Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

ဆင်ဖြူကျွန်းအောင်သိန်း - ကျေးလက်ရိုးရာမြန်မာမှုဓလေ့မျာ:

Regular price 7,500 MMK
Regular price Sale price 7,500 MMK
Sale Sold out
အခန်း (၁)
ဘဝနိဒါန်း

(က) ရက်ချုပ်

         ရက်ချုပ်ဟူသည် လူတစ်ယောက် မွေးဖွားသည့် ခုနှစ်၊ လ၊ ရက်၊ နေ့နှင့်အချိန်နာရီများကို အတိုချုပ်ရေးမှတ်ထားသော အရာဖြစ် ၏။ ထိုရက်ချုပ်ကို အများအားဖြင့် “ကျီးမနား” ထန်းရွက်ပေါ်တွင် ရေးမှတ်လေ့ရှိကြသည်။

ထိုဓလေ့သည် မြန်မာနိုင်ငံတွင် စက္ကူသုံးစွဲမှု မတွင်ကျယ်မပျံ့ နှံ့သေးမီက များစွာတွင်ကျယ်ခဲ့ပေသည်။ ကလေးအဖေသည် မိမိ၏ သားသမီးတစ်ယောက် မွေးဖွားသည်နှင့်တစ်ပြိုင်နက် နာရီရှိသော ဘုန်းတော်ကြီးကျောင်းသို့ဖြစ်စေ၊ နာရီရှိသော သူကြီးအိမ်၊ မြေပိုင်ရှင် အိမ်သို့ဖြစ်စေ အပြေးအလွှားသွားကာ အချိန်နာရီကို မေးမြန်းမှတ်သား ထားသည်။

ထို့နောက် စာရေးသားမှု၌ ကျွမ်းကျင်သူထံသို့ ချဉ်းကပ်ကာ မိမိမှတ်သားထားသော အချိန်နာရီနှင့် နေ့ရက်တို့ကို ပေးအပ်ပြီး ရက် ချုပ်ကလေးပြုလုပ်ပေးပါရန် တောင်းပန်လေသည်။

ရက်ချုပ်ရေးတတ်သူသည် တစ်စုံတစ်ရာသော အခကြေးငွေ ကိုမျှမတောင်းခံဘဲ အသင့်ထားရှိသော ထန်းရွက်ပေါ်တွင် ကညစ်ဖြင့် ရေးသားပေးလေ့ရှိသည်။ ထန်းပင်တွင်ရှိသော အလက်များသည် ဘေးသို့ ပြန့်ကားနေသောကြောင့် ကျီးနားနိုင်သည်။ ထောင်မတ်နေ

သော အညွှန့်ပေါ်တွင်မူ ကျီးမနားနိုင်ချေ။ ထို့ကြောင့် ကျီးမနားထန်း ရွက်သည် အမြင့်အမြတ်သဘောသက်ဝင်သည်ဟု ယူဆကြ၏။ လူ တစ်ယောက်၏ ထူးခြားသောမွေးနေ့အချိန်အခါကိုလည်း မြင့်မြတ်

သောအရာပေါ်တွင်သာ ရေးမှတ်ခြင်းဖြင့် သက်ဆိုင်သူတွင် မင်္ဂလာ ကျက်သရေတိုးလိမ့်မည်ဟု အယူရှိကာ ကျီးမနားထန်းရွက်ပေါ်တွင် ရေးမှတ်ခြင်းဖြစ်ပေ၏။

ရက်ချုပ်

မောင်သီ

၊ ၁၃၆ ခု ဝါဆိုလွန်း - ၂ရက် -သောကြာနေ့

နံက်. ၁၀ - နာရီ တိတိတွင် မွေး သည်....

