Skip to product information
1 of 2

Other Websites

ဆရာတော်ဘဒ္ဒန္တ၀ေပုလ္လ - အန္တရယ်ကင်းသိဒ္ဓိကြီးလေးပါးဂါထာတော်များ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အန္တရာယ်ကင်းကြီးလေးပါး ဂါထာများ ကို

အကျွန်ုပ် ဝေပုလ္လာရာမဆရာတော်သည် ရန်ကုန်ရွှေမြို့တော် ကြီးသို့ အခေါက်ခေါက်အခါခါ ရောက်ရှိခဲ့ဖူး၏။ ရောက်ရှိခိုက်တွင် များစွာသော ဒါယကာ ဒါယိကာမများအား လောကအကြောင်း၊ ဓမ္မ အကြောင်းများကို ဟောဆိုပြသ ဆိုဆုံးမခဲ့ဖူး၏။ ထို့ကြောင့်ပင်လျှင် ရန်ကုန်မြို့သူမြို့သားများနှင့် အကျွန်ုပ်စာရေးသူသည် အကျွမ်းတဝင် ရှိခဲ့ပါ၏။ ယခုတစ်ကြိမ်လည်း ရန်ကုန်ရွှေမြို့တော်ကြီးသို့ ဆိုက်ရောက် ခဲ့ပြန်ပါပြီ။ ယခုတစ်ကြိမ်ရောက်ခြင်းသည်ကား .. ဆက်ကပ်ပူဇော်ပွဲသို့ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အလှူခံ ရန်အတွက် ဆိုက်ရောက်လာခဲ့ခြင်းဖြစ်ပါသည်။ ဘွဲ့တံဆိပ်တော် ကပ်လှူ ပွဲအတွက် ကြိုတင်၍ ကြွရောက်လာခြင်းဖြစ်သည့်အတွက် ရန်ကုန်မြို့ မှာပင် ခုနစ်ရက်(တစ်ပတ်)ခန့်ကြာအောင် နေထိုင်သီတင်းသုံးခဲ့ရပါသည်။

ဆက်

ခုနှစ်၊ တပေါင်းလတွင် ကျင်းပမည်ဖြစ်သော ဘွဲ့တံဆိပ်

ဤသို့ ရန်ကုန်မြို့မှာ တစ်ပတ်ခန့် သီတင်းသုံးမည်ကိုသိကြ သော ငွေရှင်ကြေးရှင်များ၊ ကုမ္ပဏီပိုင်ရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရ ဌာနဆိုင်ရာတာဝန်ရှိသူများသည် နေ့စဉ်ဆိုသလို ဤစာရေးသူ ရှိရာသို့ ရောက်လာကြ၍ ဆွမ်းကပ်လှူရန်၊ ကုသိုလ်ကောင်းမှုပြုရန် | ပင့်ဖိတ်ကြပါသည်။

တစ်ခုသောဆွမ်းကပ်ပွဲတွင် အကျွန်ုပ်စာရေးသူသည် သီလ ပေး၍ သင့်တင့်သော အနုမောဒနာတရားကို ချီးမြှင့်ခဲ့ပြီး လှူဒါန်းဖွယ် ဝတ္ထု အစုစုတို့အားရေစက်သွန်းချပေးခဲ့ပါသည်။ ရေစက်သွန်းချပြီး၍ ခေတ္တနားနေခိုက်တွင် တရားနာလာကြသော ပရိသတ်များမှ ဆရာတော် အား ဤသို့ လျှောက်ထားလာကြပါသည်။

“ပြည်ဆရာတော်ဘုရား တပည့်တော်တို့အား လျှောက်ထားခွင့် ပြုပါဘုရား”

ဤတွင် အကျွန်ုပ်စာရေးသူက...

