Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဆင်ဖြူကျွန်းအောင်သိန်း - မြန်မာပြည်သားစကားအလှကြွယ်

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out
Type

ကျောက်ပစ်ကုန်းရွာသား စကားကကြွယ်ကြွယ်

                        ကျောက်ပစ်ကုန်းရွာဟူသည် မကွေးမြို့နယ်အတွင်း၌ တည်ရှိ ပါသည်။ သွားလာဆက်သွယ်ရေးမှာမူ ပေလေးပင် ရှင်လေးပါးတို့ ထွန်းတောက်ခဲ့သော တောင်တွင်းကြီးမြို့နှင့် နီးကပ်သည်ဟု သိရပါသည်။ ကူးလူးသွားလာမှု များပြားလာသည်ဟု သိရပါသည်။ ရှိ ကျောက်ပစ်ကုန်းရွာသား စကားများပါသော စာအုပ်တစ်အုပ်၊ ရှေ့တွင်ထွက်သွားပြီးပြီဟု သိရပါသည်။ သိစေကာမူ ကျောက်ပစ်ကုန်း သား စကားများမှာ ဖယ်ချန်ထားခဲ့ရန် မသင့်ပါ။ ထူးထူးဆန်းဆန်းနှင့် တစ်မျိုးမှတ်သားစရာ ကောင်းလှသည့်အတွက် ရိုင်းတာပယ်၊ ယဉ်တာကို သွယ်ပြီး အကျယ်ချဲ့ရပါတော့မည်။

 

                                               လက်ဖက်ရည်တစ်ဝိုင်း

ကိုသာမောင်သည် ပျင်း၏။

ပျင်းသော်လည်း လုပ်ကိုင်ဆောင်ရွက်ရာ၌ သွက်လက်လျင်မြန် သော လူပျင်း၊ နှေးကွေးလေးလံပြီး မလှုပ်တလှုပ် လုပ်ကိုင်ဆောင်ရွက်သော လူပျင်းဟူ၍ရှိရာ ကိုသာမောင်မှာ အထလည်းနှေး၊ အလုပ်လည်း နှေးသော ဒုတိယတန်းစား လူပျင်း ဖြစ်ပေ၏။

တစ်နေ့သော် နေပူပူတွင် ပုဆိုး ခေါင်းဆောင်းလျက် ရွာပြင်သို့ ထွက်လာရာ လူစည်ကားသော လက်ဖက်ရည်ကြမ်းဝိုင်းကို တွေ့သဖြင့် ဝင်လာခဲ့လေ၏။ လက်ဖက်ရည်ကြမ်းဝိုင်းတွင် ဒါလောက် လူစည်နေ လျှင် အစားကောင်းတစ်ခုခု ဧကန္တ ပါရမည်။

“ဟား .... ကမ္ဘာချောင်က သာမောင်ပါလားဟေ့၊ ဗလာပြောင် နေပြီကွ၊ မင်းလာတာ နောက်ကျသကိုး”

ဆီးကြိုပြောသူက အိမ်ရှင် ကိုအေးထွန်း။

“ဗလာပြောင်ပေမဲ့ သာမောင်တို့က အသာရှောင်မသွားပါဘူးကွာ၊ အာလောင်အောင် ရေနွေးကြမ်းချည်း သောက်မှာပေါ့ ” ။

အမြည်းမပါဘဲ ရေနွေးကြမ်းသောက်ရသည်ကို အာလောင်သည်။ အာပူသည် ပြောလေ့ရှိကြသည့်အတွက် ကိုသာမောင်က ထိုသို့ ပြော လိုက်ခြင်း ဖြစ်ပေ၏။

“အကြောင်းထူးရှိပြီ ထင်သလော့၊ တပေါင်းတန်ခူးအထိ ပြောင်းဖူး စိ(စေ့)လှော်တွေ စားနေကြတာပါကလား”

ဝိုင်းထဲ ထိုင်မိသောအခါ ပြောင်းဖူးစေ့ အပွင့်လှော်ကို ဆီရွှဲရွှဲ ဆမ်းကာ စားနေကြသည်ကို တွေ့ရသဖြင့် ကိုသာမောင်လည်း အားရ ပါးရ တစ်ဇွန်းခပ်စားလိုက်ရာ ကောင်းစွာမအေးသေးသည့်အတွက် - “ပူလိုက်သမှ ရှူရှိုက်မရ၊ အူလှိုက်ကြွ၊ ယူလိုက်ကြပါဦးဗျ”

