ဆင်ဖြူကျွန်းအောင်သိန်း - လယ်သမားသူပုန်
စာရေးဆရာ ဆင်ဖြူကျွန်းအောင်သိန်းကို မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ်၊
ယမ်းဖိုကုန်းရွာတွင် အဖ ယာသမားကြီး ဦးရွှေစံနှင့် အမိဒေါ်ငွေစင်တို့မှ ၁၉၂၈ နိုဝင်ဘာ ၁၀ တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းလေးယောက်တွင် စတုတူဖြစ်ပြီး အမည်ရင်းမှာ ဦးကြည်အေးဖြစ်၏။
ဒုတိယကမ္ဘာစစ်မတိုင်မီက ဆင်ဖြူကျွန်း ဒိစတြိတ်ကောင်စီ အထောက်အပံ မူလတန်းကျောင်းနှင့် ဆင်ဖြူကျွန်းဦးဖိုးသိန်း အလယ်တန်းကျောင်းတို့တွင် မူလတန်းနှင့် အလယ်တန်းပညာများ သင်ခဲ့၏။ ဒုတိယကမ္ဘာစစ်အတွင်း ဆင်ဖြူကျွန်းဆရာနွယ် အထက်တန်းကျောင်းတွင် အထက်တန်းပညာသင်ခဲ့သည်။ ၁၉၅၅တွင် ဂွတ္တလစ်
ကျောင်းသားဂုဏ်ရည် အလွတ်ပညာသင်ကျောင်း၌ ဆက်လက်ပညာသင်ယူခဲ့ရာ ၁၉၅ရတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည်။ '
၁၉၅၅-၅၈တွင် “ရုပ်ရှင်ပဒေသာ' မဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာ၊ ၁၉၅၈၅၉ တွင် “ရုပ်ရှင်လောက'၊ 'ယနေ့ရုပ်ရှင်” နှင့် “နတ်သျှင်နောင်' စာစောင်တို့တွင်
တာဝန်ခံအယ်ဒီတာ၊ ၁၉၆၃တွင် “တံခွန်ဂျာနယ်” အယ်ဒီတာအဖွဲ့ဝင်၊ ၁၉၆၄-၆၅တွင် “ကာနယ်ဇင်း'၌ တာဝန်ခံ အယ်ဒီတာအဖြစ် အမှုထမ်းခဲ့သည်။
မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ စာရေးဆရာ စာပေကလပ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ စာရေးဆရာသမ္မဂ မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း၊ မြန်မာနိုင်ငံ စာပေဝါသနာရှင် အဖွဲ့၊ ကမ္ဘာငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ)၊ စာပေလုပ်သားအဖွဲ့၊ | စာပေနှင့် စာနယ်ဇင်း အဖွဲ့တို့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၉၅၉ မှ ၁၉၆၁ အထိ ရုပ်ရှင်ဇာတ်လမ်း မှတ်တမ်းတင်သူ၊ တွဲဖက်ဒါရိုက်တာစသည်ဖြင့် လုပ်ကိုင်ခဲ့သည်။၁၉၅၁ တွင် “ရွှေဇင်' ကလောင်အမည်ဖြင့် “တိုင်းသစ် ဂျာနယ်” တွင် ကဗျာများ စတင်ရေးခဲ့သည်။ ၁၉၅၃ တွင် “ဆင်ဖြူကျွန်းအောင်သိန်း” ကလောင်အမည်ဖြင့် ကဗျာများ စရေးသည်။ ၁၉၅၃ သွေးသောက်မဂ္ဂဇင်းပါ “စွပ်ကြယ်” သည် ဆင်ဖြူကျွန်းအောင်သိန်း၏ ပထမဆုံး ၀တ္ထုတိုဖြစ်သည်။ “လွမ်းယမုံဦး’ ၁၉၅၅ သည် သူ၏ ပထမဆုံး လုံးချင်းဝတ္ထုဖြစ် သည်။ “ကိုဆေးရိုး' အဓိက ဇာတ်ဆောင်ပြု ဝတ္ထုများသည် သူ၏ ထင်ရှားသော ဝတ္ထုတိုများ ဖြစ်၏။ ထိုဝတ္ထုတိုများကို ပေါင်း၍ ကိုဆေးရိုး အတွဲ ၁၁ တွဲ ထုတ်ဝေခဲ့ပြီးဖြစ်သည်။
