ဆင်ဖြူကျွန်းအောင်သိန်း - နေမင်းတစ်ထောင် (၂)
နှာခေါင်းနှစ်ပေါက်ကို ကာခြားထားသော အရိုးနုအရေခွံကို ဖောက်ဝင်လျှို ထားသောကြိုးကို ငမိုးကောင်းဖြတ်ရန် ကြိုးစားနေခိုက်၌ ခြေထောက် နှစ်ဖက်ကို “သံထိတ်” အခတ်ခံရ၏။ ချွေးသန်ရဲရဲနှင့် တိုက်ခိုက်နေသော မိစ္ဆာဒိဋ္ဌိ မောင်းနှင်ရေး ရဲမက်များသည် ငမိုးကောင်း၏အာရုံထဲမှ နှင်ထုတ် | ခံနေကြရ၏။
“ယောက်ျားကလေးဟဲ၊ ယောက်ျားကလေး”
မီးနေခန်းထဲမှ အသံကြားသည်မှစပြီး ရှိသမျှသွားတွေကို အကုန် ဖော်ကာ အချိန်ရှိသရွေ့ ပြုံးနေခဲ့သော ငမိုးကောင်းသည် ကလေးခုနှစ်ရက် သား ရှိချိန်၌ ပျာယာခတ်နေ၏။ သို့တစေ သူသည် ယောက္ခမ ဒေါ်ပန်းအိ မည်သည်တွေလုပ်နေသည်ဟု မသိ။ ခယ်မ မိသော့နှင့် ယောက္ခမတို့အနား ပြေးလာလိုက်၊ မီးနေခန်းဝသို့ ပြေးသွားလိုက် ဖြစ်နေ၏။ “ကောင်းကောင်းလုပ်ပါ သမီးရဲ့ ၊ ခေါင်းတွေ မကျိုးပဲ့စေနဲ့”
လက်မသာသာ ငါးတွေကို ချေးဖောက်၊ ဆားနနွင်းနယ် ခဏ တစ်ဖြုတ် နေပြပြီးနောက် အိမ်နှင့်ဝေးရာတွင် ဒေါ်ပန်းအိကြော်သည်။ သူ့ကို ဒေါ်ပန်းအိ မခေါ်သော်လည်း ငမိုးကောင်း ပြေးလာသည်။ ထို့နောက် ပြီး စေ့စေ့ အကြည့်ခံရသဖြင့် ရှက်ကိုးရှက်ကန်းဖြစ်ကာ ပြန်ပြေးတော့သည်။
ရက်မလည်သေးသောကြောင့် မီးနေခန်းတွင်းသို့ ငမိုးကောင်း မဝင် ရ သူ့မယားနှင့် သူ့ယောက္ခမအပါအဝင် မိန်းမသားများက သူ့ရင်ဘတ်ရှိ နတ်ရုပ်တွေကို ကြောက်ရွံ့နေကြသည်။ မီးနေခန်းထဲဝင်မိလျှင် လူကြီးကို ခိုက်မည် စိုးရိမ်သည်။ ကလေးကို ခိုက်မည်လည်း ကြောက်ရွံ့ကြသည်။
သို့အတွက် တဟိန်းဟိန်းထနေသော မီးတောက်ကြီးဘေးတွင် နနွင်းရည်တွေ မှုတ်ကာမှုတ်ကာ သောက်နေရှာသော မယ်မင်းဘော်အား လှမ်းကြည့်ရုံသာ ကြည့်နိုင်၏။ “နှမသယ် အားမငယ်နဲ့” လှမ်းပြောလျှင် လည်း မယ်မင်းဘော်သည် ခေါင်းညိတ်ရုံသာ ညိတ်ပြ၏။
သို့ရှိစဉ်တွင် “ငါးကြော်တွေ ခေါင်းမကျိုးစေနဲ့"သတိပေးသံ ကြားရ သောအခါ ငမိုးကောင်းသည် အမေ့ကိုတမ်းတမိသည်။ “ကလေး ကင်ပွန်း | တပ်သဟာ ငါးကြော်ခေါင်းနဲ့ ပသို့ဆိုင်သတုန်း” မေးချင်သောကြောင့် ဖြစ်သည်။ မယ်ကင်းနှင့် မယ်သိုင်းထံတွင် စုံစမ်းမည် အကြံရငြား၊ သရော် မျက်လုံးများဖြင့် အကြည့်ခံရသဖြင့် မမေးဖြစ်။
