ဆရာတော်ဘဒ္ဒန္တ၀ေပုလ္လ - ၀ိဇ္ဇာမယပညာမှတ်စုကျမ်း
ရှေးပဝေသဏီ ဝိတို့၏ ထွတ်စဉ်
၈oooo
၈oooo
ဤဘဒ္ဒကမ္ဘာတွင် ဘုရားငါးဆူသည် ဧကန်အမှန်ပွင့် တော်မူကြပေသည်။ ထိုဘုရားငါးဆုခေတ်တွင် ဝိဇ္ဇာများထွက် စဉ်ကား
ပဋ္ဌမ ကောဣသံဘုရား၏ သာသနာတော်အတွင်းအပ ထွက်ရပ်ပေါက်ကြသော ဝိဇ္ဇာပေါင်း ၈၀၀၀၀ ဒုတိယကောဏဂုံဘုရား တတိယ ကဿပဘုရား စတုတ္ထ ဂေါတမဘုရား
၈၀၀၀၀ ပဉ္စမ အရိမေတ္တယျဘုရား၏ သာသနာတော်အတွင်းအပ ထွက်ရပ်ပေါက်ကြမည့် ဝိဇ္ဇာပေါင်းကား ၃၂၀၀၀၀ ရှိသည်။
စုစုပေါင်း ဘုရားငါးဆူတွင် ထွက်ကြသော ဝိဇ္ဇာများ (၆၄ဝဝဝဝ) ခြောက်သိန်းလေးသောင်းရှိကြပေကုန်သတည်း။
ယခု ဂေါတမရှင်တော်ဘုရား၏ သာသနာတော်အတွင်း ထွက်ရပ်ပေါက်ကြမည့် ဝိဇ္ဇာများ၊ ထွက်ရပ်ပေါက်ပြီး ဝိဇ္ဇာများ
ကား ပုဗ္ဗဝိဒေဟကျွန်းမှ စုတေခဲ့၍ ကာသိကရာဇ်တိုင်း၌ သုတေဇ္ဇာသရမည်သော ပုဏ္ဏားမျိုးမှဖြစ်သော ပြဒါးဝိဇ္ဇာ (၆၄)
ယောက်၊ ၎င်းအပြင် ကိဘူမန္တမည်သော နတ်မင်းကြီး၏သား စုတေခဲ့၍ ၎င်းတောင်ကျွန်း အင်္ဂပူရတိုင်း၊ ကိုလဘူမန္တမည်
သော ပုဏ္ဏားမျိုးမှဖြစ်သော ပြဒါးဝိဇ္ဇာပေါင်း (၁၉၅) ယောက် ၎င်းနောက် အပရဂေါယာနကျွန်းမှ စုတေခဲ့၍ ကောသလတိုင်း အတေဇာသာရမည်သော ပုဏ္ဏားမျိုးမှုဖြစ်သော သံဝိဇ္ဇာပေါင်း (၄၉၃) ယောက်၊ ၎င်းအပြင် မြောက်ကျွန်းမှစုတေခဲ့၍ ကုရုတိုင်း သဇ္ဇကာရ ဗြဟ္မဏမည်သော ပုဏ္ဏားမျိုးမှဖြစ်သော ဆေးဝိဇ္ဇာ ပေါင်း (၆၅၈) ယောက်၊ ၎င်းအပြင် ရာဇဂြိုဟ်ပြည်၌ ဇောတိက ၏ အဘပြဒါးဝိဇ္ဇာသည်လည်းကောင်း၊ သထုံပြည်၊ နာဂဝိဇယ မင်း၏ အဘဖြစ်သော ပြဒါးဝိဇ္ဇာသည်လည်းကောင်း၊ သီဟိုဠ် ကျွန်း၊ နာဂတိဿမည်သော ရဟန်း၏အဘဖြစ်သော ဆေးဝိဇ္ဇာ သည်လည်းကောင်း၊ သထုံပြည်၊ သထုံသူ ပုဇ္ဇမာလာနှင့် ဆက် ဆံသော အင်းဝိဇ္ဇာသည်လည်းကောင်း၊ ကဝါလမိုင်းဇာတ်၌ တက္ကသိုလ်ဆရာကြီး၏ မြေးတော် ပဉ္စရူပမင်းသမီးကို မင်းသား တစ်ပါးနှင့် ကြပ်လုပ်၍ ကြပ်တွင်းတွင် မင်းသမီးအား တိတ်တ သိတ်ထည့်ကာ မင်းသားအား ပေးအပ်လိုက်၏။ မင်းသားအား လည်း လမ်းတွင်နားခိုက် ကြပ်ကို မဖွင့်ရန်မှာလိုက်၏။ နန်း တော်ရောက်မှဖွင့်ပါဟု မှာ၏။ မင်းသားသည် နားမထောင်ဘဲ လမ်းတွင်ဖွင့်မိသောကြောင့် မင်းသမီးနှင့် ပရသိဒ္ဓိမည်သော ဆေးပိဇ္ဇာတို့ စုံဖက်ပေါင်းသင်းသည်။ ။
