Skip to product information
1 of 2

Other Websites

ဆရာတော်ဦးဇောတိက - ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်သတိဖြင့်နေထိုင်နည်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

နိဒါန်း

ဒီဘုန်းကြီးက “ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရန်”ဆိုတဲ့ တရားကို အသက်အရွယ် မရွေး၊ လူမျိုးဘာသာ မရွေး၊ ရာထူး အဆင့်အတန်း မရွေး အားလုံးအတွက် ရည်ရွယ်ပြီး ဟောထားတာ ပါ။ ကိုယ့်ရဲ့အရည်အသွေးတွေ ဘက်စုံတိုးတက်အောင် နည်းမျိုးစုံနဲ့ ကြိုးစားချင်တဲ့သူတွေအတွက် စဉ်းစားစရာ၊ နည်းယူစရာလေးတွေ ဒီ ထဲကနေ ရလိမ့်မယ်လို့ ထင်ပါတယ်။

လူတွေမှာ ဖြစ်နိုင်တဲ့အလားအလာရှိတာနဲ့ တကယ်ဖြစ်နေ တာကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ ဖြစ်နိုင်တာနဲ့ ဖြစ်နေတာဟာ ကွာဟမှု အင်မတန် ကြီးမားတာတွေ့ရတယ်။

ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ်နေနိုင်တဲ့ အလားအလာ ရှိပါတယ်။ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းချမ်းသာသာ နေနိုင်တဲ့ အလား အလာ ရှိပါတယ်။ လုပ်ရည်ကိုင်ရည် မြင့်မားတဲ့သူ၊ အရည်အချင်း အမျိုးမျိုး ပညာရပ်အမျိုးမျိုး တတ်ကျွမ်းနားလည်တဲ့သူ ဖြစ်နိုင် ပါတယ်။

ဖြစ်နိုင်တာတွေ ကောင်းတာတွေ ဘာဖြစ်လို့ လက်ရှိ အခြေ အနေထက် ပိုပြီး ဖြစ်မလာတာလဲ။ ဒီမေးခွန်းကို လေးလေးနက်နက် မေးပြီးတော့ အဖြေကို ရှာသင့်တယ်။

ကိုယ့်ကိုယ်ကို စိတ်နေသဘောထား ပိုပြီး ကောင်းတဲ့သူ၊ မေတ္တာ၊ ကရုဏာ၊ ကိုယ်ချင်းစာနာမှု ပိုပြီး ရှိတဲ့သူ၊ ပြောပုံဆိုပုံ၊ လုပ် ပုံ ကိုင်ပုံ၊ တွေးခေါ်ပုံ စဉ်းစားပုံ ပိုပြီး ကောင်းမွန်တဲ့သူ ဖြစ်ချင် သလား၊ တကယ်ဖြစ်ချင်တဲ့ဆန္ဒ ရှိတာမှန်ရင် ရေရှည်ကြိုးစားပြီး လေ့ကျင့်သွားရင် ဖြစ်ပါတယ်။

ဒါဟာ လူတိုင်းရဲ့ အပြင်းပြဆုံးဆန္ဒ ဖြစ်သင့်တယ်၊ ဒီလို အရည်အသွေးကောင်းတွေ ပြည့်ဝတဲ့သူဖြစ်လာအောင်လုပ်ရတာဟာ လုပ်ရကျိုးအနပ်ဆုံးအလုပ် ဖြစ်ပါတယ်။ ကျေနပ်မှုအရဆုံးအလုပ် ဖြစ် ပါတယ်။

လုပ်သမျှကိစ္စတွေကို သတိကပ်ပြီးတော့ လုပ်တဲ့ အလေ့ အကျင့်ကို များများလုပ်လာရင်၊ စိတ်ထဲမှာ တွေးနေတဲ့အတွေးတွေ ကို သိနေတဲ့အလေ့အကျင့် များများလုပ်လာရင် စိတ်နေသဘောထား အဆင့်အတန်း မြင့်လာမယ်၊ အသိဉာဏ်တွေ ပိုပြီးတော့ လေးနက် ရင့်ကျက်လာမယ်၊ လုပ်တဲ့အလုပ်တွေလည်း အရည်အသွေး ပိုပြီး

ကောင်းလာမယ်။ ဒါမှ ဘဝကို ပိုပြီး ကျေနပ်မှုရမယ်။ ဘဝရဲ့ အဓိပ္ပာယ်လည်း လေးနက်မှု ပိုရှိလာမယ်။