“အေး... အေး... လိုအပ်တာ လျှောက်ထားနိုင်ကြပါတယ်၊ လောကီ လောကုတ္တရာ နှစ်ဖြာသောအကျိုးစီးပွားအတွက် လိုအပ်တာ များရှိလျှင် သိချင်တာများရှိခဲ့လျှင် ပွင့်ပွင့်လင်းလင်း လျှောက်ထားနိုင်ကြ ပါတယ်”ဟု ခွင့်ပြုခဲ့ပါသည်။

ဤတွင် ပရိသတ်များက “ပြည်ဆရာတော်ဘုရား... တပည့် တော်များဟာ ထေရဝါဒဗုဒ္ဓဘာသာစာပေ ကျမ်းဂန်များမှ ဆင်းသက် လာသော အန္တရာယ်အပေါင်း ဘေးအပေါင်း ဒဏ်အပေါင်း ရန်အပေါင်း

ရောဂါအပေါင်းတို့ ကင်းဝေးပပျောက်စေနိုင်သော အကျင့်နည်းနာ နိဿယတစ်ခုကို ကျင့်ဆောင်ပွားများလိုပါသည်ဘုရား၊ မည်သို့မည်ပုံ ကျင့်ဆောင်ပွားများ အားထုတ်ရမည်ကို အမိန့်ရှိတော်မူပါ ဘုရား၊ သို့ပေမယ့် အချို့သော လောကီဆရာကြီးများ အချို့သော လောကီကျမ်း

ဂန်များတွင်ပြသထားသော ဂါထာအကျင့်များ၊ မန္တန်အကျင့်များ မန္ဒရားအကျင့်များ စသည်တို့ကို တပည့်တော်များ မလိုချင်ပါဘုရား၊ မကျင့်ဆောင်လိုပါဘုရား၊ အချို့ချို့သော လောကီကျမ်းလာ ဂါထာမန္တန် မန္တရားများသည် အန္တရယာန၊ မန္တရယာနများ၊ မဟာယာနများ ရောထွေးနေပါသည်ဘုရား၊ အချို့နိုင်ငံအသီးသီး အချို့ဘာသာ အသီးသီးများမှ ပြသထားသော အန္တရာယ်ကင်းပုံကင်းနည်း၊ ရောဂါ ဝေဒနာ ကင်းပုံကင်းနည်း၊ ကျင့်ပုံကျင့်နည်းများကိုလည်း အထိုက် အလျှောက် သိထားပြီး လေ့လာထားပြီး ဖြစ်ပါသည်ဘုရား၊ သို့ပေမယ့်

ယောဂအကျင့်၊ တပသအကျင့်၊ ဣသိအကျင့်များနှင့် ရောထွေးယှက် တင်ဖြစ်နေပါသည်ဘုရား၊ ဤနေရာမှာ ဘုရားတပည့်တော်များ လျှောက် ထားလိုသည်မှာ တပည့်တော်တို့ နိုင်ငံတော်သည် ကမ္ဘာ့အလယ်တွင် ထေရဝါဒ ဗုဒ္ဓသာသနာတော် ထွန်းကားတောက်ပနေသည့် နိုင်ငံဖြစ် သည့်အလျောက် တပည့်တော်တို့ကလည်း ထေရဝါဒ ဗုဒ္ဓဘာသာဖြစ် တရားတော်များကို အားကိုးအားထားပြုပြီး ကိုးကွယ်ဆည်းကပ်နေသည့် အတွက် တပည့်တော်တို့ ကိုးကွယ်ဆည်းကပ်ရာ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပါဠိတော်၊ အဋ္ဌကထာဋီကာကျမ်းများမှ ထုတ်နုတ်သော ထေရဝါဒဗုဒ္ဓဘာသာ တရားတော်မှ ဆင်းသက်ပေါက် ဖွားလာသော ပါဠိ၊ အဋ္ဌကထာ၊ ဋီကာများမှ ဆင်းသက်လာခဲ့သော အန္တရာယ်ကင်းနည်း၊ ဘေးကင်းနည်း၊ ရန်ကင်းနည်း၊ ရောဂါဝေဒနာ ကင်းနည်းကိုသာ တပည့်တော်များ လိုလားတောင့်တအပ်ပါသည် ပြည်ဆရာတော်သည် လောကီရော လောကုတ္တရာရော နှစ်ဖြာသော များတွင် ကျွမ်းကျင်အားထုတ်ကြောင်းသိထားရ၍ မည်ကဲ့သို့ကျင့် ပွားများ အားထုတ်သင့်သည်များကို အမိန့်ရှိတော်မူပါဘုရား လျှောက်ထားလာကြပါသည်။ ဤတွင် ကျွန်ုပ်စာရေးသူက ••