ထန်းလက်ကြီးမှ ဖြာထွက်နေသော ထန်းရွက်တွင် အကြောများ ပါရှိသည်။ အကြောများ၏ ဝဲယာတွင် ထန်းရွက်အသားများရှိသည်။

ထန်းရွက်ထန်းဖူးကို ခူးယူပြီး၊ ပိပြားအောင်ဖိခြင်း၊ နေလှန်းခြင်းပြုလုပ် သောအခါ ပုရပိုက်ကို ချထားသကဲ့သို့ အထပ်လိုက် ပိပြားသွားတော့ သည်။ ထန်းရွက်ကြောတစ်ခုကို ထန်းရွက်အသားနှစ်ဖက်မှာ ပူးတွဲ လျက်နေလေ့ရှိသည်။

ရက်ချုပ်ရေးသူသည် ရက်ချုပ်ရေးသားရန် ထန်းရွက်တစ်ထွာ ခန့်ကို ဓားဖြင့်လှီးယူလိုက်သည်။ ထန်းရွက်အသား နှစ်ချပ်သည် အကြောနှင့်တွဲလျက် ပါလာသည်။ ရက်ချုပ်ထန်းရွက်၏ ပုံသဏ္ဌာန် မှာ သားလှီးဓားငယ်နှင့် ဆင်တူသည်။ အရိုး၏နေရာသည် ထန်းရွက် ကြောဖြစ်ပေသည်။

ရက်ချုပ်ထန်းရွက်ပေါ်တွင် အများအားဖြင့် ရေးမှတ်ထားပုံ မှာ အောက်ပါအတိုင်း ရှိတတ်လေသည်။

 

“ဇေယျတု။ ။ကောဇာသက္ကရာဇ် ၁၃၀၀ ပြည့်နှစ် နှောင်းတန်ခူးလဆန်း ၃ ရက်နေ့ ၃င်္ဂါနေ့ည စက်နာရီ ၁၁ နာရီ မိနစ် ၃ဝ၊ ၁၅ စက္ကန့်တွင် မာတာမိခင် သတို့သားကို ဖွားသန့်စင် သည်၊ အမည်သညာ ခေါ်စရာကား မောင်စံအေး။ အသက် ၁၂၀ရှည် စေသော်ဝ်” ။

 

ထန်းရွက်အသား နှစ်ရွက်ပူးနေသော ထိုရက်ချုပ်ကို အရိုးမှ ကိုင်ပြီး အိမ်ခေါင်းရင်း ထရံ သို့မဟုတ် အိမ်အမိုးတွင် ထိုးထားကာ ငွေကြေးအဆင်ပြေချိန်တွင် ဇာတာဖွဲ့ ခိုင်းကြလေသည်။ ထို့သို့ သူတစ် ပါးအား အရေးအမှတ်ခိုင်းရခြင်းမှာ ထန်းရွက်ပေါ်တွင် ကညစ်ဖြင့် မရေးတတ်သောကြောင့် ဖြစ်ပေ၏။ စက္ကူ၊ ခဲတံ၊ ဖောင်တိန်နှင့်ဘောပင် အသုံးတွင်ကျယ်သည့်အခါတွင် ထိုဓလေ့မှာ ကွယ်ပျောက်လုနီးပါးရှိ နေပေပြီ။

 

(ခ) ဇာတာ

 

             အင်းဝခေတ်စာဆို သျှင်မဟာရဋ္ဌသာရ (၈၃၀-၈၉၂) သည် ဗေဒင်ကိုလည်းကောင်း၊ လက္ခဏာပညာကိုလည်းကောင်း ယုံကြည် တော်မမူချေ။ ယုံကြည်မှုကင်းမဲ့ပုံကို ... ။

              “လိုက်လေလိုက်လေ ငတ်မပြေသည်၊ ပန်းခြေလက်ချထောက် ချင်တသို့ ၊ မွေးဘချီးမွမ်း တိတ္ထိကျမ်းကို စွဲလမ်းအယူ သင်သောသူ သည် ထို့တူလည်းကောင်း ဖြစ်ရာရှောင်း၏။ လမ်းကြောင်းမတွင် ထိုဗေဒင်ကား ပါယ်ခွင်လည်းလား ခြောက်ပါးနတ်ရွာ ဗြဟ္မာနှစ်ဆယ် မဂ်လေးသွယ်သို့ ရောက်ဖွယ်အကြောင်း ကင်းစွာရှောင်း၏။ တွင်း ခေါင်းလွှာလွှာ အကာပြဲပြဲ အနှစ်မဲ့တည်း။” (စတုဓမ္မသာရ ကိုးခန်း ပျို့ပိုဒ်ရေ (၃၃) တွင် ရေးဖွဲ့ခဲ့သည်။)

ဤသို့ဖြင့် အလေးအနက်ရှုတ်ချတော်မူခဲ့၏။ ထိုပျို့ အပိုဒ် ၁၁၇တွင်လည်း .......