အော်လိုက်လေရာ ဝိုင်းတော်သားများမှာ တဟားဟား ရယ်မောနေ ကြရလေတော့၏။

 

                                 တက်နေလျံ တောက်ချေပြီ

 

                                ဤကိုသာမောင်၊ အမှီကိုသာမောင်၏ ဇနီးအမည်မှာ မဆယ် ဖြစ်ပါသည်။ ကိုသာမောင် ပျင်းသလောက် မဆယ်က ထကြွလုံ့လဝီရိယ ရှိသည်။ မိုးမလင်းမီကပင် နွားစာစဉ်း၊ နွားစာကျွေး၊ ရေခပ်၊ ရေနွေးတည်၊ ထမင်းချက် စသည်တို့ကို တစ်ခုပြီးတစ်ခု မရပ်မနား လုပ်သည်။

သူလုပ်စရာတွေ ထောင့်စေ့သလောက် ရှိချိန်တွင် ကလေးတွေ နိုးလာ၏။ ကလေးတွေကို ထမင်းကြမ်းကျွေးရင်း ကိုသာမောင်ကို နှိုးရ တာကလည်း တာဝန်ကြီးတစ်ခုပင်။ သုံးခါလောက်နှိုးမှ ထလာသော် လည်း ကိုသာမောင်သည် ထိုင်ပြီး မှိုင်နေသေး၏။ မဆယ် သတိပေးမှ မျက်နှာသစ်ပြီး ရေနွေးကြမ်းသောက်၊ ထမင်းကြမ်းစားသည်။

တစ်နေ့တွင်ကား နေမြင့်သည်အထိ ကိုသာမောင် လက်ဖက်ရည် ကြမ်းအိုးဘေးက မထချေ။ မဆယ်မှာ ဒေါသဖြစ်လှပြီ။ ဒေါသဖြစ်သဖြင့် အံတကြိတ်ကြိတ်၊ မျက်စောင်းခဲနေစဉ် ခက်ရင်းခွတစ်ချောင်း ထမ်းလာ သော ကိုလူမောင်က အိမ်ရှေ့သို့ ရောက်လာ၏။

“ဟေးသာမောင်၊ လက်ဖက်ရေ(ရည်) အဖန်သောက်တုန်းလား ကွ၊ တက်နေလျှံတောက်နေပြီကွ”

ဤအချိန်ထိ ထိုင်နေရသလား၊ ယာထဲ မသွားသေးဘူးလားဟု မေးလိုရင်းဖြစ်သော်လည်း နဘေမနိုင်သဖြင့် မပြည့်မစုံ မေးခြင်းဖြစ်၏။ ထိုအခါ ကိုသာမောင်က လည်ပင်းရှည်ကာ လှမ်းကြည့်၏။

“အလို ... ပလူတောင်နဲ့ လူမောင်ပါကလား၊ လက်ဖက်ရည် အဖန်သောက်တဲ့အတွက် ကျက်သရေ အမှန်တောက်၊ ကြံသလောက်ပြီး တယ်ကွ၊ ပန်းကန်မှောက် အမြည်းမကျန်တော့ဘူးလကွာ၊ တစ်နည်း ဟန်ဦးမလားလို့ စဉ်းစားနေတာ”

မဆယ်မှာ တစ်ရွာသူဖြစ်သည်ကို ကိုလူမောင် ရည်ညွှန်းလိုသဖြင့်...