“မင်းတို့ ရန်ကုန်ရွှေမြို့တော်ကြီးက ဒါယကာ ဒါယိကာမများ | တို့လည်း သိရှိသွားရလေအောင် အားလုံးသော တရားနာပရိသတ်များ လည်း နည်းနာနိဿယလည်းရရှိသွားရလေအောင် ဆရာတော်လည်း ရန်ကုန်မြို့ကိုရောက်တုန်းရောက်ခိုက် ဤနေရာ၊ ဤဌာနကနေ၍ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာများထဲမှ ကောက်နုတ် ရွေးချယ်၍ ရအပ်သော အန္တရာယ်ကင်းနည်း၊ ဘေးကင်းနည်း၊ ရန်ကင်း နည်း၊ ရောဂါအနာကင်းဝေးနည်းစသော နည်းနိဿယတို့နှင့် ကျင့် | ဆောင်ပုံ ကျင့်ဆောင်နည်းများပါ အကုန်ပါသွားအောင် နည်းလမ်း ကောင်းတစ်ခုကို ပေးလိုက်ပါမယ်။ ဒီလိုကွဲ...

လောကမှာ အန္တရာယ်ကင်းအောင် ဘေးကင်းအောင် ရန်ကင်း အောင် ရောဂါအနာများ ကင်းဝေးအောင် ကျင့်ဆောင်ကြရာမှာ လောကီမှာ နည်းအမျိုးမျိုးရှိကြတယ်၊ ကျင့်ဆောင်ပုံအမျိုးမျိုးလည်းရှိ ကြတယ်၊ အားထုတ်ပုံအမျိုးမျိုးလည်းကွဲပြားခြားနားကြပါတယ်။ ဒါတွေ

ပြောနေရင်တော့ ကုန်နိုင်ဖွယ်ရာအကြောင်းမရှိဘူးပေါ့ကွာ။ လောကီမှာ | အနီးကပ်ဆုံး၊ အစွမ်းဆုံး၊ အားအကောင်းဆုံး ဂါထာတစ်ပုဒ်ကို ထုတ်ပြ ရရင်တော့ လူအများသိထားတတ်ကြသည့် (သမ္ဗုဒ္ဓေဂါထာ)ပဲဖြစ်ပါ တယ်၊ ဒါပေမယ့် ဤသမ္ဗုဒ္ဓေဂါထာကတော့ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာများက ထုတ်နုတ်ထားတာတော့မဟုတ်ဘူး၊ မဟုတ်ပေမယ့် သူက အကောင်းဆုံးဖြစ်နေပါတယ်။ ရှေးတုန်းက ကျမ်းတတ်၊ ပေတတ်၊ စာတတ်ပုဂ္ဂိုလ်များ ဖွဲ့စပ်ခဲ့သောဂါထာဖြစ်ပါတယ်။ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာမှာတော့ တိုက်ရိုက်မပြပါဘူး၊ ဒါပေမယ့် ဗုဒ္ဓမြတ်စွာဘုရားရှင် အပေါင်းတို့၏စွမ်းအားတော် တန်ခိုးတော် အာနုဘော်များကို အဓိက ထား၍ ဖွဲ့စပ်ထားတာဖြစ်လို့ လောကီမှာကတော့ အတော်ကို တန်ခိုး