ခေါင်းမရသော ငါးကြော်သာမက မုန့်ဖြူနှင့် မုန့်နီ ကောက် ညှင်းပေါင်းပါ ပါဝင်သော အစီအရင်သည် ရိုးရာတင်မြှောက်ခြင်း ဖြစ်၏။ ဤနှယ် ရိုးရာပသပြီးချိန်တွင် ကလေးအမေရော ကလေးပါ ရေချိုးသည်။ ကလေးကိုကား တရော်ကင်ပွန်းဖြင့် ခေါင်းဆေးကာ မွေးဆံပင်ပါ ရိတ်ပစ် သည်။ ထိုကဲ့သို့ ကလေး၏ဦးခေါင်းနှင့် တရော်ကင်ပွန်းတို့ တပ်” မိသောကြောင့် ကင်ပွန်းတပ်သည် ခေါ်လေသလား ငမိုးကောင်း တွေးနေစဉ် လက် သည်ကြီးက ကလေးကို ငမိုးကောင်း မျက်နှာနားသို့ လာပြ၏။
“ဟေ့ လူကလေး သားကြီး”
ကလေးနီတာရဲကလေးကို ဓားကိုင်သော၊ နှင်တံကိုင်သော လက် ကြမ်းကြီးဖြင့် ကောက်ချီ၏။ ချိုင်းမှ မရမည်လော၊ ဦးခေါင်းနှင့် ဖင်အောက် သို့ လက်လျှိုပြီး မရမည်လော မသိရှာ။
သည်မသိရှာသူ၏ လက်ကြမ်းကြီးနှင့် ထိကာမျှဖြင့် ရွံ့တွနေသော ကလေးမျက်နှာက မဲ့၏။ အသံလည်းထွက်၏။ ဤသည်မှာ ကလေးက သမ်းဝေခြင်းဖြစ်၏။ ငမိုးကောင်းမှာ ကလေးငိုသည်ထင်သဖြင့် “အလို အလို၊ မငိုပါနဲ့ မောင်မင်း” ဆိုကာ ပျာသလဲ နောက်တွန့်၏။
“ကလေးအမေနဲ့ ကလေးကို ဝမ်းဆွဲကပိုင်သဟာ အမောင်သိပါစ”
“ဗျာ”ဆိုကာ ငမိုးကောင်းသည် ငမ်းဆွဲအား မော့ကြည့်၏။ “အကျွန် ပဇာလုပ်ရပါ့ ” ပြန်မေးသည်။ ။
“ဆန်တစ်ပြည် ငွေတစ်မတ်နဲ့ ရွေးရမှာပေါ့” “ရွေးပါမယ်ဗျာ၊ ရွေးပါမယ်”
ငမိုးကောင်း ထိုင်ရာမှထသည်တွင် မီးနေခန်းထဲမှ ရယ်မောသံများ သောသောညံ ထွက်လာသည်။ ရယ်သံများဆုံးမှ ဒေါ်ပန်းအိအသံ ပေါ်လာ သည်။
“မောင်မိုးကောင်းကို ကျီစယ်နေသဟာ အဟုတ်ထင်မနေနဲ့”
သို့ကြောင့် ငမိုးကောင်း ပြန်ထိုင်လျှင် မယ်မင်းဘော်၏ အသံ သာသာကို ကျေနပ်ဖွယ်ရာ ကြားရလေသည်။
“မောင်ကြီးရေ။ ကလေးရော လူကြီးရော ကျန်းမာနေမင့် လယ် တောကို ကြည့်ချေပါဦး။ ကောက်ပင်တွေ ပသို့ သိမ်းမပေါ့”
“ဟုတ်သပါ့ နှမသယ်၊ ကျုပ် အမေ့ကြီး မေ့နေသကော”
