စေတနာလှိုင်(ရေစကြို) - ဥပုသ်သည်နှင့်သိမှတ်ဖွယ်
အခန်း (၁)
သီလ စောင့်ထိန်းခြင်း
ဗုဒ္ဓဘာသာဝင်တိုင်း မိမိတို့ဆိုင်ရာ သီလများကို စောင့်ထိန်း ကြရသည်။ အထူးသဖြင့် ငါးပါးသီလကို အဓိက စောင့်ထိန်းကြရသည်။ သီလဆိုသည်မှာ ကောင်းသော အကျင့်ပင်ဖြစ်၏။ တစ်နည်းအားဖြင့် စောင့်ရှောက် ထိန်းသိမ်းရမည့် အကျင့် တရားဖြစ်၏။
ထိုအကျင့်တရား၌လည်း ကောင်းစွာ ထားရှိခြင်းနှင့် ကောင်း စွာ လုပ်ဆောင်ခြင်းဟူ၍ နှစ်မျိုးရှိသည်။ ကောင်းစွာ ထားရှိခြင်း ဆို သည်မှာ ကာယကံမှု၊ ဝစီကံမှုတို့ကို မကျူးလွန်အောင် ကောင်းစွာ ထားရှိခြင်း ဖြစ်၏။ ကောင်းစွာ လုပ်ဆောင်ခြင်း ဆိုသည်မှာ ကုသိုလ် တရားမှန်သမျှသည် သီလနှင့် မကင်းနိုင်။ သီလရှိသူ၏ သန္တာန်၌သာကောင်းစွာ ဖြစ်ပွားနိုင်သည်။ ထို့ကြောင့် သီလသည် ကုသိုလ်ဟူသမျှ တို့၏ အကြောင်းရင်းဖြစ်၍ ကုသိုလ်တရား တိုးပွားအောင် လုပ်ဆောင် တတ်ခြင်းသည်ပင် ကောင်းစွာ လုပ်ဆောင်ခြင်း မည်သည်။
စင်စစ်အားဖြင့် သီလဆိုသည်မှာ ကာယကံ၊ ၀စီကံမှုတို့ကို နူးညံ့သိမ်မွေ့စွာ ထားတတ်သောကြောင့်လည်းကောင်း၊ ကုသိုလ် တရား အဆင့်ဆင့် တိုးပွားအောင် လုပ်ဆောင်တတ်သောကြောင့် လည်းကောင်း သီလဟု ခေါ်ခြင်းဖြစ်သည်။
ထိုသီလသည် အဘိဓမ္မာနည်းအရ
၁။ စေတနာ သီလ = စေတနာသည် သီလမည်၏။
၂။ ဝိရတီ သီလ = ဝိရတီ စေတသိက် သုံးပါးသည် သီလမည်၏။
၃။ အနဘိဇ္ဈ၊ = အလောဘ, အဒေါသ, အမောဟ အဗျာပါဒ၊စေတသိက် သုံးပါးသည် သီလ သမ္မာဒိဋ္ဌိသီလ မည်၏။
၄။ သံဝရ သီလ = စောင့်စည်းသူ၏ စေတသိက်သည်သီလ မည်၏။
၅။ အဝီတိက္ကမ သီလ = မလွန်ကျူးအောင် စောင့်ထိန်းသောအခါ၌ဖြစ်သော ကုသိုလ်စိတ်နှင့် စေ တသိက်တို့သည် သီလမည်၏ ဟူ၍တရားကိုယ် ငါးပါး ကွဲပြားသည်။
တစ်ဖန် စေတနာသီလ၌...
