Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

ဆရာကျော်(ရန်ကုန်တက္ကသိုလ်) - အာရုံကျင်းချိန်စာစီစာကုံးများ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

စည်းကမ်းရှိမှ တိုးတက်မည်

“စည်းကမ်းရှိမှ တိုးတက်မည်” ဟူသော ဆိုရိုးစကားလေးသည် တောရော၊ မြို့ပါ နေရာအနှံ့ တွေ့မြင်နေရသော စာသားလေး ဖြစ်ပါသည်။ အစိုးရဌာနများ စာသင်ကျောင်းများ၊ မြို့ရွာရပ်ကွက်များ၏ လမ်းထိပ်လေး တွင် ဤဆိုင်းဘုတ်ကလေးသည် နေရာယူထားပါသည်။ ဤစာသားလေး သည် စာလုံးရေအားဖြင့် ခုနစ်လုံးသာ ရှိသော်လည်း အနက်အဓိပ္ပာယ်အားဖြင့် အလွန်ပင် ကျယ်ဝန်းလှပါသည်။ အနက်အဓိပ္ပာယ် ကျယ်ဝန်းသလို ကျေးဇူး အကျိုးတရားကလည်း ကြီးမားလှပါသည်။ စည်းကမ်းဟူသည် လိုက်နာ

စောင့်ထိန်းရမည့် ကျင့်ဝတ် ဖြစ်ပါသည်။ လူ့ဘောင်လောကကြီး ဖွံ့ဖြိုး တိုးတက်သာယာစေရန် စည်းကမ်းသည် အလွန်ပင် အရေးကြီးလှပေသည်။ တစ်ဦးတစ်ယောက်မှသည် မိသားစု၊ မိသားစုမှသည် ကျေးရွာရပ်ကွက်၊ ထိုမှ မြို့နိုင်ငံအထိ စည်းကမ်းရှိပါမှ အရာရာ ဖွံ့ဖြိုးတိုးတက်ပေမည်။ ထို့ကြောင့် ပင် ယခုခေတ်နှင့် ဆီလျော်သော စံနမူနာယူအပ်သော ဆိုရိုးလေးပင် ဖြစ်ပါ သည်။

ယနေ့ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများကို ကြည့်လျှင် စည်းကမ်းဟူသော ကျင့်ဝတ်ကောင်း တစ်ခုကြောင့် ခေတ်မီနိုင်ငံတစ်ခုအဖြစ် တည်ဆောက်နိုင်ခြင်း ဖြစ်သည်။ နေရာဒေသ လူတစ်စုတည်း ကွက်၍ စည်းကမ်းရှိနေရုံဖြင့် အရာမထင်ပေ။ လူတိုင်း လူတိုင်း စည်းကမ်းရှိဖို့ လိုအပ် ပါသည်။ စည်းကမ်းနှင့် ပတ်သက်၍လည်း ကုန်းဘောင်ခေတ်စာဆို အချုပ် တန်း ဆရာဖေ၏ တေးထပ်ကလေးက မြန်မာလူမျိုးများအတွက် နည်းနာယူ စရာပင်။ စာဆိုက... ။

မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ပြီ ။ မိပစ်လို့ ဖရှောင်သွေးသည်

ခွကောင်တွေ ခွေးဖြစ်ပေါ့ ဒါ့” ဟု ဆိုကာ မြန်မာလူမျိုးများ ယခင်က စည်းကမ်းမရှိမှုကြောင့် တိုင်းပြည် သူတစ်ပါးလက်အောက် ကျရောက်ခဲ့ပုံကိုဖော်ပြခဲ့သည်။ ထို့အတူ ကျွန်ုပ်တို့၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းကလည်း ဖဆပလ ပြည်သူ့ညီလာခံ မိန့်ခွန်းတွင် မြန်မာလူမျိုးများ စည်းကမ်းရှိကြဖို့ ၊ စည်းကမ်းကို လိုက်နာကြဖို့ ၊ စည်းကမ်းမလိုက်နာသော နိုင်ငံသည် ဘယ်လို နိုင်ငံ ဖြစ်သွားမည်အထိ ပြည်သူများ အသည်းထဲစွဲအောင် ပြောကြားခဲ့ပါ သည်။