ရယ်မောသံများ သောသောညံသွားပြန်သည်။ ငမိုးကောင်းမှာ ထိုင်နေရအခက်၊ ထသွားရအခက် ဖြစ်နေသည်။ ဖြစ်သော်ငြား၊ ရိတ်သိမ်းချိန်
ရောက်နေသည့်လယ်ကို သွားသင့်ပြီဟု ချက်ချင်းသတိရသဖြင့် ခမောက်၊ ပေါက်တူးဆွဲလျက် လယ်တောသို့ ထွက်လာခဲ့သည်။
ငမိုးကောင်းသည် တစ်လောကလုံးကို မေ့လျော့နေခဲ့ရာမှ “လက်စ သတ်တော့ ဆောင်းလယ်တောင် ရောက်နေသကော” မြည်တမ်းမိပြီ။
လောကကို ပြန်လည် သတိရပြီ။ မရဘဲ မနေနိုင်အောင် ငွေနှင်းစက်တွေက သတိပေးနေသည်။
သစ်ပင်ပေါ်မှ နှင်းရည်စက်တွေက ခေါင်းပေါ် တစ်စက်စက်ယိုကျ ခြင်းဖြင့် သတိပေးနေသည်။ မြက်တွေ ချုံတွေပေါ်မှ စိန်သီးစိန်လုံးတွေက သတိပေးနေသည်။ ငမိုးကောင်း သတိမမူဘဲ နေခွင့်မရှိ။
ရွာနှင့်နီးရာ နေရာများတွင် ဟိုတစ်ကွက် သည်တစ်ကွက် စိုက်ထား သောလယ်များတွင် ကောက်ရိတ်သူများ ဖြိုးဖြိုးဖြောက်ဖြောက်ရှိသည်။ အချို့လည်း တေးတညည်းညည်းဖြင့်။
ငမိုးကောင်းတို့လယ်ကား မဝေးလှငြား အတန်လှမ်းသည်။ ‘တဲကိုရော နွားတွေကိုပါ ငါ ပစ်ထားမိသပေါ့။ ပသို့ ရှိပါလိမ့်”
လယ်ထဲရှိ တဲကိုလှမ်းမြင်မှ ကြောင့်ကြရန် ငမိုးကောင်း သတိရ၏။ သို့သော် တဲခေါင်ပေါ်မှ မီးခိုးများ ဖြန့်ဆင်းနေသည်။ တဲရှေ့ ပဲပုစွန်အောက် တွင် နွားနှစ်ကောင် လယ်ကွက်တစ်နေရာ၌ လူတစ်ယောက်။
တဲနှင့် နွားကိုသာ အာရုံစောလျက် ငမိုးကောင်း အသော့နှင်လာစဉ် မတွေ့လိုသူတစ်ယောက်ကို ရိုးအဆင်း၌တွေ့၏။ ထိုသူကား ငအိပ်။
ငအိပ်၏ မလိုတမာ မျက်လုံးများကို တစ်ကြိမ်မြင်ရကာမျှဖြင့် ငမိုး ကောင်း ရိပ်မိသည်။ သို့အတွက် ငမိုးကောင်း ဝေးစွာရှောင်ခဲ့သည်။ ကိုယ် က ဤရွာတွင် တစ်ကောင်ကြွက် သူစိမ်းမဟုတ်လော။ ယခု သူက ရိုးအတက်၊ ငမိုးကောင်းက ရိုးထဲသို့အဆင်းတွင် ရှောင် တခင်တွေ့ခြင်း ဖြစ်သည်။ ငမိုးကော
င်းအား သူက လမ်းဖယ်မပေး။ စူးစူး ဝါးဝါး ကြည့်သည်။ ငမိုးကောင်းကမူ မသိလိုက်ဘာသာပင် ဘေးကပ်ပြီး ဆင်းလာသည်။
