Skip to product information
1 of 18

စိတ်ကူးချိုချိုစာပေ

ဆရာတော်ဦးသီလာစာရ - ဗုဒ္ဓ၀ါဒီကမ္ဘာ့မြေပုံကျမ်းနှင့်သိမှတ်ဖွယ်ရာအဖြာဖြာ

Regular price 1,154 MMK
Regular price Sale price 1,154 MMK
Sale Sold out

အရှင်ရေဝတရံသီ၏ မှာကြားတိုက်တွန်းလွှာ

        တန်ဖိုးရှိတာ ဤကျမ်းစာ။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဆိုင်ရာ စာပေကျမ်း ဂန်ပေါင်း မြောက်မြားစွာ ပေါ်ထွက်ခဲ့ကြပါသော်လည်း ယခုလိုဗုဒ္ဓရှင်တော်ဘုရား အလိုတော် ပထဝီဆိုင်ရာ ကျမ်းစာမျိုးတစ်ကြိမ်မျှ ကျမ်းတစ်စောင်တစ်ဖွဲ့ အဖြစ် သီးသန့်မထွက်ပေါ်ဖူးသေးသည့်အတွက် လစ်လပ်နေသည့်ဟာကွက်တစ်ကွက် ကို ဖြည့်စွက်လိုက်သော ဤ “ဗုဒ္ဓဝါဒီ ကမ္ဘာ့ပထဝီ မြေပုံကျမ်း” သည် ဗုဒ္ဓဘာ သာဝင် ပုဂ္ဂိုလ်များအဖို့ အလွန်တန်ဖိုးရှိသော ကျမ်းစာအုပ်တစ်အုပ်ဖြစ်သည့် နည်းတူ အခြားဘာသာဝင်ပုဂ္ဂိုလ်များအဖို့မှာလည်း ဗုဒ္ဓရှင်တော်ဘုရား၏ အယူ ဝါဒကို လေ့လာရန်အတွက် များစွာအသုံးဝင်မည်ဟု အမှာစာရေးသူ စိတ်တွင် ယုံကြည်ချက်ရှိသည့်အတိုင်း ဤကျမ်းစာအုပ်ကို ဖတ်ရှုသူလည်း သေသေချာ ချာအကြိမ်ကြိမ် လေ့လာမိပါက အမှာစာရေးသူ ယုံကြည်ချက်နှင့် ထပ်တူထပ်မျှ အများဆုံးတူညီလိမ့်မည်ဟု မျှော်လင့်မိပါသည်။