“သည်ကားငယ်က သည်ကြီးမှဟု နှစ်လပေါင်းခြုံ နေ့ ရက်ပုံ ဖြင့် တစ်စုံတစ်ရာ လက်ခြေမှာ၌ သေစာသေဟိတ် နိမိတ်ထင်လင်း မရှိလျှင်းခဲ့။ သက်ကြွင်းနောင်လာ မျှစဉ်ခါဝယ်” ဟူ၍ လက္ခဏာပညာ ခါတွက်တော်မူပြန်၏။ ။

သို့ရာတွင် ရှေးမြန်မာများအနက် အများစုသည် .......

“သာမ၊ ယဇု၊ ဣရုဗေဒင် သုံးပုံမြင်၍ ငလျင်တော်လည်း စနည်း တဘောင် တိမ်တောင်နီပြောက် စို့ရောက်တမ်းခွန်၊ လှည့်ဖန် နက်သတ် နေကြတ်စဉ်းနာ ဥက္ကာပျံသန်း၊ လဝန်းတာရာ ချဉ်းနင်းလာ

သား၊ သုဘာသုဘ ဖတ်ထနိမိတ်၊ ရှစ်စိတ်ကာလ ပဉ္စစေ့ခါ နမန္တာနှင့် စူဠာမဏိ ခိုင်ညှိအဋ္ဌ ဒွါဒသဟု သွယ်ချနှစ်ကွဲ ပြည်ထဲ ပြည်လာ သာမသာက တံထွာဟိန်းခန်း ဓာတ်ဆန်း ဓာတ်ပျက် နရစက်သူယုတ်

ပေါ်ငုပ်နံစံ မြေခံတိထီ ယာယီနဂိုရ် နှင်ဖိရန်ဘေး ဦးဆေးမင်္ဂလာ ရာမရာက စသည်လေ့ကျက် တွက်ချက်ပြုစု ဇာတာမှုလည်း မိတ္တုဆည်-တိုင် ခိုင်မခိုင်ကို စွဲကိုင်ပညာ ရှုပြီးစွာမှ၊ ဂေါဇာဂေါဝိန် ဂြိုလ် သွားချိန်လျက် ဆတ္တိ တြင်းနဝင်းကိုးဆစ်တစ်ရာ့ရှစ်တွင် စိစစ်ဖွေဖော်

လျော်မလျော်ကို ကြည့်မြော်နှိုးချက် နှစ်-လရက်ဖြင့် ဖြစ်ပျက်ပိုင်းခြား စည်းနှယ်သား၏ ။ စကားရှေးစဉ် စီလျဉ်မှတ်မိ ဣတ္ထိပုရိသ ကာလ ကဏ္ဍိ လက္ခံလက္ခဏာ ဆမာဒေသ သဒ္ဒနီကာယ် နှံကျယ်မန္တန်” ဟု ကိုးခန်းပျို့ပိုဒ်ရေ (၆) တွင် တွေ့ ရပေရာ အယုံအကြည်ရှိသည်ကို တွေ့ရသည်။

မင်းတရားရွှေထီး၏ ယောက်ဖတော်လောင်းသည် ဘုရင့်အစ် မတော်နှင့်ရည်ငံမိ၏။ မင်းပြစ်သင့်မည်စိုး၍ တိမ်းရှောင်နေရာမှ နန်းတော်သို့ဝင်ပြီး သူ့ဇာတာကို ဆက်၏။ မင်းဖြစ်မည့် ဇာတာပါသော

ကြောင့် ရာဇဝတ်ဘေးမှကင်းလွတ်ကာ သခင်ကြီးနှင့်လက်ဆက်ခွင့် ရသည်ဟု ကြားနာ မှတ်သားဖူးပါသည်။ ။ ရင် ဇာတာဟူသည် လူတစ်ယောက်၏ မွေးဖွားချိန်မှ သေချိန်အထိ ကြားကာလတွင် ဖြစ်ပျက်မည့်အကြောင်းအရာတို့ကို ဖော်ပြထားသည့် အရာဟု သတ်မှတ်ကြ၏။ ထို့ကြောင့် မြန်မာများသည် ဇာတာဖွဲ့ ရန်လို လားကြ၏။ အလျင်အမြန်ရေးမှတ်ထားခဲ့သော ရက်ချုပ်ကလေးကို ငွေကြေးအဆင်ပြေချိန်၌ ဇာတာဖွဲ့ တတ်သူထံ သွားရောက်အပ်နှံကြ၏။