လမ်းကျဉ်းတွင် တစ်ယောက်ကတိမ်းငြား၊ ကျန်တစ်ယောက်က မတိမ်းသဖြင့် ပခုံးချင်း ဆတ်မိကြသည်။ ပခုံးချင်းတိုက်မိရန် အသင့်ရှိသူမှာ ဟန်မပျက်။ အသင့်မရှိသူ ယိုင်သွားသည်။ ငမိုးကောင်းမှာ ပေါက်တူးရိုး ဖြင့် ဖမ်းထောက်မိသဖြင့် ချုံထဲသို့ မကျ။ “အမောင် ယောက်ျားကောင်း ဟုတ်စ”
ငအိပ်သည် မေးလည်း မေး၏။ အောက်ပိုင်းလည်း ကျိုက်၏။ တဖြောင်ဖြောင်မြည်အောင် လက်ပမ်းပေါက်လည်း ခတ်၏။
“အနောင်၊ အကျွန် ယောက်ျားကောင်းပါ့။ သို့သော် အနောင်နဲ့ အကျွန် ရန်ဖက် မဟုတ်သကော” “
ပြန်လည်ဖြေကြားရင်း ငအိပ်အား အကဲခတ်၏။ လည်ကုပ်တိုတို ရင်အုပ်ကားကားနှင့် လက်ပမ်းသည်ဟန် ပေါက်နေ၏။
“ငါ နင်နဲ့ လက်ပမ်းသတ်လိုပါဘိ”
“လယ်ကို မကြည့်နိုင်သဟာ ကြာပြီအနောင်။ အကျွန့်မှာ လက်ပမ်း သတ်ချိန်မရှိ အနောင်” "တွီ ....မိန်းမ"
ငမိုးကောင်း တိမ်းရှောင်နိုင်သဖြင့် မျက်နှာပေါ် တံတွေးပေါက် မကျ ရောက်ချေ။ သို့သော် မိန်းမဟု စော်ကားခြင်းကိုကား မတုံ့ပြန်၍ မဖြစ်။ ပေါက်တူးပေါ်တွင် ခမောက်တင်ပြီး အောက်ပိုးကျိုက်သည်။ ချက်အထိ တစ်ထွာလောက်မှစတင်ပြီး ခြေမျက်စိအထိ ဆင်းသွားသော ထိုးကွင်း မြေစိုက်။
ငအိပ် ရှိန်သွား၏။ တွေခနဲ ဖြစ်သွားငြား၊ စိန်ခေါ်မိပြီးပြီ။ လက် ခမောင်း ခတ်သံမပေးဘဲ ပြေးဝင်လာသောဒူးကို တိမ်းပေးလိုက်ရသည်။
သို့သော် ငမိုးကောင်းက ခုန်ပြီးကန်ခြင်းမဟုတ်၊ ငအိပ်၏ဒူးပေါ်ခုန်တက် ၊ လည်ပင်းဖမ်းညှစ်ပြီး ရင်ဝကိုဒူးဖြင့် ဆောင့်ခြင်းဖြစ်သည်။
ငမိုးကောင်း၏ အရှိုက်ကို ငအိပ် မထိုးလိုက်ရ။ နံညွန့်ရိုးတွေ ကျိုး ပြီလား မှတ်ရသည်။ ဆတ်ခနဲ ငိုက်သွားခိုက် ငမိုးကောင်း ခုန်ချသည်။ သျှောင်ကိုဆွဲပြီး တံတောင်ဖြင့် ထောင်းသည်။ “ဟဲ့ တန်ကြစမ်း၊ ရပ် ရပ်”
ငအိပ်၏သျှောင်ကို ငမိုးကောင်း လွှတ်သည်။ ငအိပ် ခါးဆန့်သည်။ ရိုးထိပ်တွင် ရဟန်းတော်တစ်ပါး။ နောက်ပါ ဦးပဉ္စင်း၊ သာမဏေ၊ ကျောင်းသားများလည်း သပိတ်ကိုယ်စီဖြင့် ရပ်နေကြသည်။ ရွာဦးကျောင်း ဆရာတော်ဖြစ်သည်။
ငမိုးကောင်းသည် ရွာဦးကျောင်းဆရာတော်အား ဖူးမြင်ဖူးသူ မဟုတ်။ ကဗျာကယာ ဒူးတုပ်လျက် ငအိပ်နည်းတူ လက်ယှက်ရှိဦးတင် သည်။ ။