မကြိုက်သူလည်းရှိစမြဲ။ သို့ပါသော်လည်း ဗုဒ္ဓရှင်တော်ဘုရား ဟောကြား တော်မူခဲ့သော ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ တည်းဟူသော သာသနာသုံးရပ်တွင် ပိဋကစာပေသင်ကြားပို့ချခြင်းတည်းဟူသော ပရိယတ္တိသာသနာတော်ပြန့်ပွားရေး သာသနာ့ဝန်ထမ်းအလုပ်ကို ယခုခေတ်တရားအားထုတ်သူအမည်ခံ ပုဂ္ဂိုလ် အချို့တို့က မှားယွင်းစွာ ပစ်ပယ်နေကြသည်ကို ကိုယ်တွေ့ကြုံခဲ့ရပါသည်။ အဆို ပါ ပရိယတ္တိ သာသနာတော်ကို ပစ်ပယ်နေသောပုဂ္ဂိုလ်အချို့နှင့် သေသေချာချာ မလေ့လာမီက နှာခေါင်းရှုံ့ အပြစ်တင် ဝေဖန်တတ်သော ပုဂ္ဂိုလ်၊ တိုင်းတစ်ပါး စာပေများကို အထင်ကြီးပြီး ဗုဒ္ဓစာပေကို အထင်သေးတတ်သော ပုဂ္ဂိုလ်တို့က သာ ဤကျမ်းကို အသုံးမဝင် အပိုဟု ထင်မည်ဆိုက ထင်ကြပါလိမ့်မည်။ ရှေ့နောက်မြော်မြင် ပညာရှင်။ အထူးသဖြင့် ဗုဒ္ဓသာသနာတော်၏ ဆူး၊ ဗြောင့်၊ ခလုတ်သဖွယ် နောင် တစ်စ၊ တစ်စ ကြီးမားသည်ထက်ကြီးမားပြီး တွေ့ကြုံ ရမည့် ဘာသာဖျက်ဝါဒဆိုး အန္တရာယ်တွေကို မှန်ကန်သောဝါဒဖြင့် တိုက်ထုတ် ရာတွင် လက်နက်ကောင်းတစ်ခုအနေနှင့် အသုံးဝင်လာမည့် ကျမ်းစာအုပ်တစ်အုပ် ဖြစ်မည်ကို အမြော်အမြင် ပညာမျက်စိရှိသူ ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်များက မုချ ထောက်ခံအားပေးဝမ်းမြောက်ကြမည်မှာ မလွဲပါ။ အများ ခက်ခဲပေါင်းစုံ တွေ့ခဲ့ပုံ။ ဤကျမ်းပြုဆရာတော်သည် ဝိနည်းတရားတော် ကို အထူးအလေးဂရုပြုသည့်အပြင် (အာရညကင် ဓုတင်) တောရကျောင်း ဆောက်တည်ပြီး စာသင်သံဃာ ရှစ်ဆယ်ကျော်မျှကို ဗုဒ္ဓစာပေညွှန်ကြားပို့ချ ပေးခြင်းတည်းဟူသော ပရိယတ္တိသာသနာ၊ မိမိကိုယ်တိုင်လည်း ဝိနည်း၊ သုတ္တန် ကျင့်နည်းများအတိုင်း ကျင့်ခြင်း၊ တရားအားထုတ်ခြင်း၊ တရားအားထုတ်လိုသူ ပုဂ္ဂိုလ်များကိုလည်း ပုဂ္ဂိုလ်မရွေး စိတ်ရှည်ရှည်နှင့် ညွှန်ကြားပြသခြင်းတည်း ဟူသော ပဋိပတ္တိသာသနာ၊ အဆိုပါ သာသနာတော်တို့ကို ဂုဏ်ပကာသနမဖက်၊ စေတနာသက်သက်ဖြင့် ထမ်းဆောင်ရင်းရေးသားစီရင်သော ကျမ်းစာအုပ်ဖြစ် သည့်အလျောက် ကျမ်းဂန်တွေထဲမှ ထုတ်နုတ်ရေးသားပြီး စာရှုလေ့လာသူတိုင်း ကွက်ကွက်ကွင်းကွင်း သဘောပေါက်နားလည်လွယ်စေရန် ရုပ်ပုံဘလောက် ပေါင်း မြောက်မြားစွာဖြင့် ပြုစုရာ၌ ခက်ခဲမှု၊ ရိုက်နှိပ်မည့်ဆဲဆဲ ငွေရေး၊ ကြေး ရေး မပြည့်စုံသည့်အတွက် သုံးနှစ်ကျော်အတွင်း အကြိမ်ကြိမ်ပျက်ခဲ့ရသည့် ခက်ခဲမှု၊ ပုံနှိပ်စက္ကူဈေးနှုန်းကြီးနေသည့် ခက်ခဲမှုစသည်များကို တွေ့ကြုံခဲ့ပါ သော်လည်း စီးပွားရေးမဖက်၊ ဗုဒ္ဓရှင်တော်ဘုရား၏ စစ်မှန်သောအယူဝါဒ ပြန့်ပွားရေးအတွက် ဓမ္မဒါနအဖြစ် ဖြန့်ချိလိုသည့် ကျမ်းပြုဆရာတော်၏ စေတနာ၊ ကျမ်းပြီးစီး အောင်မြင်ရေးအတွက် လုပ်အား၊ အကြံဉာဏ်အားဖြင့် ထက်ထက် သန်သန်ကူညီဆောင်ရွက်ပေးကြသည့် ပုဂ္ဂိုလ်များ၏ စေတနာတွေကြောင့် အခက် အခဲများကို ကျော်လွန် အောင်မြင်စွာ ပုံနှိပ်ချုပ်လုပ်ပြီး “ဓမ္မဒါနလက်ဆောင်” အဖြစ် ထုတ်ဝေဖြန့်ချိနိုင်ခြင်းဖြစ်ပါသည်။ သင်ကြိမ်ဖန်များစွာ ဖတ်ရှုပါ။ ယခုလိုအခက်အခဲများကြားမှ အောင်မြင်စွာပေါ် ထွက်လာသည့် “ဗုဒ္ဓဝါဒီ ကမ္ဘာ့ပထဝီ မြေပုံကျမ်း” မှ အချက်အလက်များကို ဗုဒ္ဓဘာသာ တကယ်တမ်းသက်ဝင် ယုံကြည်သူတိုင်း စွဲမြဲထင်မြင်လာအောင် ကြိမ်ဖန်များစွာ အစအဆုံး ဖတ်ရှုလေ့လာမှတ်သားပြီး ဗုဒ္ဓရှင်တော်ဘုရား၏ စစ်မှန်သောအယူဝါဒ ပြန့်ပွားအောင် ဆောင်ရွက်ကြရန် “ကျမ်းပြီးစီး အောင်မြင် ရေး အကျိုးတော်ဆောင်” အနေနှင့် အထူးတိုက်တွန်းမှာကြားလိုက်ပါသည်။