၎င်းအပြင် အင်းဝမြို့တည်၊ သတိုးမင်းဖျားလက်ထက် ပြဒါးဖြင့် ထွက်ရပ်ပေါက်ဖူးသော မဓုသခ်ရာဇာမည်သော ဘုန်း
တော်ကြီးသည်လည်းကောင်း၊ မြင်းမိုင်းမြို့ ဇေယျသင်းကြန် (ဇေယျသင်္ကြန်) လက်ထက် ပညာသီရိကျော်သူ အမတ်တစ်ဦး နှင့် နောက်ပါ (၃၆) ယောက်တို့သည် တောတောင်ထဲ၌ ဆေး သိုက်ကို လိုက်စားကြပြီး ထွက်ရပ်ပေါက်ကြသော ဆေးဝိဇ္ဇာများ သည်လည်းကောင်း၊ ပုဂံပြည် ကျစွာမင်းကြီးလက်ထက် အရှင် ဉာဏဝံသမည်သော ဆရာတော်သည်လည်းကောင်း၊ စိန္တာမယ အင်းကို အကြိမ်ကြိမ်ကစားသဖြင့် အင်းသိုက်ကြီးပွားကာ ထွက် ရပ်ပေါက်သော စိန္တာမယအင်းဝိဇ္ဇာသည်လည်းကောင်း၊ ၎င်း အပြင် ပေါက်ကံ (ပေါက္ကံ) မြို့၌ ပြဒါးဖြင့်ထွက်ရပ်ပေါက်သော အရှင်အဇ္ဇဂေါဏမည်သော ပြဒါးဝိဇ္ဇာသည်လည်းကောင်း၊ ၎င်း အပြင် ဒွါရာဝတီမြို့၌ အရှင်ကဝိန္ဒသာရမည်သော ဆရာတော် သည် လည်းကောင်း၊ သလဲပြဒါးကို စီရင်သဖြင့် ထွက်ရပ်ပေါက်
သော ရေတိမ်ဆရာတော် ပြဒါးဝိဇ္ဇာသည်လည်းကောင်းသရေ ခေတ္တရာပြည် မယပင် (မယားပင်) ရွာသား ဆရာအောင်သည် သလဲပြဒါးကို စီရင်သဖြင့် ထွက်ရပ်ပေါက်ဖူးသော ပြဒါးဝိဇ္ဇာ ဆရာအောင်သည် တစ်ရပ်၊ ၎င်းအပြင် အင်းဝမြို့ နောင်တော် မင်းတရားလက်ထက် အောင်ချမ်းသာရွာတောင် တောရ
ကျောင်း ဣန္ဒာစရိယမည်သော ထွက်ရပ်ပေါက်ပြဒါးဝိဇ္ဇာသည် လည်းကောင်း၊ ၎င်းအပြင် အမရပူရမြို့၊ နောင်တော်ကြီးမင်း လက်ထက် တောင်သမန်ရွာအနီး ခတီရလောဟမည်သောသံ
ကိုစီရင်၍ ထွက်ရပ်ပေါက်သော ရှင်နာဂိဿရမည်သော သံဝိဇ္ဇာ သည် တစ်ရပ်၊ ၎င်းအပြင် သံသုမာဂီရိတောင်ထိပ်တွင် နောင် မြတ်စွာဘုရား ဝါတော်ကပ်၍ ရပ်တော်မူလိမ့်မည်ကို သံပရ မာလာမည်သော သံဝိဇ္ဇာသည် သိ၍ ကောင်းစွာလှူအံ့သောငှာ အလျားအတောင် (၂၅၀)၊ အနံအတောင် (၂၀၀)၊ ထု (၄၀) ရှိ
