Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဆင်ဖြူကျွန်းအောင်သိန်း - ငရဲနိုင်ငံ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ထူထောင်လာကြတာပဲသမီးရယ်။

သမီးလည်း အဖေတို့လိုပဲ ကြိုးစား ထူထောင်ကြပေါ့။

အဖေတို့ ပစ္စည်းကတော့ အဖေတို့သေမှပဲ မောင်နှမနှစ်ယောက် ခွဲဝေယူကြရမှာပဲ”

အဖေသဘောမတူသည့်လူနှင့် ယူသောကြောင့် ဘာမျှမပေးနိုင်ဟူ၍ ဦးမြတ်သာ မပြောသာသဖြင့် ဟိုလိုလို သည်လိုလို အတွေးယောင်စေရန် စကားမျိုးကို ဦးမြတ်သာ သုံးလိုက်သည်ဟု ဖိုးထိန် စွပ်စွဲသည်။

အကယ်၍သာ ခေတ်အခါ ကောင်းမွန်ကြည်လင်နေမည်ဆိုလျှင် ဦးမြတ် သာသည် ဖိုးထိန်ကို သူ့သမီးနှင့် ခွဲပစ်ရုံသာမက ထောင်တန်းကျအောင် လုပ်ပစ်မည့် လူကြီးဟူ၍လည်း ဖိုးထိန်ဆက်တွေးသည်။ တွေးရင်း တွေးရင်း နှလုံးသားက ခါးသီးအသိကို ခံစားရသည်။

သို့သော် ဘာပဲဖြစ်ဖြစ် သူ့သမီးနှင့် စပ်လျဉ်းလာသောအခါ ယောက္ခမ တော်စပ်လာရပါကလား ယောက္ခမဟူသည် ရိုသေအပ်စွာ၏။ သည်အသိ ဖြင့် စိတ်ကိုဖြေချ သက်ပြင်းချလိုက်သောအခါ ဒေါ်ရွှေမ၏အသံကို ကြား ယောင်ရပြန်သည်။

“လုံ့လလည်းထူ၊ ငါလည်း ကူအံ့ဆိုတဲ့ စကားပုံလိုပေါ့ ကွယ်။

 သမီး တို့ သားတို့ကလည်း ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားကြ။

 အမေလည်း တတ်နိုင်သလောက် ကူညီမှာပါ။

ကိုယ့်သားသမီးကို ဘယ်မှာပစ်ထားပါ့မလဲ။

ဟုတ်ဖူးလား ကိုဖိုးဆောင်ရာ”

ဒေါ်ရွှေမမှာ အပြောသာချိုသည်မဟုတ်။ မျက်နှာထားကလည်း နူးညံ့ အေးဆေးသည်။

 သူ့ခင်ပွန်း ဦးမြတ်သာကား ရွာမိရွာဖများကိုပင် အားနာ ရစကောင်းမှန်းမသိ မျက်နှာခက်ထန်သည်၊ သုန်မှုန်နေခဲ့သည်။

ဖိုးထိန်သည် ဦးမြတ်သာ ဒေါ်ရွှေမတို့၏ ပစ္စည်းကို မမျှော်ခေါ်ပါ။

လယ်မြေတွေ လက်ညှိုးထိုးမလွဲ ပိုင်ဆိုင်ပါလျက်၊ အတွင်းပစ္စည်း ခိုင်ခံ့ ထုထည်နှင့်ရှိပါလျက်၊ အိမ်ဆိုင်မှ တစ်နေ့ဝင်ငွေဖြင့်ပင် သူတို့လင်မယားစားမကုန်ဖြစ်ပါလျက်၊ တစ်ဦးတည်းသော သမီးအပေါ် တောက်တောက် ခါးခါးပြုရက်သည်။ ရွှေဂုဏ်ငွေဂုဏ် မောက်လွန်းသည်။

 

“အဘိုးကြီး ဘယ်လောက်ပဲ မာနကြီးကြီး၊ အဘွားကြီးလှည့်ရင်ရတာ ပဲ။ အခုတော့ အဘွားကြီးကပါ ပါးစပ်ပြောနဲ့ အချိုသတ်နေတယ်။ ဒါရဲ့ လက်သည်တရားခံဟာ ဟိုကောင်ပဲဖြစ်ရမယ်”

 

. ဖိုးထိန်၏အတွေးအိမ်တွင်းသို့ ကိုကွန်းဇော်က ပြည့်ပြည့်ဝဝဖြင့် မားမား ကြီး ဝင်ရောက်လာလေ၏။