ဆင်ဖြူကျွန်းအောင်သိန်း ကလောင်နာမည်အပြင် အမည်ရင်း ဦးကြည်အေး ဖြင့်လည်း စာအုပ်များ ရေးသားခဲ့သည်။ ဦးအောင်သိမ်းမြတ်၊ ဦးသိန်းဇံ ဇင်အောင်၊ မင်္ဂလာချင်အောင်၊ ဆီညောင်အောင်၊ စိုင်းဖျင်အောင် စသည်ဖြင့် ကလောင်အမည်ခွဲ ၂၀ကျော်ဖြင့်လည်း ဝတ္ထုတို၊ ဆောင်းပါးများ ရေးသားခဲ့သည်။
၁၉၉၀ တွင် ကိုဆေးရိုး (၄) ဖြင့်အမျိုးသားစာပေ (ဝတ္ထုတိုပေါင်းချုပ်) ဆု၊ ၁၉၉၆ တွင် ကိုဆေးရိုး (၆) ဖြင့်အမျိုးသားစာပေ (ဝတ္ထုတိုပေါင်းချုပ်) ဆုတို့ကို ရရှိခဲ့သည်။ ၁၉၉၈ တွင် အရှေ့တောင်အာရှ စာပေဆု ချီးမြှင့်ခြင်းခံရသည်။
၁၉၉၉တွင် ဝိဇ္ဇာပညာထူးချွန် (ပထမအဆင့်)၊ ၂၀၀၄တွင် ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆု၊ ၂၀၀၅ တွင် အမျိုးသားစာပေဝတ္ထုရှည်ဆုနှင့် ၂၀၀၅ ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာစာပေဆုတို့ကို နိုင်ငံတော်မှ ချီးမြှင့်ခဲ့သည်။
ဆရာဆင်ဖြူကျွန်းအောင်သိန်းသည် ယခုအခါ ရန်ကုန်မြို့၊ သာကေတ မြို့နယ်၊ အရှေ့ရပ်ကွက်တွင်နေထိုင်ရင်း စာပေများ ဆက်လက်ရေးသားလျက်ရှိသည်။
သာမျိုးအရကို
အစုံဖန်ပေါ့
ရဂုံစံချစ်စရာတပည့်တို့မှာ
ဂျုံအရဟံသစ္စာကတိတွေနှင့်
ဂဠုန်သရဏံဂစ္ဆာမိကြပေတော့ ....
မစ္စတာမောင်မှိုင်း
ပထမပိုင်း
တစ်
ခရစ်နှစ် ၁၈၈၈ခု၊ ဂျူလိုင်လ တစ်ရက်နေ့၊ နံနက် ၁၀ နာရီခန့်တွင် ဖြစ်ပေ၏။
ဇီးကုန်းမြို့၏ နက်ခင်းကာလသည် ခါတိုင်းနေ့များနှင့်မခြား၊ စည်ကားလှုပ်ရှား လျက်ရှိသည်။ ကုန်သည်ပွဲစားများသည် ဈေးနားနှင့် ဘူတာရုံတစ်ဝိုက်တွင် သားကောင်ကို မုဆိုးချောင်းသကဲ့သို့ အချက်ကောင်း အကွက်ကောင်းကို စောင့်ဆိုင်းမျှော်လင့်နေကြ၏။
တောသားကြီးသုံးယောက်သည် ဘူတာရုံထဲမှ ရေးကြီးသုတ်ပျား ထွက်လာကြသည်။ ဈေးသွားဈေးပြန်များကမူ အေးဆေးလေးကန်စွာ သွားလာနေကြ၏။
ဘူတာရုံထဲမှ ရေးကြီးသုတ်ဖျာထွက်လာသော တောသားကြီးသုံးယောက်သည် ခေါက်ဆွဲဆိုင်တစ်ခုရှေ့သို့ အရောက်တွင် လက်ဝဲဘက်လမ်းချိုးမှ မပြေးရုံတမယ် အသွက် ဆိုင်းလျှောက်လာသော လူတစ်ယောက်ကို မြင်သဖြင့် ခေါက်ဆွဲဆိုင်ထဲသို့ ရုတ်တရက် လှည့်ဝင်လိုက်ကြသည်။ ခေါက်ဆွဲဆိုင်ထဲဝင်ရန် အစီအစဉ်မရှိသောကြောင့်လည်း အရပ် ရှည်ရှည်ထောင်ထောင်မောင်းမောင် သျှောင်ပွကြီးနှင့်လူမှာ ဆိုင်ရှေ့တွင် ပေရမ်းရမ်း ကျန်နေခဲ့ရာ ဆိုင်ထဲသို့ရောက်သွားသော သွားခေါခေါဂင်တိုတို ပုမည်းမည်းလူ၏ အော်ငေါက်ခြင်း ကိုခံရလေသည်။
" သာဒင် မြန်မြန်လာစမ်းပါကွ”
ကိုသာဒင်သည် ဆိုင်ထဲသို့ ယောင်ပေပေနှင့် ဝင်လာကာ ရှေ့ကရောက်နှင့်နေသူ နှစ်ယောက်ရှိနေသော၊ မှောင်၍ချောင်ကျသော စားပွဲသို့ဝင်ရောက်ထိုင်ကာ“ကိုမှင်ကလည်းဗျာ၊ ဘာမပြောညာမပြော ဝင်သွားတော့ ကျန်နေခဲ့တာပေါ့ဗျ။ အလကားနေရင်း ဒေါသတကြီးအော်နေ”
