ဆင်ဖြူကျွန်းအောင်သိန်း - ရီးဆေးရိုးတို့မြေးမြစ်များ
“ကျီးဒန်ရေ၊ ကြည့်လိုက်စမ်းဟေ့၊ ကြည့်လိုက်စမ်း”
ရီးဆေးရိုးသည် မန်ကျည်းပင်အောက်ရှိ မီးဖိုတွင် လက်ကင်နေရာက လှမ်းအော်၏။ သည်အချိန်တွင် အမေကြီး ရီကျီးဒန် မီးလင်းဖို မီးမယ်ဖျူးတွင် ရောက်နေလောက်ပြီဟု အတပ်သိသောကြောင့် လှမ်းအော်ခြင်း ဖြစ်ပေ၏။
သည်အရွယ်က ချမ်းတတ်ပြီ။ . .
အိမ်ထဲတွင် ကျပ်ခိုးစွဲမည် မှိုင်းစွဲမည်ကိုလည်း မစိုးရိမ်ပါ။ ချမ်းသည် ကိုသာ သိသည့်အတွက် ချောင်ထိုးထားသော မီးမယ်ဖျူးကို ထုတ်လာသည်။
သည်မီးမယ်ဖျူးကို ကလေးနှစ်ယောက် မွေးစဉ်က နှစ်ကြိမ်သာ သုံးစွဲဖူးသည်။ “ယခု အဘွားကြီးအိုဘဝရောက်မှ ဖုန်ခါပြီး ရီးကျီးဒန် သုံးသည်။
အိပ်ရာမှ ထလျှင်ထချင်း မျက်နှာမသစ်။ မီးမယ်ဖျူးတွင် မီးကင် သေးသည်။ သို့သော် မီးမယ်ဖျူးမှာ ဖိုခနောက်(ဖိုခုံလှောက်) မရှိသဖြင့် ရီးဆေးရိုး မှာ အိမ်အောက်သို့ ဆင်းပြေးရသည်၊ .
မန်ကျည်းပင်အောက်ရှိ မီးဖိုတွင်ကား မီးဘောက်ကြီး တောက်ချင်သမျှ တောက်ပါစေ၊ စွဲလောင်စရာ အမိုးမရှိ၊ စိတ်ရှိတိုင်း မီးထည့်၍ ရသည်။ ထိုမီးဖိုတွင် သုံးစွဲရန် သံခနောက်(သံဖြင့်ပြုလုပ်သော ဖိုခုံလှောက်) ရှိသည်။ မန်ကျည်းကိုင်းမှ တန်းလန်းချထားသော သံကြိုး ရှိသည်။
သို့ဖြစ်သောကြောင့် ရီးဆေးရိုးသည် နိုးလျှင် နိုးချင်း အိမ်အောက်သို့ အပြေးဆင်းခဲ့ခြင်းဖြစ်သည်။ အိမ်အောက်တွင် ထင်းတုံးကြီးမှာ မီးစွဲနေသည်။ ထိုထင်းတုံးမှ မီးကျီးတွေ ခြွေချပြီး ထန်းစစ်ဖြင့် ဖြစ်စေ၊ ထန်းရွက် အကျိုးအကျေ ဖြင့် ဖြစ်စေ လုံးလိုက်ပါ က မီးကတောက်လည်။ ထိုမီးတောက်ကို မီးတောက်ကြီး ဖြစ်အောင် ပုံပေးမည်။ ထင်းအကြီး၊ အသေးက အသင့်။ ။
