Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

စေတနာလှိုင်(ရေစကြို) - အကြောပြင်အနှိပ်ပညာ

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

အံ့မခန်း စွမ်းခဲ့သည့် မြန်မာ့အကြောပြင် ပညာ

          အကြောပြင် အနှိပ်ပညာသည် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကပင် ပေါ်ပေါက်ခဲ့သော်လည်း ယနေ့အထိ လက်ခံအသုံးပြုနေကြဆဲ ဖြစ်၏။

          ကမ္ဘာတွင် အာဖရိကနိုင်ငံများ၊ တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ စသည့်နိုင်များသည် အကြောပြင် အနှိပ်ပညာကို တန်ဖိုးထား၍ သုံးကြ၏။ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန် စသောနိုင်ငံများ၌မူ ရေနွေးငွေ့ဖြင့် ချွေးအောင်း ခြင်း၊ ခေတ်မီ နှိပ်နယ်နည်းများဖြင့် အနှိပ်ခန်းဖွင့်ခြင်းတို့အထိ အဆင့် မြင့်မြင့် ပြုလုပ်ကြ၏။ ယင်းနိုင်ငံများသည် အကြောပြင် ပညာဖြင့် ရောဂါကုသမှုကို သွေဖီ၍ ယင်းကို ဇိမ်ခံ အဆင့်သို့ပင် ပြောင်းလဲလာ ၏။

          မြန်မာ့အကြောပြင် အနှိပ်ပညာသည်လည်း နိုင်ငံတကာ အကြောပြင် အနှိပ်ပညာထက် မပိုစေကာမူ နိမ့်ကျခြင်း မရှိပေ။ ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ဉာဏ်အလျောက် ဖန်တီးကြံဆ နှိပ်နယ် ကုသနိုင်ကြ၏။

          အထူးသဖြင့် မြန်မာ့အကြောပြင် အနှိပ်ပညာသည် အင်းဝ ခေတ်၌ ပို၍ထင်ရှားခဲ့၏။ လက်ဝှေ့ ယှဉ်ပြိုင်ရာ၌ပင် အကြောပြင် . အနှိပ်ပညာဖြင့် အနိုင်ယူခဲ့ဖူး၏။

          အင်းဝ မင်းခေါင် လက်ထက်က ဖြစ်၏။ တစ်နေ့သ၌ ကုန်းဘောင် စော်ဘွားသည် အင်းဝ နေပြည်တော်၌ လက်ဝှေ့ တံခွန်စိုက် ပြိုင်ပွဲ ကျင်းပစေ၍ ရှမ်းအမျိုးသား လက်ဝှေ့ကျော် တစ်ယောက်ကို ဖိတ်ခေါ်လေ၏။ ထိုအခါ အင်းဝနှင့်ပတ်ဝန်းကျင်ရှိ လက်ဝှေ့ ဝါသနာ အိုးများသည် ရှမ်းအမျိုးသားကြီး၏ လက်ဝှေ့ ပညာစွမ်းကို သိထား သဖြင့် မည်သူမျှ ယှဉ်ပြိုင်ထိုးသတ်မည့်သူမရှိ ဖြစ်နေကြ၏။

          ထို့ကြောင့် အင်းဝ မင်းခေါင်သည် အကြော ပညာနှင့် လက်ဝှေ့အတတ် တစ်ဖက်ကမ်းခတ် တတ်မြောက်သည်ဟု ကျော် ကြားသော အောင်စည်းခုံ ပါမောက္ခဆိုသူအား ဆင့်ခေါ်၍ ရှမ်း အမျိုးသားကြီးနှင့် ယှဉ်ပြိုင်ထိုးသတ်စေ၏။

          အောင်စည်းခုံ ပါမောက္ခသည်လည်း ယင်းပွဲစဉ်ကို အေးဆေး စွာလက်ခံ၍“ငါကား အထက်မင်းများ လက်ထက်ကမူ ကျော်စောရုံမျှ သာ အစွမ်းပြသည်။ ယခုမူ ငါ၏အသက်အားဖြင့်လည်း ၆၉ နှစ်ရှိပြီ။ တစ်ဖက်သားကို သတ္တိအစွမ်းကုန် ပြမှ ဖြစ်တော့မည်”ဟု ကြုံးဝါးလေ ၏။ ယင်းကို အင်းဝ မင်းခေါင် ကြားသဖြင့် အောင်စည်းခုံ ပါမောက္ခ အားခေါ်၍ “သတ္တိကို အစွမ်းကုန် မပြပါနှင့်။ ကြည့်ကောင်းရုံမျှသာ ထိုးသတ်ပါ”ဟု မိန့်လေ၏။