သတိနဲ့နေခြင်းဟာ ဘယ်လောက် အရေးကြီးသလဲဆိုတာ ကိုယ်တိုင်သိတဲ့အတွက် ဒကာ ဒကာမတွေ အားလုံးကိုလည်း တိ နဲ့ နေဖို့ပဲ အမြဲဟောပြောလေ့ရှိပါတယ်။ ဒီ 'သတိဖြင့် နေထိုင်ခြင်း” ဆိုတဲ့တရားကို နာကြားရပြီး သတိနဲ့နေတဲ့အကျင့်ကို ကြိုးကြိုးစားစား

လုပ်ကြတယ်လို့ ပြန်ကြားရတယ်။ ဒီအတွက် တော်တော်ကြီးပဲ ဝမ်း သာကျေနပ်မှု ဖြစ်မိပါတယ်။

ဘဝကို အနှစ်သာရအပြည့်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ရင်၊ လောကကြီးကို အထိရောက်ဆုံးနည်းနဲ့ အကျိုးပြုချင်ရင်၊ အေးချမ်း တည်ငြိမ်ပြီး ရင့်ကျက်တဲ့သူ ဖြစ်ချင်ရင်၊ ကိုယ့်အချိန်တွေကို အထိ ရောက်ဆုံး အသုံးချချင်ရင် အချိန်တိုင်း အချိန်တိုင်းကို တစ်ခဏ တစ်ခဏတိုင်းကို သတိလေးနဲ့ နေလိုက်ပါ။

သတိနဲ့နေရင်း လက်ရှိအခြေအနေထက် ပို ပိုပြီး ကောင်း တဲ့သူတွေ ဖြစ်ကြပါစေ၊

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)

ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရန်

နှစ်ပေါင်းများစွာကတည်းက ဒကာ ဒကာမတွေကို စိတ် အကြောင်း၊ ခန္ဓာအကြောင်းတွေနဲ့ အသိဉာဏ်ရှိရှိ အေးအေးချမ်း ချမ်း ဘဝကို နေတတ်သွားစေမယ့်အကြောင်းတွေကို ဟောပြောလေ့ ရှိပါတယ်။ ဒီအကြောင်းတွေကို စိတ်ဝင်စားကြတဲ့ ဒကာ ဒကာမတွေ လည်း များစွာရှိနေပါတယ်။ ဒီလောက် နှစ်ပေါင်းများစွာ စိတ်ဝင်စား နေကြတယ်ဆိုတာ အဓိပ္ပာယ်က ဘာလဲဆိုတော့ ဒီဘုန်းကြီးနဲ့ စရိုက် ခြင်း အတော်တူလို့ပဲလို့ ဆိုရမှာပေါ့။ ။

လူဆိုတာဟာ စရိုက်ချင်း တူရင် အကြိုက်ချင်းလည်း တူ | တတ်ပါတယ်။ စရိုက်ခြင်း၊ ဝါသနာခြင်း အတော်လေး နီးစပ်ကြလို့ လည်းပဲ ရေရှည်မှာ တစ်ဦးနဲ့တစ်ဦး ပြောလို့ဆိုလို့ ဆက်ဆံလို့ ပိုပြီး အဆင်ပြေနေတယ်။ တစ်ဦးနဲ့တစ်ဦး စိတ်ဝင်စားမှုလည်း တူအယ် လို့ ထင်ပါတယ်။ ဘဝ ဘဝကလည်း ရေစက်ဆုံခဲ့ဖူးတဲ့သူတွေ ဖြစ် ကြမှာပါ။

အခု ဘုန်းကြီးပြောချင်တဲ့ အကြောင်းအရာကတော့ Personality နဲ့ပတ်သက်တဲ့ အကြောင်းအရာဖြစ်တယ်။ ဒီစကားကို ဗမာ လို ဘာသာပြန်တော့ ကိုယ်ရည်ကိုယ်သွေးလို့ ဘာသာပြန်ကြတယ်။ ဒါကလည်း သမုတိသစ္စာနဲ့ ပြောလိုက်တာပါ။ သစ္စာမှာ နှစ်မျိုးရှိတယ်။ သမုတိသစ္စာနဲ့ ပရမတ္တသစ္စာ၊ အခုပြောနေတဲ့စကားက သမုတိသစ္စာ စကား။ ဒါကြောင့် Personality လို့ သုံးရတာ၊ ပရမတ္တသစ္စာနဲ့