သည်မီးဖိုတွင် လက်ကင်ပြီးပြီ။ ကျောကင်ပြီးပြီ။ ထိုအချိန်တွင် သံချိတ် ဖြင့် ချိတ်ပြီး တည်ထားသော ရေနွေးအိုးလည်း ဆူပြီ။ ရီးဆေးရိုး ရေတစ်မှုတ် ပြေးခပ်ပြီး ရေနွေးရောကာ မျက်နှာသစ်သည်။ ရေနွေးအိုးကို လက်ဖက်ခြောက် ထည့်သည်။ မန်ကျည်းပင်ရင်း၌ ပုံထားသော် ထန်းပင်မြစ်တွေကို လှည့်ဆွဲသည်။ မီးဖိုအောက်ခြေ၌ ထိုးသည်။
အိမ်ပေါ်မှ ဆင်းလာစက ခိုက်ခိုက်တုန်အောင် ချမ်းခဲ့သော ရီးဆေးရိုး ဣန္ဒြေရပြီ။ မြေကြီးတွင် တရွတ်တိုက်နေသော ဘာဘူစောင်ကို အစသိမ်းရမှန်း သိပြီ။ မန်ကျည်းပင်ခြေရင်းရှိ ဖင်ထိုင်ခုံကို ဆွဲယူပြီး ထိုင်သည်။ ထိုအခါတွင်မှ အိမ်တံစက်မြိတ်မှ တစ်ပေါက်ချင်း ကျနေသော နှင်းပေါက်ကို သတိပြုမိ၏။ ထိုအခါကျမှ လမ်းဘက်သို့ မျှော်ကြည့်ရမှန်း ရီးဆေးရိုး သိသည်။ ရမ်းဘိုကုန်းရွာသည် ရွာတံခွန် ရွာတန်းရှည်ကြီး ဖြစ်သည်။ အိမ်စဉ် အိမ်တန်းများမှာ စလင်းချောင်းကို ကျောပေးပြီး လေးထပ်ကျောင်းဝင်းနှင့် ဘုရား ငါးဆူတောကို မျက်နှာပြထား၏။ ထိုမျက်နှာပြသော အိမ်နှင့် မျက်နှာချင်း ဆိုင်လျက် အိမ် မရှိချေ။ ရီးဆေးရိုးသည် နှင်းထုကြီးကို ကြည့်ပြီး ရေရွတ်၏။ “ဟား' တော်တော်ကျသာပါကလား””
သို့စဉ်တွင် နှင်းလွှာကြားမှ ကလေးတစ်ယောက် လက်ပိုက်လျက် ထွက်လာ၏။ ထိုကလေး၏နောက်မှ တစ်ယောက်၊ နောက်ထပ် တစ်ယောက်။
“ဟ လက်စသတ်တော့ ငါ့မြစ်တွေပါကလား” ထို့ကြောင့် ရီးဆေးရိုးသည် အိမ်ပေါ်သို့ လှမ်းအော်၏။ "ကျီးဒန်ရေ၊ ကြည့်လိုက်စမ်း၊ ကြည့်လိုက်စမ်း” ရီးကျီးဒန် လှမ်းကြည့်သည်။ မြစ်တွေ။ ' ရီးကျီးဒန် မဲ့လိုက်သည်။ "
“သူတို့မိဘတွေက တမင်လွှတ်လိုက်သာဖြစ်ရမယ်"
မြေးတွေတုန်းက ရိုးကျီးဒန် သန်မာသေးသည်။ ဤကား ငတက်ပြားမ၊ ဤကား သမီးကြီး ဟူ၍ မျက်လုံးကလည်း ကောင်းမွန် ကြည်လင်စွာကြည့် နိုင် မြင်နိုင်သေး၏။ ခေါက်ဟယ် 'ထစ်ဟယ် ရိုက်ဟယ် ပုတ်ဟယ် ဆဲဟယ် ဆိုဟယ် ဖြင့် ပျော်စရာကြီးပါပေ။ .