          ဤသို့ဖြင့် အင်းဝ နေပြည်တော်၌ လက်ဝှေ့ပြိုင်ပွဲကြီး စတင် ရာ အောင်စည်းခုံ ပါမောက္ခက ဦးစွာ ခြေဖြင့် ခတ်ယောင်ပြု၍ ခြောက် လှန့်ပြီး ရှမ်းအမျိုးသားကြီးအား ထိုးလိုက်၏။ ထိုအခါ ရှမ်းအမျိုးသား ကြီး၏ မျက်နှာမှာ ကျောဘက်သို့ လည်၍ ပြောင်းပြန် ဖြစ်သွား၏။

          ယင်းအဖြစ်ကို မြင်ရသော ကုန်းဘောင် စော်ဘွားက “သေ သွားတာကပင် ကြည့်လို့ကောင်းသေးသည်။ ယခုကား မသေ မရှင်နှင့် မျက်နှာ နောက်ပြန်ဖြစ်နေပြီ”ဟု ဆို၏။ အောင်စည်းခုံ ပါမောက္ခသည် - ကုန်းဘောင် စော်ဘွား၏စကားကို ကြားကြားချင်း ပြင်းထန်သော သူ၏ လက်ဝဲလက်ဖြင့် ရှမ်းအမျိုးသားကြီးအား ထပ်မံထိုးလိုက်ရာ ရှမ်းအမျိုးသားကြီး၏ မျက်နှာမှာ မူလ ပင်ကိုအတိုင်း ပြန်တည့်သွားလေ၏။ ဤပွဲ၌ အောင်စည်းခုံ ပါမောက္ခသည် လက်ဝှေ့ကျော် " ရှမ်းအမျိုးသားကြီးကို အပြတ်အသတ် အနိုင်ရလေ၏။

          လက်ဝှေ့ပွဲ ပြီးသောအခါ အင်းဝ မင်းခေါင်နှင့် ကုန်းဘောင် စော်ဘွားတို့က “အောင်စည်းခုံ ပါမောက္ခသည် မည်သည့်အကြောကို ထိုးနှိပ်လျှင် မျက်နှာပြောင်းပြန် ဖြစ်သွားနိုင်သည်။ မည်သည့် အကြောကို နှိပ်လျှင် ပင်ကိုအတိုင်း ပြန်ဖြစ်သွားနိုင်သည် စသည်ဖြင့် အကြောနှင့်ပတ်သက်၍ သိမြင်တတ်မြောက် အံ့လောက်ပါပေသည်” ဟု အကြိမ်ကြိမ် ချီးကျူးလေ၏။ ထို့ပြင် မြင်းနှစ်ကောင်၊ ဖျင်သုံးလိပ်၊ ငွေတစ်ပိဿာတို့ကိုလည်း ဆုအဖြစ် ပေးလေ၏။ မြန်မာ့ အကြောပြင် ပညာကား ထိုစဉ်ကပင် အံ့မခန်း ရှိခဲ့လေ၏။

          ထို့ပြင် တစ်ချိန်က မြစ်ဝကျွန်းပေါ် ဖျာပုံမြို့၌လည်း အကြော ပြင်ဆရာကြီး ဆရာထူးဟူ၍ ပေါ်ပေါက်ခဲ့၏။ အကြောပြင်ပညာနှင့် ပတ်သက်၍ အလွန်နာမည်ကြီး၏။ တစ်ခါသော် ဆရာထူးသည် ဧရာဝတီ သင်္ဘောဖြင့် ရန်ကုန်သို့ ထွက်လာရာ လမ်းခရီး၌ သင်္ဘော လက်မှတ်စစ်က အိပ်နေသော ဆရာကြီးအား ခြေဖြင့် ကန်ကျောက်၍ နှိုးပြီး လက်မှတ်အပြခိုင်း၏။ ထိုအခါ ဆရာကြီးက အိပ်ရာမှ လန့်နိုးပြီး လက်မှတ်စစ်၏ ခြေထောက်ကို ရုတ်တရက် ဆွဲကိုင်နှိပ်လိုက်၏။ လက်မှတ်စစ်သူသည် မကြာမီ သူ့စာရေးခန်းသို့ ရောက်သောအခါ ခြေထောက်တစ်ဖက် မလှမ်းနိုင်တော့ဘဲ အော်ဟစ်နေရလေ၏။ ထို့နောက် ဆရာထူးအားပင့်၍ အကြောပြင်ခိုင်းလိုက်မှ ချက်ချင်းပျောက်ကင်းသွားလေ၏။ လက်မှတ်စစ်လည်း မိမိ၏အမှားကို သိမြင် ပြီး ဆရာကြီးအား တောင်းပန်လေ၏။ ထိုစဉ်က ဆရာထူး၏ အကြော ပြင်ပညာအစွမ်းသည်လည်း အံ့သြလောက်ပါပေ၏။

တရုတ် ဆရာဝန် လူဟင်နှင့် သူ၏လက်နှိပ်ပညာ

          လက်နှိပ်ပညာသည် မဆန်းသော်လည်း မရိုးနိုင်သော ပညာ ရပ်ဖြစ်၏။ ထို မရိုးနိုင်သော ပညာရပ်များတွင် အံ့ဖွယ်ဖြစ်ရပ်များလည်း ပါရှိ၏။

