Skip to product information
1 of 3

Other Websites

ဆန်းလွင် - မိုးကုတ်၀ိပဿနာ အလုပ်စဥ်တရားအနှစ်ချုပ် အပိုင်း(၄)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဆန်းလွင် (ရှင်အာဒိစ္စရံသီ)

(၁၉၃၈-၂၀၀၂)

ရခိုင်ပြည်နယ် သံတွဲမြို့တွင် အဘ ဦးဖိုးညွန့်၊ အမိ ဒေါ်လှကြီးတို့မှ ၁၉၃၈ ခု ဇန်နဝါရီ လ ၁၃ ရက်၊ တနင်္ဂနွေနေ့တွင် မွေးဖွားသည်း အမည်ရင်းမှာ ဦးဆန်းလွင် ပင် ဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် ဒဿနိကဗေဒ ဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့ ရွှေ့တံဆိပ်) ရသည်။ မဟာဝိဇ္ဇာတန်း တက်ပြီးနောက် မြစ်ကြီးနား ကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်များ၌ ကထိက အဖြစ် အမှုထမ်းဆောင်ခဲ့သည်။

အသက် ၁၈ နှစ်အရွယ်တွင် မိဘရိုးရာ အစ္စလာမ်ဘာသာမှ ခရစ်ယာန် ဘာသာသို့ ဝင်ရောက် လေ့လာပြီး မနှစ်သက်၍ လေးနှစ်အကြာတွင် ခရစ်ယာန် ဘာသာကို စွန့်လွှတ်လိုက် သည်း

အသက် ၂၂ နှစ်တွင် ကွန်မြူနစ်ဝါဒကို လေ့လာပြီး ဘာသာအယူဝါဒများကို စွန့်ပယ်၍ ကမ္ဘာ့အတွေးအခေါ် မျိုးစုံ၊ ဘာသာမျိုးစုံကို လေ့လာသည်။

အသက် ၃၂ နှစ်တွင် ဗုဒ္ဓကိုယ်ကျင့်တရား ပညာကျမ်း ပြုစုရန် ပါမောက္ခ၏ တာဝန် ပေးချက်အရ ကမ္ဘာအေး ဗုဒ္ဓဘာသာ တက္ကသိုလ်တွင် ကမ္ဘာ့ဗုဒ္ဓဘာသာကို စတင်လေ့လာသော အခါမှ စ၍ မိမိ ရှာဖွေနေသော သစ္စာဝါဒကို တွေ့ပြီဟု ဝမ်းသာပြီး ပိဋကတ်သုံးပုံ ( မြန်မာပြန်) ကို ကုန်အောင် လေ့လာသည်။

၁၉၇၂ တွင် တက္ကသိုလ်က ထွက်ပြီး ရုပ်ရှင်ဒါရိုက်တာ လုပ်သည် ဒါရိုက်တာ အဖြစ် 'မျက်နှာငယ်ရမှာက မောင့်ချစ်ဦး 'လောကကို အလှဆင်မယ်' 'မနော်ဟရီအလှ' ရုပ်ရှင် ဇာတ်ကားများနှင့် ရုပ်ရှင်ဇာတ်ညွှန်း အနေဖြင့် 'ငါညီ ငါမြေ အမေ 'လကွယ်မိုးနှောင်း နှင့် 'မသည်းနုရဲ့ သံသရာ" ဇာတ်ကားများကို ရေးသားခဲ့သည်။ 'ရုပ်ရှင်အနုပညာနှင့် ရုပ်ရှင် အတတ်ပညာကျမ်း' ကို ဆန်းလွင် အမည်ဖြင့် ပြုစုခဲ့သည်။ “ဖဲသမား' (Gambler) အမည်ဖြင့် ပြန်ဆိုခဲ့သော ဘာသာပြန်ဝတ္ထုမှာ ၁၉၆၈ ခုနှစ် အမျိုးသားစာပေဆု ဘာသာပြန် စာပေ စတုတ္ထဆု ရရှိခဲ့သည်။