ကြီးတဲ့ ဂါထာတစ်ပုဒ်ပဲလို့မှတ်ပါ၊ များသောအားဖြင့် ဗုဒ္ဓဘာသာဝင် လူ၊ ရှင်၊ ရဟန်းမှန်သမျှ အားကိုးအားထားပြုပြီး ရွတ်ဖတ် သရဇ္ဈယ်နေ ကြတာကို ဘုန်းကြီးတို့ တွေ့နေကြရပါတယ်။ ဤသမ္ဗုဒ္ဓေဂါထာကိုလည်း ဘုန်းကြီးတို့ ဘဝတစ်သက်တာမှာ အကြိမ်ပေါင်းများစွာ အဓိဋ္ဌာန်ဝင်၍ ကျင့်ကြံအားထုတ် သရဇ္ဈယ်ခဲ့ဖူးပါတယ်။ လောကီ အကျိုးများ အန္တရာယ်ကင်းခြင်း၊ ရန်ကင်းခြင်း၊ ဘေးကင်းခြင်း၊ ရောဂါအနာကင်း ဝေးခြင်း အကျိုးများကိုလည်း များစွာခံစားခဲ့ရဖူးပါတယ်။ ဒါဟာ သူပြောလူပြော မဟုတ်ပါဘူး၊ ဒီဂါထာက ဘုန်းကြီးတို့ လက်တွေ့ ( ကိုယ်တွေ့ အာမခံချက်ပေးနိုင်တဲ့ ဂါထာမျိုးပါ။

နောက်တစ်ခုကတော့ ဗုဒ္ဓစာပေကျမ်းဂန်များမှ ဆင်းသက် ပေါက်ဖွားလာခဲ့သည့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒီနည်း လမ်းကောင်းက တကယ်ရွတ်ရင် တကယ်ကျင့်ဆောင်လျှင် တကယ့်ကို အာမခံချက်ပေးနိုင်သည့် အစွမ်းထက်မြက်သော ဂါထာတော်(၅)ပုဒ်ဖြစ် ပါတယ်။ သမ္ဗုဒ္ဓေဂါထာအပါအဝင် ယခုပြဆိုမည့် ဂါထာ(၅)ပုဒ်စလုံး သည် လက်ဝဲအယူဝါဒများမှ ကင်းလွတ်နေသော ဂါထာ(၅)ပုဒ်ဖြစ်ပါ။ သည်။ ကမ္ဘာပေါ်မှာ လက်ရှိရှိနေသော အခြားအခြားသော ဘာသာ အယူဝါဒများနှင့် မရောထွေးဘဲ ဗုဒ္ဓစာပေကျမ်းဂန်များမှ တိုက်ရိုက် ဆင်းသက်လာခဲ့သော ဗုဒ္ဓစာပေကျမ်းဂန်များမှ ပေါက်ဖွားခဲ့သော

| ဂါထာများဖြစ်ပါသည်။

ဗုဒ္ဓစာပေကျမ်းဂန်များမှဆင်းသက်လာသော

ထိုဒါဏ(၅) ပုဒ်မှာ

၁။

အဌာနမေတံ ဘိက္ခဝေ အန၀ကာသော ယံပစ္စ ပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ ဧတေန သစ္စဝဇ္ဇေန သောတ္ထိမေ ဟောတု သဗ္ဗဒါ။

ဗုဒ္ဓါနံ ဇီဝိတဿ နသက္ကာ ကေနစိ အန္တရာယော ကာတုံ တထာမေဟာတု၊

ဗုဒ္ဓါနံ သဗ္ဗညုတဉာဏဿနသက္ကာ ကေနစိ အန္တရာယော ကာတုံ တထာမေ ဟောတု။

ဗုဒ္ဓါနံ ဥဒ္ဒိဿ အဘိဟဋာနံ စတုန္န ပစ္စယာနံ နသက္ကာ ကေနစိ အန္တရာယော ကာတုံ တထာမေ ဟောတု။