"အော်တာမဟုတ်ဘူးကွ။ဟိုမှာမြင်လား သာဖဲ ဟောဟော”
ဦးမှင်သည် ပြောရင်းဆိုရင်း၊ မိမိအား တစ်ဦးတစ်ယောက်မြင်သွားမည်ကို စိုးသည့်အလား၊ ခေါင်းကိုပုရင်း ပြောသည်။ ဦးမှင်မျက်လုံးရောက်ရာ လမ်းပေါ်တွင်
စောင်ပွကြီးကို ခေါင်းပေါင်းထားသော လူတစ်ယောက်သည် ခေါက်ဆွဲဆိုင်ထဲသို့ လှည့်မကြည့်ဘဲ ဒရောသောပါး ဖြတ်လျှောက်သွား၏။
“ဟုတ်ပါကလား။ ကိုသာပဲ စောစောစီးစီး ဘယ်များသွားမလို့ပါလိမ့်။ ရွာထဲက ထွက်လာတဲ့လူတွေထဲမှာ ကျုပ်တို့အစောဆုံးထင်နေတာ”
“အေး၊ ဒါကြောင့် ငါက ဒီကောင့်အမြင် မခံချင်တာဟေ့”
သူတို့သည် ဦးသား အတော်ဝေးသွားလောက်မှ စားပွဲမှ ထလိုက်ကြသည်တွင်၊ ဆိုင်ရှင်တရုတ်က သူတို့ရှေ့မှာ လာရပ်သည်။ ။
"ဆရာကြီးတို့ ဘာမှမစားဘဲ သွားကြတော့မလို့လား”
"အေးကွ""ဟု ဦးမှင်က ပြီးစလွယ်ပြောကာ တံခါးပေါက်ဆီ ခြေလှမ်း လိုက်လျှင်
“ဘာမှမစားဘဲ ဒီလိုဝင်ထိုင်တာ ဘယ်ကောင်းမလဲ။ ဒါဟာ ဇရပ်မဟုတ်ဘူး” "ဘာကွ”
တစ်ချိန်လုံးတိတ်ဆိတ်ငြိမ်သက်နေခဲ့သော ရွှင်သည် တရုတ်၏မျက်နှာကို တစ်ချက်တည်း စွတ်ထိုးလိုက်ရာ၊ ကိုသာဒင်က လက်ဖျံရိုးဖြင့် ဝင်ခံထားလိုက်သည့် အတွက် တရုတ်မှာ ဇက်ကလေးပူလျက် သက်သာရာရသွား၏။
“မင့်ကို စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့လို့ ငါဘယ်နှခါပြောရမလဲ ရွှင်"
“မဟုတ်ပါဘူးဗျာ၊ ဒီတရုတ်လူပါးဝလွန်းလို့ပါ။ ကျပ်တို့စားရင် သူ့ဆိုင်မှာ အမြဲစားနေတဲ့ဟာကို။ ဟေ့ ခွေးတရုတ်၊ မင်းထမင်း၀၀စားထား၊ မကြာခင်မှာ-”
"ဟေ့ကောင်"
ဦးမှင်၏အသံသည် ခက်ထန်လွန်း၏။ အသံခက်ထန်သလို မျက်နှာထား ကလည်း ကြမ်းတမ်းလွန်းသည်။ ငရွှင်မှာ မျက်စိမျက်နှာပျက်ကာ ကိုသာဒင်အား အသနားခံသော အကြည့်ဖြင့် ကြည့်မိ၏။
“မင်းဟာ၊ ဆိုလေကဲလေ၊ မန်းလေပြဲလေကိုး ရွှင်ရ” ဦးမှင်သည် ရှေ့မှထွက်သွားပြီး ဆိုင်ရှေ့သစ်ပင်အောက်မှ ရပ်စောင့်နေကာ၊သူ့အနားသို့ ငရွှင်နှင့် ဦးသာဒင်တို့ ရောက်လာလျှင် တီးတိုးဆက်ပြောသည်။
“မင်းပါးစပ်မသရမ်းချင်ပါနဲ့ ရွှင်။ မင်းကြောင့် အားလုံးဒုက္ခရောက်ကုန်မယ်။ က် သာဒင်၊ မင်းတို့နှစ်ယောက် ဈေးထောင့်ကစောင့်။ သာဖဲကို ငါမသင်္ကာဘူး၊ လိုက်ပြီး ချောင်းဦးမယ်” ။
“သတိနဲ့သွားနော် ကိုမှင်”
| ကိုသာဒင်နှင့် ငရွှင်တို့ သစ်ပင်အောက်၌ရပ်နေခဲ့၍ ဦးမှင်သည် စောစောက | ကိုသာဒဲ ဖြတ်လျှောက်သွားသော လမ်းအတိုင်း အပြေးအလွှား လိုက်သွားလေ၏။