လုံးချင်းစာအုပ်များ အနေဖြင့် သျှင်ဥက္ကဌသို့ ပြန်ကြားချက်နှင့် ရွှေဥဒေါင်းသို့ ပြန်ကြားချက် ဖီလိုဆိုဖီ ကကြီး ခကွေး၊ ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ၊ အိုင်းစတိုင်း၊ ဘာထရန်ရပ်ဆယ်၊ တရုတ် တွေးခေါ်ရှင်ကြီးများ၊ ရုရှားတွေးခေါ်ရှင်ကြီးများ တရားတွေ့ ချမ်းမြေ့ဖို့ အတွေးအမြင် ဆောင်းပါး များ ကျုရှိးရှင်၊ ထိပ်ဆုံးက စပိုင်၊ ရွှေတောင်တက်ဒဿန၊ ရတနာ သုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက်အကြောင်း၊ သစ္စာဉာဏ်ပွင့် ဒဿန၊ သေခြင်း ဒဿန၊ ဂိုးလ်စတိန်း ကိုယ်တွေ့ ဝိပဿနာ (ဦးဟန်ဌေးနှင့် ပူးတွဲရေးသည်) ၊ မိုးကုတ် ဝိပဿနာ ရှုနည်း ထေရဝါဒ အုတ်မြစ်များအဖွင့်၊ ဘုံစဉ်စံ ဘဝလမ်းပြ ဒဿန ဗုဒ္ဓဘာသာ သိမှတ်ဖွယ်ရာများ ထေရဝါဒ အခြေခံ အယူအဆများကို အဆင့်မြင့် နားလည်ခြင်း၊ ဗုဒ္ဓ၏ ကိုယ်ရည်ကိုယ်သွေး မြင့်မားရေး တရား၊ ဓမ္မ ဒဿနစာစု စသည်များအား ရေးသားခဲ့သည်။ တက္ကသိုလ် အောင်မှူး အမည်ဖြင့် လည်း စိတ်ညှိ အိပ်မွေ့ချနည်းနှင့် အသုံးချနည်း အပြည့်အစုံ စာအုပ်ကို ရေးသားပြုစုခဲ့သည်။ အင်တာနေရှင်နယ် မဂ္ဂဇင်းနှင့် ဓမ္မရုပ်စုံမဂ္ဂဇင်းတို့တွင် အယ်ဒီတာချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

အသက် ၅၈ နှစ်တွင် ပဲခူးတိုင်း၊ ပိုးသောင်ကျေးရွာ၊ ရွှေပင်းဝင်ရပ်ကွက်၊ ဓမ္မစာရီကျောင်း တွင် ရဟန်းအဖြစ် ခံယူပြီး ရွှေမင်းဝင် နိုင်ငံတကာ ဝိပဿနာ အလုပ်စခန်းကို ဖွင့်လှစ်ခဲ့သည်။ ၂၆၊ ၁၁ ၂၀၀၂ (အင်္ဂါနေ့) ည ၁၀ နာရီ ၁၀ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသည်။

ရည်ညွှန်းချက်

 မိုးကုတ်ဝိပဿနာ အလုပ်စဉ်တရား စာအုပ်များကို ရက်ရောသော စေတနာဖြင့် လှူဒါန်းခဲ့ကြသော ဓမ္မမိတ်ဆွေ ဦးဝင်းလှိုင်၊ ဒေါ်အေးအေးရီ မိသားစုနှင့် ဦးမြင့်တင်၊ ဒေါ်သိန်းသိန်းဆင့် မိသားစုတို့အတွက်

မိုးကုတ်ဝိပဿနာအလုပ်စဉ်တရား စာအုပ်အမှတ် (၃၁)