၁။ ပါဏာတိပါတ = သူ့အသက်ကိုသတ်ခြင်း။
၂။ အာဒိန္နာဒါန = သူ့ဥစ္စာခိုးခြင်း။
၃။ ကာမေသုမိစ္ဆာစာရ = မိမိ မပိုင်သော ကာမ ဝတ္ထုတို့၌မှားယွင်းဖောက်ပြန်စွာ ကျင့်ခြင်း ဟူ
သော ကာယဒုစရိုက်သုံးပါးနှင့်
၁။ မုသာဝါဒ = မဟုတ်မမှန် ပြောဆိုခြင်း။
၂။ ပိသုဏဝါစာ = ကုန်းတိုက် စကား ပြောဆိုခြင်း။
၃။ ဖရုသဝါစာ = ကြမ်းတမ်း ယုတ်မာ တိုင်းထွာဆဲရေးခြင်း။
၄။ သမ္မပ္ပလာပ = အကျိုးမရှိ ပြိန်ဖျင်းသော စကားကိုပြောဆိုခြင်းဟူသော ဝစီဒုစရိုက် လေးပါးတို့ ပါဝင်သည်။
ယင်းကာယ ဒုစရိုက်၊ ဝစီ ဒုစရိုက်တို့မှ ရှောင်ကြဉ်သော စေ၊ တနာသည် စေတနာသီလ မည်၏။ ဝိရတီသီလ။ ။ ကာယ ဒုစရိုက်မှ ရှောင်ကြဉ်ရာ၌ အသက်မွေးမှုနှင့် ပတ်သက်ခြင်း မရှိလျှင် သမ္မာ ကမ္မန္တဝိရတီမည်၍ ဝစီ ဒုစရိုက်မှ ရှောင် ကြဉ်ခြင်းသည် အသက်မွေးနှင့် ပတ်သက်ခြင်း မရှိလျှင် သမ္မာဝါစာ ဝိရတီ မည်သည်။
ဥပမာ- ကျောင်းသား ကျောင်းသူများ မုသာဝါဒမှ ရှောင်ကြဉ် ခြင်းသည် သမ္မာအာဇီဝ ဝိရတီ မည်သည်။ ရှေ့နေများ တရားခွင်၌ မုသာဝါဒမှ ရှောင်ကြဉ်ခြင်းသည် သမ္မာအာဇီဝ ဝိရတီမည်သည်။ ကလေးများ ဖားသတ်၊ ငါးသတ် စသော ပါဏာတိပါတမှ ရှောင်ကြဉ် ခြင်းသည် သမ္မာ ကမ္မန္တ ဝိရတီ မည်သည်။
ထို သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတည်းဟူသော ဝိရတီ စေတသိက် သုံးပါးတို့သည် ဝိရတီ သီလမည်၏။ ဝိရတီဆိုသည် မှာ မကောင်းမှုကို ရှောင်ကြဉ်ခြင်း ဖြစ်သည်။
အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာဒိဋ္ဌိသီလ။ ။ သူတစ်ပါး၏ ပစ္စည်းကို၊ ငါ့ ပစ္စည်းဖြစ်လျှင် ကောင်းမှာပဲဟု လောဘစိတ်ဖြင့် ကြံစည်ခြင်းသည် အဘိဇ္ဈာမည်၏။ အဘိဇ္ဈာ၏ တရားကိုယ်မှာ လောဘဖြစ်သည်။ အဘိ ဗျာ မနောဒုစရိုက် မဖြစ်အောင် ၎င်းကို ဖယ်ရှားသော အလောဘ စေတသိက်သည် သီလမည်၏။ မိမိနှင့်ပြိုင်ဘက် ပျက်စီးပါစေ၊ သေပါ စေ စသည်ဖြင့် ကြံစည်ခြင်းသည် ဗျာပါဒ မနော ဒုစရိုက်မည်၏။ ဗျာ ပါဒ၏ တရားကိုယ်မှာ ဒေါသ စေတသိက် ဖြစ်သည်။ ယင်းဗျာပါဒကို ပယ်ရှားသော အဒေါသ စေတသိက်သည် သီလ မည်၏။
ကံ-ကံ၏ အကျိုး မရှိ။ နောင်ဘဝ မရှိ။ ပေးလှူခြင်း အကျိုး မရှိ စသဖြင့် မှားယွင်းသော အယူအဆသည် မိစ္ဆာဒိဋ္ဌိ မနောဒုစရိုက် မည်၏။ ထိုမိစ္ဆာဒိဋ္ဌိကို ပယ်ရှားသော အမောဟ စေတသိက်သည် သီလ မည်၏။
အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ ဟူသော
မနော ဒုစရိုက်သုံးပါးရှိ လျှင် ကာယဒုစရိုက်၊ ဝစီဒုစရိုက်တို့ကို ကျူးလွန်မှုများ ဖြစ်ပေါ်နိုင်သည်။ အဘိဇ္ဈာကို ပယ်ရှားနိုင်မှုသည် အဗျာပါဒ မည်၏။ မိစ္ဆာဒိဋ္ဌိကို ပယ်ရှားနိုင်မှုသည် သမ္မာဒိဋ္ဌိ မည်၏။ ယင်းအနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာဒိဋ္ဌိ ဟူသော မနော သုစရိုက်သုံးပါး တို့ကို သီလဟုခေါ်ဆိုသည်။
သံဝရသီလ။ ။ ရဟန်းတော်များ စောင့်ထိန်းမှုကို သံဝရဟုခေါ်သည်။
ယင်းသံဝရသည်
၁။ ပါတိမောက္ခ သံဝရ၊
၂။ သတိသံဝရ၊
၃။ ဉာဏသံဝရ၊
၄။ ခန္တီသံဝရ၊
၅။ ဝီရိယသံဝရ ဟူ၍ ငါးမျိုးရှိသည်။
ဆောက်တည်သော သိက္ခာပုဒ်တို့ကို ကိုယ် နှုတ် စိတ်တို့ဖြင့် မလွန်ကျူးခြင်းသည် အဝီတိက္ကမ သီလမည်၏။
သီလသည် လူတို့နေ့စဉ် ဖြည့်ကျင့်ဆောင်ရွက်ရမည့် စာရိတ္တ သီလနှင့် မလွဲမသွေ ရှောင်ကြဉ်ရမည့် ဝါရိတ္တသီလဟူ၍လည်း နှစ်မျိုး ရှိသည်။