ထိုလမ်းသည် ရာဇဝတ်ဝန်ကလေး မစ္စတာဟီးလ်၏ အိမ်သို့ဦးတိုက်နေသည်။ ဆယ်မိနစ်ခန့်လျှောက်မိလျှင် ဦးမှင်သည် ရှေ့မှသွားသော ဦးသာဖဲကိုမြင်ရလေပြီ။ ဝန်က လေးအိမ်သည် ခန့်ညားသပ်ရပ်၍ အဝင်လမ်းတစ်လျောက်ဝယ် အုတ်ခဲများကို ထောင့် ၊ ချိုးစိုက်ထောင် တန်းသွယ်၍ ထုံးဖြူများသုတ်ထားသည်။ ထိုအိမ်ဝင်းထဲဝင်ကာနီး၌ ဦးသာဖဲသည် နောက်သို့လှည့်ကြည့်လိုက်ရာ၊ ဦးမှင်က အိတ်ထဲမှ တစ်စုံတစ်ရာ ကျကျန် ခဲ့ဟန်ဖြင့် ဦးသာဇံကို ကျောပေး၍ ကုန်းကောက်နေ၏။
ဦးမှင်သည် ခေါင်းအောက်စိုက်ကာ ဘေးတွင် ခြေထောက်နှစ်ချောင်း၊ အထက် တွင် ပုဆိုးအနား၊ အောက်တွင်မြေကြီး စသည့် ဘောင်လေးဘက်သတ်ထားသော မြင်ကွင်းထဲမှ လှမ်းကြည့်သည်။ မြင်ရသည်မှာ ဦးသာပဲ။
ဦးသာဖဲသည် သုတ်သီးသုတ်ပျားဖြင့် အိမ်ပေါ်သို့တက်သွားရာ၊ လှေကားထိပ် ၌ လူတစ်ယောက်နှင့်ရပ်၍ စကားပြောပြီးနောက်၊ ထိုသူနှင့်အတူ အထဲသို့ဝင်သွားသည်ကို ဦးမှင်မြင်ရလေသည်။
"ဝန်ကလေးကို အရေးကြီးတဲ့ကိစ္စ လျှောက်ထားစရာရှိလို့ တွေ့ပါရစေ စာရေး ကြီးရယ်” ။
ဦးသာဖဲသည် နဖူးမှယိုစီးလာသော ခွေးများကို မသုတ်နိုင်ဘဲ ရာဇဝတ်ဝန် ကလေး၏ ပြာတာအား မောဟိုက်သံဖြင့် ပြောသည်။
“သခင်နေမကောင်းလို့ ဘယ်သူနဲ့မှ တွေ့နိုင်မှာမဟုတ်ဘူး” “အင်မတန် အရေးကြီးတဲ့ကိစ္စမို့ပါ စာရေးကြီးရယ်"
“ခင်ဗျား ဘယ်လောက်ပဲအရေးကြီးကြီး ဒီမှာ သခင်အဖျားတက်နေတယ်ဗျ၊ ဘယ်လိုလုပ်ပြီး စကားပြောမလဲ”
ပြာတာ၏အသံက မာဆတ်တော်ဖြစ်လာ၏။ ဦးသာဖဲကမူ စိတ်လျှော့ဟန်မပြဘဲ အခန်းထဲသို့ လည်တဆန့်ဆန့်ကြည့်နေပြီး တောင်းပန်သည်။“ကျွန်တော့်နာမည် သာဖဲပါ စာရေးကြီး" "သိပါတယ်။ ခင်ဗျားမပြောလည်း ခင်ဗျားသာပဲဆိုတာ သိပါတယ်"
“သာဖွဲ့က သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ကိစ္စတစ်ခု သံတော်ဦး တင်စရာ ရှိတဲ့အကြောင်းကိုသာ လျှောက်ထားပေးပါ။ မတွေ့နိုင်ဘူးဆိုရင် ပြန်ပါ့ မယ်””
"ခင်ဗျား တော်တော်လျှာရှည်တဲ့လူ၊ ကောင်းပြီ ထိုင်နေခဲ့” “ဟုတ်ကဲ့ စာရေးကြီး"
ဦးသာဖဲသည် ပြာတာ၏အမိန့်အတိုင်း ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင် လျက် ကျန်ရစ်ခဲ့သည်တွင် တစ်ဘက်ခန်းမှ အမွှေးဖွားဖွား လျှာတွဲလ်နှင့် ခွေးကြီးတစ် ကောင်ထွက်လာပြီး ဦးသာဖဲကို နှမ်းလေသည်။ ။
“အင်း ဂုတ်ကို ဟပ်လိုက်ရင်တော့ တစ်ချီတည်း သေမှာပဲ"ဟု တွေးမိသဖြင့် ဦးသာဇံ မဝံ့မရဲနရာရွေ့တော့မှ ခွေးကြီးက ဦးသာဖဲ၏မျက်နှာကို လျှာနှင့်လက်လေ၏။
“ဟာ ဒုက္ခပါပဲ”
ဦးသာပဲ ခေါင်းငံ့ထားရာ ခွေးကြီးက ဦးသာဖွဲ့ပါးကို လျက်၏။ ဦးသား လက်ဖြင့်ကာလိုက်သောအခါ ခန်းဆီးအကွယ်မှ မိန်းမအသံတစ်ခု လွင့်ပျံလာသည်။