ယခုသော်ကား ထိုမြေးများမှ ပွားစည်လာသော မြစ်တွေကို မြေးတွေ၌ ဖြစ်သော သံယောဇဉ်မျိုး မရှိပြီ။ ' “လာကြ လာကြ၊ ကောင်းကောင်းထိုင်ကြ”
ရီးဆေးရိုးသော်ကား မြစ်တွေကိုလည်း မြေးတွေနည်းတူပင် နေရာချ ထားပေးသည်။ ထန်းဖိုးဖပ်ကို အနေတော် ဖြတ်ထားသော ဖင်ထိုင်ခုံကလေး တွေကို အသင့်ထပ်ထား၏။ ယခု ထိုခုံကလေး တွေကို ယူပြီး ပေးသော်ငြား၊ မြစ်များသည့် အားတက်သရော မရှိ။
“ဘ၊ ဘ၊ ဒဘင်မြစ် စားမယ်” . . . " မြစ်တစ်ယောက်က ပူဆာ၏။ ..
မြေးများကိုကား အသံကြားကာမျှဖြင့် မည်သူဟု ချက်ချင်း သိ၏။ယခု မြစ်များကိုကား သေချာစွာ မျက်နှာရှုံ့ပြီး ကြည့်ရ၏။ -
“သမီးက ရွှေရည်ဝင်းလေ ဘရဲ့”” , , ,
“သားက ဦးအောင်ဘာလေနဲ့ ဒေါ်မိမိထွေးတို့ရဲ့သား သတ္တိခဲလေ ဘရဲ့။ မမရွှေရည်ဝင်းရဲ့မောင်ပေါ့ .. “ဪ... အေး အေး”
ရီးဆေးရိုးကမူ ထိုမျှသာ ပြော၏၊ မီးမယ်ဖျူးတွင် ထင်းချောင်းကို ပြောထဲ ထိုးပစ်ခဲ့သော ရီးကျီးဒန်ကမူ “ဘာရယ်တဲ့"ဟု ရှုံ့မဲ့ပြီး မေး၏။ ။
“သော် သားက ဦးအောင်ဘာလေးနဲ့ ဒေါ်မိမိထွေးတို့ရဲ့သား သတ္တိခဲ ပါလို့ ပြောသာပါ အမေကြီးရဲ့” . ,
““မျိုးကောင်းရိုးကောင်းကြီးပေါ့လေ” ' ရီးကျီးဒန်ကား ထိုသို့ ငါ့နိုင်စွမ်းရှိသူ ဖြစ်၏၊ ငေါ့နိုင်အောင်လည်း သိသူ ဖြစ်၏။ မြေးမှ မိမိထွေးမှာ အမေကြီးရီးကျီးဒန်၏ အချစ်တော်လှည်း ဖြစ်၊ အခေါက်ခံ အဆဲခံလည်း ဖြစ်၏။ လက်ကလည်း အလွန်လျင်၏။ နှမ်း လည်း မနေရ၊ ထန်းလျက်၊ ပေါက်ပေါက်ဆုပ်၊ သကာရည် ဘာမျှ မနေရ။ မခိုးစေရန် အလျှံပယ် ကွေးပါလျက် ခိုးသောကြောင့် ငတက်ပျားမဟု ခေါ်၏။
ထိုမြေး၏ ရည်းစား အောင်ဘာလေဟု သိကာမျှဖြင့် `ရီးကျီးဒန် မတုန်လှုပ်ပါ။ “သြော် ငါ့မြေးက ရည်းစားတောင် ထားမှကိုး” ဟု စိတ်ထဲက ရေရွတ်ငြား၊ အောင်ဘာလေ၏ မိဘမျိုးရိုးကို သိသောခဏ၌ ယမ်းပုံမီးကျ လေ၏။
“အောင်ဘာလေရဲ့မိဘက ကျောက်ပြုတ်ကုန်းက ကိုသာအိ၊ မကြည် တို့လေ။ မကျီးဒန် သိမှာပါ”
“သိ သိပါ့။ အရည်ထွက်အောင်ပျင်းသဲ့ ငပျင်း။ စားစရာသာ . မရှိသာ ဘာမျှလည်း မလုပ်ဘူး”
ကိုသာအိသည် တစ်ယောက်တည်း ပျင်းသည် မဟုတ်၊ တစ်ဆွေလုံး တစ်မျိုးလုံး တစ်ရွာလုံး ပျင်းသည်။ တစ်ရွာလုံးတွင် စောင်ချမ်းပင် သုံးပင်သာ ရှိ၏။ အဖြစ်မြန်သော ကုက္ကိုပင်ကိုသော်မျှ မစိုက်။ နေပူကို ငုံ့ခံနေသောရွာ ' ဖြစ်၏။