ဗုဒ္ဓါနံ ဒွတ္တိသ မဟာပုရိသ လက္ခဏာနံ အသီတိယာ အနုဗျဉ္ဇနာနဉ္စ ဗျာမပဘာဒိရံသီန၉ နသက္ကာကေနစိ အန္တရာယော ကာတုံ တထာမေဟောတု။

ဤဂါထာ(၅)ပုဒ်အား အားကိုးအားထားပြုကုန်ရာ၏။ ဤ | ဂါထာ (၅)ပုဒ်အား အသက်ထက်ဆုံး အားကိုးကြကုန်ရာ၏။ ဤ | ဂါထာ(၅)ပုဒ်အား ရာသက်ပန်ထာဝရ လက်ဆုပ်လက်ကိုင် ထား ရာ၏။ နေ့စဉ် နေ့တိုင်း ရွတ်ဖတ်သရဇ္ဈယ်ကြရာ၏၊ အဓိဋ္ဌာန်ဝင် အဓိဌာန်သစ္စာပြု၍လည်း ရွတ်ဖတ်သရဇ္ဈယ်ကြရာ၏။ ဤဂါထာ (၅)ပုဒ်၏ အနက်အဓိပ္ပာယ်များကို ဤအတိုင်းသိမှတ်ကြရာ၏။

၁။ ဘိက္ခဝေ၊ ရဟန်းတို့၊ ပရူပက္ကမေန၊ သူတစ်ပါးတို့၏ လုံ့လ ပယောဂဖြင့်။ တထာဂတံ၊ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရား ကို၊ ဇီဝိတာ၊ ဇီဝိတိနြေ။ (ဝါ)အသက်မှ၊ ယံဝေါရောပေယျ၊ အကြင်ချ ရာ၏။ (ဝါ)သတ်ရာ၏။ ဇတံ၊ ဤသို့၊ သူတစ်ပါးတို့ လုံ့လပယောဂဖြင့် အသက်ကိုချခြင်း(ဝါ) အသတ်ခံရခြင်းသည်၊ အဌာနံ၊ အကြောင်း မဟုတ်၊ အန၀ကာသော အရာမဟုတ်၊ ဘိက္ခဝေ ရဟန်းတို့၊ တထာဂတာ၊ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားတို့မည်သည် အနုပက္ကမေန သူတစ်ပါးတို့ လုံ့လပယောဂမရှိပါဘဲ(ဝါ)လုပ်ကြံသတ်ဖြတ်ခံရခြင်းမှ လွတ်ကင်းလျက် ပရိနိဗ္ဗာယန္တိ မိမိအလိုသာ ပရိနိဗ္ဗာန်ပြုတော်မူကြရ ကုန်၏။ ဧတေနသစ္စဝဇ္ဇေန ဤမှန်ကန်သော သစ္စာစကားကြောင့် မေ ကျွန်ုပ်အား သဗ္ဗဒါ အခါခပ်သိမ်း သောတ္ထိ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာခြင်းသည် ဟောတု ဖြစ်ပါစေသတည်း။ -၂။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့ ၏။ ဇီဝိတဿ၊ အသက်တော်အား။

ကေနစိ၊ တစ်စုံတစ်ယောက်သောသူသည်၊ အန္တရာယော၊ အန္တရာယ်ကို၊ ကာတုံ၊ ပြုခြင်းငှာ။ နသက္ကာ၊ မတတ်နိုင်။ တထာ၊ ထို့အတူ။ “ ကျွန်ုပ်အား။ ဟောတု၊ ဖြစ်ပါစေသတည်း။

၃။ ဗုဒ္ဓါနံ၊ ဗုဒ္ဓဘုရားရှင်တို့၏ သဗ္ဗညုတဉာဏဿ၊ သဗ္ဗညုတ ၊ ဉာဏ်တော်အား။ ကေနစိ၊ တစ်စုံတစ်ယောက်သောသူသည်။ အန္တရာ | ယော၊ အန္တရာယ်ကို။ ကာတုံ၊ ပြုခြင်းငှာ။ နသက္ကာ၊ မတတ်နိုင်။ တထာ၊