"မောင်မင်းရဲ့ ပါးကို လျက်တာ မောင်မင်းက ရွံ့တယ်ရှိရသေးသလား၊ ကျွန်ုပ် ရဲ့သားဟာ မောင်မင်းထက်သန့်ပါတယ်"
ရာဇဝတ်ဝန်ကလေးတွင် သားမယားမရှိဟု ဦးသာဖဲသိသည်။ ဤမိန်းမသည် မည်သို့ဖြစ်သနည်းဟု ဦးသာဖဲလှမ်းကြည့်၏။ ဈေးတန်းထဲက ကုန်ခြောက်တန်း၌ ဦးသား မြင်ဖူးသော မိန်းကလေးဖြစ်သည်။ ရုပ်ရည်သနားကမားရှိသော မြန်မာမကလေး ပါတကား။
“ဦးသာဖဲ သခင်က ဝင်ခဲ့တဲ့”
ပြောတာပြန်ထွက်လာပြီး အမိန့်ပေးသဖြင့် ဦးသာဖဲသည် ရာဇဝတ်ဝန်ကလေး၏ အခန်းထဲသို့ ခေါင်းငုံ့ ခါးကုန်းကာ ဝင်လာသည်။
ဦးသာဖဲသည် ခေါင်းငုံ့ထားသည့်အတွက် ကြမ်းပြင်တွင်ခင်းထားသော ကော်ဇော၊ ခုတင်ခြေထောက်တိုင်များနှင့် ဖိနပ်တစ်ရံကိုသာ မြင်ရ၏။
“မော်ဖူးစေ မောင်သာဖွဲ့” မပီမသ တုန်ယင်၍ အားနည်းသောသံကို ကြားရမှ ဦးသားခေါင်းမော့သည်။ “မှန်လှပါဖုရား၊ ကျေးဇူးကြီးလှပါ ဖုရား”
ခုတင်ပေါ်တွင် ရာဇဝတ်ဝန်ကလေး မစ္စတာဟီးလ်သည် နီရဲသောမျက်နှာ၊ တုန်ခိုက်သောကိုယ်ဖြင့် ထိုင်နေပေ၏။
"ဘာအကြောင်းရှိလဲ မောင်မင်း၊ သခင်နေမကောင်းဘူး၊ ရိုးမငှက် အားကြီး ဆိုးတယ် မောင်မင်း”
ဦးသာဖွဲ့သည် လက်နှစ်ဖက်ယှက်၍ ရှိခိုးပြီးပြော၏။
“မှန်လှပါ၊ ရိုးမငှက်ဟာ အင်မတန်ဆိုးကြောင်းပါသခင်၊ ကျွန်တော်မျိုးတို့ သွားနေကျ လာနေကျ ဆင်းရဲသား တောသူတောင်သားများပင်လျှင် ရိုးမငှက် နှိပ်စက်၍ အသက်ဆုံးရှုံးရကြောင်းပါ ဖုရား”
“မောင်မင်းရဲ့ အရေးကြီးကိစ္စကို သံတော်ဦးတင်ပါဦး မောင်သာပဲ”
“မှန်လှပါ၊ ဘုန်းတော်အလွန်တရာ ကြီးမြတ်တော်မူသော ဗြိတိသျှ ဧကရာဇ် သခင်အား ပုန်စားပုန်ကန်ပြုရန် လူစုနေကြကြောင်းပါ ဘုရား”
“မောင်မင်း ဘာပြောတယ် ။
မစ္စတာဟီးလ်သည် ခုတင်ပေါ်မှ ခုန်ဆင်းကာ ဦးသာဖဲရှေ့တွင် ကားကားကြီး ရပ်နေမိကာ "မောင်မင်း မရူးပါဘူးနော်"ဟုဆို၏။
“ကျွန်တော်မျိုး မရူးပါဘူး ဖုရား”
မစ္စတာဟီလ်သည် တဆတ်ဆတ်တုန်နေသော ငှက်ဖျားတက်ခြင်း ပျောက် ကင်းလျက် အခန်းဆီသို့ ဖျပ်လတ်စွာသွားလျက် တံခါးကို ဆွဲပိတ်လိုက်လေ၏။
"ထပ်ပြီးလျှောက်ထားစမ်း သောဖဲ”
ဦးသာဇ် စိုးစဉ်မျှမတုန်လှုပ်ဘဲ လယ်သမားများ ပုန်ကန်ထကြွရန် လူစုနေသည့် သတင်းကို နေရာဒေသအတိအကျ အမည်နာမ အပ်ချမတ်ချ ထုတ်ဖော်ပြောကြားလေ၏။
မစ္စတာဟီးလ်၏ အခန်းတံခါးသည် ကျယ်လောင်စွာအသံမြည်လျက် ပွင့်သွား ကား""အင်စပက်တော် သခင်ဒီဒဗလျူရေးကို သွားခေါ်စမ်း မောင်မင်း၊ အရေးကြီးတယ် လို့ပြော” အမိန့်ပေးသည်။
ပြာတာသည် သခင့်အလိုကျ အပြေးဆင်းသွားလေ၏။ မစ္စတာဟီးလ်သည် ဦးသာဖဲ၏လက်ကိုဆွဲကာ အခန်းထဲမှ ထွက်လာပြီး ထမင်းစားခန်းထဲသို့ ဝင်လာသည်။