သော သေလုဝါရမည်သော သဲကျောက်ဖျာကြီးကို ဂန္ဓမာဒန တောင်မှ ဆောင်ယူခဲ့၍လည်းကောင်း၊ သံသုမာဂီရိတောင်ထိပ် ဝယ် ကျောင်းအလို့ငှာ ခင်းထားလှူဒါန်းခဲ့သော သံဝရမာလာ | သံဝိဇ္ဇာကြီးသည်တစ်ရပ်၊ ဂေါတမဘုရား၏ သာသနာတော် အတွင်းအပဤ (၂) ရပ်၌ ထွက်ကြကုန်သော ဝိဇ္ဇာများကား ဆက်လက်၍
ဗာရာနသီပြည် (ဗာရာဏသီ) ဗြဟ္မဒတ်မင်းလက်ထက် သုတေဇူသရမည်သော ရသေ့တို့သည် သရံပြဒါးကို စီရင်သဖြင့် အထမြောက်၍ ထွက်ရပ်ပေါက်ကြကုန်သော (၆၄) ယောက် သော ပြဒါးဝိဇ္ဇာသည်တစ်ရပ်၊
၎င်းပြင် ဝက်တိုင်း၊ စမ္ပာနဂိုရ်ပြည်၊ ဝါသုဒတ္တမင်းလက် ထက် ရသေဇ္ဇသာရအမည်ရှိသော သလဲပြဒါးကို စီရင်သဖြင့် ထွက်ရပ်ပေါက်ကြသော (၅၅) ယောက်သော ရသေဇာသာရ မည်သော ပြဒါးဝိဇ္ဇာတို့သည် တစ်ရပ်၊
၎င်းပြင် သက္ကတိုင်း၊ ကပိလဝတ်ပြည် သုဒ္ဓေါဒနမင်းလက် ထက် ပါရဒေသာရမည်သော ရသေ့တို့သည် ပါဒဒုတ္တာမဖြစ် သောငွေပြဒါးကို စီရင်သဖြင့် ထွက်ရပ်ပေါက်ကြကုန်သော
ပါရဇ္ဇသာရအမည်ရှိသော (၉၉) ယောက်ကုန်သော ပြဒါး ဝိဇ္ဇာတို့သည် တစ်ရပ်၎င်းအပြင် မဂဓတိုင်း၊ ကောလိယပြည်၊ သကျရာဇာမင်းလက်ထက်၊ သုဝဏ္ဏဇ္ဇာသာရ အမည်ရှိသော ရသေ့တို့သည် ရွှေစားဒုတ္တာမှဖြစ်သော ပြဒါးကို စီရင်ကြ၍ | အထမြောက်ကာ ထွက်ရပ်ပေါက်ကြသော သုဝဏ္ဏသာရ မည်သော (၅၅၀) ယောက်သော ပြဒါးဝိဇ္ဇာတို့သည်တစ်ရပ်
၎င်းပြင် အင်္ဂပူရတိုင်း၊ မဓုရပြည်၊ သွယမင်းလက်ထက် ကိလေဘူဗျန္တအမည်ရှိသော ပုဂ္ဂိုလ်အပေါင်းတို့သည် မြေ
အောက်ပြဒါးကို စီရင်ကြသဖြင့် ထွက်ရပ်ပေါက်ကြကုန်သော ကိလဘူမည်သော (၉၅) ယောက်သော ပြဒါးဝိဇ္ဇာသည်တစ် ရပ် ၎င်းပြင် စေတီယတိုင်း၊ ကောသမ္ဘီပြည်ဥတေနမင်းလက် ထက် လောဟပါရ အဇ္ဇသရမည်သော ပုဂ္ဂိုလ်အပေါင်းတို့သည် လောဟာကျောက်မှဖြစ်သော ပြဒါးကို စီရင်ကြသဖြင့် ထွက်ရပ် ပေါက်ကြပေကုန်သော လောဟာပါရဒမည်သော (၂၈၀) သော ပြဒါးဝိဇ္ဇာတို့သည် တစ်ရပ်၊