ကိုကွန်းဇော်သည်လည်း သူ့ဖခင် ဦးမြတ်သာနည်းတူ ခက်ထန်သည်၊ မောက်မာသည်။

သူသည် ချောင်းတစ်ဖက်ကမ်းတွင် သူ့အိုးသူ့အိမ်နှင့် တင့်တောင့်တင့်တယ် ရှိနေပါလျက် သည်ဘက်ကမ်းသို့ ကူးလာကာ ဖအေ့ ဘက်မှ မဲတင်းသည့်အနေဖြင့် ဒေါ်ရွှေမကို ခြိမ်းမောင်းခြင်း ပြုပေလိမ့်မည်။

“ဒီခွေးမကို ဘာတစ်ခုမှ မပေးရဘူး။ သူ့တရား သူစီရင်သွားတာ၊ အမေ အနေသာကြီး”

စသည်ဖြင့်..... ။ ဖိုးထန် မဲ့ပြုံးပြုံးလိုက်ကာ အံကြိတ်ရင်း ထွေးထွေးဝါးဝါးပြောသည်။

“ဆွဲကြိုးတစ်ကုံး၊ နားဆွဲတစ်ရံနဲ့ လက်စွပ်တစ်ကွင်းကို ချွတ်မယူလိုက် တာတောင် ဝမ်းသာရမယ်ထွေးခင်။ သူတို့ ဘာမှမပေးလိုက်လို့ အားမငယ် နဲ့။ ငါ နွားလိုကုန်းရုန်းပြီးလုပ်မယ်။ ကုန်ကုန်ပြောမယ်ဟာ ငါသာ အငတ်ခံ မယ်၊ နင်မငတ်စေရဘူး”

 

ဤကြုံးဝါးသံ လင်ယောက်ျားတစ်ယောက်၏ မာနလေတံခွန်ကြိုးကုန် လွှင့်တင်လိုက်သော ဤအသံကို ထွေးခင် မည်သို့မျှမတုံ့ပြန်။

 ထို့ကြောင့် ဖိုးထိန်က တစ်ဖက်စောင်းလှည့်ကာ ထွေးခင်ခါးကလေးကို ဖက်လိုက်ငြား လေကိုသာ ဖက်မိသည်။

ဖိုးထိန်ရှက်သွားသည်။ အနားတွင် ထွေးခင်ရှိလျှင် ဘယ်လောက်များ ကရော်တိုက်၍ သရော်လိုက်မည်နည်း။

 

ဖိုးထိန် သတိလစ်သွားသည်။ ထွေးခင် အောက်ခဏဆင်းသွားတာ သိပါလျက် ရှိနေသည်ထင်ပြီး ဖက်မိခြင်းဖြစ်သည်။

 ဖိုးထိန်မပြယ်သော အပြုံးဖြင့်ထထိုင်ကာ နောက်ဖေးဘက် လှမ်းကြည့်သည်။ မီးရောင်မမြင်ရ။

သည်အရပ်က ခြေခင်းလက်ခင်း ရှုပ်ထွေးသော အရပ်ဖြစ်သည်။ တုတ်မီးစသည် မီးခွက်စသည် မပါဘဲ အိမ်ပေါ်က အိမ်အောက်ဆင်းရလျှင် ခြေချရဲစရာမရှိ။ မြေပေါ်သို့ခြေချတိုင်း တစ်စုံတစ်ရာ ဖြစ်သည်ချည်းမဟုတ် ပေမယ့် ရေနံဆီမီးခွက်ကို အဖော်ဆောင်လေ့ရှိကြသည်။

သို့ပါလျက် ထွေးခင် အရဲကိုးလွန်းသည်။ တောထိုင်သည်ဖြစ်စေ၊ အပေါ့အပါးသွားသည်ဖြစ်စေ မီးခွက်ယူသွားသင့်သည်။

ထို့ကြောင့် မီးခွက်ထွန်းကာ ထွေးခင်နောက်လိုက်မည်ရည်၍ ခြေရင်း တိုင်ဘေးကမီးခွက်ကို စမ်းကြည့်သည် မတွေ့ချေ။ မီးခြစ်ကိုကားတွေ့သည်။ ဖိုးထိန် မီးခြစ် ခြစ်ကြည့်သည်။

အလင်းရောင်သည် အခန်းမှောင်ထဲ စီးဆင်းဖုံးလွှမ်းလိုက်၏။ နောက် တဖြည်းဖြည်း အလင်းရောင်၏ အနားသတ်စက်ဝန်းများ ကျုံ့ကျဉ်းလျက် အမှောင်သည် ပြန်လည်ဖုံးလွှမ်းသွားလေ၏။