"ထိုင်ပါ မောင်သာဖဲ၊ သခင် အများကြီးကျေးဇူးတင်တယ်” ။
ချိုသာသောမျက်နှာဖြင့် စိုက်ကြည့်ရင်း စားပွဲထိုးအား လက်ဖက်ရည်နှင့် မုန့်ယူလာရန် မှာကြား၏။ မစ္စတာဟီးလ်သည် ဦးသာဖဲ၏ကျောပြင်ကို လက်ဝါးကြီးဖြင့် ထပ်မနား ပွတ်သပ်နေသည်။ မုန့်ကိုဒို့မတတ်လုပ်၍ စီးကရက်ကို ကိုယ်တိုင်ညှိပေး၏။
"သခင် ကောင်းသွားပြီလား ဟင်” ထိုအသံကို ကြားလိုက်ရသောအခါ မစ္စတာဟီလ်မျက်နှာကြီးသည် နီရဲသွား၏။
အသံရှင်မှာ စောစောကခန်းဆီးကြားတွင် ဦးသာဖဲမြင်လိုက်ရသော မိန်းကလေးဖြစ်သည်။
“ဒါလင် နှိပ်ပေးပါရစေဆိုတော့ မရဘူး၊ အခုတော့ ကျေးကျွန်တစ်ယောက်နဲ့ တစ်စားပွဲတည်းထိုင်ပြီး စကားပြောနေလိုက်တာ” မိန်းကလေးသည် စားဖိုဆောင်ဟု ယူဆရသော အခန်းထဲမှထွက်လာကာ ဖြည်းညှင်းစွာ ချဉ်းကပ်လာ၏။
“သွားစမ်း မစောလှိုင်၊ သခင်နေမကောင်းလို့ မင်းကိုအလိုမရှိဘူး။ သခင် နေကောင်းတဲ့အခါမှာ ပြောတာကို အခေါ်လွှတ်လိုက်မယ်၊ အခု ပြန်သွားပါ”
“ရက်စက်လှချည့်လား သခင်ရယ်” - “သွားပါ မစောလှိုင်၊ သခင်စိတ်ဆိုးလာပြီ" , "ကောင်းပါပြီ သခင်”
ဦးသာဇံ မရဲတရဲ လှမ်းကြည့်လိုက်စဉ်တွင် မစောလှိုင်ဟုခေါ်သော မြန်မာ အမျိုးသမီးကလေးသည် ညှိုးငယ်စွာဖြင့် နောက်တို့ ဝင်သွားရှာသည်။
ခဏကြာလျှင် ပြာတာသည် တမောတပန်းပြန်ရောက်လာ၏။ “အင်စပက် တော်မင်း ရေကင်းမင်းကြီးရွာကို သွားနေပါသတဲ့ သခင်""ဟု အကြောင်းပြန်ကြားသည်။
ရေကင်းမင်းကြီးရွာဆိုသည်မှာ ဇီးကုန်းမြို့၏အနောက်ဘက် မိုင် ၃၀အကွာ တွင် တည်ရှိသော ရွာတစ်ရွာဖြစ်၏။
“အို အရေးထဲ မစ္စတာရေးကလည်း မရှိရပြန်ဘဲကိုး"
ရာဇဝတ်ဝန်ကလေးသည် မိမိဘာသာ မြည်တမ်းလိုက်ရာက “ကောင်းပြီ လူကလေး၊ မောင်ရွှေသောင်ကို သွားခေါ်ချေ။ အင်မတန် အရေးကြီးတဲ့အတွက် အမြန်ဆုံးလာခဲ့ပါလို့ ပြောရမယ်""ဟု ဆက်လက် အမိန့်ပေးလိုက်လေသည်။
ဦးရွှေသောင်ဆိုသူမှာ ရာဇဝတ်ဝန်ကလေး၏လက်အောက်တွင်ရှိသော အင်စ ပက်တော်နှစ်ယောက်အနက်၊ မြန်မာအမျိုးသား အင်စပက်တော်ဖြစ်ပေ၏။
အင်စပက်တော်ချင်းတူစေကာမူ ရာဇဝတ်ဝန်ကလေးသည် မြန်မာအမျိုးသား အင်စပက်တော်ကို အရေးထားသည့် သဘောမျိုးဖြင့် မဆက်ဆံချင်ပေ။ သို့မိုကြောင့် မစ္စတာဒီဒဗလျူရေးကို ပထမအခေါ်ခိုင်းပြီး မစ္စတာရေးမရှိမှ ဦးရွှေသောင်ကို လူရာသွင်းခြင်း ဖြစ်ချေသည်။ မစ္စတာဟီးလ်သည် မိမိ၏ပြာတာ ပြန်ရောက်လာချိန်ကို
စောင့်ဆိုင်းရင်း ထမင်းစားခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏။ လမ်းလျှောက်ရင်းက ဦးသာဖဲထံမှ မိမိသိလိုသမျှကို တစ်စိမ့်စိမ့်မေးမြန်းသည်။ ဦးသာဖဲကလည်း ရာဇဝတ်ဝန်ကလေး မေးသမျှကို အသေးစိတ်ပြောပြနိုင်၏။