နိဒါန်း

ဤနိဒါန်းကိုလည်း ဆရာကြီး ဦးသံဒိုင် မကွယ်လွန်မီက ရေးသားခဲ့လေ သည်။ မိုးကုတ် ဆရာတော်ကြီးသည် သက်တော်ထင်ရှား ရှိစဉ်အခါက ပဋိစ္စ သမုပ္ပာဒ် တရားတော်ကို လည်ပုံ၊ ဖြတ်ပုံ အလုံးစုံနှင့် သစ္စာ တရားတော်ကိုသာ အစဉ် အရေးထား၍ ဟောကြားတော်မူခဲ့ပုံ၊ ထိုတရားကိုသာ ဆရာတော်က အဘယ်ကြောင့် ဦးစားပေး ဟောရသနည်း ဆိုလျှင် ပဋိစ္စသမုပ္ပာဒ်ကို နားမလည်ဘဲ တရား အားထုတ်ခဲ့ကြသော ရဟန်းတော်များ ဘုရားသခင် သက်တော်ထင်ရှား ရှိစဉ်အခါက တရား မရဘဲ ရှိခဲ့ကြသောကြောင့် ဖြစ်ပုံများကို ဦးသံဒိုင်က ဖော်ပြသည်။ (လယ်တီ ဆရာတော်ဘုရားကြီးလည်း ပဋိစ္စသမုပ္ပာဒ် တရားတော်ကို လူသိများအောင် ဖော် ထုတ်တော် မူခဲ့ကြောင်း)လည်း ဖော်ပြထားသည်။ ပစ္စုပ္ပန် ကာလ၌ ခန္ဓာငါးပါး ဖြစ်ပြီး ပျက်ပုံ (ဖြစ်ပျက်)ကို သိမြင်၊ နားလည်ခြင်း မရှိပါလျှင် သက္ကာယဒိဋ္ဌိ (ငါစွဲကို ဖျောက်ဖျက်ရန်မှာ မဖြစ်နိုင်ကြောင်း ပြသည်။ အရှင်ဆန္ဒကို ဥပမာပြသည်။

ထို့ကြောင့် ဆရာတော်ဘုရားကြီးသည် ယောဂီများ တရား အားမထုတ်မီ ပဋိစ္စသမုပ္ပာဒ်ကို နားလည်အောင် သင်ကြားရေး အစီအစဉ်ကို ချထား ပေးသနားတော် မူခဲ့လေသည်။ ဤသို့ ပဋိစ္စသမုပ္ပာဒ်ကို ဦးစားပေး၍ သင်ကြား ပေးတော်မူခြင်း မှာ ဒိဋ္ဌိ ဖြုတ်ရန်အတွက် ဖြစ်သည်။ ဆရာတော်သည် ဟောရိုးဟောစဉ် တရားမျိုးကို မဟောဘဲ သစ္စာဉာဏ်သို့ ရောက်အောင် ထိုးဖောက်၍ လောကုတ္တရာ ဉာဏ်သစ်လောင်း တရားကို ဟောတော်မူသည်။ ဒိဋ္ဌိ ပြုတ်မှ သောတာပန် တည်သည်။

သောတာပန် တည်မှသာ အပါယ်တံခါး ပိတ်သည်။ ဒိဋ္ဌိကြောင့် အပါယ်ကျရသည်။ ဒိဋ္ဌိပြုတ်မှသာ အပါယ်ဘေးက လွတ်မည် ဖြစ်သည်။ ဒိဋ္ဌိကို အသိနှင့် အရင်ဖြုတ်ပြီး မှ ပွားများ အားထုတ်မှုဖြင့် အပြီးအပြတ် ပယ်သတ်ရမည် ဖြစ်ကြောင်း ပြသည်။ စိတ်ကို စိတ်အတိုင်းတိုင်း ထားလျှင် ပြီးသည် တရား အားထုတ်နေစရာ မလို ဆိုသော ကျောက်သင်္ဘော ဝါဒကိုလည်း ဝေဖန်ပြထားသည်။ ဒိဋ္ဌိ ရှိသူမှာ မာနလည်း လာသည်။ တဏှာလည်း လာသည်။ တဏှာ၊ မာန၊ ဒိဋ္ဌိသည် သံသရာချဲ့ တရား၊ ပပဉ္စတရား ဖြစ်သည်။ ပဋိစ္စသမုပ္ပာဒ် ဒုက္ခစက် လည်ခြင်းသည် သံသရာလည်ခြင်း ဖြစ်သည်။ ခန္ဓာ ပေါ်ပုံ၊ မာယတန တရားများ၊ ဓာတ်များ ဖြစ်ပုံကို မသိလျှင် ပဋိစ္စသမုပ္ပာဒ် အစဉ်တန်းတော့သည်။ ဤပဋိစ္စသမုပ္ပာဒ် အစဉ် တန်းခြင်းသည် ဒုက္ခစက် လည်ခြင်း ဖြစ်သည်ဟု မသိလျှင် ငါစွဲ ဝင်တော့သည်။ အသိမှား၊ အမှတ်မှား၊ အယူမှား ဖြစ်တော့သည်။ ထို့ကြောင့် ဒိဋ္ဌိ ဖြုတ်မှု အရေးပါပုံကို ပြသည်။ မိုးကုတ် ဆရာတော်ဘုရားကြီးသည် ထိုအကြောင်းကြောင့် ဒိဋ္ဌိ ဖြုတ်ရေး တရားကို ထပ်တလဲလဲ ဟောတော်မူခြင်း ဖြစ်ကြောင်း ပြထားသည်။