ဗေဒင်ဆရာသည် ရှေးဦးစွာ အသင့်စုဆောင်း ပြင်ဆင်ထား သော ထန်းရွက်များကို ထပ်ပြီး ကြိုးဖြင့်ချုပ်၏။ လှပသောပုံပန်းရရန် လှီးဖြတ်၏။ ထန်းရွက်များကို အထပ်ထပ်ပြုရခြင်းမှာ ပေကဲ့သို့ မခိုင် ခံ့သောကြောင့်ဖြစ်၏။ နောင်အခါတွင်ကား အထပ်များများထပ်၍အဖုံးအပိတ်များဖြင့် မွမ်းမံသည့် ကြေးကြီးသော ဇာတာများကို လုပ်ဆောင်လာကြ၏။ ။

ဇာတာချုပ် တစ်ဖက်မျက်နှာတွင် ဇာတာရှင်၏ မွေးချိန်ကာ လကို ဖော်ပြထား၏။ ဖော်ပြပုံမှာ ရက်ချုပ်မှာထက် တိကျပြည့်စုံ၏။ “ခု၊ လ၊ ရက်၊ နာရီသာမက ဖဝါးဗီဇနာများအထိပါဝင်ပြီး အသက် ၁၂၀ ရှည်စေသော်ဝ်” ဖြင့် အဆုံးသတ်ထား၏။

 

.

          ဇာတာ

       ကျန်သော မျက်နှာဘက်တွင် လက်ဝဲဘက်၌ စက်ဝိုင်းတစ်ခု လက်ယာဘက်၌ ပြာသာဒ်ပုံ ပန်းဆိုင်းပုံကဲ့သို့သောအရာများ ရေးခြစ် သွထားပေသည်။ စက်ဝိုင်းပုံကို အစိတ်များစိတ်ထားပြီး ၁၂ ရာသီခွင် ဂြိုလ်နေဂြိုလ်ထားများကို ဖော်ပြထားသည်။ လက်ယာဘက်ရှိ ပုံများ တွင်မူ “စင်နက္ခတ်” ခေါ်သောအရာများကို ထည့်သွင်းဖော်ပြထားပေ ၏။

မြန်မာတို့သည် ဇာတာကို “ဇာတာခြင်း” တွင်ထည့်ကာ မြင့် သော မြတ်သောနေရာ၌ ထားတတ်၏။ လူတစ်ယောက် မကျန်းမာ လျှင် လူနာ၏ဇာတာကို ဗေဒင်ဆရာထံ ယူဆောင်သွားကာ ဗေဒင် မေးတတ်၏ ။ ဗေဒင်ဆရာညွှန်ကြားသော ယတြာများပြုတတ်သည်။

 

 

အချို့ကမူ ကျန်းမာပါလျက်နှင့် စီးပွားလာဘ်လာဘကို လိုသော

ကြောင့် ဇာတာစစ်ဆေးသည် အမည်ခံကာ ဗေဒင်မေးတတ်ကြသေး ၏ ။

ချစ်သူနှစ်ဦးသည် မည်မျှချစ်ကြင်နာငြား လက်မထပ်ရသေး ပါ။ လူကြီးချင်း အဘယ်မျှသဘောတူနေစေကာမူ အတည်မဖြစ်သေး ပါ။ ချစ်သူနှစ်ဦး၏ ဇာတာကို ဗေဒင်ဆရာအားပြသ၏။ ဗေဒင်ဆရာ က ဇာတာကိုကြည့်ရှုတွက်ချက်ပြီး မသင့်မြတ်မလျော်ကန်ဟု ဆိုလိုက် ပါက ချစ်သူနှစ်ဦးမှာ ရှင်ကွဲကွဲရတော့သည်။