၎င်းပြင် ကလိဂ်ပြည်၊ ဓမ္မဒိန္နမင်းလက်ထက် ခတီရနေဇ္ဇာ သရမည်သော ရသေ့တို့သည် ငှက်ပျောခေါင်းမှရသောသံကို စီရင်ကြသဖြင့် ထွက်ရပ်ပေါက်ကြပေကုန်သော ခတီရနေဇာသာ ရမည်သော (၃၈၉) ယောက်သော သံဝိဇ္ဇာများသည် တစ်ရပ်၊ ၎င်းအပြင် ကောသလတိုင်း၊ သာဝတ္ထိပြည်၊ ပဿနဒီမင်းလက် ထက် အပြုတေကျောက်မှဖြစ်သောသံကို စီရင်ကြပြီးလျှင် ထွက် ရပ်ပေါက်ကြပေကုန်သော (၄၉၉) ယောက်သော သံဝိဇ္ဇာများ
' သည် ကစ်ရပ် အဝန္တိတိုင်း၊ တက္ကသီလပြည်ပသမင်းလက် ထက် ရုက္ခဇာသရမည်သော ရသေ့တို့သည် ရုက္ခမူသံကို တစ်ပါးသောဓာတ်တို့ဖြင့် စီရင်ကြရာ အထမြောက်ပြီး ထွက်ရပ် ပေါက်ကြပေကုန်သော (၅၅၅) ယောက်သော သံဝိဇ္ဇာတို့သည် တစ်ရပ်၊
၎င်းအပြင် ကုရုတိုင်း၊ သက်ဿနဂိုရ်ပြည်၊ ရာဇိန္ဒာမင်း လက်ထက် ဓမ္မိကာရမည်သောရသေ့တို့သည် တောင်ပို့ချသံကို စီရင်သဖြင့် ထွက်ရပ်ပေါက်ကြပေကုန်သော (၆၅၈) ယောက် သော သံဝိဇ္ဇာများသည် တစ်ရပ်၊
၎င်းပြင် ပဉ္စာလရာဇ်တိုင်း၊ စေတုတ္တရာပြည်၊ ဇနိန္ဒာမင်း လက်ထက်၊ ပါဏိသခ်ၤသရမည်သော ရသေ့တို့သည် ရေမှ ဖြစ်သော သံခရုသင်းမှဖြစ်သော သံတို့ကို စီရင်ကြသဖြင့် ထွက် ရပ်ပေါက်ကြပေကုန်သော (၇၈၅) ယောက်သော သံဝိဇ္ဇာတို့ သည် တစ်ရပ်၊
၎င်းအပြင် ဝိဒေဟရာဇ်တိုင်း၊ မိတ္ထီလာပြည်၊ ဇနိဿမင်း လက်ထက် မုတ္တကန္တမည်သောပုဂ္ဂိုလ်တို့သည် ပုလဲမှဖြစ်သော၊ သံယောက်သွားမှဖြစ်သော သံတို့ကိုစီရင်သဖြင့် ထွက်ရပ်ပေါက် ကြပေကုန်သော (၈၆၄) ယောက်သော သံဝိဇ္ဇာတို့သည်တစ်ရပ် - ၎င်းအပြင် ပါစီတိုင်း၊ ပါဋလိပုတ်ပြည်၊ မုဏ္ဍရိမင်းလက် ထက်၊ သရဘူယျဒကအမည်ရှိကြပေကုန်သော ရသေ့တို့သည် သယံဇာတ သံဘူးမျာဒကသံတို့ကို စီရင်ကြ၍ ထွက်ရပ်ပေါက် ကြပေကုန်သော (၉၉၄) ယောက်သော သံဝိဇ္ဇာများသည်လည်း ကောင်း၊
သုရတိုင်း၊ ပါဝါပြည်၊ သုရိန္ဒမင်းလက်ထက် ဒီယမူလ သက္ကဋအမည်ရှိသော ပုဂ္ဂိုလ်တို့သည် ကျောက်ခရု ကျောက် ပုစွန်၊ သစ်မြစ်တွင်းမှရသောသံတို့ကို စီရင်လုပ်ကိုင်ကြသဖြင့် ထွက်ရပ်ပေါက်ကြသော (၁၃၅၀) ယောက်ရှိသော သံဝိဇ္ဇာများ
သည်တစ်ရပ်၊
၎င်းအပြင် ဝဇ္ဇီတိုင်း၊ ဝေသာလီပြည်၊ ပက္ကုသာဒိမင်း လက်ထက် မဟာပရနိမ္မိမယိဒ္ဓိမည်သော ပုဂ္ဂိုလ်တို့သည် တော