ပြောရရင် Personality မရှိဘူး၊ ရုပ်တရား နာမ်တရားပဲ ရှိတယ်။ ရုပ်တရား နာမ်တရားဟာ Personality မဟုတ်ဘူး

လူတိုင်းရဲ့ အမြင့်ဆုံး ရည်မှန်းချက်

ဘုန်းကြီးရဲ့အကြိုက်ပြောရရင် လူတိုင်းလူတိုင်းရဲ့ အမြင့်ဆုံး ရည်မှန်းချက်က ဘာလဲဆိုတော့ -

လူတိုင်းလူတိုင်းရဲ့ အမြင့်ဆုံး ရည်မှန်းချက်နဲ့ အား အကြီးဆုံး အပြင်းထန်ဆုံး အလိုဆန္ဒဟာ လူ့ဘဝ လူ့အဖြစ်ရဲ့ အပြည့်ဝဆုံး တိုးတက်မှု ကြီးပွားမှုလို့ခေါ်တဲ့ ကိုယ့်ရဲ့ အရည် အသွေးတွေ အမြင့်ဆုံး အကောင်အထည်ပေါ်လာအောင် လုပ် ချင်တာပဲ။

ဘုန်းကြီးငယ်ငယ်တုန်းက ဖတ်ဖူးတဲ့စာအုပ်တွေ အများကြီးထဲ က တစ်အုပ်က "The power of personality"တဲ့။ “ကိုယ်ရည် ကိုယ်သွေး၏ အစွမ်းသတ္တိ"လို့ ဘာသာပြန်လို့ရတယ်။ အဲဒီစာအုပ်ကို ဖတ်ကြည့်ရင်း တော်တော်ပဲ အကြိုက်တွေ့သွားတယ်။ အရေးကြီး တယ်လို့ သဘောပေါက်လိုက်တယ်။

Personality ဆိုတာ ကိုယ်ရည်ကိုယ်သွေးလို့ ဘာသာပြန် လိုက်ကြပေမယ့် ကိုယ်ရည်ကိုယ်သွေးဆိုတာ ဘာလဲဆိုတာ မေးစရာ ဖြစ်နေပြန်သေးတယ်၊ Personality ဆိုတာ လူတစ်ယောက်မှာပါတာ အကုန်ပဲလို့ ဆိုလိုတယ်။ ရုပ်ရည်ကလည်း Personality ထဲမှာပါ တယ်။ ဆံပင်ဖီးပုံကလည်း Personality ထဲမှာပါတယ်။ အဝတ် အစားဝတ်ပုံကလည်း Personality ထဲမှာပါတယ်။ ပြောပုံဆိုပုံ၊ နေပုံ | ထိုင်ပုံ၊ လမ်းလျှောက်ပုံ၊ ပြုမူကျင့်ကြံပုံ၊ လူအများနဲ့ဆက်ဆံပုံ အား co: Personality oờizoloses

ဆံပင်ကိုကောက်ပြီးဖွထားတဲ့သူရဲ့ Personality နဲ့ ဆံပင် ကို သပ်သပ်ရပ်ရပ် ဇီးထားတဲ့သူရဲ့ Personality မတူဘူး။ ကိုယ့် | ကိုယ်တွေ့နဲ့ အကဲခတ်ကြည့်ပါ။ လူတစ်ယောက်ရဲ့ ဆံပင်ပုံကို ကြည့်

ခြင်းအားဖြင့် သူ့ရဲ့ Personality ကို အကဲခတ်လို့ရပါတယ်။ ထို့အတူ ပဲ အကျိအရောင်အသွေးအမျိုးမျိုး အကွက်အမျိုးမျိုးကို ဝတ်ထား တာကို ကြည့်ခြင်းအားဖြင့် လက်ရှိအခြေအနေမှာ ဒီနေ့ ဒီအချိန် ဒီလူရဲ့ Personality ကို ခန့်မှန်းလို့ရတယ်။