ဇာတာဟူသောအရာသည် မြန်မာတို့၏ လူမှုရေး၊ စီးပွားရေး တွင် များစွာခြယ်လှယ်ခဲ့ငြား၊ ယနေ့အချိန်တွင် ဇာတာထားရှိသူ နည်းပါးသွားပေပြီ။ သားဖွားခန်းများ သားဖွားဆေးရုံများက ရေးပေး လိုက်သော မွေးနေ့ မှတ်တမ်းကိုသာ ဇာတာချပ်၏နေရာတွင် အစား ထိုး အသုံးပြုနေကြပေပြီ။ ။

 

                     အခန်း (၂)

           အရေးအသား စာပေပညာ

                     (က) ပေ

 

                   စာပေ

စာနှင့်စပ်လျဉ်းသော စကားကို ပြောဆိုပါက စာအကြောင်းကို ရေးသားမည်ရှိသော် “စာ” ဟု တစ်လုံးတည်းမရေးဘဲ “စာပေ” ဟူ ၍သာ ပေနှင့်တွဲ၍ ပြောလေ့ပြောထ ရေးလေ့ရေးထ ရှိကြ၏။ စာပေ ဟုခေါ်ဝေါ်သုံးစွဲရမှ စာပေဟုရေးသားရမှ ပြည့်စုံသည်ဟူ၍ ထင်မှတ် ကြ၏။

စာမအံ စာမကျက်ဘဲမနေရန် ဆုံးမသည်ကိုပင်၊

“မိခင်ကိုလွမ်း ဘကိုတမ်းလျက်၊ ယောင်ယမ်းထွေထွေ ညှိုး ငယ်ခွေလျက် စာပေမအံ အကြံယွင်းကွက် နှလုံးပျက်၍ စိတ်စက်မသာ အိမ်သို့လာမှ စာပေမမှတ် အတတ်သင် လွန်လေးဖင်လျက်” ....ဟူ၍ သားရွှေဥ ဆုံးမစာ၌ တွေ့ရပေ၏။ ထိုနည်းတူစွာပင် ရှင်မဟာရဋ္ဌသာရ၏ လက်သစ်တောင်သာ ဆုံးမစာ၌လည်း “သား မယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း စာပေစကား နေ့စဉ် ကြားက” စသည့်ဖြင့် ဖွဲ့ဆိုထားသည်ကို တွေ့ရပြန်၏။ ထိုမှတစ်ပါး လည်း “စာပေ” ဟူသော အသုံးအနှုန်းများ များစွာရှိပေသည်။

သို့ဖြစ်လျှင် “ပေ” ဟူသည်မှာ မည်သည့်အရာနည်း။ မည်ကဲ့ သို့သော အရာပါနည်း။ ရှင်မဟာရဋ္ဌသာရ၏ သုစိပုဘာ ဆုံးမစာ၌ “မကြံမပေး ဆွေးနွေးရောနှော ပြောဟောမဲ့ထွေ ပေချပ်ရေဖြင့် ကုန်စေ ဆန်းသာ သင်ချေပါလည်း”ဟု ပါရှိသည်ကို ထောက်ရှု၍ ပေသည် အချပ်ဖြစ်ကြောင်း သိရပေ၏။

ထိုသို့သောပေချပ်တွင် ရေးထားသောစာကို သင်အံကျက်မှတ် ကြရခြင်းကို အစွဲပြု၍ စာပေဟု အခေါ်အပြောအရေးအသား တွင်လာ ခြင်းဖြစ်ပေသည်။ ။

ပေသည် သစ်ရွက်ဖြစ်၏။ ပေပင်မှဖြစ်သော သစ်ရွက်ဖြစ် သောကြောင့် ပေရွက် သို့မဟုတ် ပေဟုခေါ်၏။ ပေပင်သည် ပဒေသာ မျိုးနွယ်ဖြစ်ကာ ထန်းပင် အုန်းပင်တို့ကဲ့သို့ပင် ပင်စည်ပတ်ပတ်လည် တွင် အလက်များဝန်းရံထွက်၍ ရင့်မှည့်ချိန်၌ ကြွေကျသွားသည်။ ပေပင်သည် အလက်ထိပ်၌ အရွက်များဖြာထွက်ပုံမှာ ထန်းပင်နှင့် နီးစပ်၏။