ထို့ အတူ။ မေ၊ ကျွန်ုပ်အား။ ဟောတု၊ ဖြစ်ပါစေသတည်း။

၄။ ဗုဒ္ဓါနံ၊ မြတ်စွာဘုရားရှင်တို့၏။ ဥဒ္ဒိဿ၊ ရည်မှန်း၍၊ အဘိဟ ဌာနံ၊ ယူဆောင်လာကုန်သော။ စတုန္နီ ပစ္စယာနံ၊ လေးပါးသောပစ္စည်း တို့အား။ ကေနစိ၊ တစ်စုံတစ်ယောက်သောသူသည်။ အန္တရာယော၊

အန္တရာယ်ကို။ ကာတုံ၊ ပြုခြင်းငှာ။ နသက္ကာ၊ မတတ်နိုင်။ တထာ၊ ထို့ | အတူ။ မေ၊ ကျွန်ုပ်အား ဟောတု၊ ဖြစ်ပါစေသတည်း။

၅။ ဗုဒ္ဓါနံ၊ ဗုဒ္ဓဘုရားရှင်တို့၏၊ ဒွတ္တိသ မဟာပုရိသ လက္ခဏေနဉ္စ၊ ( သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်တို့ သည် | လည်းကောင်း၊ အသီသိယာ၊ ရှစ်ဆယ်ကုန်သော။ အနုဗျဉ္ဇနာနဉ္စ၊ လက္ခဏာတော်ငယ်တို့သည်လည်းကောင်း၊ ဗျာမပဘာဒိရံသီနဉ္စ၊ အမြဲ တစ်လံမျှလောက်ထွက်သော ခြောက်ပါးသောရောင်ခြည်တော်တို့သည် | လည်းကောင်း။ ကေနစိ၊ တစ်စုံတစ်ယောက်သောသူသည်။ အန္တရာယော၊ အန္တရာယ်ကို။ ကာတုံ၊ ပြုခြင်းငှာ။ သက္ကာ၊ မတတ်နိုင်။ တထာ၊ ထို့ အတူ။ မေ၊ ကျွန်ုပ်အား။ ဟောတု၊ ဖြစ်ပါစေသတည်း။

ဤဂါထာတော်(၅)ပုဒ်စလုံးကို သေချာစွာလေ့လာပါက၊ သေချာ စွာ ဆန်းစစ်ကြည့်ပါက ... (က) တန္တရယာန၊ မန္တရယာန မဟုတ်သည့်အတွက် တန္တရယာန၊

မန္တရယာန၊ လောကီလက်ဝဲလမ်းများ မရောထွေး မပါဝင် ကိုယ် မပတ်သက်ခြင်းကြောင့် သာသနာဝင်အစစ်ဖြစ်သော ထေရ

ဝါဒ ဗုဒ္ဓသာသနာဝင် ကျမ်းဂန်များမှ ပေါက်ဖွားလာခြင်း

ကြောင့် စင်ကြယ်ခြင်း။ ဗုဒ္ဓဘာသာမဟုတ်သော အခြားခြားသော ကမ္ဘာပေါ်တွင် ကြသော အယူဝါဒအမျိုးမျိုး၊ အခြားခြားသော အတ္တဝါဒ ဒိဋ္ဌိဝါဒ၊ ထေရဝါဒမဟုတ်သော ဘာသာအယူဝါဒများ ရောထွေးမှု၊ ယှက်တင်မှု၊ ရောပြွမ်းမှု၊ ရှုပ်ထွေးမှုမရှိသော