“ပသို့ ဖြစ်ကြသတုန်း” “တစ်ရပ်တစ်ကျေးက သူစိမ်းသူရွမ်းက စော်ကားပါသ ဘုရား” ငအိပ်က ငမိုးကောင်းဘက်သို့ လက်ညှိုးထိုးပြ၏။ “ဟဲ ဒကာ၊ ဟုတ်စ”
“မဟုတ်ပါဘုရား။ တပည့်တော် တိမ်းပေးပါလျက် ပခုံးချင်း ဝင် တိုက်ပါသ ဘုရား။ လက်ပမ်းသတ်လိုသည် သူပြောတမင့် တပည့်တော် ငြင်းပါသ ဘုရား။ တံတွေးနဲ့ထွေးပြီး မိန်းမလို့ဆိုသဟာကို” . “တန်၊ တန်။ ဒါယကာ ငါသိပြီ။ ဒါယကာဟာ ငရဲတင်း၊ မိပန်း အိတို့ သမက် ဟုတ်စ”
“မှန်ပါကြောင်းပါဘုရား” “ဒါယကာ ယောက်ျားကောင်း ဖြစ်တမင့် ဘောက်မဲ့ကြောင့်
ယောက်ျားဖြစ်ဆန်းတွေနဲ့ သတ်ပုတ်ရသတုန်း”
“မှန်ပါ တပည့်တော်စိတ်”
“ဘုန်းကြီးကို ဒါယကာမသိတမင့်၊ ဒါယကာကို ဘုန်းကြီးသိ သကော။ ဒါယကာဟာ သာသနာ့ရန်သူ၊ မြန်မာ့ရန်သူ၊ ကုလားဖြူတွေကို ချေမှုန်းနေတဲ့ ဗိုလ်မြတ်ထွန်းရဲမက်၊ ဟုတ်စ”
“မှန်လှပါဘုရား” ဖြေရာက လက်ဝဲဘက်နံတောင်မှ စပ်ဖျဉ်းဖျဉ်း ဖြစ်သဖြင့် ငဲ့ကြည့်မိသည်။ ညီညာဖြောင့်တန်းသော သွေးစီးကြောင်းသုံးခု။ ( သူ့ငုံကြည့်သဖြင့် ရဟန်းတော်လည်း သတိထားမိ၏။
“ပသို့ ဖြစ်သတုန်း ဒကာ” “ချုံစပ်က ကိုင်းပင်တွေ ရှသဟာထင်ပါ့ဘုရား”
စင်စစ် ငမိုးကောင်းနှင့် နီးကပ်သောချုံသည် ညာဘက်မှာသာ ရှိ၏။ ချုံထဲသို့ လည်း ငမိုးကောင်း မကျ၊ မရှး လူချင်း ပြန်အခွာတွင် ငအိပ် လှမ်းကုတ်လိုက်ခြင်းသာ ဖြစ်ပေ၏။
ရဟန်းတော်က မေးမြန်းတော်မူ၏။
“ကျိုက်ကဇင်းခံတပ်ကို စွန့်ပစ်ထားခဲ့ပြီး ပသို့ ဖြစ်သွားသတုန်း ဒါယကာ။ ဗိုလ်ချုပ်မြတ်ထွန်း ကျန်းခဲ့သာလို့ မာပါစ”
“ကနောင်ဘက်မှာ ကြားသာပါပဲဘုရား။ တပည့်တော်လည်း အိမ် ထောင်ကျကတည်းက အဆက်ပြတ်သကောဘုရား”
“အေး အေး၊ ဒါယကာဟာ ယောက်ျားကောင်း၊ ယောက်ျားမြတ် ပေါ့။ ဟို ဟို ဒါယကာ နာမည်ဘယ်သူ”
“ငအိပ်ပါဘုရား”
“နင်တို့ ရွာ ကံကောင်းလို့ လူ့အဖိုးတန် ယောက်ျားကောင်း၊ ယောက်ျားမြတ် ရောက်လာသဟာ၊ ရန်မမူနဲ့ ကြားလား ငအိပ်”
“မှန်၊ မှန်ပါဘုရား”
