဘူး ဆိုရင်လည်း SWEETYလိုနာမည် မျိုးဆို ခင်လို့တော့ရတယ်။ စီးပွားစပ်ရင် မရတော့ဘူးပေါ့ ။ အကူ အညီတောင်းရင် မရတော့ဘူး။

အကီအရောင်ရှောင်ခိုင်းတယ်ဆိုတာ အမြဲရှောင်ခိုင်းနေတာ မဟုတ်ပါဘူး။ ဘယ်သွားသွားဝတ်လို့ရပါတယ်။ အရေးကြီးတဲ့ ကိစ္စတို့၊ အလုပ်နဲ့ပတ်သက်တဲ့လူတွေ့မေးမြန်းတဲ့အခါသွားမှာ ဆိုရင်သာ ရှောင်ရမှာပါ။

မင်္ဂလာဆောင်ရက်တွေ၊ လက်မှတ်ထိုးမယ့်ရက်ရွေးရင်

လည်း ဒီလိုပါပဲ။ အကျိုးပေးတဲ့သူတွေနဲ့ တိုင်ပင်ပြီး ရွေးရမှာဖြစ် ပါတယ်။ အကျိုးပေးတဲ့ နံသင့်ဟိုတယ်တွေ၊ ခန်းမတွေ၊ နေရာတွေ ရွေးရမှာ ဖြစ်ပါတယ်။ ။

ဂါထာမန္တန်တွေကတော့ ရွတ်ဖူးနေကျတွေကိုပဲ ရွတ်ပါ။ အထူးသဖြင့်တော့ ပရိတ်တော်တွေ၊ ဂုဏ်တော်တွေ၊ သရဏဂုံ တန်ခိုးတော်တွေလောက် စွမ်းတာမရှိပါဘူး။ အောင်မြင်ကြသူတိုင်း ဟာ ပရိတ်တော်၊ ဂုဏ်တော်၊ သရဏဂုံကျေးဇူးတော်တွေကြောင့် ပါပဲ။ စိမ်းနေတဲ့၊ အသစ်ဖြစ်နေတဲ့ ဂါထာတွေကို မညွှန်းတာက ဒီဂါထာဟာ စွမ်းပါ့မလားဆိုတဲ့စိတ်ဝင်လာတာနဲ့ စွမ်းမှာမဟုတ် ဘော့ပါဘူး။ ဒါကြောင့်ပါ။

အသက်အပိုင်းအခြား (၉ဝ)၊(၁ဝဝ)အထိပြထားတာကတော့ မြန်မာ့မြေ၊ မြန်မာ့ရေပေါ်မှာနေထိုင်ကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအားလုံး ရောဂါကင်းပြီး အသက်တွေရှည်လိုက်ကြတာပါလားဆိုတဲ့ နိမိတ်ကောင်းပါပဲ။

ရတနာမြတ် (၃) ပါး ဂုဏ်ကျေးဇူးတော်တွေကိုပဲ အဓိက ထားပြီး ဆောင်ရွက်ရတာများလို့ ကောင်းကံတွေ အလိုလိုတည် ဆောက်ပြီးသားဖြစ်နေပါပြီ။

ကိုယ်တိုင် ပူဇော်နေလေ့ရှိတဲ့ ဆွမ်းတော်တွေကို ကပ်လှူလို့ ရသလို နံသင့်တာလေးတွေကိုရွေးပြီး လှူတာကလည်းထပ်ပြီး ကုသိုလ်အားဖြည့်ပေးထားတာ ဖြစ်ပါတယ်။

၀ယ် နေ့တစ်နေ့ကို ကောင်းကံတွေနဲ့စတင်လိုက်တာဖြစ်ပါကယ်။

ညံ့နေတဲ့နှစ်တွေဆိုရင် ပိုပြီး ကောင်းကံတွေ တည်ဆောက်၊ ပိုပြီးကုသိုလ်တွေပြုရင်းနဲ့ အောင်မြင်မှုများစွာကို ရယူရမှာဖြစ်ပါ တယ်။

အကျိုးမပေးဘူးဆိုတာ မိသားစုနဲ့မဆိုင်ပါဘူး။ သူစိမ်းတွေကိုသာဆိုလိုတာပါ။

ကိုယ့်အလုပ်ကိုယ်လုပ်လို့ အောင်မြင်နေရင်လည်း၊ ချောမွေ့ | နေရင်လည်း ဘယ်သူနဲ့မှတိုင်ပင်စရာမလိုပါဘူး။ အကူအညီတောင်း စရာမလိုပါဘူး။

တစ်ခုခုလိုအပ်မှသာ ဒီနေရာလေးမှာ ဒီလိုထစ်ငေါ့နေတယ်။ ဒါကို ဘယ်လိုလေးများပြုမူဆောင်ရွက်ရပါ့မလဲဘို့ အကြံကောင်း ဉာဏ်ကောင်းကိုသာ ယူရမှာ၊ တိုင်ပင်ရမှာ ဖြစ်ပါတယ်။