လူတွေရဲ့ စိတ်ကလည်း တစ်ချိန်နဲ့ တစ်ချိန် မတူဘူးနော်၊ တစ်ခါတလေ တည်ငြိမ်အေးချမ်းမှုရှိတဲ့အခါမှာ သူ ဝတ်တဲ့ အဝတ် အစားကလည်း တည်ငြိမ်အေးချမ်းတဲ့အဓိပ္ပာယ်ကိုဆောင်တဲ့ အဝတ် အစားကို ဝတ်တယ်။ တစ်ခါတလေ ပျော်ရွှင်မြူးတူးနေတဲ့ အခါမျိုး လည်း ရှိတတ်တယ်။ အဲဒီအခါမှာ ဝတ်တဲ့အင်္ကျီကအစ ရွှင်တဲ့ အရောင်အသွေးမျိုးကို ဝတ်လေ့ရှိတယ်။

နောက်တစ်နည်းပြောရမယ်ဆိုရင် ဝတ်လိုက်တဲ့ အကျီအဝတ် အစားပေါ်မှာ မူတည်ပြီးတော့ စိတ်ကလည်းပြောင်းသွားတယ်။ အခု လို ဝတ်ထားရာကနေ အင်္ကျီအဖြူ လုံချည်အ ဝတ်လိုက်...

စိတ်ထဲမှာ ဘယ်လိုဖြစ်သွားမလဲဆိုတာ သိရအောင်၊ တစ်မျိုးတော့ ပြောင်းမှာ အမှန်ပဲနော် အကြိုနဲ့လုံချည် ဝတ်ရာကနေ ကုတ်အင်္ကျီနဲ့ ဘောင်းဘီ ဝတ်ကြည့်လိုက်.. ဘယ်လိုဖြစ်သွားမလဲလို့.. စိတ် တစ်မျိုး ပြောင်းသွားပြန်ရောနော်။

ဒါကြောင့် လူတွေဟာ ကိုယ့်စိတ်နဲ့ကိုက်တဲ့ အဝတ်အစား ကို ရွေးလေ့ရှိတယ်။ တစ်နည်းအားဖြင့်ဆိုရင်လည်း ကိုယ်ဝတ်တဲ့ အဝတ်အစားက ကိုယ့်စိတ်ကို ပြန်လွှမ်းမိုးသွားတယ်။ ဒါကြောင့် | ဝတ်ပုံစားပုံဟာ Personality ထဲမှာ ပါတယ်နော်။ ကိုယ့်မှာရှိတဲ့

အဝတ်အစား ပစ္စည်းဥစ္စာအသုံးအဆောင် အားလုံးဟာ ကိုယ့်ရဲ့ | Personality ကို အကောင်းအဆိုး တစ်မျိုးမျိုး လွှမ်းမိုးမှု ဧကန်မုချ

ရှိတယ်။

ထို့အတူပဲ စကားပြောပုံကလည်း သူ့ရဲ့ကိုယ်ရည်ကိုယ်သွေး ထဲမှာပါပြန်တယ်။ စကားလုံးအသုံးအနှုန်းက စရိုက်သဘာဝကို ထင် ဟပ်ပြတယ်။ တချို့ ဘန်းစကားများများသုံးတယ်။ ခေတ်စကားများ များသုံးတယ်။ တချို့လူတွေပြောတဲ့စကားဆို ဘာပြောမှန်းမသိဘူး၊ နားမလည်ဘူး။ သူတို့ဗမာလိုပြောတာ နားမလည်လို့ ပြန်ရှင်းခိုင်းရ | တယ်၊ ခေတ်အခါအလျောက်၊ အသက်အရွယ်အလျောက်၊ အဆင့် | အတန်းအလျောက် စကားလုံးအသုံးအနှုန်းမတူတာတွေ ရှိတတ်တာ ကိုး။ တချို့က စကားလုံးရိုးရိုးပဲ သုံးလေ့ရှိတယ်။

စကားလုံးရိုးရိုးသုံးတဲ့လူရဲ့ စိတ်အခြေအနေနဲ့ ခေတ်စကား များများသုံးတဲ့လူရဲ့ စိတ်အခြေအနေချင်း မတူဘူး၊ ဘဝကို လေးလေး နက်နက် သဘောထားပုံချင်း မတူဘူး။ ကိုယ့်ကိုယ်ကို လေးစားမှု၊ သူတစ်ပါးကို လေးစားမှုချင်းလည်း မတူဘူး။ ဒီနှစ်ဦးဟာ ဘယ်အရာ ကိုမဆို လေးလေးနက်နက် သဘောထားတတ်တယ်ဆိုတဲ့ အဓိပ္ပာယ်