၁။ ဒဌိပြုတ်ရင် သောတာပန် တည်သည်

[ ၁၉-၁-၆၀ နေ့က မိုးကုတ်မြို့ မင်္ဂလာတိုက်၌ ဟောသောတရား ]

ဒကာ၊ ဒကာမများ တရားပွဲ လာနာတာ ခန္ဓာဝန်ကြီး ထမ်းပြီး လာရတာ အစချီလျက် ဤတရားကို ဟောကြားတော်မူသည်။ ဤခန္ဓာ ဝန်ထုပ်ကြီး ဘယ်သူ ပေးသလဲ ဆိုလျှင် တဏှာပေးတာ ဖြစ်သည်။ ထိုခန္ဓာကို တဏှာကပင် အမျိုးမျိုး ခိုင်းနေပုံ အရူး လုပ်နေပုံကို ဟောသည်။ ငိုခိုင်း၊ ပူခိုင်း၊ ဆွေးခိုင်းတာလည်း တဏှာပင် ဖြစ်ပုံကို ပြသည်။ ဒုက္ခဝတ္ထု၊ ဒုက္ခစုကို တဏှာက ပေးသည်။ သို့သော် ပုထုဇဉ်၏ စိတ်ထဲတွင် ဒုက္ခကြုံရ၊ ဒုက္ခ ရောက်ရတာ တဏှာကြောင့် ဖြစ်သည်ဟု မသိ။ ထင်လည်း မထင်တတ်၊ ကံမကောင်းလို့ ဖြစ်သည်ဟုသာ ထင်တတ်ကြသည်။ [နှာ-၃) တရားခံ ဖမ်းတော့ ကံကို ဖမ်းကြပုံကို ပြသည်။ ခိုးတဲ့လူကို မမိဘဲ ပန်းထိမ်သည်ကို သွားဖမ်းသလို ဖြစ်နေသည်ဟု ဆိုသည်။ ဒီတော့ တဏှာကို သတ်ချင်စိတ်၊ ပယ်ချင်စိတ် မပေါ်တော့ဟု သဘောရှင်းအောင် သုံးသပ်ပြသည်။ ပဋိစ္စသမုပ္ပာဒ်မှာ တဏှာ၊ ဥပါဒါန် ပြီးမှ ကံကို ရောက်ပုံကို ထောက်ပြသည်။ ကံပေါ်မှာ တဏှာ၊ ဥပါဒါန်က အုပ်ချုပ်ထားသည်။ (နှာ-၆]

ဒါကြောင့် သမုဒယသစ္စာ တဏှာ၊ ဥပါဒါန် မချုပ်သရွေ့ ကာလပတ်လုံး ဒုက္ခသစ္စာ မရပ်စဲကြောင်း၊ တစ်သံသရာလုံး ဒုက္ခ မစဲဘဲ ဖြစ်နေခဲ့ရတာသည် တရားခံ အစစ်ကို စွဲချက် မတင်နိုင်ခဲ့သောကြောင့် ဖြစ်သည် ဆို၏။ နေ့တိုင်း အလုပ်တွေ လုပ်နေရတာ၊ ရှာနေရတာသည် ကံကြောင့်လား၊ တဏှာကြောင့်လား သဘောကွဲအောင် စဉ်းစားခိုင်းသည်။ (နှာ-၈) ၃၁ဘုံသားတွေပေါ်မှာ တဏှာသည်