မြန်မာ့ကျေးလက်တွင် ရွာအမည်များကို ကြည့်လျှင် ရွာသာယာ၊ သာယာကုန်းကျေးရွာ၊ ပြည်သာယာ စသည်ဖြင့် မိမိတို့ဒေသ၏ သာယာမှုကို ဖော်ကျူးသော နာမည်ပေးသလို သူတို့၏ ကျေးရွာများကို သာယာလှပအောင် သန့်ရှင်းအောင် ပြုလုပ်ထားကြသည်။ ဤသည်မှာ ကျေးရွာတစ်ရွာ၏ စည်း ကမ်း ဖြစ်သည်။ ရွာတွင် ဘုန်းကြီးကျောင်း ရှိသည်။ ဘုရားစေတီ ရှိသည်။ ရွာသောက်ရေကန် ရှိသည်။ ဇရပ်ရှိသည် ဆိုရုံနှင့်မပြီး ထိုရွာတွင် ရွာသူ ရွာသားတို့ကို စည်းကမ်းတကျ အုပ်ချုပ်ရန် ရွာသူကြီး ရှိရပေမည်။ ရွာသူ ရွာသားတို့ စည်းလုံးမှုရှိရသည်။ အများအတွက် ချမှတ်ပေးထားသော စည်းကမ်းကို လိုက်နာရသည်။ ရွာလယ်က လမ်းမကို သန့်ရှင်းအောင် ထားရ မည်။ မိမိတို့ ခြံဝင်းအတွင်း အမှိုက်သရိုက်များကို ရှင်းလင်းထားသည်။ ရွာ၏ ခြံစည်းရိုးကို တောကိရစ္ဆာန်များ၏ ရန်နှင့် သူခိုးဓားပြတို့ရန်မှ ကာ ကွယ်ရန် အသေအချာ ပြုလုပ်ထားသည်။ အများ၏ အကျိုးကိစ္စကို ဝိုင်းဝန်းဆောင်ရွက်ကြသည်။ လမ်းသွားရင်း ဆေးလိပ်မသောက်၊ ကြီးသူကို ငယ်ရွယ် သူများက ရိုသေလေးစားကြသည်။ ငယ်ရွယ်သူတို့ကို ညှာတာ ထောက်ထား ကြသည်။ ဤကဲ့သို့ လူ့ကျင့်ဝတ်၊ ရွာကျင့်ဝတ်၊ ရွာစည်းကမ်းကို လိုက်နာ လျှင် ထိုရွာသည် အေးချမ်းသည်၊ သာယာသည်၊ စည်းကမ်းရှိသည်။ တိုး တက်သည်မှာ မဆန်းပေ။

 