နဲ့ ဘယ်အရာကိုမဆို ပေါ့ပေါ့တန်တန် အပေါ်ယံလေး သဘောထား တတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြနေတယ်။

ဒါကြောင့် ဘုန်းကြီးနဲ့ သိတဲ့ရင်းနှီးတဲ့ တပည့်လေးတွေကို ပြောလေ့ရှိတယ်၊ “သိပ်ဘန်းစကားဆန်တဲ့စကားကို မပြောပါနဲ့၊ ကိုယ့် Personality ကို ပျက်စီးစေတယ်။ သိပ်ပြီး ခေတ်ဆန်လွန်း၊ ကလက် လွန်းတဲ့ မသပ်မရပ်ဖြစ်နေတဲ့ အဝတ်အစားကို မဝတ်ပါနဲ့၊ ကိုယ့်ရဲ့ Personality ကို ထိခိုက်ပါတယ်"လို့ ပြောပြပါတယ် ။

တချို့ အင်္ကျီအဝတ်အစားတွေရဲ့ အနားတွေကို ဖွာထားတာ တွေ့ရပါတယ်။ ဒါဟာ သိပ်မကောင်းဘူး။ မသပ်ရပ်တဲ့အဝတ်အစား ကို ဝတ်ထားတဲ့အတွက်ကြောင့် သူ့စိတ်ကလည်း မသပ်မရပ် ဖြစ်နေ တာပဲဆိုတာ သိရတယ်။ တောင်းမှာအကွပ် လူမှာအဝတ်'လို့ ပြော ကြတယ်နော်။ အနားကွပ်မပါတဲ့ အဝတ်ကို ဝတ်ထားတဲ့လူရဲ့ စိတ် ကရော. . ဘယ့်နှယ့်နေမလဲ သူ့စိတ်က အကွပ်မရှိဘူးပေါ့။ “အကွပ် မရှိတဲ့ကြမ်း ပရမ်းပတာ'ဆိုသလိုပဲ သူ့စိတ်ဟာ ပရမ်းပတာ ဖြစ်နေ တော့မှာပဲ။

ဘုရားဟောဝိနည်းတော်ကို လေ့လာကြည့်ရင် ရဟန်းတွေ ကို “လက်သဲခွံလောက်ပေါက်နေတဲ့ သင်္ကန်းကို မဝတ်ရဘူး'-တဲ့။ စွန့် ပစ်ရမယ်လို့ ပြောတာမဟုတ်ဘူးနော် ဖာထေးရမယ်လို့ ပြောတာ။ “အနားဖွားနေတဲ့ သင်္ကန်းကို မဝတ်ရဘူးတဲ့၊ ဝတ်တာကြာလို့ အနား လေးတွေ ဖွာသွားရင် ပြန်လုံးပြီးဝတ်ရမယ်တဲ့။ ဒါတွေ ဘုရား) ထဲမှာ ပါနေတယ်။

ရဟန်းတွေ မြို့ထဲရွာထဲ သွားတဲ့အခါ ဣရသွားရမယ်။ ခြေလှမ်းကို မမြန်လွန်းရဘူး၊ မနှေးလွန်းရဘူး။ ခေါင်းငုံ့ပြီး မနေရ

ဘူး၊ မော့မော့ကြီးလည်း မသွားရဘူး၊ မှန်မှန်လေး ဣန္ဒြေရရလေး

သွားရမယ်တဲ့။ ဒါတွေဟာ Personality ကောင်းဖို့အတွက် ဘုရား | က သင်ပေးနေတာနော်။ ကိုယ့်ဘဝမှာ တကယ် ပြည့်ပြည့်စုံစုံ ဖွံ့ဖြိုး

မှု၊ ကြီးပွားမှုကို လိုချင်တယ်ဆိုရင် ဒီကိစ္စတွေကို အသေးအမွှားလို့ သဘောမထားရဘူး။

အထူးသဖြင့် တရားအားထုတ်နေတဲ့ ဒကာ ဒကာမတွေ သတိထားပါ။ တရားထိုင်တော့မယ်ဆိုရင် အဝတ်အစားကို သတိ ထားကြည့်၊ အဝတ်အစားပြောင်းရင် သတိ, သမာဓိကအစ ပြောင်း တယ်။