သာ ကြိုးကိုင် ဆရာကြီး ဖြစ်သည်။ သို့ဖြစ်သောကြောင့် တဏှာချုပ်မှ ဒုက္ခချုပ်သည် ဟု မှတ်ရမည် (နှာ-၉) သစ္စာဆိုက်အောင် ကြည့်လိုက်တော့ ကံမပါဘူးဟု ဆို သည်။ ပုထုဇဉ်တွေကတော့ ကောင်းလည်းကံ၊ မကောင်းလည်းကံ ဆိုပြီး တဏှာကို ဖယ်လျက် ကံကို ရိုးမယ်ဖွဲ့ ကြသည်ဟု ဆိုသည်။ သောတာပန် တည်တာတောင် အပါယ်ဒုက္ခပဲ ငြိမ်းသည်။ တဏှာ ကျန်သေးသောကြောင့် လူ့ပြည်၊ နတ်ပြည်မှာ ခန္ဓာတွေ ထမ်းခံရသေးသည်။ (နှာ-၁၀) ။

ဤတွင် ဆရာတော်က ဒိဋ္ဌိနှင့် တဏှာ တဏှာက ပိုပြီး အစွမ်းထက်သည်ဟု ဆိုသည်။ ဒိဋ္ဌိက အပါယ်ဒုက္ခပဲ ပေးသည်။ တဏှာက သုဂတိ ဒုက္ခ ပေးနိုင်သည်။ ရဟန္တာ ဖြစ်မှသာ တဏှာကုန်သည်။ ချမ်းသာစစ်ကို လိုချင်လျှင် တဏှာကို သတ်ရမည်။ အောက်ဆုံး မဂ်ကို လိုချင်လျှင် ဒိဋ္ဌိကို သတ်ရမည်။ [နှာ-၁၁] ဒါကြောင့် ဝိပဿနာ ဆိုရုံနှင့်လည်း မပြီးသေး။ ဒိဋ္ဌိ သတ်ရမည့် အဆင့်၊ တဏှာသတ်ရမည့် အဆင့် သဘော ကွဲအောင် သိဖို့ လိုသေးသည်။ ထို့နောက် ယမက ဒိဋ္ဌိပယ်ပြီးသား ယမိုက် ကျမ်းမှာ အဋ္ဌမ ဇောဟု ပြထားသည်ဟု ဆို၏။ (နှာ- ၁၁) ဇောကို အပြန် ယူရကြောင်း ပြသည်။ ဒိဠာန သယံ ပဟောတိ။ ဒါကြောင့် အထက်မဂ်ကို လိုချင်လျှင် တဏှာကို သတ်မှ ရသည်။ တဏှာ ဘယ်မှာ နေသလဲ။ တဏှာသည် ခန္ဓာ ငါးပါးမှာ မှီနေသည်။ မှီရာရှိလျှင် တည်ရာ ရှိသည်။ ပ ဉ္စပါဒါ နက္ခန္ဓာဟု ဓမ္မစကြားမှာ ပြပုံကို ထောက်ပြသည်။ သူ့ကို သတ်ချင်လျှင် သူ၏မှီရာ ခန္ဓာငါးပါးကို ရှုရမည်။ ဒါကြောင့် အထက် မဂ်ကို တက်ရန်အတွက် ယမက ရဟန်းကို အရှင်သာရိပုတ္တရာက တဏှာသတ်ပုံကို ဟောသည်။ [နှာ-၁၃) ပြီးမှ ပုဂ္ဂိုလ် ပညတ် (နာမည် တပ်ထားသူသည်) ခန္ဓာငါးပါး ပရမတ်နှင့် နေပုံကို ပြသည်။

ထို့နောက် ပုထုဇဉ်သည် ဘုရားထက်ပင် မိမိခန္ဓာကို ခင်နေပုံ၊ ကြည်ညိုစွာ  လုပ်ကျွေးနေပုံများကို သဘောရှင်းအောင် ဟောပြပြန်သည်။ ။ [နှာ-၁၆] “အတ္တသမံ ပေမံ နတ္ထိ” မိမိနှင့်တူသော၊ ချစ်သောသူသည် တခြား မရှိကြောင်း ဘုရားပင်ဟာရသည်။ ထိုမိမိကိုယ်ကို ခင်သော တဏှာကို သတ်ရမည်။ လူကြီးတွေကလည်း သမုဒယသစ္စာကို ဖြတ်ရမည်ဟု မသင်။ ပွားရမည်ဟုသာ သင်တတ်ကြသည်။ ကိုယ့်ကိုယ်ကိုယ် ခင်ရမည်။ မခင်လျှင် လူ့တိရစ္ဆာန်ပေါ့ဟုပင် ဆိုကြသည်။ (နှာ-၁၇) ဘုရားကတော့ ကိုယ့်ကိုယ်ကိုယ် ခင်မှု တဏှာကို သတ်ရမည်ဟု သင်ကြားတော်မူသည်။ တဏှာဆိုတာ ပွားကောင်းသော အရာ မဟုတ်ကြောင်း ပြသည်။ [၁၈] ဒိဋ္ဌိက မဂ် တစ်ချက်တည်းနှင့် ပြတ်သည်။ တဏှာက မဂ်လေးချက်နှင့် ဖြတ်မှ ပြတ်သည်။ အရှင်ယမကကို အရှင်သာရိပုတ္တရာက အထက် မဂ်တက်ဖို့ရာအတွက် တဏှာသတ်ကြောင်းကို ဟောတော်မူသည်။ ပြီးမှ ခန္ဓာငါးပါး သည်”သူသတ်ယောက်ျား ဖြစ်သည်ဟု ဆိုသည်။ ခန္ဓာငါးပါးသတ်ပုံကို ဆက်ဟော သည်။ ။ [နှာ-၁၉]

