Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

စော၀ေ - ပန်းဆိုးတန်းစိုမှာစိုး

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
အထပ်ထပ်ကြဲချ ခြေရာများ

နှလုံးသားပေါ်
မြတ်နိုးစွာ သိမ်းမယ်။
ဘာကြောင့် ပစ်ပစ်
ဘယ်လောက် ပစ်ပစ်
မင်းမျက်စောင်းတွေ အားလုံး
အချစ်နဲ့လဲပြီး သိမ်းမယ်။
မြင်လိုက်တာနဲ့
စံပယ်ဖူးလို စူသွားတဲ့ မင်းနှုတ်ခမ်း
 မျက်ဝန်းထဲမှာ သိမ်းမယ်။
 
 
ရင်ခုန်သံတွေအပေါ်
နင်းသွားတဲ့ မင်းခြေဆောင့်သံ
နားနှစ်ဖက်နဲ့ သိမ်းမယ်။
အထပ်ထပ် ဝါးထားတဲ့
မင်း ပီကေလေး
ခေါင်းထက်မှာ သိမ်းမယ်။
တွေ့လိုက်တာနဲ့
ချာခနဲ လှည့်အထွက်
အင်္ကျီကြားက မင်း ခါးသားလေး
ဝင်းမွတ်စွာ သိမ်းမယ်။
 
မင်း ချွေးသုတ်ပြီး လွှင့်ပစ်တဲ့
တစ်သျှူးပေါ်က အနံ့လေး
အိတ်ကပ်ထဲမှာ အမြဲသိမ်းမယ်။
အမြဲ မလစ်လပ်တဲ့ မင်း နှလုံးသား
လပ်ရဲ လပ်ကြည့် အတွေးနဲ့ သိမ်းမယ်။
အရမ်းခံစားပြီး ရေးထားတဲ့ ကဗျာလေး
ပေးဖတ်လိုက်တဲ့အခါ
အစိတ်စိတ်အမြွာမြွာ ဆုတ်ဖြဲပြီး
ဘာကြောင်တာလဲဆိုတဲ့
မင်းအသံလေးနဲ့ပဲ ထုပ်သိမ်းမယ်။
ရည်းစား
တစ်ယောက်က တစ်ယောက်အကူ
ထွက်ကျသွားတဲ့ မင်းရယ်သံ
နှုတ်ခမ်းထက်မှာ သိမ်းမယ်။
 
နေ့ည တွေးသမျှ အတွေးတွေ အကုန်လုံး
မင်း သိမ်းသွားတဲ့အခါ
အကြီးကျယ်ဆုံး အရှုံးတစ်ခု သိမ်းမယ်။
ရည်းစားဘဝ စိတ်ကောက်ရင်
ရာထူးတက်တယ်တဲ့
ရည်းစား မဟုတ်သေးပေမယ့်
မင်း စိတ်ကောက်နေတာလေး
စိတ်နဲ့ သိမ်းမယ်။
မတွေ့မမြင်တာ ကြာလို့ မေးတဲ့အခါ
“ဖျားနေတာ အဖျားတွေ တစ်သက်လုံးသိမ်းပါလား” တဲ့
တုံ့ပြန်စကားလုံးများ
အိပ်မက်ထဲမှာ သိမ်းမယ်။
ရိုက်တော့မယ်လို့
မာန်စောင်နေတဲ့ မင်းလက်ဖဝါးလေး
 ပါးပြင်ပေါ်မှာ သိမ်းမယ်။
 
အချစ်တစ်ခုတည်းနဲ့သာ
လိမ်းခြယ်ထားမိတဲ့ ဘဝလေး
ကျားသစ်လက် ငါးမန်းပါးစပ်နဲ့
တစ်ဟုန်ထိုး ဟပ်ဟပ်နေတာ
မင်း .....
ပြန်မအမ်းတော့ဘူးလားဟင်
သိမ်းချင်လို့ပါ
 
သိမ်းမယ်.... ။
                                      ၁၁၊ ၅၊ ၀၃