ကျေးရွာ၏ စည်းကမ်းကောင်းမှုသည် ထိုရွာ၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် အထောက်အကူပြုသလို မြို့ပြ၏ စည်းကမ်းရှိမှုကလည်း ကျေးလက် ဒေသထက် ပိုပြီး လိုအပ်ပါသည်။ မြို့ပြသည် ကျေးလက်ထက် တိုက်တာ အိမ်ခြေ ပိုများသည်။ လူနေထူထပ်သည်။ မြို့ပြ၏ သန့်ရှင်းရေးကို အစိုးရ အား အားကိုးနေ၍ မရ။ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီး ဆောင်ရွက်မှ မိမိ၏မြို့ သန့်ရှင်းမည်။ ရောဂါဘယ ကင်းဝေးမည်။ တစ်ဦးတစ်ယောက် မဟုတ်ဘဲ လူတိုင်း ပါဝင်ဆောင်ရွက်မှသာ မြို့၏ သန့်ရှင်းရေးသည် ပြည့်စုံပေလိမ့်မည်။ အမှိုက်ကို စနစ်တကျ သိမ်းဆည်းမည်။ ရေနုတ်မြောင်းများ တူးဖော်မည်။ ခြင်၊ ယင်၊ ကြွက် မခိုအောင်းစေရန် စီစဉ်မည်။ အိမ်တိုင်းရှိ ရေကန်၊ ရေအိုး များကို ပိုးလောက်လန်း မရှိစေရန် အမြဲတစေ ကြည့်ရှုမည်ဆိုလျှင် ထိုမြို့တွင် ခြင်၊ ယင်၊ ကြွက်ကြောင့် ဖြစ်သော ရောဂါဘယများ ကင်းဝေးပေမည်။ မိမိနေထိုင်ရာအိမ် သန့်ရှင်းပါမှ မိမိ၏လမ်း သန့်ရှင်းပေမည်။ လမ်းသန့်ရှင်း ပြီးပါမှ မြို့သန့်ရှင်းပေလိမ့်မည်။ အများပြည်သူ အပန်းဖြေရာ ပန်းဥယျာဉ် များတွင် ပန်းပင်များကို အလှအပ မျက်စိပသာဒဖြစ်အောင် ပြုပြင်ထားရှိ သည်။ ကားလမ်းတစ်လျှောက်တွင် အရိပ်ရအပင်များသာမက အလှပန်းပင် များပါ စိုက်ပျိုးထားသည်။ ဤသည်မှာ မြို့၏ အလှကျက်သရေ တိုးတက်မှု ပင် ဖြစ်သည်။ ထိုအလှကို ဖျက်ဆီးလျှင် ထိုသူသည် မြို့ကြီးသား မပီသသူ၊ စည်းကမ်းမရှိသူသာ ဖြစ်ပေလိမ့်မည်။

စည်းကမ်းမရှိခြင်း၏ အကျိုးတရားကား လူတစ်ဦးတစ်ယောက် အတွက်သာမက လူအများအတွက်ပါ ဒုက္ခရောက်စေနိုင်သည့် သာဓကများ - စွာပင် ရှိပါသည်။ စည်းကမ်းမဲ့သော ယာဉ်မောင်း တစ်ဦးကြောင့် ပြည်သူတို့ ၏ အသက်ပေါင်းများစွာ ဆုံးရှုံးနိုင်သလို စည်းကမ်းမဲ့သော အစားအသောက်

ကြောင့် လူအများ ဒုက္ခရောက်ကြသည်မှာ တွေ့ကြုံကြားသိနေရစမြဲပင် ဖြစ် ပါသည်။ စည်းကမ်းဟူသည် လူ၏ တန်ဖိုးဟု မြန်မာမှုနယ်ပယ်တွင် ပြောဆို ကြသည်မှာ အလကား မဟုတ်ပေ။ စည်းကမ်းရှိသောသူသည် တန်ဖိုးရှိသော သူပင် ဖြစ်ပါသည်။ စည်းကမ်းမရှိသောသူသည် တန်ဖိုးမဲ့သူပင် ဖြစ်သည်။ လူ၏ ဘဝတွင် အောက်ကျနောက်ကျဖြင့် ဘဝဇာတ်သိမ်း မကောင်းတတ်ကြ ပေ။

မြန်မာမှု နယ်ပယ်တွင် စည်းစနစ် ဟူသော စကားသည် ရှေးပဝေသ ဏီကပင် သုံးနှုန်းလာခဲ့ကြသည်။ စည်းစနစ်ကြီးသော မိသားစုသည် စည်း ကမ်းရှိသော၊ စည်းလုံးမှုရှိသော မိသားစုဟု အဓိပ္ပာယ်ရသည်။ “အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းကြောင်း စုပေါင်းအမှိုက်သိမ်း၊ ခြေလက်မျက်နှာ ဆေး

ကြောပါ၊ ကျန်းမာသန့်ရှင်း ရောဂါကင်း” ဟူသည့် စကားလေးအတိုင်း စည်း ကမ်းရှိသော လူမှုအဖွဲ့ အစည်းသည်သာ တိုးတက်မှု ရှိသည်။ သာယာမှု ရှိပါသည်။ ထိုလူ့အဖွဲ့ အစည်း အဝန်းအဝိုင်းရှိသော မြို့ရွာသည်သာ စည်း ကမ်းရှိမှုကြောင့် အမြဲတမ်း လှပနေမည်သာ ဖြစ်ပါသည်။ လှပမှုရှိမှလည်း ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုရှိမည် ဖြစ်ပါသည်။ ။