ဖိုးထိန်မှာ မီးခြစ်ကိုသာတွေ့သည်။ မီးခွက်ကိုကား မတွေ့ရချေ။ သည် လိုဆိုလျှင် မီးခွက်ထွန်းပြီး ထွေးခင်ယူအသွားတွင် လေတိုက်၍ ငြိမ်းသွား တန်ရာသည်။ သည်အထင်ဖြင့် ဖိုးထိန် သစ်သားမီးခြစ်ကိုင်ကာ နောက်ဖေး ပေါက်မှ ဆင်းလာမိသည်။

အပြင်တွင် ငြိမ်သက်နေ၏။ လေပြေသူခိုးလေးသည် ကြောက်ကြောက် ရွံ့ရွံ့ဖြင့် ဆော့နွဲ့ နေသည်။ တဲပြင်၌ တဲတွင်းလောက် မှောင်ပိန်းမနေပေး၊ ကြယ်ရောင်ဖြင့် ဝိုဝါးမြင်ရသည်။ တစ်စတစ်စ အကြည့်ကြာလာသည်တွင် ချုံပဲ၊ သစ်ပင်ပဲ၊ လူပဲ သိသာလာသည်။

“ထွေးခင်-ဟေ့ ထွေးခင်”

 

တောထိုင်ကြစမြဲ ချုံတန်းစပ်သို့ ဖိုးထိန် လျှောက်လာသည်။ အုံ့ဆိုင်း ထိန်းသံဖြင့် အသံပေးကြည့်သည်။ ထွေးခင် အသံနှင့် အရိပ်သဏ္ဌာန်ကို မမြင်ရချေ။

ဖိုးထိန် အသံရပ်သွားလျှင် ညသည်ပြန်လည်တိတ်ဆိတ်မြဲ တိတ် ဆိတ်သွားပြန်၏။

ပုရစ်ကလေးများသည်ပင် ဖိုးထိန်လာရာလမ်း၌ နှုတ်ဆိတ်နေကြသည်။ ဆူသော ညံသော ပုစဉ်းရင်ကွဲတို့လည်း ဖိုးထိန်နှင့်နီးလျှင် တိတ်သွားကြ ၏။ ဟိုဟိုသည်သည် ဖိုးထိန်ကြည့်သည်။

 “ထွေးခင် နင် ဘယ်ကလဲ ဟာ”

ထွေးနှင့် အသံအစား ရွာလယ်မန်ကျည်းပင်ကြီးပေါ်မှ ဇီးကွက်တစ် ကောင်၏အော်သံကိုသာ ကြားရသည်။ ဖိုးထိန်၏နားထဲ၌ ကြည့်ကွယ့် ကြည့်ကွယ့် လှောင်ချေသလား ထင်သည်။ သို့

ညကြီးမင်းကြီး၌ ထွေးခင် ဝေးဝေး မသွားတန်ရာ။ က ဟိုနားရှိနိုး သည်နားရှိနိုးဖြင့် ဖိုးထိန်မှာ တမှန်းဆဆလျှောက်ရင်း ရင်တွင်းတစ်လျှောက် ပူဆင်းသွားသောအသိ ဝင်လာသည်။ ယောင်ယမ်း ပြီးလည်း ဘုရားတမိသည်။

“လွဲပါစေ၊ ဖယ်ပါစေ၊ မဟုတ်ပါစေနဲ့”

ပိုးထိပြီးများ လဲနေသလား တွေးမိပြီးမှ မဖြစ်ပါစေနှင့် ဆုတောင်းခြင်း ဖြစ်ပါသည်။  ရင်တွင်းသာမက ခေါင်းတစ်ခုလုံးပါ လေးလံထူပူလာသည်။ တစ်စုံ တစ်ရာကို ခလုတ်တိုက်မိသည်။ အတိုက်ခံရသောအရာမှာ အသံမြည်ကာ လိမ့်သွားသည်။

မြေကြီးခဲစသော မာကျစ်သည့်အရာများ လိမ့်သွားသံနှင့်မတူပါ။ အဆံ ချောင်သော ထန်းစေ့မှုတ်ထန်းစေ့ခြောက်များလည်း သည်အသံမျိုးမဟုတ်၊ ဖိုးထိန် သစ်သားမီးခြစ်ကိုခြစ်ကာ ထိုအရာကို တကုန်းကုန်း ရှာဖွေသည်။

 

“ဟင်.....” မီးခွက်၊ သံဖြူမီးခွက်။

ဖိုးထိန်တို့ အိပ်ရာခြေရင်းက မီးခွက်။ လက်ကိုင်ကွင်းတစ်စ ဂဟေပြုတ် နေသောမီးခွက်။

သေလုလုမီးကို မီးစာတွင် တို့လိုက်သောအခါ ဖိုးထိန်ရင်ထဲ လေပြည့် လာသည်။ ထိတ်လန့်လာသည်။