“ကဲကဲ သွားကြ၊ ခွဲကြ” ငအိပ်သည် ဆရာတော်ကို ဆရာရင်းမို့ ကြောက်ရွံ့ရိုသေသဖြင့် “မှန်ပါဘုရား” လိုက်ရငြား၊ နာကျည်းသည်။ သည်ကဲ့သို့သော သူစိမ်း သူရွမ်းကို ယောက်ျားကောင်း၊ ယောက်ျားမြတ်ဟု ဆရာတော်က သတ်မှတ် သဖြင့် ခံပြင်းသည်။ နေသေးသပေါ့ ချုံထဲကဟု အံကြိတ်ကြုံးဝါးသည်။ တေးထားသည်။
ငမိုးကောင်းကလည်း ပြီးပြီးပျောက်ပျောက်သမား မဟုတ်ချေ။ ငအိပ်၏ ရန်သည် သည်မျှဖြင့် အေးပါမည်လား စိတ်မချဘဲရှိသည်။ သို့ သော် လယ်ထဲသို့ ရောက်ချိန်တွင် ငချိပ်နှင့် ငပြုံးချိုကို တွေ့ရသဖြင့် | ငအိပ်ကိုမေ့ကာ ကျေးဇူးတင်ရ ဝမ်းသာရ၏။ အကြောင်းမူ သူတို့သည်
စောင့်ရှောက်သူ ကင်းဝေးနေသည့် စပါးပင်များကို ရိတ်သိမ်းပေးနေသော ကြောင့်ပေတည်း။ ။ “အနောင့်နံတောင်းမှာ ဘဇာဖြစ်သတုန်း”
သွေးစိမ့်ဆဲအစင်းကြီးကို ငပြုံးချိုက မြင်ဖြစ်အောင်မြင်သဖြင့် ရိုးထဲအဖြတ်တွင် ငအိပ်၏စိန်ခေါ်ခံရပုံကို ပြန်ပြောင်းပြောပြ၏။ ထိုအခါ ငချိပ်သည် ခွက်ထိုးခွက်လန် ရယ်မော၏။ “လက်ပမ်းသမား ဆိုသပါ့ ။ မိန်းမလိုမိန်းမရ လက်သည်းနဲ့ ကုတ်သကော” ဟု မှတ်ချက်ချ၏။
“အကျွန့်ကိုလည်း အငြိုးရှိ ထင်ပါ့။ မျက်စောင်းတခဲခဲနဲ့”
ငပြုံးချိုက သူနှင့်ငအိပ်၏ဆက်ဆံရေးကို ပြောပြရာက “အဖေ့ ကိုလည်း ဦးတော် သတိထား။ မကြာမတင် အရာကျစေမပါ့' ကြုံးဝါး သကော” ဟု ဆက်ပြော၏။
သို့ဖြစ်ငြား ငမိုးကောင်းသည် ငအိပ်အကြောင်းကို ဇွတ်မေ့ပစ် လိုက်ကာ သူ့လယ် သူ့ကိစ္စသို့ ရောက်အောင် စကားကိုဆွဲယူ၏။
“အနောင် ငချိပ်နဲ့ နောင်ငယ်တို့သာ လာပြီးမစောင့်ရှောက်ရင်
သည်စပါးခင်း စာ စားသာနဲ့ ကုန်နိုင်သပါ့”
“သဟာကလည်း အဖေ့ကျေးဇူးဗျာ့ နောင်ကြီးရ” ငပြုံးချိုက လက်ခါခါ ခေါင်းခါခါဖြင့် ပြော၏။
“အဖေက မင်းရို့သွေးသောက်ကြီး၊ မယားမီးနေရာမှာ ဗျာများ နေရော့မယ်။ လယ်ထဲဆင်း စောင့်ရှောက်ပါဘိ သတိပေးသပေါ့”
ငမိုးကောင်းမှာ တောကဲကြီးအား ရင်ထဲမှကြိတ်ပြီး ကျေးဇူးတင် မိသည်။ သူသည် မိစ္ဆာဒိဋ္ဌိမောင်းနှင်ရေး ရဲမက်များ၏ ဘက်တော်သားကြီး” စစ်စစ်ဖြစ်၏။ မိမိ ငှက်ဖျားထစဉ်က သားရင်းသဖွယ် ပြုစုခဲ့ကြ၏။ မယ် မင်းဘော်ကို ထိမ်းမြားယူငင်ရေးတွင်လည်း သူပင်မိဘအရာ၌ ရပ်ခဲ့ပြန်၏။