တောင်ကျွမ်းကျင် သိုက်ဝင်မပျက် တစ်ပါးသောဓာတ်တို့ဖြင့် ချောက်ထက်တွင် ချက်ပြီးလျှင် မန္တန်ဖြင့် စုတ်နှိုး၍ ရုပ်တစ် မျိုးဣဒ္ဓိဖြင့် ထွက်ရပ်ပေါက်ကြပေကုန်သော (၁၃၉) ယောက် သော ဆေးဝိဇ္ဇာတို့သည် တစ်ရပ်၊
မဂဓရာဇ်တိုင်း၊ ရာဇဂြိုဟ်ပြည်၊ ဗိမ္ဗိသာရမင်းလက်ထက် စိန္တမယဝိဇ္ဇာလောင်းတို့သည် အာယုသမိုင်း၊ ဓာတုသမိုင်း ဗြဟြီး သမိုင်း၊ စန္ထသမိုင်း အစရှိသော အင်းသိုက်တို့ လိုက်စား၍ ထွက် ရပ်ပေါက်ပေကုန်သော (၂၆၀) သော စိန္တမယအင်းဝိဇ္ဇာသည် တစ်ရပ်၊
၎င်း (၈၀၀၀၀) ရှစ်သောင်းသောဝိဇ္ဇာတို့တွင် (၇၇၃၀) ဝိဇ္ဇာများသည် ထွက်ရပ်ပေါက်ပြီးဖြစ်ကြကုန်၏။ ကျန်သော (၇၂၂၇၀) သော ဝိဇ္ဇာလောင်းများကား ဆက်လက်၍ ထွက်ရပ် ပေါက်ကြမည်ဖြစ်ပါ၍ ပါရမီများစွာဖြစ်အောင် ကြိုးစားအား ထုတ်ကြကုန်ရာသတည်း။
ဤတွင် ရှေးပဝေသဏီ ဝိဇ္ဇာတို့၏ ထွက်စဉ်ကို ပြ၍ပြီးပါ
ယခေတီ အသ၊ အထွေ၏
သေဆုံးခြင်းတည်းဟူသော မရဏသဘောတရားကို လွန် ဆန်နိုင်သော သတ္တဝါမည်သည် မရှိပါချေ။ စကြာဝတေးမင်း တို့သည်လည်းကောင်း၊ ပဒေသရာဇ်မင်းတို့သည်လည်းကောင်း၊ သိကြားမင်းသည် လည်းကောင်း၊ ဗြဟ္မာမင်းသည်လည်းကောင်း မြတ်စွာဘုရားသည်လည်းကောင်း လွန်ဆန်ခြင်းငှာ မစွမ်းနိုင် ချေ။ ထို့ကြောင့် လောကတွင် ထွက်ရပ်ပေါက်ကြပေကုန်သော ဘိုးဘိုးအောင်သည်လည်းကောင်း၊ ဘိုးတော်အောင်မင်းခေါင် သည်လည်းကောင်း၊ ရက်ကန်းစင်တောင်ဆရာတော်ဦးဩဘာသ၊ သည်လည်းကောင်း၊ အလုံးစုံသော အင်းဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ၊ ပြဒါး ဝိဇ္ဇာ၊ (မန္တန်) ဝိဇ္ဇာ၊ သံဝိဇ္ဇာ၊ သမထအရိယာဝိဇ္ဇာ စသော ဝိဇ္ဇာ မျိုးတို့သည်လည်းကောင်း၊ မည်သည့်ဝိဇ္ဇာမဟူ သေခြင်းတို့မှ (ဝါ) သေမင်း၏ လက်တွင်းမှ မလွတ်ကင်းနိုင်ချေ။
အကြင်ဝိဇ္ဇာတစ်ပါးပါးသည် မသေဖူးဟု ဆိုငြားအံ့ ထို ဝိဇ္ဇာကား သရဓမ္မကို မမြင်ဘဲ မြတ်စွာဘုရား၏ အာဏာမ္မ
စက်ကို လွန်ဆန်သောကြောင့် ထိုဝိဇ္ဇာကား အတ္တဒိဋ္ဌိလွန်ကဲ
သော ဝိဇ္ဇာဖြစ်၏။ သို့ဆိုသော ဝိဇ္ဇာသည် မြတ်စွာဘုရားထက် ပင် မွန်မြတ်ပေသလော မြတ်စွာဘုရားသည် ဝါတော် (၄၅) ဝါ၊ သက်တော် (၈၀) ၌ သေမင်း၏ နှိပ်စက်ခြင်းကို ခံစားရကာ | ပရိနိဗ္ဗာန်ဝင်စံတော်မူရချေ၏။