“တစ်နည်းမဟန်တဲ့ပြင်၊ ဇနီးပြန်သွားလို့ အထီးကျန်ပြီး ညည်းသံ ညံနေပါဦးမယ်ကွာ” ပြောကာ ယာထဲသို့ ထွက်သွားလေ၏။

ကိုသာမောင် တဟဲဟဲရယ်နေသည်။ နေရာမှ မထသေး။ ထိုအခါ မဆယ် သည်းညည်းမခံနိုင်တော့သည့်အလျောက်

“ဒီမယ် ကိုသာမောင်” “ဆိုစမ်းပါ”

“တက်နေလျှံတောက်တဲ့အထိ ထိုင်နေမှတော့ ကျက်သရေအမှန် ပျောက်ပြီပေါ့ တော်၊ ခြေထောက်နဲ့ကန်ကျောက်ပြီး ယာထဲသွားခိုင်းချင် လာပြီ သိလား”

ထိုသို့ ဒေါသတကြီးပြောတော့မှ ကုန်းထရင်း ကိုသာမောင် ပြောလိုက်ပုံမှာကား ...။

“မကန်မကျောက်ပါနဲ့ကွာ၊ နတံ(နှင်တံ)ကောက်ပြီး အမြန်ရောက် အောင် သွားပါတော့မယ်”

ဟူ၍ ဖြစ်ပေ၏။

 

                                             တစ်နံနက် ပုဂံရွက်

 

                 တောင်တွင်းကြီးမြို့နယ်တွင် ကျင်းပသော နွားဈေးမှာ အလွန်စည် ကားသည်။ အနီးအနားကျေးရွာများသာမက နယ်ကျော်ရပ်ကျော် မြို့ နယ်များကပါ လာရောက် ရောင်းဝယ်ကြသဖြင့် အလွန်စည်ကားခြင်း ဖြစ်ပေ၏။

နွားဈေးတွင် အစားအသောက် ဆိုင်များလည်း သူ့နေရာနှင့်သူ တန်းစီလျက်တည်ရှိကြ၏။ တစ်ခုသော သောကြာနေ့တွင် ကျောက်ပစ် ကုန်း ရွာသားတစ်ယောက်နှင့် တောင်တွင်းကြီးမြို့နယ်၊ ချောင်းနက်ရွာသားတစ်ယောက်တို့ ဆုံမိကြလေသည်။ သွားရင်းလာရင်း၊ ရောင်း ဝယ်ရင်း သိရာကကျွမ်း၊ ကျွမ်းရာက ခင်မင်လာသူများ ဖြစ်ရကား မာကြောင်းသာကြောင်းများကို အပြန်အလှန် မေးကြသည်။

ထိုမှတစ်ဆင့် ရပ်ရွာ၏စီးပွားရေး၊ မိသားစုစီးပွားရေးဘက်သို့ ရောက်လာသည်တွင် ချောင်းနက်သားက ဤသို့ မေး၏။

                                         “လုပ်ခင်းဆောင်တာတော့ အဆင်ပြေရဲ့ မဟုတ်လား”

“မေးရက်ပလေ လူရယ်။ ထွန်တော့ တစ်မနက် (တစ်နံနက်) လူက ကြက်သွန်ချက်၊ နွားကျတော့ ပုဂံရွက် (ဘင့်ဂန်ရွက်) ပါ လူရာ”

တစ်နံနက်လုံး မနားမအား ထွန်ယက်လုပ်ကိုင်သော်လည်း မိုးလေ ဝသ ခေါင်းပါးသောကြောင့် နွားစာခက်ခဲသည်။ သို့အတွက် ပြောင်းရိုး၊ ပဲရိုးကျွေးစရာမရှိ။ ချုံနွယ်တစ်မျိုးဖြစ်သော ပုဂံရွက်ကို ကျွေးရသည်ဟု ဆိုလိုခြင်း ဖြစ်ပေ၏။

စိမ်းစိမ်းစိုစိုမှန်သမျှ တမာရွက်ပါမကျန် နွားကိုဦးစားပေးရသော အခါ လူမှာ အသားဟင်းစားနိုင်ပါက အသားဟင်းချည်း၊ မစားနိုင်သူက နွားမစားသော ကြက်သွန်ကို ဟင်းလျာလုပ်ကာ ချက်စားကြရသည်။ ငရုတ်သီးပေါသောအရပ်တွင် ငရုတ်သီးကို ဟင်းလုပ်ပြီး စားကြသည့် နည်းတူပါပေတည်း။

 

 

                                    သဝေဖျက်ဖျောက် ရွှေလက်ကောက်  

 