ကြောင့် ဗုဒ္ဓဘာသာစစ်စစ်မှ ဆင်းသက်လာခဲ့သော ဗုဒ္ဓ သာသနာဝင် ထေရဝါဒ ဗုဒ္ဓကျမ်းဂန်များ၊ ပါဠိ၊ အဋ္ဌကထာ များမှ ဆင်းသက်လာခဲ့သောကြောင့် စင်ကြယ်ခြင်း။ ။ တန်ခိုးရှင်များ၊ ဝိဇ္ဇာမဟိဒ္ဓိများ၊ ဝိဇ္ဇာဓရများ၊ နတ်ဒေဝတာများ၊ အောက်နတ်များ၊ အထက်နတ်များ၊ သုံးဆယ့်ခုနစ်မင်းနတ်များ၊ မှော်ပညာများ၊ မျက်လှည့်ပညာများ၊ နာနာဘာဝ ဝိနာဘာဝ တို့နှင့် စပ်ယှက်ယှဉ်တွဲမှုများ၊ ဝိညာဉ်လောကများနှင့် ရောထွေးယှက်တင်မှုများ၊ ဘုရား တရား သံဃာ ရတနာ သုံးပါးနှင့် ဆန့်ကျင်ဘက်ဖြစ်သော ယုတ်ညံ့သော အတတ် ပညာ၊ အမူအကျင့်များနှင့် မပတ်သက်ခြင်း၊ မရောယှက်ခြင်း၊ မရောပြွမ်းခြင်း၊ စင်ကြယ်ပြီးသော ထေရဝါဒသာသနာဝင် ကျမ်းဂန်များမှ ဆင်းသက်လာခြင်းကြောင့် စင်ကြယ်ပြီး သာသနာဝင်ကျမ်းဂန်များမှ ဆင်းသက်လာခဲ့သော အက္ခရာ များဖြင့် ဖွဲ့စပ်ထားခြင်းကြောင့် အထူးသဖြင့် စင်ကြယ်စေခြင်း စသော ဂုဏ်သတ္တိထူးများနှင့် ပြည့်စုံနေသော ဂါထာ(၅)ပုဒ် ဖြစ်ပါသည်။ ထိုသို့ စင်ကြယ်ခြင်း ဝိသုဒ္ဓိဂုဏ်နှင့် ပြည့်စုံသော မွန်မြတ်လှသည့် ဗုဒ္ဓသာသနာဝင်ကျမ်းထွက် ဤဂါထာတော့ (၅)ပုဒ်အား ဗုဒ္ဓဘာသာဝင် သာသနာဝင် လူ၊ ရှင်၊ ရဟန်း*

သမျှ ယုံကြည်စွာအားကိုးသင့်လှ၏။ ယုံကြည်စွာ ရွတ်ဖတ် သရဇ္ဈယ်သင့်လှ၏ဟု မှတ်ကြပါကုန်။

ဤဂါထာတော်(၅)ပုဒ်သည် ... ၁။ ကာယသိဒ္ဓိ

တုတ်ဘေး၊ ဓားဘေး၊ သေနတ်ဘေး၊ ဗုံးအမြောက်ဘေး၊ လက် နက်အမျိုးမျိုးဘေးမှ ပြီးစီးခြင်း အောင်မြင်ခြင်း ဟူသော ကာယသိဒ္ဓိ။ ၂။ အန္တရာယသိဒ္ဓိ

ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ စသော ရန်သူမျိုး (၅)ပါး အန္တရာယ်များ ရေဘေး၊ မီးဘေး၊ လေဘေး၊ သူခိုး၊ ဓားပြ၊ သူပုန်

ဘေး၊ မလိုမုန်းထား သူ၏ဘေး၊ သူတစ်ပါးမကောင်းကြံစည်မှုဘေး၊ ထို ထိုသော အန္တရာယ်များအား ပြီးစီးခြင်း၊ အောင်မြင်ခြင်း အန္တရာယသိဒ္ဓိ။ ၃။ ဘယာသိဒ္ဓိ