လောကတွင် လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းထက် ဆထက် လွန်ကျူး အထူးသဖြင့် မြတ်ပေသော မြတ်စွာဘုရားသည်ပင် လျှင် သေမင်း၏လက်တွင်းသို့ ပါရချေသေး၏။ အကြင်ဝိဇ္ဇာ သည် မသေဟု ဆိုလာအံ့။ ထိုဝိဇ္ဇာသည် ဘုရားထက်ပင် မြင့် မြတ်ပေသလော၊ ဘုရားထက်ပင် အသက်ရှည်သော တန်ခိုးရှိ ပေသည်လော၊ ဘုရားထက်ပင် ဘုရားဟု (ဝါ) ဘုရားကြီးဟု ဆိုချင်သော် မှားပေမည်။ သူတော်စင်တို့ သတိပြုကြပါ။
အာယုသိဒ္ဓိတည်းဟူသည် အသက်ရှည်သောသိဒ္ဓိဟု အဓိပ္ပါယ်ရသည်။ အသက်သာရှည်သည်၊ မသေဘူးဟု မဆိုပါ။ သေကားသေ၏။ သို့သော် အသက်ရှည်၏ဟု ဆိုပါသည်။ အသက်ကား ဝိဇ္ဇာတို့၏ အသက်သည် အနည်းဆုံး နှစ်ပေါင်း (၁ဝဝဝ) ရှည်၏။ အာယုသိဒ္ဓိကောင်းသော ဝိဇ္ဇာများကား အချို့ မှာ နှစ်ပေါင်း (၅၀၀၀)၊ အချို့မှာ နှစ်ပေါင်း (၁၀၀၀၀)၊ အချို့ မှာ ကမ္ဘာနှင့်ပင်ချီ၍ အသက်ရှည်ကြကုန်၏။
ဤသို့ အသက်ရှည်စွာနေပြီးသကာလ သေဆုံးရ၏။ မသေဘဲနေသော ဝိဇ္ဇာသည်လည်းကောင်း၊ ဇော်ဂျီသည်လည်း
ကောင်း၊ ထွက်ရပ်ပေါက်သော ဆရာတော်သည်လည်းကောင်း
| မရှိပါ။ သေဆုံးခြင်းကား မလွဲပါ။ သို့သော် လိုက်စားထားသော ကျင့်ကြံပွားများအားထုတ်ထားသော သိဒ္ဓိတန်ခိုးဖြင့် အသက် ကား တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်း၊ တစ်ကမ္ဘာစသည် ဖြင့် ရှည်၏။ ရှည်ပြီးလျှင် သေဆုံးရတော့၏။ ထို့ကြောင့် မသေ သော သတ္တဝါမည်သည် လောကတွင် မရှိချေ။
ထို့အတူ အသေထွက်ဆိုသည်မှာလည်း လောကတွင် မရှိ ချေ။ သေသည်မှာ သေသည်ပင်ဖြစ်သည်။ အသေထွက်ဟု မဆို | ပါ။ အသေထွက် ထွက်သည်မှာ ခပ်ရှင်းရှင်းဆိုရလျှင် သေဆုံး သည်ဟုပင် ဆိုရမည်။ သေသည်းဘဝကူးသည်၊ အနိစ္စရောက် သည်း ကွယ်လွန်သည်၊ နတ်ရွာစံသည်၊ ပျံလွန်တော်မူသည်။ | ပရိနိဗ္ဗာန်ပြုသည် စသည်တို့မှာ သေသည်သာဖြစ်ပါသည်။ ပုဂ္ဂိုလ်အမြင် အမြတ် အယုတ် အနိမ့်ကို ခွဲခြား၍ စကားအမျိုး မျိုး သုံးကြရသည်။ ။
