Skip to product information
1 of 2

Other Websites

ဆန်းလွင် - ဖီလိုဆိုဖီကကြီးခခွေး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဤစာအုပ်တွင် ဖီလိုဆိုဖီခေါ် သဘာဝတ္တဗေဒပညာနှင့် စပ်လျဉ်းသည့် အခြေခံ သိမှတ်ဖွယ်ရာများကိုသာ ရေးသားထားသောကြောင့် စာအုပ်၏ အမည် ကိုလည်း “ဖီလိုဆိုဖီ ကကြီး ခကွေး”ဟု ပေးထားပါသည်။

ဖီလိုဆိုဖီ၏ အခြေခံ သိမှတ် တွေးခေါ်မြော်မြင်ဖွယ်ရာများဟု ဆိုစေ ကာမူ၊ ဖီလိုဆိုဖီ တိုးတက်ဖြစ်ထွန်းလာပုံ သမိုင်းစဉ်နှင့်တကွ ကမ္ဘာ့အတွေး အခေါ် သမိုင်းတွင် ရှိနေသည့် တွေးခေါ်မြော်မြင်မှုဆိုင်ရာ ပြဿနာများကို လည်း တတ်အားသမျှ ထည့်သွင်းဖော်ပြထားပါသည်။

ခေတ်နှင့်အညီ လူမှုရေးအခြေခံ အတွေးအခေါ် ပြောင်းလဲမှုအတွက် ကြိုးပမ်းနေကြချိန်၌ ဤစာအုပ်သည် တစ်တပ်တစ်အားပင် မဟုတ်စေကာမူ တစ်ပိုင်းတစ်စအနေနှင့် ပါဝင်လိမ့်မည်ဟု ယုံကြည်ပါသည်။

ခေတ်နှင့်အညီ လောကီရေး အတွေးအခေါ်ဖြစ်၍ မူနှင့် စနစ်(ဘောင်) ပါသည့် သိပ္ပံနည်းကျ သဘောတရားဖြစ်သည်။ သဘာဝတ္တလောကကြီး ကို သိရှိနားလည်၍ လူသားအတွက် အကျိုးရှိအောင် အသုံးချနိုင်ရေးသည် ဖီလိုဆိုဖီ၏ အဓိကရည်ရွယ်ချက်ဖြစ်၏။ ဤလောကကြီး၏ ဖြစ်ပျက် ပြုပြင်မှုများကို လူသားသည် ဖီလိုဆိုဖီမှလွဲ၍ မည်သည့်နည်းနှင့်မျှ မသိနိုင်။ ထို့ကြောင့် လူသည် မိမိလက်လှမ်းမှီရာ ရုပ်လောကအတွင်းမှ ဖြစ်ပျက်ပြုပြင် ဖန်တီးမှုများကို စနစ်တကျသိရှိရန် စူးစမ်းရမည်။

လက်လှမ်းမှီသော လောကကြီးကိုပင် အကုန်အစင် မသိနိုင်သေးဘဲ လျက် မိမိလက်လှမ်းမမှီသော ဘဝများကို တွေးတောစိတ်ကူးယဉ်ခြင်းမျိုး ကား သိပ္ပံနည်းကျ အတွေးအခေါ်မဟုတ်။

မြန်မာစာပေလောက၌ အတွေးအခေါ်စာတမ်းများ ပေါ်ပေါက်ခဲ့ဖူး သည်။ သို့သော် ထိုအတွေးအခေါ်များမှာ လောကုတ္တရာရေးဘက်သို့ ယိုင်သော အတွေးအခေါ်ချည်းလိုလိုဖြစ်၍ လောကီရေး အတွေးအခေါ်များမပါ သလောက် ရှိခဲ့သည်။