မီးခွက် ပထမမှောက်ကျသောနေရာ၌ အထဲမှ ရေနံဆီများ ကုန်စင် အောင် မှောက်ကျကျန်ခဲ့သည်။ မြေပြင်၌ စိုရွှဲနေသည်။ ဖိုးထိန် ဘာမျှမတွေး တက်သေး။ ပူပန်စိတ်ဖြင့်သာ မီးခွက်ကိုကိုင်မြှောက်လျက် လျှောက်ကြည့် နေစဉ် ထွေးခင့် ပစ္စည်းတစ်ခု ထပ်မံတွေ့ရပြန်သည်။

ထွေးခင်စီးသော ခုံဖိနပ်ကလေးဖြစ်သည်။ ( သားရေကွင်းတပ် သစ်သားခုံဖိနပ်အနီကလေးမှာ ထိပ်တွင်ကြေးရောင် သံမှိုကလေးခုနစ်ချောင်း စွဲခြယ်ထားသည်။ ခုံဖိနပ်တော့တွေ့ပြီ၊ လူက ဘယ်ရောက်သွားပါလိမ့်။ ဖိုးထိန် ရင်တွင်း စိုးရိမ်ခြင်းသည် အမြင့်ဆုံး သို့ ရောက်ရှိလာပြီ။ လူသူလေးပါး အိပ်စက်ချိန်တွင် စကားပင်ကျယ်ကျယ် မပြောရသော ရပ်စည်းရွာစည်း ယဉ်ကျေးမှုကိုပါ သတိလစ်သွားသည်။ မျက်ကလဲဆန်ပျား အော်ခေါ်လေတော့သည်။

ပါးစပ်ကအော်ရင်း လူလည်း ဟိုပြေးသည်ပြေး ပြေးလွှားသည်။ မီးခွက် ငြိမ်းသည်လား၊ မငြိမ်းသည်လား မသိတော့။ နောက်ထပ်ခုံဖိနပ်တစ်ဖက် ဘယ်အချိန်ဘယ်နားက တွေ့သည်လည်း မမှတ်မိ။ မြွေဘေး ကင်းဘေးကို လည်း နားမလည်တော့ပြီ။ ဖိုးထိန်တစ်ကိုယ်လုံးကို စိုးချုပ်နေသောအရာမှာ ရင်ပွင့်ထွက်လု ဗလောင်ဆူနေခြင်းသာ။

ဖိုးထိန်၏အသံကြောင့် ဦးဆုံးနိုးလာသူမှာ ဖိုးစိန့်ဖြစ်၏။

 ဖိုးစိန် ငေါက် ခနဲထထိုင်လျှင် ငွေသွယ်ပါ နိုးလာသည်။

“ဘာလဲ ကိုဖိုးစိန်”

ထိုစဉ် မြတ်နိုးရသော ရင်တွင်းရတနာ ပျောက်ဆုံးရှာသော ဖိုးထိန်အသံ က ညဉ့်ရာကို ဖောက်ထွင်းဝဲပျံလာ၏။

 

“ထွေးခင်ရေ၊ ဟေ ထွေးခင်။ အသံကလေး ဘာလေးပြုပါအုံးဟ။ နင် ဘယ်မှာလဲ၊ ဘာဖြစ်နေလဲ”

“ဟောတော့ ညီဖိုးထိန်အသံမဟုတ်လား” “ဟုတ်တယ်ဟ ငါထွက်ကြည့်လိုက်ဦးမယ်”

 

ဖိုးစိန် တဲပေါ်မှ ခုန်ဆင်းကာ ကြယ်ညီလာညပြင်ခင်းထဲ ပြေးထွက်လာ ပြီး အသံလာရာဘက်သို့ မျှော်ကြည့်သည်။ ညီဖိုးထိန်ကိုကား မမြင်ရ။ အမြိတ်အဆာတွဲဝေဖားလျားနှင့် လိမ္မော်သီးခွံတစ်ခုသည် မှောင်ထဲ၌ ပြေး လွှားနေ၏။

 “ထွေးခင်ရေ ဟေထွေးခင်” ဖိုးထိန်နှင့် မီးရောင်သည် ဖိုးစိန်တို့ဘက်သို့ ပြေးလွှားလာပြန်၏။ “ဖိုးထိန်ဘာလဲဟေ့၊ ဘာဖြစ်လို့လဲ”