မကြာမီ မစ္စတာဟီးလ်၏ပြာတာနှင့်အတူ အင်စပက်တော်မင်း ဦးရွှေသောင် အပြေးအလွှား လိုက်ပါလာသည်ကို လှမ်းမြင်ရသဖြင့် မစ္စတာဟီးလ်သည် ဦးသာဇံကို ထမင်းစားခန်းထဲတွင် ထားခဲ့ပြီး အပြင်ဘက်သို့ ထွက်လာခဲ့သည်။
"ထိုင်ပါ မောင်ရွှေသောင်း ကျပ်တို့ အုပ်ချုပ်တဲ့နယ်မြေမှာ ဗြိတိသျှအစိုးရ မင်းကို ပုန်ကန်တိုက်ခိုက်ဖို့ လူစုနေကြတာကို မောင်ရွှေသောင် သိရဲ့လား”
“ခင်ဗျာ၊ မဖြစ်နိုင်ပါဘူး သခင်”
ဦးရွှေသောင်မှာ ကုလားထိုင်တွင် ထိုင်ရာက တစ်ဝက်တွင် ပြန်ထရပ်ပြီး မစ္စတာဟီလ်အား ထိတ်လန့်စွာ ကြည့်နေလေ၏။
“မောင်ရွှေသောင် ပေါ့လို့မသိပေမယ့် ကျွန်ုပ် အားလုံးသိပြီးပြီ။ မရင်းကိုင်း | ဘုန်းကြီးကို မောင်ရွှေသောင် သိသလား"
"သိပါတယ် ဦးသူရိယတဲ့”
“အဲဒီကျောင်းမှာ သူပုန်ထဖို့ လူစုနေသတဲ့ မောင်ရွှေသောင်။ကျွန်ုပ်ဖျားနေတဲ့ အတွက် ကျွန်ုပ်အမိန့်ပေးသမျှကို အမြန်ဆုံးဆောင်ရွက်ပါ”
"ကောင်းပါပြီ သခင်""ဟုဆိုကာ ဦးရွှေသောင်သည် အိတ်ထဲမှ စာအုပ်နှင့် ခဲတံကို ထုတ်ယူကာ မှတ်သားရန်အသင့်ပြင်သည်။
"သာယာဝတီ အရေးပိုင်ကိုတစ်စောင်၊ ရာဇဝတ်ဝန်ကြီးကို တစ်စောင် သံကြိုး ရိုက်ပါ။ သူပုန်ထဖို့ လူစုနေကြတဲ့အတွက် ဘယ်လိုလုပ်ရမယ်ဆိုတာ အမိန့်တောင်းပါ။ ဒါကို ကျွန်ုပ် လက်မှတ်ထိုးပေးမယ်”
“မစ္စတာကန်တီကိုလည်း အကြောင်းကြားရဦးမလား သခင်"
“အကြောင်းကြားရမှာပေါ့ မောင်ရွှေသောင် မီးရထားရုံပိုင်ဟာလည်း အရေးကြီး တဲ့ပုဂ္ဂိုလ်တစ်ယောက်ပဲ မဟုတ်လား"
“မှန်ပါတယ် သခင်"
“ဘော်လင်းဂါတ်ကို အမြန်ဆုံး ဇီးကုန်းကို ရွှေ့ခဲ့ရမယ်။ ပြီးတော့ ဒီနယ်ထဲမှာ ရှိတဲ့ သူကြီးအားလုံးကိုလည်း လက်ဝယ်ရှိတဲ့ အခွန်တော်ငွေတွေ တစ်ပြားမကျန်ယူပြီး ကနေ့ညအရောက် မြို့ပေါ်လာအိပ်ရမယ်လို့ အမိန့်ထုတ်ပါ"
“သူတို့နဲ့အတူ သူတို့မှာရှိတဲ့ သေနတ်လက်နက်တွေပါ ယူလာခဲ့ဖို့ခိုင်းရရင် မကောင်းဘူးလားသခင်”
“ဟာ ကောင်းတယ်မောင်ရွှေသောင် အမြန်ဆုံးစီစဉ်ပါ။ ကျွန်ုပ် ချမ်းလာပြီ” ဦးသာဖဲကို မသင်္ကာသဖြင့် လမ်းမှ တစ်စေ့တစ်စောင်း ကြည့်နေသော ဦးမှင် သည် မစ္စတာဟီးလ်၏ပြာတာ ပျာယီးပျာယာဖြစ်နေခြင်း၊ ဦးရွှေသောင် သုတ်သီးသုတ်ပျာ ဖြစ်သွားခြင်းများကိုမြင်ရလျှင် ကိုသာဒင်တို့ စောင့်နေမည့်နေရာသို့ အလျင်အမြန် ပြန် သွားလေ၏။
မစ္စတာဟီးလ်၏အိမ်တွင် အဝင်အထွက် ရှုပ်ထွေးသွားခြင်းသည် ဦးသာဇံ ၏စနက်မကင်းဟု ကောင်းစွာမှတ်ပိုက်သွားလေသည်။
အင်စပက်တော် ဦးရွှေမောင်သည် မစ္စတာဟီးလ်ထံမှ တရားဝင်အမိန့်စာများ ရရှိပြီးနောက် ဆက်လက်ဆောင်ရွက်စရာများကို လက်အောက်ငယ်သားများအား ခိုင်းစေ ထားကာ လက်သပ်မွေး အရပ်သား နှစ်ယောက်ကို လုံခြုံသော နေရာတစ်ခုသို့ ခေါ်ယူ