ယခု တစ်မိုးလုံးလုပ်စာ စာစား၍ကုန်မည်သို့ ရှိစဉ်တွင် လာရောက် ဆယ်မ ထားပြန်ချေပြီ။ သို့ကြောင့် သူ့သား ငပြုံးချိုကိုပါ ကျေးဇူးမတင်ဘဲ မနေနိုင်။ ထိုနည်းတူပင် ကာလသားခေါင်းကြီးကိုလည်း ရင်ထဲမှ ကြိတ်ပြီး ကျေးဇူးတင်သည့်အတွက် လှမ်းပြီး ကျီစယ်၏။
“နောင်ကြီး ငချိပ် ရည်းစားရှိပြီထင်ပါ့ ”
ဤသို့အမေးခံရလျှင် သဘောကျသည်မှာ ကာလသားသဘာဝ ဖြစ်၏။ ငချိပ်လည်း တဟီးဟီး တဟဲဟဲဖြင့် ခေါင်းထောင်၏။
“မှန်ရာပြောရရင်၊ အပျိုးမှန်ရင် အကျွန့်ရည်းစား။ သို့သော် ပြန် ကြိုက်သူ မရှိသကော”
သူ့စကားကို သူ့ဘာသာသဘောကျပြီး တဟားဟား ရယ်မော သည်။ ငပြုံးချို့မှာလည်း တပြုံးပြုံးရွှင်မြူး၏။
“သို့ဆို အကျွန်နဲ့ မယားညီအစ်ကို တော်စပ်စေချင်သပါ့” “မိသော့က ငယ်ငေါင်းလွန်းသကော အနောင်။ ကလေးပဲ ရှိသေး
သပါ့”
“ငယ်ငေါင်းလွန်းသပါ့ဆို၊ အရွယ်ရောက်အောင် ဓားထမ်းပြီး စောင့်
သာပေါ့ ။ ဟုတ်စ”
ငမိုးကောင်းသည် ပြောရင်းဆိုရင်းက တလင်းလုပ်ရန် နေရာကို ရွေးချယ်ရရှိသွားပြီ။ ရိုးပြတ်ချည်း ကျန်ခဲ့သော လယ်ကွက်များအနက် ကျယ်ဝန်းသောအကွက်ဖြစ်သည်။ ရိုးပြတ်တွေကို ပေါက်တူးဖြင့် သူ ခုတ် ဖြတ်၍ အတန်ကြာမှ ငချိပ်အသံ ပေါ်လာသည်။
“အနောင့်အကြံ သင့်မြတ်သပါ့။ သို့ပေသည့် ကာယကံရှင်က ကြိုက်မှကြိုက်ပါ့မလား”
“သည်ဟာမှာတော့ နောင်ကြီးချိပ်ရဲ့ လုပ်ရည်ကြံရည်ပေါ်မှာ တည် သပါ့။ အရှင်မရှိသေးသဲ့အပင်ကို စောစောစီးစီးက ပန်းတုံးတိုင်ရာဇမတ်နဲ့ ဘွဲ့ သတ်ထားသင့်သကော”
“နောင်ကြီးက နောင်ကြီးချိပ်အတွက်ချည်း ပြောသကော၊ အကျွန့် အတွက်လည်း စဉ်းစားသင့်သပါ့”
ထိုအခါကျမှ ငမိုးကောင်းသည် ငပြုံးချိုအား စေ့စေ့စပ်စပ် ကြည့် မိသည်။ နှုတ်ခမ်းမွေးရေးရေးနှင့် ကြီးကောင်ဝင်စပြုနေပါတကား။
“ဟုတ်သပါ့၊ နောင်ငယ်လည်း မယားနေမယ်ဆို နေနိုင်ပြီပေါ့”
“မိသိုင်းညီမ မိဗျိုင်းတော်သကော။ ဗိုင်းမှုဝါမှု ဆန်ဖွပ် မောင်း ထောင်း တော်သပါ့”