သို့သော် ထိုခန္ဓာငါးပါးကို ပုထုဇဉ်သည် အခင်ဆုံး ဖြစ်သည်။ သူသတ် သမားမှန်း မသိလို့ ခင်နေခြင်း ဖြစ်၏ ။ [နှာ-၂၃) အရှင်သာရိပုတ္တရာက ယမက ရဟန်းအား ခန္ဓာငါးပါး တစ်ပါးပါးကို လူသတ်သမား (၀ဓက) ဖြစ်အောင် မြင်အောင် ရှုစမ်းပါဟု သင်ပေးသည်။ [နှာ-၂၆] လူသတ်ယောက်ျားဟု မြင်တတ်မှသာ ခန္ဓာငါးပါးကို ခင်သော တဏှာ သေမည် ဖြစ်၏။ ခန္ဓာငါးပါးကို သူသတ်ယောက်ျား ဟု မြင်အောင် ရှုပုံက တစ်မျိုးဖြစ်သည် ဆို၏။ ။ [နှာ-၂၈] ဝဓ တောနှင့် ရှုခြင်း ဖြစ်၏။ ခန္ဓာ ရှိသမျှ အသေမလွတ်ပါ။ ခန္ဓာ မရှိမှသာ အသေလွတ်သည်။ ။ [နှာ-၃၈]  ခန္ဓာနိရောဓာ နိဗ္ဗာနံ ဖြစ်၏။ တဏှာသတ်မှ အထက်မဂ်ကို ရသည်။ အောက် မဂ်ကို လိုချင်လျှင် ဒိဋ္ဌိကို သတ်ရမည်ဟု ဟောထားသည်။ [နှာ-၃၉]

(မှတ်ချက်- ဤတရားတွင် တရာသတ်မှု၊ ပယ်မှုကို ဦးစားပေး ဟောတော် မူသည်။ သို့သော် ခေါင်းစဉ်တွင် “ဒိဋ္ဌိ ပြုတ်ရင် သောတာပန် တည်သည်”ဟု ခေါင်းတတ်ထားသည်မှာ လွဲနေသယောင် ထင်ရသည်။)

၂။ တဏှာသတ်ရင် သကဒါဂါမ် တည်နိုင်ကြောင်း

[ ၂၀-၁-၆၀ နေ့က မိုးကုတ်မြို့ မင်္ဂလာတိုက်မှာ ဟောသောတရား ]