ဒါကြောင့် သတိ, သမာဓိ ကောင်းပြီးတော့ ရှုမှတ်လို့ အင်မတန် ကောင်းနေတဲ့အခါမျိုးမှာ ဘာဖြစ်လို့ ကောင်းတာလဲဆို တာကို အားထုတ်လို့ပြီးသွားတဲ့အခါမှာ စမ်းစစ်ကြည့်ပါ။ အားထုတ် နေတုန်းတော့ မတွေးပါနဲ့။ တရားထိုင်ပြီးမှ 'ဒီနေ့ တရားထိုင်ရတာ သိပ်ကောင်းတာပဲ၊ သိပ်အဆင်ပြေတာပဲ၊ ဘာဖြစ်လို့လဲ..၊ မိုးလင်း ကတည်းက ဘာလုပ်ခဲ့သလဲဆိုတာကို ပြန်စဉ်းစားပါ။ . ဘယ်လို အတွေးမျိုး တွေးတယ်၊ ဘယ်လို အလုပ်မျိုး လုပ်တယ်၊ ဘယ်လို အဝတ်အစားမျိုး ဝတ်တယ်၊ ဘယ်လို အစားအစာ စားတယ်၊ ဘယ် သူနဲ့ ဘယ်စကားကိုပြောတယ် ဆိုတာကအစ စဉ်းစားပါ၊ မှတ် ထားပါ။

တစ်ခါ စမ်းကြည့်ပါ။ ကိုးရိုးကားရား အဝတ်အစား ဝတ်ပြီး တရားထိုင်ကြည့်ပါ၊ ဘယ်လိုဖြစ်လာမလဲဆိုတာ သိရအောင်။ ကိုယ့် စိတ်ရဲ့ အခြေအနေ (Mood) ပြောင်းသွားတယ်နော်။ အဲဒီ Mol ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့လိုပါတယ်။ တည်ငြိမ်အေး ချမ်းနေတဲ့ စိတ်ရဲ့အခြေအနေကလည်း Mood တစ်မျိုးနော်၊ လျှပ်

ပေါ်လော်လီ ပေါ့ပေါ့တန်တန် စိတ်အခြေအနေကလည်း Mood တစ်မျိုးပဲ။ အဲဒီ Mood မှန်နေရင် တရားအားထုတ်ရတာ အဆင် ပြေနေတယ်။

ဒါ့ကြောင့် မိုးလင်းကတည်းက၊ အိပ်ရာကနိုးကတည်းက ကိုယ့်ရဲ့ စိတ်အခြေအနေ (Mood)ကို ပြုပြင်ထားရမယ်။ နိုးရင် နိုးနိုး ချင်း တရားရှုမှတ်လိုက်ရင် သတိ, သမာဓိ ကောင်းလာပြီး၊ စိတ်ကြည် လင်အေးချမ်းလာပြီးတော့ တည်ကြည်ခန့်ညားတဲ့၊ အေးချမ်းတဲ့၊ ဂုဏ် သိက္ခာရှိတဲ့ Mood မျိုး ရလာတယ်။ အဲဒီ Mood လေးကို အပျက် မခံဘဲ ထိန်းသွားရမယ် စားတာသောက်တာ၊ လုပ်တာကိုင်တာကို လည်း ဒီ Mood လေးနဲ့ ထိန်းပြီးသွားပါး

ပြောရာဆိုရာမှာလည်း စကားတွေကို တွေ့ရာစကား မပြော နဲ့။ တွေ့ရာစကားပြောရင် ဒီ Mood က ပျက်သွားတယ်။ တွေ့ရာ စာအုပ်တွေ၊ T.V. တွေ မကြည့်နဲ့၊ ကြည့်ရင် ဒီ Mood လေးက ပျက်သွားတယ်။

အဲဒီလို တစ်နေ့တာလုံး တည်ငြိမ်အေးချမ်းတဲ့၊ ခန့်ညားမှု ရှိ တဲ့၊ တည်ကြည်မှုရှိတဲ့၊ မြင့်မြတ်တဲ့စိတ်ကို ထိန်းထားလို့ရှိရင် တရား ထိုင်တဲ့အခါမှာ လွယ်လွယ်ကူကူနဲ့ သတိ, သမာဓိကို ရတယ်။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)