ရွာထဲက မိန်းမတွေကို မိုးကောင်း အများအစားမသိ။ အသိဆုံး မှာ ငချိပ်ဖြစ်သဖြင့် ဝင်ပြောခြင်းဖြစ်သည်။ ငပြုံးချိုက ခေါင်းခါသည်။
“ဗျိုင်းခြေထောက်ကြီးနဲ့ ခြေဆန်လက်ဆန်က ရှည်ပါဘိသနဲ့” “အပျိုရည် အပျိုသွေးတက်လာရင် လှလာမှာပေါ့။ ပြည့်တင်းလာမှာပါ့"
“သူ့တော့” ဆိုကာ ငပြုံးချို အသံပြတ်သွားသဖြင့် ငမိုးကောင်း ခေါင်းထောင်ကြည့်၏။ သူ့အဖေ တောကဲကြီး ဦးထွန်းအေးကို မြင်သော
ကြောင့်ဖြစ်သည်။ ယောက်ျားချင်း၏ကြားတွင် မယားနေရေးကိုပြောရာတွင် ရှက်စရာမရှိငြား၊ ရိုသေလေးစားရမည့် ဖအေရှေ့တွင် မပြောအပ်ဟု နား လည်ကြသည်။ ဂါရဝတရားကို အတိမ်းပါး မခံလိုသည့် သဘောဖြစ်သည်။
ငမိုးကောင်းသည် ပေါက်တူးကို ချထားခဲ့ကာ လက်နှစ်ဖက်ကို ခါးပေါ်တွင်ယှက်လျက် ဦးညွတ်ပြီး ခရီးဦးကြိုသည်။
“ ဦးတော်၊ ကျန်းခံ့သာလို့ မာပါစ။ ဘယ်ကကြွလာပါသတုန်း”
“အမောင့်ဆီ လာသဟာပဲ။ ရွာဦးကျောင်းဆရာတော် ဆွမ်းခံဝင်ရင်း ကြွလာသပေါ့”
ဆရာတော်နှင့် ငမိုးကောင်းမှာ ယခုတစ်ကြိမ်သာ မြင်ဖူးသော ကြောင့် မည်သည့်စကားဆက်လာလိမ့်မည့်ဟု ငမိုးကောင်း မခန့်မှန်းတတ်။ စကားဆက်ကို တလေးတစား သူငံ့လင့်စဉ် ဦးထွန်းအေးက ဆက်၏။
“အမောင်နဲ့ မောင်ပြော့၊ ဘိန်မတို့ရဲ့ သား ငအိပ်တို့၊ ရိုးထဲမှာ သတ် ပုတ်နေသဟာ ဆရာတော်တွေ့လို့ ဖျန်ဖြေခဲ့ရဆိုသကော”
“မှန်ပါသယ်ဦးတော်” အစချီကာ ငမိုးကောင်းမှာ တတိယမ္ပိ ဇာတ် ကြောင်းလှန်ရပြန်ပြီ။ တောကဲကြီးက ငမိုးကောင်း စကားအရပ်၌ ခေါင်း တစ်ချက်ညိတ်ကာ “ငါယုံသကား ။အမောင့်မှာ လူကြီးစိတ်၊ ယောက်ျားကောင်းစိတ်ရှိတဲ့အတွက် ပါမွှားကို သည်းခံမယ် ရှောင်မယ် ဆိုသဟာ ယုံသပါ့” ဟု အားတက်သရော ပြောပြီးမှ လယ်တဲဘက်သို့ မျှော်ကြည့် ရာက ဆက်ပြော၏။
“ဆရာတော်က သည်ပါမွှားဟာ အမောင်လို ပုဂ္ဂိုလ်ရင့်မာကြီးကို စော်ကားရဲသဟာ အကြောင်းရှိမယ် ဆင်ခြင်မိသပေါ့ ။ သဟာကြောင့် အမောင့်ကို စောင့်ရှောက်ပါ၊ ငအိပ်ကို သတိမလစ်ပါစေနဲ့ မှာသွားသကော”
မိမိအတွက် ကြောင့်ကြတော်မူသော ဆရာတော်အား ငမိုးကောင်း ဆိတ်မှန်းကာ ရှိခိုးလိုက်သည်။