ဖိုးစိန်လှမ်းမေးဆဲတွင် မီးရောင်သည် ကြယ်ကြွေသည့်နှယ်ထိုးကျလျက် မြင်ကွင်းမှ ပျောက်သွားသည့်ခဏ ဖိုးစိန်လည်း ဘာမျှဂရုမထားနိုင်တော့။ သူ့ညီရှိလောက်သည်နေရာသို့ ပြေးလာခဲ့မိသည်။

“ဖိုးထိန် ပျော့ညီလေး”

“ရှိပါတယ်အစ်ကိုရ၊ ကျုပ်ဒီမှာပါ”

ဖိုးထိန်မှာ မြေပေါ်တွင် ဒူးထောက်လျက်သားကျနေ၏။ ဖိုးစိန်အလော တကြီး ပြေးပွေ့ သည်။ ။

“ချိုင့်ထဲကို ခြေတစ်ဖက်ကျသွားတာပါ။ ဘာမှ မဖြစ်ပါဘူး” “နေစမ်းပါဦး အခုဘာဖြစ်ကြတာလဲ၊ ထွေးခင်ကော” ဖိုးထိန်ငိုချင်သည်။ ဖြစ်ချက်မကောင်းသည့်အကြောင်းကို တယုတယမေးမည့်သူရှိလာတော့ ကယ်ပါဦးအစ်ကိုရဲ့ ပြောကာ ဖက်ငိုလိုက်ချင်သည်။ သို့ရာတွင် အလျင်အမြန်ချဉ်းကပ်လာသော မီးခွက်နှစ်ခုကို မြင်ရသဖြင့် ထရပ်လိုက်ကြစဉ်

“ကိုဖိုးထိန်လား၊ ဒါ့ ဘာဖြစ်လို့လဲ” ဝမ်းကွဲယောက်ဖ အောင်ဖြိုးအသံကို ကြားရသည့်နည်းတူ ဝမ်းကွဲညီ ထွန်းမှိန်ကလည်း လှမ်း အော်သည်။

 “အစ်ကို ဖိုးထိန် ဘာတုန်းဗျ”

ထွန်းမှိန်တွင် မီးခွက်မပါပေ။ သို့ဖြစ်လျှင် ကျန်မီးခွက်မှာ မည်သူနည်း။ အနားရောက်လာသော အောင်ဖြိုးနှင့် ထွန်းမှိန်တို့ကိုပင် စကားပြန်မပြော နိုင်သေးဘဲ တရွေ့ရွေ့ လာနေသော မီးခွက်ကို မျှော်ကြည့်နေကြ၏။

“မိယဉ်မြနဲ့ အရီးရွှေမပါ အစ်ကိုရာ၊ ကဲ-ဆိုစမ်းပါဦး၊ ဘာဖြစ်ကြတာ လဲ။ ထွေးခင်ခေါ်သံလည်း ကြားလိုက်သလားလို့”

ထွန်းမှိန်က မီးခွက်ဆီ လှမ်းကြည့်ပြီး ပြောလိုက်ရာ... ဖိုးစိန်မှာလည်း ဘုမသိဘမသိဖြင့် ဖိုးထိန်ကို စောင်းကြည့်မိသည်။ ဖိုးထိန်မှာ လည်ဆစ် ကျိုးကျသော ထန်းပင်နှယ် ငိုက်ငိုက်ငုံ့ကြီး ရပ်နေ၏။

“ဟဲ့-ဘာဖြစ်ကြတာလဲ” ဖိုးထိန့်အမေ ဒေါ်လှမေလည်း မီးခွက်မှိုင်း တလူလူဖြင့် အနားရောက်လာသလို ယဉ်မြမှာလည်း အစ်ကိုတွေကို မျက်လုံး ကလေးပြူးလျက် ကြည့်နေသည်။

“ဖိုးစိန် ဘယ်သူဘာဖြစ်တာလဲ သား”

 “ကျုပ်မဖြစ်ပါဘူး အမေရာ၊ ညီလေး ဖိုးထိန်ပါ”

ငါးစုံသော မျက်လုံးများသည် ဖိုးထိန်ထံတွင် စုရုံးလာကြသည်။ ဖိုးထိန် မှာ မောပန်းစွာ အသက်ရှူလိုက်သည်။

 “ပြောဘဲ မပြောချင်ပါဘူးအမေရာ၊ ထွေးခင် ပျောက်သွားလို့ဗျ”

“ဟောတော်၊ ဘယ်လိုဖြစ်ကြတာလဲ သားရယ်။ သားက သူ စိတ်ဆိုး အောင် ဘာတွေပြောလို့လဲ”