မြတ်စွာဘုရား သေသည်ကို ပရိနိဗ္ဗာန်ပြုသည်ဟု ခေါ် | သည်။ ဆရာတော်များ၊ ဘုန်းတော်ကြီးများ သေသည်ကို ပျံလွန်
တော်မူသည်ဟု ဆိုပါသည်။ ရှင်ဘုရင်၊ စကြာဝတေးမင်း၊ ပဒေ သရာဇ်မင်းတို့ သေသည်ကို နတ်ရွာစံသည်ဟု ခေါ်ကြသည်။ လူကြီး၊ သူကြီးသေသည်ကို ကွယ်လွန်အနိစ္စရောက်သည်ဟု ခေါ်ကြသည်။ ဝိဇ္ဇာပညာဂိုဏ်းများကို လေ့ကျင့်ပွားများ၍ လမ်း ဆုံးဟုဆိုသော ထွက်ရပ်ပေါက်ဘဲ သေဆုံးသွားသည်ကို သေ သည်ဟု သုံးစွဲရမှာ အချို့ ကျန်ရစ်ခဲ့သောတပည့်များက ရှက် ကြောက်ကြသဖြင့် ဝိဇ္ဇာဂိုဏ်း လေ့ကျင့်ပွားများသော ဆရာအား
အသေထွက် ထွက်သည်ဟု ပရိယာယ်တစ်မျိုးဖြင့် သုံးစွဲခြင်းသာ ဖြစ်သည်၊ (ဝါ) လိမ်ညာခြင်းသာဖြစ်သည်။ သေသည်ဟု ပြော ဆိုရမှာ မကောင်းတတ်၍ အသေထွက်ထွက်သည်ဟု ပရိယာယ် ဖြင့် ခေါ်ဆိုခြင်းဖြစ်ပါသည်။ အမှန်တရားကား သေဆုံးခြင်းပင် ဖြစ်သည်။
အသေထွက်ထွက်ရပ်ပေါက်ဟု မဆိုရ။ လောကတွင် အသေထွက် ထွက်ရပ်ပေါက်ဆိုသည်မှာ မရှိချေ။ သေသည်မှာ
သေသည်ပင် ဖြစ်သည်။ သေပြီးသည့် အခြားဘဝ၌ မိမိ၏ ကုသိုလ်၊ အကုသိုလ်ကံအားလျော်စွာ နတ်ဖြစ်ချင် ဖြစ်နိုင်သည် (သို့မဟုတ်) ငရဲကျချင်ကျနိုင်သည်။ တိရစ္ဆာန်ဖြစ်ချင်ဖြစ်နိုင် သည်။ မည်သူမျှ (ဝါ) ဘုရားရဟန္တာ သမထ ပုဂ္ဂိုလ်မှတစ်ပါး အတပ်မပြောနိုင် ချေ။ ထို့ကြောင့် အသေထွက်ထွက်သည်ဆို သည် လောကတွင် မရှိပါချေ။ ဘုရားလည်း မဟောကြားခဲ့ချေ။ ပိဋကတ်စာပေကျမ်းကြီးထဲတွင် မပါချေး၊ အချို့သော လောကီ ကျမ်းများစွာတွင်ကား ဒဏ္ဍာရီသဘော၊ စိတ်ကူးယဉ် သဘော ဖြင့် ရေးသားထားသည်ကို တွေ့ကြရသည်။ မမှန်ချေ။ သင်္ခါရဓမ္မ လိုက်၍ကြည့်သော် များစွာမှားယွင်းကြလေသည်။ ထို့ကြောင့်
လောကတွင် အသေထွက် ထွက်ရပ်ပေါက်သည်မှာ မရှိချေဟု မှတ်သားကြပါကုန်။
အရှင်ထွက်ဖြင့် ထွက်ရပ်ပေါက်သည်ဟု ဆိုကား မှန်ပါ၏။ ၎င်းအရှင်ထွက်ပင်လျှင် နှစ်မျိုးနှစ်စားရှိကုန်၏။ (၁) မိမိမူလရုပ်ကို ပြောင်း၍ ထုံကူးကာ ပညာဖြင့် ရုပ်တစ်မျိုး