အားလုံးအတွက် ဖြန့်လိုလျက်။ ဤကျမ်းစာအုပ်ကို ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ် များနှင့် အခြားဘာသာဝင်ပုဂ္ဂိုလ်များထံ နှံ့စပ်အောင်ဖြန့်ချိလိုသော စေတနာများ စွာရှိပါသော်လည်း ကျမ်းစာအုပ်များစွာ ပုံနှိပ်နိုင်အောင် စေတနာရှင်မပေါ်ပေါက် လာသေး၍ ရှိသမျှငွေအင်အားဖြင့် ပထမအကြိမ် စာအုပ်အရေအတွက် (၁၀၀၀) တစ်ထောင် ရိုက်နှိပ်ပြီး (နည်းနည်းနှင့်ကျဲကျဲဝိုင်း) ဆိုသည့် မြန်မာစကားပုံအ တိုင်း စာဖတ်ပရိသတ်များ ကြည့်ရှုမှတ်သားနိုင်မည့် ဗုဒ္ဓဘာသာဆိုင်ရာ သာ သနာပြုအသင်းအဖွဲ့များ စာကြည့်တိုက်၊ စာကြည့်အသင်းများ၊ ပိဋကတိုက်များ၊ ဓမ္မစာစောင်တိုက်များ၊ သံရုံးများကိုသာ “ဓမ္မဒါန လက်ဆောင်” အဖြစ် အဓိက ထား ဖြန့်ချိရခြင်းဖြစ်ပါသည်။

ဤပုဂ္ဂိုလ်ပင် ကျေးဇူးတင်။ ဤကျမ်းစာအုပ်နှင့် ပတ်သက်ပြီး ဌာနပေါင်းစုံ တာဝန်ခံအဖြစ် ဆောင်ရွက်နေရသော အမှာစာ ရေးသူ၏ စိတ်တိုင်းကျဖြစ် အောင် အကြံဉာဏ်ဖြင့် တစ်မျိုး၊ လုပ်အားဖြင့်တစ်ဖုံ၊ ကူညီဆောင်ရွက်ပေးကြ သော ဘလောက်ဘက်ဆိုင်ရာ ကိုစောနောင် (ရန်ပုံခွင်း စာပေ)၊ ကိုလှမြင့်တို့ ကိုလည်းကောင်း၊ စာပုံနှိပ်ဘက်ဆိုင်ရာ ဦးသိန်းဟန်၊ ဦးဌေးမြင့်၊ ဦးဘုန်းကျော်၊ ဒေါ်ကျင်ဆွေစသော သုဓမ္မဝတီ အဖွဲ့သားများကိုလည်းကောင်း များစွာကျေးဇူး ဥပကာရ တင်ရှိပါသည်။

 

စေတနာထား ပြင်ဆင်ငြား။ “ဗုဒ္ဓဝါဒီ ကမ္ဘာ့ပထဝီ မြေပုံကျမ်း” ကို ပြုစုရေး လြာသားသော ကျမ်းပြုဆရာတော်၏ တာဝန်ပေးချက်အရ ဤအမှာစာရေးသူသည် “ဓမ္မာစရိယတန်း” ဆိုင်ရာ ကျမ်းစာများကို သင်ယူလေ့လာခြင်းတည်းဟူသော ပရိယတ္တိသာသနာတော်ကို ထမ်းဆောင်နေရသော သာသနာ့ဝန်ထမ်း တာဝန် တစ်ဖက်နှင့် သတ်ပုံ၊ သတ်ညွှန်း၊ စာလုံး အကျအန၊ အထားအသို၊ ပြင်ဆင်ရေး မှစ၍ အားလုံးကုန် ကောင်းမွန်စေရန် စေတနာအပြည့်အဝထားပြီး အကြိမ်ကြိမ် ပြင်ဆင်ခဲ့လင့်ကစား အမှားအနည်းငယ် ပါရှိကောင်းပါရှိလိမ့်ဦးမည်။ ထိုအမှား များကို သည်းခံပြင်ဆင်ဖတ်ရှုကြပါရန် မေတ္တာရပ်ခံလိုက်ပါကြောင်း။

အကျိုးတော်ဆောင်

အရှင်ရေဝတရံသီ (ပျော်ဘွယ်)

 ဇ၀န တိက္ခ ပါဠိတက္ကသိုလ် (အလယ်တိုက်ကြီး)

အလယ်တောရကျောင်းတိုက် ဘောင်ဒရီလမ်း၊ ရန်ကုန်မြို့။

( ၁၃၂၅-ခုနှစ်၊ နတ်တော်လဆန်း-၁၁ရက်၊ အင်္ဂါနေ့။