သို့ရာတွင် ထန်းပင်သည် တစ်နှစ်ပြီးတစ်နှစ် ဆက်ကာဆက် ကာ အသီး သီးသော်လည်း ပေပင်ကား တစ်ကြိမ်သာသုံးပြီး သေသွား လေ့ရှိသည့်အတွက် “ပေတစ်သီး ကျီးတစ်သား” ဟု ဆိုရိုးစကားရှိ၏။

ရေကြောင်းမှ ခရီးသွားသည်ဖြစ်စေ၊ ကုန်းကြောင်းမှသွားသည် ဖြစ်စေ၊ စိမ်းစိမ်းမှောင်မှောင်ရွာရိပ်ရပ်ရိပ်များထဲမှ ထူးထူးခြားခြားထိုးထွက်ပြီး ရှည်လျားသော လက်တံကြီးများကို အရပ်ရှစ်မျက်နှာသို့ ဖြန့်ကားထားသည့်အပင်များကို မြင်ဖူးကြပေလိမ့်မည်။ ဤအရာများ ကား ပေပင်ဖြစ်ပေသည်။

ပေပင်သည် ထန်းပင်ထက် ပင်လုံးတုတ်သည်။ အသီးထွက် ချိန်နှေးသည်။ ထန်းလက်ဖောင်း (စောင်း) တွင် လွှသဖွယ် ဆူးပါသည့် နည်းတူ ပေလက်တွင်လည်းဆူးပါသည်။ ထန်းရွက်သည် ပေရွက်နှင့် များစွာဆင်တူသော်လည်း ပေရွက်က သိသာစွာကြီး၏။ ထန်းရွက် ကိုကြိုးကျစ်၍သုံးစွဲနိုင်ခြင်းမရှိပေ။ ပေရွက်သော်ကား ကြိုးကျစ်ပြီး သုံးစွဲနိုင်သည်။

ထန်းရွက်ကို အလျားလိုက် ဆွဲခွဲလိုက်ပါက အလွယ်တကူ ကွဲကွာသွားသည်။ ပေရွက်ကို ထိုနည်းတူပြုပါက အမျှင်များစွာထွက် နေသည်ကို တွေ့ရပေသည်။ ထို့ကြောင့် ပေရွက်က ထန်းရွက်ထက် ပိုမိုပြီးခိုင်ခံ့ခြင်းဖြစ်၏။ ထိုကဲ့သို့ ခိုင်ခံ့မှုအရာတွင် ထန်းရွက်ထက် သာလွန်သည့်အတွက် စာရေးသားစရာပစ္စည်းအဖြစ် ပေရွက်ကို အသုံး ပြုခဲ့ကြခြင်းဖြစ်ပေလိမ့်မည်။

 

 

ပေအရေးအသား

ပေရွက်ပေါ်တွင် စာရေးသားသော ဓလေ့သည် သရေခတ္တရာ ခေတ်ကတည်းက ရှိခဲ့သည်ဟု သိရပေသည်။ ထိုဓလေ့နည်းနာကို ပုဂံခေတ် မြန်မာတို့သည် သရေခေတ္တရာ ပျူတို့ထံမှ ရရှိသည်။ ထို့ နောက်တွင်ကား ပေပေါ်တွင် စာရေးသားခြင်းသည် ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်နှင့် ကုန်းဘောင်ခေတ် တို့တွင် တိုးတက်ထွန်းကားခဲ့၏။

ခေတ်အဆက်ဆက် စာဆိုတော်များ၊ ရဟန်းပညာရှိ လူပညာရှိများသည် အတတ်ပညာများ၊ လူမှုရေးကိစ္စ ဆောင်ရွက်မှုများကို ပေပေါ်တွင်သာ အရေးအဖွဲ့ များခဲ့ကြ၏။ သတ်ပုံသတ်ညွှန်းကျမ်းများ၊ ရာဇဝင်သမိုင်းများ၊ အဋ္ဌကထာပါဠိစာပေစသော ပိဋကတ်သုံးပုံများ၊ ပျို့၊ ရတု၊ မော်ကွန်း၊ ရဲတင်း၊ ဧချင်း၊ လူးတား၊ ကာချင်း၊ အဲချင်း၊ ရကန်များ စသည့်အနုပညာ အပွင့်အဖူးများကိုလည်း ပေပေါ်တွင်ပင် ပွင့်ဖူးခဲ့ကြပေသည်။