ယနေ့ သီးသန့် တရားတစ်ပုဒ်ကို ဟောမည်ဟု အစချီလျက် ဤတရားကို ဟောပါသည်။ အဖိုးတန်မည့် တရား ဖြစ်သည်ဟု ဆိုသည်။ ပုထုဇဉ်တွေ စိတ်ထဲမှာ ကံအမိ၊ ကံအဖဟု ယူဆ ထားကြကြောင်း၊ နေရာတကာ ကံကိုသာ ရိုးမယ်ဖွဲ့နေကြကြောင်း၊ ကံသည် လူသွားရာ အရိပ် လိုက်ပါသလို၊ နွားသွားရာ လှည်းဘီး လိုက်ပါနေသလို ဖြစ်သည်ဟု ယူဆတတ်ကြကြောင်း ဟောပြသည်။ စေတနာသည် ကံဆိုသောကြောင့် ကံသည် နာမ်တရား ဖြစ်သည်။ နာမ်တရားသည် ကံလုပ်ပြီး  ကတည်းက ချုပ်သွားပြီ ဖြစ်၏။ လူတွေ ထင်သလို လိုက်နိုင်သော သတ္တိ သူ့မှာမရှိကြောင်း ဟောသည်။ [နှာ-၄၁] သို့သော် လူတွေ စိတ်ထဲမှာ ကံက လုပ်ပြီးလျှင် မချုပ်ဘဲ အထည်ဒြပ် ပါပြီး နောက်က လိုက်နေသလို ယူဆနေကြသည်။ ဤသို့ ကံကို အမြဲ လိုက်နေသော အရာတစ်ခုဟု ရှုမြင်ပါက သဿတဒိဋ္ဌိ ဖြစ်တော့သည်။ [နှာ-၄၂]

ဤသို့ ယူဆလျှင် မှားသောကြောင့် ဆရာသမားက အယူ ဖြောင့်အောင် လုပ်ပေးရမည်ဟု ဆိုသည်။ ဤတွင် ဆရာတော်က ကံသည် နာမ်ဓမ္မ ဖြစ်သောကြောင့် လုပ်ပြီးလျှင် ဖြစ်ပျက် ဖြစ်ပုံကို ဟောသည်။ ကံလည်း ဖြစ်ပျက်ပဲ ဖြစ်သည်။ ပြီးမှ အင်္ဂုတ္တိုရ် ပါဠိတော်မှာ တိုက်ရိုက် ဟောတာရော၊ ဆောင်ဟောထားတာရော ရှိကြောင်းပြသည်။  [နှာ-၄၄]  တိုက်ရိုက် ယူရမည့် တရားကို တိုက်ရိုက် ယူရမည်။

ဆောင်ဟောသော တရားကို သွယ်ဝိုက်၍ အဓိပ္ပာယ် ကောက်ယူရမည်။ မယူလျှင် ဘုရားကိုရော၊ တရားကိုပါ စွပ်စွဲရာ ကျသည်။ [နှာ-၄၅] ကံသည် အရိပ်ပမာ လိုက်နေသည်။ “ဆာယာဝ အနပါယိနီ” ဆိုသော စကားသည် ဆောင်ဟော တရား ဖြစ်သည်ဟု ရှင်းပြသည်။ [နှာ-၄၆] နေယျတ္ထတရား ဖြစ်၏။ ဘာကြောင့် ဤသို့ဟောသလဲ ဆိုလျှင် မိမိတို့ ပြုထားသော ကံတွေသည် အလကား ဖြစ်သွားတာပဲဟု ယူလိုက်မည် စိုးသောကြောင့် ဆောင်ရသည်ဟု သုံးသပ်ထားသည်။ [နှာ-၄၇]

ဒါကြောင့် နီတတ္ထ ဒေသနာကို တိုက်ရိုက် မယူအပ်ဟု ဆိုသည်။ [နှာ-၄၈] တိုက်ရိုက် ယူလိုက်လျှင် ကမ္မသကတဉာဏ် ဖြစ်သော်လည်း သဿတဒိဋ္ဌိဘက် ရောက်သွားသည်။ ဒါကြောင့် ဘယ်လို ယူရမလဲ ဟောမည် ဆိုသည်။ [နှာ-၅၂] ကံကို နာမ် ရုပ်က အကြောင်း ပြုလိုက်သောကြောင့် အလားတူ နာမ်ရုပ် တစ်ခု ပေါ်သည်ဟု ယူရမည်။ [နှာ-၅၃] ဒီဘဝက နာမ် ရုပ်ကလည်း မလိုက်ဘူး။ နာမ်ရုပ် အသစ်တစ်ခုလည်း ပေါ်သည်ဟု ယူရမည်။ အကြောင်းအကျိုးပဲ ဆက် သည်။ အထည် မလိုက်ကြောင်း ပြသည်။ ပဋ္ဌာန်း ပါဠိတော်၌ “အနန္တ ရ နိရုဒ္ဓါ စိတ္တသောသိကာ ဓမ္မ ပဋုပ္ပန္နာနံ စိတ္တ စေတသိကာနံ ဓမ္မာနံ အနန္တရ ပစ္စယေန

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)