အမေကြီး ရီးကျီးဒန်သည် အောင်ဘာလေ ထန်းရည်သောက်သော ကြောင့်၊ အောင်ဘာလေ ဖဲရိုက် ကြက်တိုက်သောကြောင့် အောင်ဘာလေနှင့် မိမိထွေး (ခ) ငတက်မနှင့် သဘောမတူခြင်း မဟုတ်။ ဖအေပျင်း၊ မအပျင်း တစ်ဆွေလုံး တစ်မျိုးလုံး ပျင်းသောကြောင့် သဘောမတူခြင်း ဖြစ်၏။
“ ဖဲသမား ကြက်သမားကမှ မတော်တဆ ဖဲနိုင် ကြက်နိုင်ဖို့ မျှော်လင့် ချက် ရှိသေးသယ်။ ပျင်းပြီး ဘာမျှမလုပ်ဘဲ့လူက သေသာတောင် ငတ်ပြီး သေမှာဆိုသာ ကျိန်းသေသယ်” . . .
သို့သော် မိမိထွေး၏အမေ ချောစိန်သည် လင်ကို နိုင်တတ်ခြင်းမှအပ သားသမီးကို မဆုံးမတတ်။ မထိန်းသိမ်းတတ်ပေ။ "အိမ်ထဲက အိမ်ပြင်ထွက်ရင် အဲသည်ခြေထောက်ကို ရိုက်ချိုးမယ်”
. . ထိုသို့ ပြောသော ချောစိန်၏အိမ်သည် အိမ်ကြီးရခိုင် မဟုတ်။ သူသည် ပင်လျှင် အမေကြီးက မြေးဦး ဆိုကာ ချစ်စနိုး ခေါ်ထားသဖြင့် ဦးကြွက်နီ ဒေါ်ရွှေအိမ်တို့ အိမ်ပေါ်ရောက်ခြင်း ဖြစ်သည်။ တောင်ပစ်ကုန်းရွာက ကိုအေးမောင်၊ မလှသင်တို့၏သား ထွန်းရနှင့် အကြောင်းပါသောအခါ နေစရာ မရှိ။
"လာပါအေ၊ ငါ့မလဲ အဖော်ရသာပေါ့” . အမေကြီး ဒေါ်ရွှေအိမ်က အိမ်နောက်ဖေးတွင် အဖီထိုးပေးသည်။ ထိုအဖီ ထဲတွင်နေသော ချောစိန်၏သမီး မိမိထွေးသည် မလုံခြုံသော ထိုတစ်ဖက်ရပ်
အဖီထဲမှ ထွက်ပြီး ခိုးရာလိုက်ပြေး၏။ ခိုးရာလိုက်ပြေးပုံမှာ ခက်ခက်ခဲခဲ မဟုတ်။ ရွာခရိုး၌ ကပ်ထားသော ဆူးခက်တစ်ခက်ကို ဖယ်လိုက်ရုံပင်။
ထိုးမြေမ ခိုးရာလိုက်ပြေးသဖြင့် ရီးကျီးဒန် အိပ်ရာထဲ၌ လဲသည်။ "
“အေး နင်ကသာ မစားနိုင် မသောက်နိုင် ဖြစ်နေသာ။ နှင့်မြေးက တော့ သူ့ကောင်နဲ့ ပျော်နေမှာပဲ”
. . ထိုသမီးကို ကိုထွန်းရ မချောစိန်တို့က မင်္ဂလာဆောင်ပေး၏။ သို့သော် လူရိုသေ ရှင်ရိုသေရုံ အဖြစ်မျှသာ။ ရီးကျီးဒန်သည် မြေးမ၏ မင်္ဂလာဆောင်သို့ မရောက်သော်ငြား ရီးဆေးရိုး၏ စကားတစ်ခွန်းဖြင့် ကျန်းမာလာရ၏။
"အေး နင်ကသာ မစားနိုင်မသောက်နိုင် ဖြစ်နေသော။ နှင့်မြေးကတော့ သူ့ကောင်နဲ့ ပျော်နေမှာ”
“ဪ.. ဟုတ်သားပဲ” . “မိဘဘိုးဘွား ဒါလောက် ပြောနေသာ နားမဝင်ဘဲ ခိုးရာလိုက်ပြေး သာကိုက ရည်းစားကို မိဘဘိုးဘွားထက် တန်ဖိုးထားလို့ပေါ့”” .