မြန်မာစာပေသည် ပုဂံခေတ်တွင် စတင်ခဲ့သည်ဆိုပါက မြန်မာ စာပေ၏ ဖွံ့ထွားစည်ပင်ရာ အမှီတံကဲသည် ပေဖြစ်သည်ဟု ဆိုရပေ လိမ့်မည်။ ထို့ကြောင့် ပေသည် မြန်မာ့ယဉ်ကျေးမှုများ ခိုမှီးရာဖြစ်၏။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းကာ မြန်မာ့ယဉ်ကျေးမှု ကို မြှင့်တင်ပေးခဲ့သော “ပေ” ဟုဆိုသင့်သည်ထင်ပါသည်။

 

ပေလုပ်မျဉ်းကိုင်ခြင်း

စာရေးသားရာတွင် ပေကို အသုံးပြုရာ၌ သာမန်စာပေကျမ်း ဂန်မှတ်တမ်းမှတ်ရာ ကဗျာလင်္ကာနှင့် အရောင်းအဝယ်စာချုပ်စာတမ်း များတွင်သာ သုံးစွဲခြင်း မဟုတ်ပေ။ လွှတ်တော်ရုံးတော်များမှ ထုတ်ပြန် သော အမိန့်များ၊ စာချွန်များကိုလည်း ပေရွက်ရှည်ကြီးများတွင် တစ်

ကြောင်းရေးစာချွန်၊ နှစ်ကြောင်းရေး သုံးကြောင်းရေးစာချွန်စသည့်ဖြင့် ရေးသားသုံးစွဲခဲ့ကြ၏။

ထို ပက စာချွန်တော် ပေရွက်ရှည်ကြီးများမှအပ စာပေကျမ်းဂန်များ ရေးသားပြုစုထားသောပေတွင် လေးမျိုးရှိပါသည်။ ယင်းတို့မှာ ........ “ကြံဆစ်၊ ရွှေမျဉ်း၊ မျဉ်းနီနှင့်မျဉ်းနက်” တို့ဖြစ်ကြပေသည်။ ဤကဲ့သို့ ပြုပြင်မွမ်းမံမှု အဆောင်အယောင်ကြောင့် အမည်ကွဲပြားစေကာမူ ပင်ရင်းမှာ ပေရွက်ဖြစ်ပေသည်။ ထိုပေရွက်ကို ပေပင်မှ ခူးယူရပါသည်။

       မြန်မာဘုရင်မင်းမြတ်များသည် ဘုရားကျောင်းကန် ရေတွင်း ရေကန်များတည်ဆောက်ကာ လှူဒါန်းသောအခါ ထန်းပင်များပါ တစ်ပါတည်း စိုက်ပျိုးလှူဒါန်းလေ့ ရှိကြ၏။ လူတို့အတွက် အဘက် ဘက်မှ အသုံးဝင်သောထန်းပင်ကို ဂရုတစိုက် စိုက်ပျိုးသည့်နည်းတူ အမျိုးသားယဉ်ကျေးမှုအတွက် မရှိလျှင်မဖြစ်သော ပေပင်စိုက်ပျိုးမှု ကိုလည်း ဦးစားပေးသောအားဖြင့် မျိုးကောင်းသော ပေသီးကို ကတ္တီပါ အိတ်ဖြင့် ယူဆောင်လာကာ ရွှေရည်ငွေရည်သွန်းလောင်း၍ ဘုရင် ကိုယ်တော်တိုင် စိုက်ပျိုးခဲ့ပေသည်။ ။

ပေအဖြစ်အသုံးပြုရန် ထိုကဲ့သို့ သတ်မှတ်ထားသော ပေပင်ကို ပေဖူးများ ဖွံ့ သန်ထွားကျိုင်းစေရန်အတွက် ဂရုတစိုက်ချိုင်ပေးရသည်။ ထိုသို့ ဆောင်ရွက်ပေးသည်ကို “ပေကျင့်သည်” ဟုခေါ်ပေ၏။