အချုပ်ဆိုရလျှင် ကျေးလက်မှသည် မြို့ရွာအထိ ပြည်သူအားလုံး စည်းကမ်းရှိသော လူ့ဘောင်ဘဝကို တည်ဆောက်နိုင်သော ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကို ဖော်ဆောင်နိုင်မည် ဖြစ်ပါတော့သည်။ ထို့

ကြောင့် စည်းကမ်းရှိလျှင် တိုးတက်မှုရှိမည်ဟု ဆိုချင်ပါသည်။

 

ဆရာကျော်(ရန်ကုန်တက္ကသိုလ်)

ကျေးဇူးကြီးလှ မိနှင့်ဖ

၁။ မိဘကျေးဇူး ကြီးမားပုံ။ ၂။ မိဘဝတ္တရားငါးပါး၊ သားသမီးဝတ္တရား ငါးပါး။ ၃။ မိဘကို မပြစ်မှားသင့်ပုံနှင့် မြတ်စွာဘုရား မိဘကျေးဇူးဆပ်ပုံ။ ၄။ မိဘကို ပြုစုလုပ်ကျွေးသော သာဓက။ ၅။ စာကိုယ်တွေ့ သာဓကများ၊ မိမိ၏အမြင်။

 

                    ကျေးဇူးကြီးလှ မိနှင့်ဖ

“မြင်းမိုရ်တောင်ဦး မကကျူးသည့် ကျေးဇူးကြီးလှ မိနှင့်ဖ” ဟူသော စကားနှင့်အညီ မိဘနှစ်ပါး၏ ကျေးဇူးတော်ကား မြင်းမိုရ်တောင်ထက်ပင် ပို၍ ကြီးမားမြင့်မြတ်လှပါသည်။ ဗုဒ္ဓဘာသာဝင်တို့အဖို့ အမိအဖတို့ကို မြတ်စွာဘုရားသခင်နှင့် တစ်ဂိုဏ်းတည်းထား၍ ညွတ်တွားရိုသေ အလေး အမြတ်ပြုကြသည်မှာ ယုံကြည်ကိုးကွယ်မှုအရသာမက မြန်မာ့ရိုးရာ ယဉ်

ကျေးမှု အစဉ်အလာ တစ်ရပ်ကို မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် အနန္တော၊ အနန္တငါးပါး အပါအဝင်ဖြစ်သည့် မိဘ တို့၏ ဂုဏ်ကျေးဇူးကို ကုန်စင်အောင် ဖော်ပြနိုင်ခြင်းမှာ မစွမ်းသာ ဖြစ်ပေ သည်။ -

မိဘကျေးဇူးကား အတိုင်းမသိ ကြီးမြတ်လှပါဘိသည်။ ကလလရေ ကြည် သန္ဓေတည်ချိန်မှစ၍ မိခင်ဖြစ်သူမှာ ပူလောင်စပ်ခါး စားချင်ဖွယ်ရာများ ကို နှစ်ခြိုက်စွာ စားသုံးချင်ပါလျက် သားသမီး၌ဖြစ်သော မေတ္တာကြီးမားရ

ကား အောင့်အည်းသည်းခံ ရှောင်ကြဉ်ရသည်။ ကိုးလလွယ် ဆယ်လဖွား “ဝမ်းမှ ကျွတ်ပြန်ပါကလည်း ကျန်းမာပျော်ရွှင် လူလားမြောက်ရေးအတွက် “ဖဝါး လက်နှစ်လုံး၊ ပခုံး လက်နှစ်သစ်” မှသည် မှက်၊ ခြင်၊ ယင် ဘေးမှ ကင်းဝေးအောင်လည်း စောင့်ရှောက်ပေးရသည်။ မည်မျှပင်ပန်းဆင်းရဲစေ တုန်လှုပ်တွေဝေခြင်း အလျင်းမရှိ။ သားသမီးနှင့် ပျော်မွေ့ရသော မိဘတို့အဖို့“ရေတွေ့သော ကြာအလား” ထာဝရ ရွှင်လန်းသည်သာ ဖြစ်၏။ အမြဲလေးစား အောက်မေ့ရှိခိုးထိုက်သော မိဘများပင် ဖြစ်တော့သည်။