( အနောက်နိုင်ငံများတွင် သိပ္ပံပညာ တိုးတက်ထွန်းကားလာရသော အခြေခံ ပဓာနအကြောင်းတရားကို ရှာဖွေသောအခါ လောကီရေးဆိုင်ရာ အတွေးအခေါ် (ဖီလိုဆိုဖီ) ထွန်းကားခြင်းကြောင့်ဖြစ်ကြောင်း အထင်အရှား တွေ့ရပေမည်။ ထို့ကြောင့် သိပ္ပံပညာထွန်းကားသော ဤခေတ်ထဲတွင် အသက်ရှင်နေကြရသော ကျွန်ုပ်တို့မှာလည်း ကြီးကျယ်မြင့်မားနေပြီဖြစ်သော သိပ္ပံအဆောက်အအုံကြီးကိုသာ မလေ့လာဘဲ ထိုအဆောက်အအုံကြီး ပေါ် ပေါက်လာအောင် အခြေခံထားသော အုတ်မြစ်ကြီးကိုပါ သိဖို့လိုပြီဖြစ်သည်။ ထိုအုတ်မြစ်ကား အခြားမဟုတ်၊ သဘာဝတ္ထလောကကြီးကို အသိဉာဏ်ဖြင့် စူးစမ်းလေ့လာ အဖြေရှာသော ဖီလိုဆိုဖီပညာရပ်ပင်ဖြစ်၏။

ဖီလိုဆိုဖီပညာကို စာသင်သားများနှင့်တကွ အတွေးအခေါ်ကို လေ့လာလိုက်စားသူများ၊ အခြေခံ က,,မှစ၍ သိအောင်သာ ဤစာအုပ် တွင် ကြိုးပမ်းထားပါသည်။ ဤစာအုပ်သည် ဖီလိုဆိုဖီပညာ၏ အစသာ ဖြစ်ပြီး ဤပညာ၏ နက်နဲကျယ်ဝန်းပုံကို ရှေ့တိုးလေ့လာကြရန် သွေးဆွပေး ရုံမျှသာ ရှိပါသေး၏။

ယုတ္တိတန်သော အတွေးအခေါ်များ၊ သိပ္ပံနည်းကျသော အတွေးအခေါ် များဖြင့် ကျွန်ုပ်တို့သည် ပိုမိုကောင်းမွန်သာယာသော လူ့ဘောင်သို့ ချီတက် ကြပါစို့။

ဆန်လွင်

 

အခန်း (၁)

ဖီလိုဆိုဖီ ဆိုတာ ဘာလဲ

ဖီလိုဆိုဖီ (Philosophy) ဆိုသည်မှာ ခေါမဘာသာစကားဖြစ်သည်။ (ဖီလို- မြတ်နိုးခြင်း+ဆိုဖီယာ- အသိပညာ) အဓိပ္ပာယ်မှာ အသိပညာကို မြတ်နိုးခြင်း၊ လေ့လာလိုက်စား အပတ်တကုတ်ရှာဖွေဆည်းပူးခြင်းဟု စကား လုံးအဓိပ္ပာယ်ရသည်။

ဤစကား၏ ကျယ်ပြန့်သောအဓိပ္ပာယ်မှာ လောကအတွင်းရှိ အရာ ဝတ္ထုတို့၏ သဘာဝတ္ထအနေအထားများကို ခြုံ၍တစ်မျိုး၊ အနုစိတ်၍တစ်ဖုံ လေ့လာ၍ သိရှိနားလည်အောင် ကြိုးပမ်းခြင်းသည် ဖီလိုဆိုဖီမည်၏။ ထိုသို့ လောကဆိုင်ရာ အသိတရားများကို ရရှိရေးနှင့် ထိုအသိတရားများကို လူသားအတွက် အသုံးချရေးသည် ဖီလိုဆိုဖီ၏ကိစ္စဖြစ်သည်။

သို့ရာတွင် ဖီလိုဆိုဖီသည် သိပ္ပံပညာကဲ့သို့ ဓာတ်ခွဲခန်းဖြင့် လောက ဆိုင်ရာအမှန်တရားများကို ခွဲစိတ်ဝေဖန်သော ပညာမဟုတ်။ တက္ကဗေဒ နည်းစနစ်များဖြင့် ထိုအမှန်တရားများကို သဘောတရားသက်သက် လေ့လာ စိစစ် စူးစမ်းဝေဖန်သော ပညာဖြစ်သည်။