ထွင်ကာ နာမ်ကား မူလနာမ်ဖြင့် အရှင်ထွက်တစ်မျိုး (နာမ်တစ် ဆက်တည်း ဆက်လက်၍ ယူခြင်းမျိုး ဖြစ်ဟန်တူသည်) (၂) မိမိမူလရုပ်ကို မပြောင်းလွဲဘဲ အလွန်အစွမ်းထက်သော မဟိဒ္ဓိဆေးအင်း၊ စမ၊ ဂါထာ၊ ပြာ စသည်တို့၏ အစွမ်းဖြင့် အိုမင်းခြင်း၊ နာခြင်း စသည့် ဇရာဒုဗ္ဗလအရွယ်ကို ထိန်းသိမ်း နိုင်ပြီးလျှင် အရှင်ထွက် ထွက်ရပ်ပေါက်ခြင်းမျိုး စသည်ဖြင့် (၂) မျိုး ရှိပါသည်။ (၁) ပထမမျိုးမှာ မီးထုံ (ခေါ်) မီးထဲခုန်ချ၍ အင်းအစွမ်း၊
ဆေးအစွမ်းဖြင့် ရုပ်လဲကာ အရှင်ထွက်ခြင်းမျိုး။ (၂) ရေထဲခုန်ချကာ ရေထုံဖြင့် အင်းအစွမ်း၊ ဆေးအစွမ်းဖြင့် ရုပ်လဲကာ အရှင်ထွက်ခြင်းမျိုး။ (၃) ဂူလိုဏ်ထုံ (ခေါ်) ဂူလိုဏ်းဥမင်အောင်း၍ အဓိဌာန်ဖြင့်
ဆေးအင်းအစွမ်းဖြင့် ရုပ်လဲကာ အရှင်ထွက်ခြင်းမျိုး။ (၄) အခေါင်းထုံ (အခေါင်းထုံမှာ လူသေသည့်အခါ ထည့်
သော ပျဉ်၊ သစ်သားဖြင့်ပြုလုပ်ရသောအခေါင်းမျိုး) ဖြင့် အ ခေါင်းထဲဝင်ကာ အဓိဋ္ဌာန် ဆေး၊ အင်း တန်ခိုးဖြင့် ရုပ်လဲ၍ အရှင်ထွက် ထွက်ခြင်းမျိုးဟု (၄) မျိုး ခွဲခြားလာပြန်သည်။
ဒုတိယမျိုးမှာ မိမိ၏မူလရုပ်ကို မပြောင်းလဲရဘဲ မူလရုပ် အတိုင်း၊ မူလနာမ်အတိုင်း အိုမင်းသောဇရာကို အလွန်အစွမ်း ထက်သော အင်း၊ ဆေး၊ စမ၊ ရုပ်ပြား သံပြား၊ ပြဒါးပြာ စသည် တို့၏ အစွမ်းဖြင့် အသက်နှစ်ပေါင်းများစွာ ရှည်ကြာကာ ထွက် ရပ်ပေါက်ခြင်းမျိုးဟု တစ်မျိုးတည်းလာပါသည်။
အချုပ်မှတ်ရန်မှာ
' ပထမအရှင်ထွက်မျိုးသည် ရုပ်ပြောင်းပြီး မူလနာမ်နှင့် မီးဖိုလ်၊ ရေဖိုလ်၊ လိုဏ်ဂူဖိုလ်အခေါင်းဖိုလ် စသည်၏သဘော ဖြင့် အရှင်ထွက်ခြင်းမျိုး၊
ဒုတိယအရှင်ထွက်မျိုးသည် ရုပ်လည်းမပြောင်း၊ နာမ် လည်းမပြောင်း မူလရုပ်အတိုင်း၊ မူလနာမ်အတိုင်း ဆေး၊ အင်း၊ မန္တ (မန္တန်) ပြာ စသော သိဒ္ဓိဝင်ဓာတ်တန်ခိုး၏အစွမ်းဖြင့် အရှင် ထွက် ထွက်ရပ်ပေါက်ခြင်းမျိုး ဖြစ်ပါသည်။ ထို့ကြောင့် အသေ ထွက်ဟူသည်မရှိ။ အရှင်ထွက်သာ ရှိသည်ဟု သူတော်ကောင်း များ မှတ်တော်မူကြပါကုန်။
ဤတွင် ယခုခေတ် အသေထွက်၊ အရှင်ထွက်တို့၏ သဘောများကို ရေးသား၍ ပြီးပါပြီ။