သားသမီးများသည် ငယ်စဉ်တောင်ကျေး ကလေးဘဝမှသည် လူလား မြောက်၍ အရွယ်ရောက်သည်အထိလည်း မိဘတို့ ဝတ္တရားကား ကြီးမား လှပေစွ။ “

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီး ရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ” ဟူ၍ မိဘတို့ ဝတ္တရား များကို ဖော်ကျူးခဲ့ကြရသည်။ ကျေးဇူးကြီးလှသော မိဘများကို အစဉ်ရို ကျိုး ရှိခိုးကြရမည်သာ ဖြစ်၏။ မိဘတို့သည် သားသမီးအပေါ် မည်မျှ ကြည်နူးရသည်ကို ပညာရှင်များက “သားတို့ရုပ်ရည်၊ သီတာမည်သား၊ ရေ ကြည်ချမ်းမြ၊ တစ်ပေါက်ကျက၊ မိဘတို့ဝမ်း ငြိမ်းစေတမ်း” ဟု ဆိုထားခဲ့ သည်။ လောကထုံးတမ်းအရ ဆိုရိုးစကားမှာလည်း တောင်းဆိုး၊ ပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိသည်။ သားဆိုး သမီးဆိုးကိုမူ ပစ်ရိုးထုံးစံမရှိ” ဟု ဆိုရိုးရှိ၏။ သို့ဖြစ်ရာ မိဘတို့က မိမိရင်မှဖြစ်သော သားသမီးကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြစ်မမြင်၊ ခွင့်လွှတ်စိတ်ဖြင့် အစဉ်ထာဝရ မြတ်နိုးသည် သာ ဖြစ်သည်။ ဤမျှ ကျေးဇူးကြီးမားလှသော မိဘတို့ကို သားသမီးတို့သည် ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးဖြင့်ပင် မပြစ်မှားသင့်ပါ။ သားသမီးဝတ္တရားငါးပါး ဖြစ်သော ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံ ထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ” ဟူ၍ မိဘတို့အား မည်သို့ ကျေးဇူးဆပ်ရမည်ကို သိမှတ်သင့်ပါသည်။

မြတ်စွာဘုရားသခင်သည် တာဝတိံသာနတ်ပြည်တွင် ဝါတွင်းသုံးလ ပတ်လုံး အဘိဓမ္မာ တရားဟောကာ မယ်တော် မိနတ်သားအား မွေးကျေးဇူး ဆပ်တော်မူသော်လည်း နို့တစ်လုံးဖိုးမျှပင် မကျေဟူ၍ ပညာရှိတို့ ဆိုထုံးပြုခဲ့ ကြသည်။ ကျွန်ုပ်တို့ ပုထုဇဉ်လူသားများအဖို့မူ မိဘကျေးဇူးကို ကျေအောင် ဆပ်နိုင်ဖို့ကား ဝေးလေစွ၊ ထိုသို့ ကျေးဇူးကြီးမားသော မိဘကျေးဇူးဆပ်မကုန် နိုင်ပုံကို အတုလ ဆရာတော် ခင်ကြီးဖျော်က..

“မိကို လက်ယာ၊ ဖကို လက်ဝဲ အမြဲထမ်းလျက် ပခုံးထက်တွင်၊ သို့ပင်နိစ္စ၊ လုပ်ကျွေးကြလည်း

ရှေးကပြုဖူး၊ မွေးကျေးဇူးကို၊ အထူးခိုင်မြဲ၊ မဆပ်နိုင်တည့်” ဟူ၍ ရေးဖွဲ့ တော်မူခဲ့ပေသည်။