လူသည် အဘယ်ကဲ့သို့သော သတ္တဝါဖြစ်သနည်း။ အခြားသတ္တဝါများ နှင့် လူသည် အဘယ်သို့ ခြားနားပါသနည်း စသည့်မေးခွန်းများမှ လောက သဘာဝကြီးတစ်ခုလုံးကို စူးစမ်းလေ့လာခြင်းသည်လည်း ဖီလိုဆိုဖီမည်၏။

ထိုသို့ တွေးခေါ်မြော်မြင်ရာ၌ မိမိတို့ထင်သလို ပရမ်းပတာ တွေးတော စိတ်ကူးယဉ်ခြင်းမျိုးကို ဖီလိုဆိုဖီဟု မခေါ်ပေ။ ဖီလိုဆိုဖီသည် စည်းကမ်း၊ ဘောင်၊ စနစ်ဖြင့် တွေးခေါ်မြော်မြင်ရေးသဘောတရားသာဖြစ်သည်။

ဖီလိုဆိုဖီသည် ရာဇဝင်၊ သင်္ချာ၊ ရူပဗေဒ၊ စိတ္တဗေဒ၊ ဓာတုဗေဒ စသည့် ဘာသာရပ်များကဲ့သို့ သဘာဝ၏အစိတ်အပိုင်းတစ်ခုကိုသာ ဝ,ကွက် ၍ လေ့လာခြင်းမျိုးကားမဟုတ်။ လောကကြီးတစ်ခုလုံးကိုခြုံ၍ စဉ်းစားတွေး ခေါ်ခြင်းမျိုးသာဖြစ်သည်။

ဖီလိုဆိုဖီ တိုးတက်ထွန်းကားလာပုံ

အနောက်တိုင်း ဖီလိုဆိုဖီသည် ခေါမလူမျိုးတို့၏ လူမှုအဖွဲ့အစည်း မှ စတင်တိုးတက်ထွန်းကားလာသည်ဟု မှတ်ယူကြသည်။ ခေါမလူမျိုးတို့ သည် သဘာဝရုပ်လောကကြီး၏ အပြောင်းအလဲများ၊ အဖြစ်အပျက်များကို မြင်တွေ့ရသောအခါ ဦးစွာအံ့သြမိကြသည်။ ထိုသို့ အံ့သြရာမှ တစ်စတစ်စ ထိုအဖြစ်အပျက်၊ အပြောင်းအလဲများမှာ ဘာကြောင့်ဖြစ်နေရသနည်းဟု သိချင်လာကြသည်။ ဤတွင် ဖီလိုဆိုဖီစတင်ခဲ့လေသည်။

သို့ရာတွင် ဖီလိုဆိုဖီစတင်ပေါ်ပေါက်လာချိန်က ခေါမတိုင်းသားတို့၏ အသိဉာဏ်နုနယ်မှုကြောင့် ဘာသာရေးနှင့် ဖီလိုဆိုဖီကို မခွဲနိုင်ဘဲရှိခဲ့သည်။

လောကအဖြစ်အပျက်များကို ပြုပြင်ဖန်တီးမှုများရှိရမည်။ ထိုပြုပြင် ဖန်တီးနေသောအရာသည် အဘယ်အရာနည်း။ ဤမေးခွန်းသည် အရေး ကြီးလာခဲ့၏။

ခေါမတွေးခေါ်ရှင်များသည် ဖြစ်ပျက်ပြုပြင်ပြောင်းလဲမှုများ၏ နောက် ကွယ်မှ မပြောင်းလဲသောအမှန်တရားကြီးကို တွေးခေါ်မြော်မြင်ခဲ့ကြသည်။ သူတို့သည် အထက်ပါမေးခွန်းတစ်ခုအတွက် အဖြေအမျိုးမျိုးကိုလည်း ပေးခဲ့ကြသည်။ သို့ရာတွင် သူတို့၏ ဖီလိုဆိုဖီသည် ရုပ်လောကကိုလွန်၍ စဉ်းစားသောအတွေးအခေါ်သာ ဖြစ်ခဲ့သဖြင့် ယုတ္တိမတန်ခဲ့ပေ။