ကားလုပ်ငန်းထောင်ချင်သူ ဆိုပါတော့။

ကိုယ့်မှာ ပိုက်ဆံပြည့်စုံနေပြီ၊ ကားလုပ်ရင်လည်း အကျိုး ပေးမယ်ဆိုတာသိနေပြီး ကိုယ်ကလည်း ဒီလုပ်ငန်းနဲ့ စိမ်းနေတယ် | ဆိုပါတော့ -

အဲဒီအခါမှာ ကိုယ့်မိတ်ဆွေထဲကလည်း ဖြစ်ရမယ်၊ ကား | လုပ်ငန်းလုပ်ကိုင်နေသူလည်းဖြစ်ရမယ်၊ ကိုယ်နဲ့လည်း အကျိုးပေး

တဲ့ နာမည်ရှင်ဖြစ်ရမယ်။ ဒီလိုလူမျိုးကို စဉ်းစားပြီး တိုင်ပင်ရမှာ | အကူအညီတောင်းရမှာ ဖြစ်ပါတယ်။ သူက လုပ်ငန်းသဘောသီး

ကားရဲ့ သဘောတွေသိတော့ ကိုယ့်ကို အကြံဉာဏ်ပေးနိုင်မှာဖြစ် | ပါတယ်။

တိုင်ပင်ပါ၊ အကူအညီတောင်းပါ ဆိုတာ ဒီသဘောပါပဲ။ မလိုအပ်ရင်တော့ တိုင်ပင်စရာ မလိုပါဘူး။

လုပ်နေကျအလုပ်ဖြစ်ပေမယ့် အကျိုးမပေးတဲ့နှစ်မျိုးရောက် လာရင် တဖြည်းဖြည်းထိခိုက်လာတတ်လေ့ ရှိပါတယ်။

ဒီအခါမှာ သတိလေးထားပြီး ကိုယ်နဲ့အကျိုးပေးမယ့် နာမည် ရှင်တွေကို လိုအပ်သလို အကြံဉာဏ်ယူ၊ အကူအညီတောင်းရင် အဆင်ပြေသွားမှာပါ။

ဆောင်ရန်၊ ရှောင်ရန်တွေမှာ ညံ့နိုင်တာလေးတွေ၊ ညံ့နေ | တာလေးတွေကို အဓိကထားပြီး ပြောပြလိုက်တာမို့ ကျန်တာတွေ မှန်သမျှ အကောင်းချည်းပါပဲ။

ညံ့နေပြီဆိုရင် ပိုပြီးဆင်ခြင်၊ ပိုပြီးရွတ်ဖတ်၊ ပိုပြီးကျင့်ကြံ အားထုတ်တဲ့အခါ ပိုပြီးတော့တောင် ကုသိုလ်အားတွေမြင့်လာမှာ ဖြစ်ပါတယ်။

အကျိုးမပေးတာ၊ ပေးတာက သူစိမ်းတွေနဲ့ပဲဆိုင်ပါတယ်။ မိဘတွေ၊ မိသားစုတွေနဲ့ မဆိုင်ပါဘူး။

ညံ့ရင် မညံ့အောင် ဘယ်လိုနေထိုင်သင့်တယ် ဆိုတာလေး တွေကိုသာ ရှောင်တတ်အောင်ပြလိုက်တဲ့သဘောပေါ့။ ။

ဥပမာ - ငွေကံတွေတအားညံ့တဲ့နှစ်မှာ ရွတ်ဖတ်သရဇ္ဈာယ် မှုတွေ၊ အဓိဋ္ဌာန်တွေကြောင့် ငွေတွေဝင်လာပြီဆိုတာနဲ့ ရွှေဝယ်စု လိုက်ပေါ့။ ဒီလိုမှမဟုတ်ရင် လက်ထဲမှာမထားဘဲ ဘဏ်မှာအပ် ထားလိုက်ပေါ့ ။ ဒါဆို ငွေကံညံ့တဲ့အတွက် လက်ထဲမှာ ငွေမရှိ

တော့တာနဲ့ အတူတူပဲမို့ ထပ်ထပ်ဝင်လာတော့မှာပေါ့ ။ ဒါလေးတွေပါ။ ဒီသဘောလေးတွေသိထားပြီဆိုရင် -

ဒီ ၁၃၇၈ ခုနှစ် ဆောင်ရန်၊ ရှောင်ရန် အကြံပြုချက်လေး တွေက လမ်းပြပြီး ပါရမီဖြည့်ပေးသွားပါလိမ့်မယ်လို့ မေတ္တာ စကားပြောကြားရင်း...။

ဆရာဦးတော်မောင်သန်း (ရင်ကိုအေးမြစေသား)

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)