ထိုအတွေးဖြင့် အိပ်ရာထဲမှ လူးလဲထလာရငြား၊ ရီးကျီးဒန်၌ တွယ်ရစ် နေသော သံယောဇဉ်သည် ကြီးမားလွန်း၏။ “သမီးလေးဆီ သွားမယ်” ဟု နေကောင်းပြီး သုံးရက်အကြာမှ စတင်ပြောလေ၏။
ထိုအရပ်သို့ ရောက်ဖူးသူများက ရီးကျီးဒိန်ကို ကျောက်ဖြုတ်ကုန်းသို့ မသွားစေချင်ကြပေ။ အလုပ်နှင့်လက်နှင့် ပြတ်သွားလျှင် ခေါင်းကိုက်တတ်သော ရီးကျီးဒန်နှင့် ဦးသာအိတို့ အဆင်ပြေဖွယ်မရှိ။ သို့ကြောင့် ရီးကျီးဒန်ကို ကျောက်ဖြတ်ကုန်းသို့ မသွားစေချင်ကြ။ ''
“သစ်ပင်စိုက်ရင် အရိပ်ရမယ်။ အရိပ်ရရင် နေပူသက်သာမယ် ဆိုသာလောက်မှ မသိသဲ့လူတွေနေမဲ့အရပ်ပါ*
ထိုသို့ပြောငြား ကျောက်ဖြူတ်ကုန်းသို့ ရီးကျီးဒန် တော်တော်နှင့် မရောက်ပေ။ မရောက်ခြင်းမှာ ဒေါသ၊ မောဟတွေကြောင့် ဖြစ်သည်။ ထိုဒေါသ ထိုမောဟများမှာ မြေတွေကြောင့် ဖြစ်ရသည်ချည်း ဖြစ်၏။
မောင်ကိုကြီးမှာ လူကသာ ဆယ်တန်းမအောင်ငြား၊ လူပုံ သန့်သည်။ သူ့အဖေ တွန်းရမှာ အမဲခြောက်တစ်မျှောင်းကို ထောင်ထားဘိသို့ ပိန်ခြောက် မည်းသည်းနေစေကာမူ သူ့သား မောင်ကိုကြီးမှာ ဖြူသန့်သည်။ သည်မြေးကို ကြည့်ပြီး ရီးကျီးဒန် မာနတက်ခဲ့ရသည်။
“ငါ့မြေးက ဆယ်တန်းတောင် ရောက်ပြီးတဲ့”
“ဟု ကျီးဒန်၊ နှင့်မြေးက ဆယ်တန်းကို အခုမှရောက်သာ မဟုတ်ဘူး။ . ဆယ်တန်းကျသာ နှစ်ခါရှိပြီဟ”
- ရီးဆေးရိုးက ထိုသို့ ပြောသော်ငြား၊ ကျီးဒန် နားမဝင်ချေ။ ထိုမြေးက ' ရည်းစားထားသည်။ ၀၀ဖိုင့်ဖိုင့်၊ ဖြူဖြူခန့်ခန့်ဖို့ ကြိုက်ချင်သူ မရှားလှသော ' မောင်ကိုကြီးသည် မြင့်မြင့်သွေးအမည်ရှိ မိန်းကလေးနှင့် ကြိုက်ကြလေသည်။
မြင့်မြင့်သွေးမှာ အညံ့စား မဟုတ်ပါ။ မောင်ကိုကြီးနှယ် ဆယ်တန်း နှစ်ခါကျ ' ဖြစ်ပါသည်။ သို့ပါလျက်နှင့် ရီးကျီးဒန် တရားမရှိ။
“ငါ့မြေနဲ့ တူသလား၊ တန်သလား”
မတူမတန်ပါဟု မိန်းကလေးဘက်က ပြောနိုင်သော်ငြား ရီးကျီးဒန်နှင့် ' ဖက်ပြိုင်ပြီး မပြောပါ။ မြင့်မြင့်သွေး၏ မိဘများမှာ မောင်ကိုကြီး၏ ' မိဘများ