သို့သော် မိုးလေဝသမှာ အစဉ်ခေါင်းပါးမနေပါ။ အကောင်းလွန် သည့်အခါလည်း ရှိတတ်ပါသည်။ သင့်လျော်ရုံ ရွာသည့်အခါလည်း ရှိပါသေးသည်။ အကောင်းလွန်၍ ပျက်စေဦး၊ ကြံဖန်ပြီး အဆင်ပြေ သည့်အခါလည်း ပြေပြန်ပါသေးသည်။ ထို

အဆင်ပြေသော ထိုအခါများတွင် ကြွေးကျေရုံမက ရွှေတိုရွှေစကလေးများလည်း ဝယ်ယူဝတ်ဆင်နိုင်ကြပြန်၏။ ထိုအခါတွင် ရွှေတွဲလွဲ ငွေတွဲလွဲနှင့် ကျောက်ပစ်ကုန်းရွာသူတို့ အလှပိုကြပြန်လေ၏။

ဤသို့ဖြင့် မိုးအလွန်ခေါင်သော နှစ်တစ်နှစ်နှင့် ကြုံကြရ၏။ ယာထဲတွင် သီးနှံပင်များအစား ဖုန်တထောင်းထောင်း ထနေသည်။ ဤအချိန်တွင် ကိုသာမောင်တစ်ယောက် ယင်းနားဘက်သို့ အလုပ် အကိုင်ရလိုရငြား ရောက်သွားလေသည်။ သူရောက်လာသည်ကြားလျှင် အသိများ၊ မိတ်ဆွေများ တဖွဲဖွဲရောက်လာကြ၏။

“ကိုသာမောင်တို့ဘက်မှာ မိုးတော်တော်ခေါင်သလား”

“ကြုံရချက်ကမကောင်း၊ ယာထဲမှာဖုန်တထောင်းထောင်း၊ ကျုပ် မှာတော့ အူဟောင်းလောင်း ဖြစ်နေပြီဗျ၊ လင်းကတည်းက ဘာမှမစား ခဲ့ရသေးဘူး”

အိမ်ရှင်မသည် “စောစောကပြောရောပေါ့တော်” ဆိုကာ အတောင့် လိုက်ပြုတ်ထားသော ပြောင်းဖူးပြုတ်တွေ ချကျွေးလေ၏။ ကိုသာမောင် ပြောင်းဖူးစားနေစဉ် မိတ်ဆွေတစ်ယောက်က ကျီစယ်၏။

“မိုးခေါင်တော့သာ ကယ်ပါယူပါ တစာစာ အော်တာပါဗျာ၊ အလုပ်အကိုင် အဆင်ပြေတုန်းက ဝယ်ထားတဲ့ ရွှေခြေချင်းတွေ၊ ရွှေလက် ကောက်တွေ ရှိမှာပါ၊ ရှိတုန်းမှာ တန်ဆာ၊ မရှိတဲ့အခါ အစာမဟုတ် လား၊ ထုတ်ရောင်းပေါ့”

ထိုအခါ ကိုသာမောင် ပြန်ဖြေလိုက်သောစကားကြောင့် အားလုံး မှာ ရယ်မောနေကြရလေ၏။ ကိုသာမောင် ချေပဖြေကြားပုံမှာ -

“အခြေလက်တောက်လောက်နဲ့ သဝေဖျက်ဖျောက်တဲ့ ရွှေလက် ကောက် ဘယ်လိုလုပ်ဝယ်နိုင်မလဲ လူရ။ ဂဟေဆက်လောက်တဲ့ ရေကြက်တစ်သောက်နဲ့ စိုက်ပျိုးရတာပေါ့ ဗျာ” ဟူသတည်း။

 

                                                             သုံးထပ် နဘေ

ဦးမောက်တို့ရွာမှာ မိုးလေဝသနဲ့ စီးပွားရေး ကောင်းတယ်လို့ ကြားသဗျ၊ ဟုတ်ပါတယ်နော်”

တောင်တွင်းကြီးမြို့ နွားပွဲဈေးတွင်ဖြစ်ပါသည်။ မောမောပန်းပန်း နှင့် နွားပွဲတစ်ခုလုံးကို ခြေတိုအောင် လျှောက်အပြီးတွင် မောမောနှင့် ငါးပေါင်းကြော်ဆိုင်တစ်ဆိုင် ဝင်ထိုင်သော ဦးကြီးအား မျက်လုံး မှေးမှေးနှင့် သတင်းထောက်တစ်ယောက်က မေးလိုက်ခြင်း ဖြစ်ပေသည်။