မည်သို့ပင်ဆိုစေ သူတို့၏ကြိုးပမ်းမှုများ၊ ကမ္ဘာ့တွေးခေါ်မှုသမိုင်း၌ နောင်အခါ ထင်ရှားလာမည့် သိပ္ပံပညာကိုလည်းကောင်း၊ သင်္ချာနှင့် အခြားပညာရပ်များအတွက်လည်းကောင်း များစွာအကျိုးသက်ရောက်မှုရှိခဲ့ လေသည်။

အာရစ္စတိုတယ် လက်ထက်သို့ ရောက်သောအခါတွင်ကား ခေါမအတွေးအခေါ်များသည် သိပ္ပံဆန်လာသည်ကို တွေ့ရပေသည်။ လူရေး  လူရာများ၊ လူ၏သိမှုဆိုင်ရာနည်းလမ်းများကိုလည်း ခေါမတွေးခေါ်ရှင်များ တွေးခေါ်ခဲ့ကြလေသည်။

ခေတ်သစ်သို့ရောက်သောအခါတွင်ကား အတွေးအခေါ်၏ ပုံသဏ္ဌာန် ပြောင်းလဲသွားသည်။ ရုပ်လောကကြီးနှင့် လူသား၏ အဇ္ဈတ္တသန္တာန်တို့ ဆက်စပ်ပုံကို တွေးခေါ်လာကြသည်။ ဤလောကကြီးသည် ရှိ၏။ ထိုလောကကို လူသည် မည်သို့သိနိုင်သနည်း။ လူသိသောအရာသည် စစ်မှန်ပါ ၏လော စသည့်သိမှုဆိုင်ရာ ပြဿနာသည် ကြီးကျယ်လာလေသည်။

အနောက်နိုင်ငံများ၌ သိပ္ပံပညာထွန်းကားလာပြီဖြစ်သောကြောင့်လည်း ဖီလိုဆိုဖီသည် တဖြည်းဖြည်းပို၍ စနစ်ကျလာသည်။ သို့ရာတွင် ရုပ်လွန် တွေးတောမှုများကား ပပျောက်သွားခြင်းမရှိခဲ့ပေ။

၂၀ ရာစုနှစ်အတွင်းသို့ ဝင်ရောက်လာသောအခါတွင်ကား ကမ္ဘာပေါ် တွင် သိပ္ပံပညာ၏အရှိန်အဝါလည်း များစွာတိုးတက်ထွန်းကား ကြီးမား လျက်ရှိလေပြီ၊ တက္ကဗေဒမှာလည်း အကြီးအကျယ်ထွန်းကားနေပြီဖြစ်ပေရာ တွေးခေါ်ရှင်များသည် ဖီလိုဆိုဖီဆိုင်ရာ အမြင်များကို ပြောင်းလဲလာကြ လေသည်။ တက္ကဗေဒသည် သင်္ချာဘာသာ၏အခြေခံဖြစ်သကဲ့သို့ ဖီလိုဆိုဖီ သည်လည်း သိပ္ပံပညာ၏ အခြေခံဖြစ်သည်ကို မြင်လာကြသည်။

ဖီလိုဆိုဖီသည် သိပ္ပံပညာနှင့် တစ်သားတည်းဖြစ်နေကြောင်း တွေ့ရှိ လာသောအခါ ဖီလိုဆိုဖီဆိုင်ရာ တွေးခေါ်ပုံနည်းလမ်းများမှာလည်း သိပ္ပံ နည်းကျဖြစ်လာလေသည်။

စင်စစ် ဖီလိုဆိုဖီသည် လူသား၏ဘဝအမြင်ဖြစ်၍ ထိုဘဝအမြင်သည် လူသားအား ပိုမိုကောင်းမွန်တိုးတက်သော အခြေအနေသို့ ရောက်အောင် ပို့ဆောင်သော မီးရှူးတန်ဆောင်ဖြစ်သတည်း။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)