သွားလေရာ၊ လာလေရာ၊ နေလေရာ၊ ထိုင်လေရာ၊ အိပ်လေရာ၊ | စားသောက်လေရာ၊ အလုပ်လုပ်လေရာ၊ စီးပွားရှာလေရာ၊ အနားယူလေ ရာတိုင်းတွင် ကားတိုက်မှုဘေး၊ ဆိုင်ကယ်တိုက်မှုဘေး၊ စက်ဘီးတိုက်မှု

ဘေး၊ လေယာဉ်ပျက်ကျမှုဘေး၊ လှေ မော်တော် သင်္ဘော နစ်မြုပ်မှုဘေး၊ သင်္ဘောမှောက်မှု၊ ကားမှောက်မှု၊ ရေကြီးမှု၊ မီးလောင်မှုဘေး၊ အငတ်

ဘေး၊ ရောဂါအနာဘေး အချင်းချင်းသတ်ဖြတ်ဖျက်ဆီးမှုဘေးတို့မှ ပြီးစီး ခြင်း၊ အောင်မြင်ခြင်း ဘယာသိဒ္ဓိ။ ၄။ အာရောဂျသိဒ္ဓိ

သွားလေရာ၊ နေလေရာ၊ ထိုင်လေရာ၊ အိပ်စက်လေရာတို့၌ နှိပ် စက်တတ်သော (၉၆)ပါးသော ရောဂါဝေဒနာများ၊ (၉၈)ပါးသော

ရောဂါဝေဒနာများ၊ သွေး၊ သည်းခြေ၊ လေ၊ သလိပ်ကြောင့်ဖြစ်သော ရောဂါအနာများ၊ ဓာတ်လေးပါး မညီမညွတ်ခြင်းကြောင့်ဖြစ်သော ရောဂါအနာများ၊ အစာအဟာရကြောင့်ဖြစ်သော ရောဂါအနာများ၊ ဆီး၊ ဝမ်း၊ လေ ဖောက်ပြန် မမှန်မကန်ခြင်းကြောင့်ဖြစ်သော ရောဂါအနာများ၊ ကာလ ဒေသ ပယောဂကြောင့်ဖြစ်သော ရောဂါအနာများ မဖြစ်မလာ မပေါ်ပေါက်၊ မကပ်ရောက်ဘဲ ပကတိကျန်းမာ ချမ်းသာကြောင်း ပြီးစီးကြောင်း အာရောဂျသိဒ္ဓိဟူသော သိဒ္ဓိလေးပါးကို ပြီးစေပါသည်။

စီရင်တတ်ဖို့၊ ကျင့်ဆောင်တတ်ဖို့ အားထုတ်တတ်ဖို့သာ အရေး ကြီး၏။ (ဆရာမပြ နည်းမကျ) ဆိုသည့်အတိုင်း နည်းနိဿယကျနစွာ မစီရင်နိုင်လျှင် အပြီးအစီးသို့ မရောက်နိုင်ကြောင်းကို သိထားကြရာ၏။ | နည်းနိဿယကျနစွာ ပီပြင်စွာ ရှေးဆရာတော်ကြီးများ လုပ်ပုံလုပ်နည်း စီရင်ပုံထုံးကို နှလုံးမူ၍ဆောင်ရွက်နိုင်ပါက ယခုပြဆိုခဲ့သော သိဒ္ဓိကြီး လေးပါးသည် အပြီးတိုင်အောင်မြင်နိုင်တော့၏။ ဤအန္တရာယ်ကင်း သိဒ္ဓိကြီးလေးပါးဂါထာတော် (၅)ပုဒ်အား ရွတ်ဖတ်သရဇ္ဈယ်ကြရာ၌ ရှေးရှေးသော ဆရာတော်ကြီးများ၏ ရွတ်ပုံရွတ်နည်းများ၊ အားထုတ် နည်းများ၊ ကျင့်ဆောင်ပုံကျင့်ဆောင်နည်းများအတိုင်း အောက်ပါအတိုင်း မှတ်သားနာယူပါကုန်လော့။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)