“မိဘကျေးဇူး အထူးအောက်မေ့သူများမှာ သွားလေရာ မျက်နှာပွင့် လန်း၍ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြသည်။ ပစ္စုပ္ပန်သံသရာ၌ ကိုယ်စိတ် နှစ်ပါး ချမ်းသာလျက် ဘဝကူးကောင်းကြမည် ဖြစ်သည်။ ဘုရားဟော ကျမ်း ဂန်များတွင်လည်း မိဘကျေးဇူး သိတတ်သော ဘုရားလောင်း သုဝဏ္ဏသာမ သည် မြားဆိပ်သင့်၍ မိန်းမောနေရာမှ မိဘများ၏ သစ္စာအဓိဋ္ဌာန်ကြောင့် ပြန်လည်အသက်ရှင်လာကာ မျက်မမြင် မိဘနှစ်ပါးလည်း စက္ခုနှစ်ကွင်း အလင်းရကြသည့် သာဓက ရှိပါသည်။ ထို့အတူ မိဘကို လုပ်ကျွေးသော လင်းတမင်း၊ မိအို၊ ဖအိုတို့ကို လုပ်ကျွေးသော ကေဒါရကျေးမင်း၏ ထုံးကို ၊ လည်း မှတ်သားဖွယ် ကောင်းလှပါသည်။

သင်ကြားနာယူခဲ့ဖူးသော စာပေသာဓကအရလည်း ကိုလိုနီခေတ်တွင် ဘိလပ်သို့ ငွေကြေးအကုန်အကျများစွာခံ၍ သားဖြစ်သူ မောင်သောင်းဖေအား ဝတ်လုံဘွဲ့ ရယူစေခဲ့သော ဖခင်ဦးရာကျဉ်နှင့် မိခင် ဒေါ်ဇာယုတို့၏ မေတ္တာ ကြီးမားပုံမှာ မိဘကျေးဇူးကို ဖော်ညွှန်းနေပါသည်။ ထို့အတူ သားဖြစ်သူ

မောင်ရင်မောင်အတွက် ဆင်းရဲဒုက္ခအမျိုးမျိုး၊ အနစ်နာ အမျိုးမျိုးခံခဲ့သော ငယ်စဉ်က ကျေးမွေးပြုစုခဲ့သော အမိဒေါ်ဇာယု၏ မေတ္တာသည်လည်း ထင် ရှားလှပါသည်။ နဝမတန်း စကားပြေလာ အမျိုးသားပညာဝန် ဦးဖိုးကျား၏ မင်းကတော်ဝတ္ထုပါ သမီးဖြစ်သူ မညွှန့်မေ၊ မင်းကတော် ဖြစ်ရေးအတွက် ဒုက္ခဆင်းရဲအမျိုးမျိုးခံခဲ့ရသော ဘူးသီးကြော်သည် ဒေါ်ခင်၊ သားသမီးက ပစ်ထားသဖြင့် သေသည်အထိ ဒုက္ခအမျိုးမျိုး ကြုံတွေ့ရသော်လည်း အပြစ် မယူ၊ ငြူစူခြင်း မရှိ၊ သမီးအပေါ် မေတ္တာကြီးမားပုံမှာ ရင်နင့်ဖွယ်ပင် ဖြစ်ပါ သည်။ ဤသို့ နည်းမျိုးစုံဖြင့် မိဘ၏ ဂုဏ်ကျေးဇူးကို ပြစ်မှားသူများမှာ အမြဲထာဝရ ညှိုးမှိန်ကာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနှင့်သာ ဘဝကို အဆုံး သတ်သွားစေနိုင်ပါသည်။

သို့ဖြစ်ရာ ကျေးဇူးကြီးမားလှသော မိဘနှစ်ပါး၏ ဂုဏ်ကျေးဇူးကို အစဉ်သဖြင့် အောက်မေ့လျက် သားသမီးတိုင်းလည်း မိဘတိုင်းအား သား သမီး ဝတ္တရားငါးပါးနှင့်အညီ ပြုစုစောင့်ရှောက်ခြင်းဖြင့် ကျေးဇူးဆပ်သင့်လှ ပေသည်။ မိဘကျေးဇူးကား အတိုင်းမသိ အတုမရှိ ကြီးမားလှပါတော့သည်။