ဦးမောက်လည်း စားလက်စမုန့်ကို အသာချပြီး အမေးရှင်ကို မော့ ကြည့်၏။

“ကျွန်တော်ပါဗျ၊ မမှတ်မိဘူးလား” စပ်ဖြဲဖြဲဖြစ်နေသော ပါးစပ်ကိုကြည့်ကာ - “ပါးစပ်ကြည့်တော့ အတပ်သိ၊ မှတ်မိတာပေါ့ဗျာ”ဟုဖြေလေ၏။

“ဒီလိုဆိုရင်လည်း ရပ်ရွာကအခြေအနေ သတင်းကလေး အမိန့် ရှိပါဦး”

“ပိန်တဲ့လူလည်း ပိန်၊ ဖောင်းတဲ့လူလည်း ဖောင်းတာပေါ့ ဗျာ။ ဖောင်းတဲ့လူများကျတော့ လူက ကက်ဆက်ဘေး၊ နွားက ဘီစကွတ် ကိုလွေး ၊ ခွေးက ရေခဲချောင်းဝါးပြီး မှေးနေတာပေါ့ ဗျာ”

 

                 နှာရောင်တွယ်ခံရမည်

 သတင်းထောက်မှာ ဖြိုးသောသွား ပိုပြီးလျက်၊ မှေးသောမျက်လုံး ပျောက်သွားမတတ်ဖြစ်အောင် ရယ်မောပြီး ဆက်လက် မေးမြန်းပြန်၏။

“ဦးကြီးတို့ဘက်မှာ မိုးကောင်းလွန်းလို့ ယာတွေအချို့ ပျက်တယ်

“ဟုတ်သားပဲ”

“ဒီလိုဆိုရင် လယ်တွေကောင်းတယ် ဆိုရမှာပေါ့ ”

ဦးမောက်သည် မုန့်ကိုမျိုချနေရသဖြင့် ချက်ချင်းမဖြေနိုင်သေးပါ။ ခဏကြာမှ ဖြေနိုင်ပါသည်။

“ကောင်းလှချေပေါ့ဗျာ၊ စကားက ဂေါင်ဇယ် (ခေါင်ဇယ်) မယား က သူယောင်မယ်၊ စပါးက ပေါင်လယ်၊ အချောင်တွယ်ချင်လို့ မှောင် ကွယ်က စောင့်နေကြလေရဲ့”

အဓိပ္ပာယ်မှာ သူတို့ရွာသည် စကားပြောရာတွင် ထိပ်ခေါင်ကဖြစ် ကြောင်း၊ ထိုရွာသား လယ်သမားဦးကြီးတို့၏ ဇနီးများမှာ သူယောင်မယ် ကဲ့သို့ ချောမောလှပကြကြောင်း၊ လယ်များတွင်လည်း စပါးပင်များသည် ပေါင်လယ်အထိ မြင့်မားသန်မြန်ကြောင်း၊ သို့ရာတွင် ထိုစပါးများကို အချောင်ဝယ်လိုသော မှောင်ခိုသမားများက ချောင်းမြောင်းနေသည်ဟု ဆိုလိုပေ၏။

“အဲဒီတော့ ဘယ်လိုလုပ်မလဲ ဦးကြီးရဲ့” ကို သတင်းထောက်က စကားဆက်နိုင်ရန် ထောက်ပေးလိုက်၏။

“ကျုပ်တို့ကတော့ တာဝန်ကို မရှောင်ဖယ်ပါဘူးဗျာ၊ မှောင်ကွယ် က အကောင်လည်တွေကို နှာရောင်တွယ်ပစ်ဖို့ ကောင်းတာပေါ့ ဗျာ”

ရွာမင်းသားများ မှောင်ခိုများကို ဦးစားမပေးကြောင်း ပြောလိုက် သည့်အဆုံး၌ ဝိုင်းထိုင်နေကြသော နွားပွဲစားများ၊ နွားသမားများနှင့် သတင်းထောက်မှာ အားပါးတရ ရယ်မောကြလေသတည်း။