တွေ့ဆုံ၏။
ထိုသူ နှစ်ယောက်မှာ ငချစ်နှင့် ငထွန်းတို့ဖြစ်သည်။ အလုပ်အကိုင် မည်မည် ရရ မလုပ်ဘဲ ခိုးခြင်း ဝှက်ခြင်းဖြင့် အသက်မွေးရာက ပုလိပ်သတင်းပေးအဖြစ် လက်သပ် မွေးခံထားရသူများဖြစ်၏။
“မင်းတို့ မရင်းကိုင်းကို သွားကြရမယ်ဟေ့။ မရင်းကိုင်းကို မရောက်ခင်မှာ တော့ မင်းတို့ကြိုက်သလိုသွားပေါ့ကွာ။ သို့သော်လည်း မရင်းကိုင်းဘုန်းကြီးကျောင်း နားကို ရောက်ရင်တော့ ပုန်းလျှိုးကွယ်လျှိုးသွားရမယ်။ ဘုန်ကြီးကျောင်းမှာ ဘာလုပ်နေ တယ်၊ ဘာပြောနေတယ်၊ လူဘယ်နှယောက်ရှိတယ်ဆိုတာ မှတ်ခဲ့ရမယ်။ ဖြစ်နိုင်မယ် ဆိုရင် ဘယ်သူဘယ်ဝါဆိုတဲ့ အမည်နာမကိုပါ မှတ်သားခဲ့ကြရမယ်” ။
ဘယ်တော့ သွားရမှာလဲဆရာ။ သွားတော့ကော ထွန်းနဲ့ အတူတူသွား
.ရမှာလား”
ချစ်က ဘိန်းငိုက်မပြေသောအသံဖြင့် မေးသည်။
“ဟုတ်တယ် အခုပဲ သွားရမယ်။ မတော်တဆ ဘေးအန္တရာယ်တွေ့ရင် တစ်ယောက်ကတော့ ငါ့ဆီကိုရောက်အောင် ပြန်လာရမယ်”
“ဆရာ့ဟာက အဲဒီမှာ ဘာတွေရှိမှန်းမှ မသိတာ” | ချစ်ကပင် ဘိန်းသံဖြင့်ပြော၏။
“ဟိုရောက်တော့ သိမှာပေါ့ကွာ။ အေး တစ်ခုတော့ သတိပေးမယ်။ တစ်နေရာ မှာ ဝင်အိပ်နေပြီး တော်အောင်လျော်အောင် ပြန်လာရင်တော့ ဟဲ ဟဲ အချုပ်ခန်းပဲ”
“ကပ်သီးကပ်သပ် ဆရာရယ်။ ကျွန်တော် ဘယ်တုန်းကများ ဆရာ့ကို လိမ်ဖူးလို့လဲ"
"ကဲ သွားကြပေတော့။ မြန်နိုင်သမျှ မြန်မြန်သွားပြီး မြန်မြန်ပြန်ခဲ့ရမယ်"
“စိတ်ချပါ ဆရာ”
ငချစ်သည် ပြောပြောဆိုဆိုဖြင့် ထသော်လည်း ငထွန်းက ရီကျဲကျဲနှင့် ကြည့်နေ၏။
“ဘာလဲ ကွမ်းဖိုးဆေးဖိုး လိုချင်ပြန်ပြီလား။ ရပါတယ်ကွာ”
““ဦးရွှေမောင်သည် ဒင်္ဂါးတစ်ပြားကိုထုတ်ယူပြီး ငထွန်း၏လက်ထဲသို့ ထည့်၏။ သို့သော် ငထွန်း၏လက်ချောင်းများ မဆုပ်နိုင်မီ ပြန်ယူကာ အိတ်ထဲသို့ ထည့်လိုက်သည်။
“မဖြစ်သေးဘူးကွ။ မင်းတို့ဟာ ပိုက်ဆံရဖို့ဆိုရင် ဘာကိုပဲလုပ်ရလုပ်ရဆိုတဲ့ အကောင်တွေ။ အဲ ပိုက်ဆံရပြန်တော့လည်း မိနစ်မဆိုင်း ဘိန်းရှူးပစ်တာဆိုတော့ ငါ့ဆီက ဒါရသွားရင် ဘိန်းခန်းကို တန်းပြေးမှာ သေချာတယ်” “မလုပ်ပါဘူး ဆရာ”
, “မရဘူး မရဘူး။ ပြန်မှပေးမယ်၊ ကဲသွားကြပေတော့”
ငထွန်းသည် ခေါသွားကို ဖော်ကာ ခေါင်းငိုက်စိုက်ဖြင့် ထ၏။ ငချစ်မှာ လည်း ငွေစကိုမြင်ပြီးမှ မရသေးသဖြင့် မချင့်မရဲဖြစ်နေသည်။သို့သော် “ဟေ့ကောင် တွေ ဘာလုပ်နေတာလဲ သွားပါတော့လား””ဟူ၍ ဦးရွှေသောင်ငေါက်သောအခါတွင်ကား မျက်လုံးများကျယ်လျက် ထိုနေရာမှ သုတ်ခြေတင် ထွက်ခွာသွားကြလေ၏။