ဖြစ်သော ကိုထွန်းရ မချောစိန်တို့ထက် သာသည်၊ မြင့်သည်။ သို့ရာတွင် ဖြစ်ပြီးခါမှ ပြောမနေတော့ဟု သဘောထားလျက် သည်းခံနေကြ၏။
မြင့်မြင့်သွေး၏ဖခင် ဦးခင်မောင်ကြီးမှာ ဆုတောင်းပြည့်ဘုရား လူကြီး ဖြစ်သည်။ အုတ်ဖိုရွာ၏ ဂုဏ်ထူးဆောင် ကုန်သည်ကြီး ဖြစ်သည်။ ဇနီးသည် ဒေါ်ဝေဝေမှာလည်း ခေတ်ပညာတတ်တစ်ယောက် ဖြစ်သည်။ မောက်မာလို၊ ဝင့်ဝါလိုသော ဝါသနာရှိပါမူ ရီးကျိးဒန်နှင့် ပြိုင်နိုင်၏။ သို့ရာတွင် သူတို့သည် ရီးကျီးဒန်အကြောင်း စုံစမ်းသိရှိထားသဖြင့် လွှတ်ထားလိုက်သည်။ ထိုမြေး မောင်ကိုကြီးသည် အိမ်ထောင်ပြုသော်ငြား၊ နေစရာမရှိ။ မြင့်မြင့်သွေးကလည်း လင်ကို မြို့ပေါ်သို့ မဆွဲ။ သျှောင်နောက် ဆံထုံးပါကာ ဆင်းဆင်းရဲရဲ နေသည်။
ဘနှင့် အမေကြီးသည် မောင်ကိုကြီးနှင့် မြင့်မြင့်သွေးကို အိမ်ပေါ်မှာ ထားနိုင် သော်ငြား မထားပါ။ အိမ်ဘေးတွင် အဖီချပေးသည်။ ' အမေကြီး ရီးကျီးဒန်သည် မြေး မောင်ကိုကြီးနှင့် စပ်လျဉ်းမှသာ အတ္တကြီးသည် မဟုတ်။ မောင်ကိုကြီး အောက်က ကောင်မ ခင်ခင်ကြီး။ ကိုးတန်းဖြင့် လိုက်ပြေးသည်။ သင်းထိုက်နှင့် သင်းကံဟု ပစ်ထားသင့်ငြား၊ ခင်ခင်ကြီးကို ခိုးသော ကျော်မြင့်မောင်၏ မိဘများက စိတ်ကောင်း ရှိ၏။
“ပညာမစုံဘဲ ကြင်ရာရှာတာ သဘောမကျပေမယ့် ဖြစ်ပြီးခါမှတော့ ' သူတို့နဲ့ ပြိုင်ပြီး မမိုက်နိုင်တဲ့တွက် အခုလို လာရောက် တောင်းပန်ရတာပါ"
, ကျော်မြင့်မောင်၏ဖခင် ဦးစွံ၊ ဒေါ်လှလှတို့မှာ စလင်းမြို့ပေါ်တွင် ထင်ရှားသော ပန်းထိမ်ဆရာဖြစ်သည်။ ခင်ခင်ကြီးကို ပြန်အပ်ရာတွင် စုတ်ပြတ် နုံချာသော `ခမည်းခမက်၏ အိမ်ကို ကြည့်ကာ ' နှာခေါင်းမရှုံ့ပါ။ သို့ရာတွင် ဤနေရာမှာလည်း ရီးကျီးဒန် မောက်မာသည်။ . . "
“ငါ့မြေး နုနုထွတ်ထွတ်ကလေးကို ပန်းကောင်းအညွန့်ကျိုး ဖြစ်အောင် လုပ်ပစ်သားဂါတ်တိုင်မယ်”” ...