“ဟိုရှေ့က ပေပင် ခြောက်တိုင်ခွဲရယ်က မှိုင်းသဲသဲမြင် အောက် လက်ကိုချိုင် ဖူးတိုင်အောင် မောင်ရင်လောင်းရယ် ရေးကောင်းရဲ့လေး” ဆိုသော မောင်းထောင်းတေးသည် ပေကျင့်ခြင်းကို ဖော်ပြသောတေး ဖြစ်၏။ ကျင့်သားရပြီးသောပေပင်မှ အသုံးပြုနိုင်သော ပေရွက်ကို ရရှိနိုင်ချိန်မှာ ပေပင်၏အသက် ရှစ်နှစ် ကိုးနှစ်အရွယ် ဖြစ်လေသည်။

ပေရွက်ဟုခေါ်သော်လည်း အလက်ဖျားတွင် ပြန့်ကားနေသော အရွက်များကို ခူးခြင်းမဟုတ်ပေ။ ထိုအလက်အဆိုင်များထဲမှ နောက် ဆုံးထွက်သောအညွှန့် သို့မဟုတ် အဖူးကို အထပ်မပြေမီလှီးယူရ သည်။ ပေညွှန့် သို့မဟုတ် ပေဖူးကို အဖြူရောင်သမ်းနေစဉ် အနုဘဝ ၌ မခူးရပေ။ နုလျှင် မခိုင်မည်စိုး၍ဖြစ်ပါသည်။ ပေကြောကို ဘေးမှ ထားလျက် ပူးနေသော ပေရွက်နှစ်ချပ် အချင်းချင်းကွဲကွာကာ ပြန့် ထွက်သည်အထိ ရင့်နေပြန်လျှင်လည်း ရေးရာတွင် ကညစ်မတိုးဘဲ ရှိတတ်၊ ကွဲလွယ်စုတ်လွယ်တတ်သည်။

           ပေဖူးသည် တစ်ကြိမ်ခူးလျှင် တစ်ပင်မှ တစ်ဖူးသာရသည်။ ခူး၍ရသောပေဖူးမှ ရိုးတံ (အကြော)ကို ထက်သော ဓားပါးဖြင့် သင်ပစ် ပြီးနောက် စမ်းရေတွင် တစ်ရက်နှစ်ရက်စိမ်ရသည်။ ထို့နောက်ခြောက်သွေ့ သည်အထိ နေပြရသည်။ သို့ရာတွင် အလွန်တရာကြွပ်ရွလာ သည်အထိကား မလှန်းမရပေ။

                  ထို့နောက် ပေရွက်သားချောမွေ့စေရန် ရေစိမ်ရပြန်သည်။ ပထမနည်းမှာ ဆန်ဆေးရည်တွင် စိမ်လျက် နေလှန်းခြင်းဖြစ်သည်။ နောက်တစ်နည်းမှာ ရိုးရိုးရေထဲတွင် ပေဖူးများကို မြုပ်အောင်နှစ်ထား ပြီး ထမင်းအနည်းငယ်ထည့်ကာ နေလှန်ခြင်းဖြစ်၏။ မည်သည့် နည်း ဖြင့်ရေစိမ်သည် ဖြစ်စေ၊ ရေတွင် အမြှုပ်များထလာသည်အထိ လှန်းရ သည်။ သို့မှသာ ပေရွက်များနပ်ပေမည်။

                နူးနပ်ပြီးသော ပေရွက်များကို ချောမွတ်သော သစ်သားတန်း ဖြစ်စေ၊ ကွမ်းသီးသားတန်းပေါ်တွင်ဖြစ်စေ၊ ပေရွက်တစ်ရွက်စီတင်ကာ “လျှောတိုက်” ရ၏။ ကျောရော ဝမ်းပါ ချောမွတ်အောင် အကြိမ်ကြိမ် ပွတ်ဆွဲရ၏။ ထို့နောက် ရေစင်အောင်ဆေး၍ အစိုဓာတ်ကုန်ရုံမျှ နေပြရသေးသည်။ ပြီးလျှင် အရင်းအဖျားညီအောင် တိဖြတ်ကာ သစ် သားကျမ်းနှစ်ခုဖြင့် ဖုံးညှပ်ရပေသည်။

                     ပေထုပ်