. ရီးကျီးဒန် အဘယ်မျှ ဆူပူကြိမ်းမောင်းနေစေကာမူ ခင်ခင်ကြီး အဖေ. ထွန်းရ၏ ဆွေမျိုးသားချင်းများမှာ အလွန်ကျေနပ်အားရနေကြ၏။ သူတို့သည် သူတို့တူ၊ သူတို့သား ရမ်းဘိုကုန်းသူနှင့် ရသည်ကို လွန်စွာ ဂုဏ်ယူနေကြ၏။ ယခုတစ်ဖန် ထိုသူ၏သမီးက မြို့သားနှင့် ဖူးစာဆုံ ပြန်သောအခါ ဘုရင့်သားနှင့် ရသည် သဘောထားနေကြ၏။
ရီးကျီးဒန်မှာ ထိုသို့လျှင် 'တငါငါ” နှင့် ငါ နေရသည့်အတွက် ကျောက်ဖြုတ်ကုန်းသို့ သွားချင်ပါလျက် မသွားနိုင်သေး။ သို့သော် စိတ်ကား မလျှော့၊ အငယ့်ထံ သွားမည်ဆိုကာ ပြင်ဆင်နေဆဲ လှည်းပင် စီစဉ်ပြီးခါမှ ပျက်ရ၏။ အကြောင်းသော်ကား မြေးမတစ်ယောက် ဖြစ်သော မေကြည် ခိုးရာလိုက်ပြေးပြန်သောကြောင့် ဖြစ်ပေ၏။
မေကြည်မှာ ကိုဘညိန်း မလှမေတို့၏ သမီးဦး ဖြစ်သည်။ မလှမေမှာ ဆွေမျိုးတောင့်သည်မှအပ ငွေကြေးမတောင့်သော သာစည်ရွာမှ ကိုပန်းဆီ၊ မပန်းဥတို့ သမီး ဖြစ်၏။ .
သည်မှာ ရီးကျီးဒန် ဝဋ်လည်၏။
လူချင်းယှဉ်လိုက်လျှင် အပေါ်စီးကနေပြီး မောက်မာခဲ့သော ရီးကျီးဒန်မှာ ဘညိန်း၏ ယောက္ခမများနှင့်ကျမှ အထင်သေးခံရ၏။ ဘညိန်း၏ ယောက္ခမများ ဖြစ်သော ကိုပန်းဆီ၊ မပန်းဥမှာ ရီးဆေးရိုး၊ ရီးကျီးဒန်တို့ကို အထင်သေးမည့်သာ သေး၏။ လုပ်စရာ လယ်မရှိ။ လှည်း၊ နွား မရှိ။ အလုပ်အကိုင် မည်မည်ရရ ရှိသည်ပင် မပြောနိုင်။ ,
ရီးဆေးရိုး ရီးကျီးဒန် တို့ကား ဆန်ရှိသော်လည်း အစားမကြီးပေ။ လုပ်စရာလယ် ရှိသည်။ လှည်း၊ နွား ရှိသည်။ ခမည်းခမက်ဖြစ်သော မပန်းဥ ရောက်လာလျှင် အလျှံပယ်ကျွေးသည်။ မပန်းဥမှာ စောစောပိုင်းက ပြောမိ ဆိုမိသမျှကို ပြန်လည်တောင်းပန်ရတော့၏။