          လွန်ခဲ့သော အနှစ် ၂၀ ကျော်က ဖြစ်၏။

          တရုတ်ပြည် ရှန်ဟဲမြို့ ရှုကွမ်ဆေးရုံမှ တရုတ် ဆရာဝန် ချူးဟူလင်သည် ကလေးများ၏ ရောဂါဘယကို ကုသရာ၌ ဆေးဝါး ဓာတ်စာ အကူ မပါဘဲ သူ၏ လက်နှိပ် ပညာဖြင့် ပျောက်ကင်းအောင် ကုသနိုင်သူ ဖြစ်သည်။

          အထူးသဖြင့် ချူးဟူလင်သည် ကလေးများ ဝမ်းပျက်ခြင်း၊ လေပြွန် ရောင်ရမ်းခြင်း မျက်စိစွေခြင်း၊ ကြက်ရင်အုပ်နာ ဖြစ်ခြင်း၊ အူကျခြင်း၊ ညဉ့်ဘက်၌ ငိုခြင်း စသည်တို့ကို နိုင်နိုင်နင်းနင်းပျောက်ကင်းအောင် စွမ်းဆောင်နိုင်သူ ဖြစ်၏။ သူ ကုသပေးသည့် ကလေး ၁ဝဝဝဝ ကျော်အနက် ၉၅ ရာခိုင်နှုန်းကျော် ပျောက်ကင်း၏။ သို့ဖြစ်၍ မိဘများသည် မိမိတို့ ကလေးများ၏ ကျန်းမာရေးအတွက် ချူးဟူလင်ကို အားထားကြ၏။ ချူးဟူလင်သည် ကလေးများကို ကုသပေးရာ၌ စိတ် ရှည်၏။ စာနာစိတ်ထား၏။ လုံ့လ ဝီရိယလည်း ရှိ၏။

          သူသည် ကလေးများကို ကုသသည့်အခါ တစ်ခါတစ်ရံ၌ အလွန်ရှုပ်ထွေးသော ဖြစ်စဉ်များကို ကြုံရသဖြင့် စိတ်ပျက်သည်အထိ ဖြစ်ရ၏။ သို့သော် ချူးဟူလင်သည် စိတ်အား မလျှော့ဘဲ ရှေးထုံးနည်း များကို မိမိ အတွေးအခေါ်နှင့် ပေါင်းစပ်၍ အကောင်းဆုံးသော နည်းဖြစ်အောင် ကြံဆ၏။ ထို့ကြောင့် သူ၏လက်နှိပ်ပညာမှာ ပိုမို ထိရောက် အောင်မြင်၏။

          ချူ ဟူလင်သည် ကလေးများ မျက်နှာရဲ့ စောင်းခြင်း၊ အရုပ် ဆိုးခြင်းတို့ကိုလည်း ကုသ ပြုပြင်နိုင်သူဖြစ်၏။ တစ်ခါက ဖြစ်၏။ မွေးကင်းစ ကလေးငယ် တစ်ယောက်၏မျက်နှာမှာ သာမန် ကလေး တစ်ယောက်၏ မျက်နှာနှင့် မတူဘဲ ကြောက်မက်ဖွယ် ကောင်းနေ၏။ ကလေး၏ မိဘများကပင် ထိုကလေးကို မိမိတို့ အိမ်၌ မထားလိုသည် အထိ ညည်းညူကြ၏။

          ထို့နောက် ကလေး၏ မိဘများသည် ချူးဟူလင်၏ ပညာ ချူးဟူလင်၏ သတင်းစကားကို ကြားသိရသဖြင့် ကလေးကို ချူးဟူလင် ထံသို့ ခေါ်သွားပြီး ပြသ၏။ ချူးဟူလင်က “ဒါအတွက် စိတ်မပူပါနဲ့ စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးမှာပါ”ဟု လွယ်လွယ်ပြော၏။

          ထို့နောက် ချူးဟူလင်သည် ကလေးငယ်ကို စေတနာထား၍ ကြိုးစားကုသရာ တစ်လခန့် ကြာသောအခါ ကလေး၏မျက်နှာမှာ အသွင်ပြောင်း၍ ကြည့်ကောင်းလာ၏။ ထို့နောက် ခြောက်လခန့် ကြာသောအခါ အရုပ်ဆိုး အကျည်းတန် အပယ်ခံ ဖြစ်ခဲ့ရသည့် ကလေးငယ်သည် အလွန် လှပ ချစ်စရာ ကောင်းသော ကလေးတစ်ယောက်အဖြစ် မယုံနိုင်အောင် ပြောင်းလဲသွား၏။ ကလေး၏ မိဘ များ အလွန်အမင်း ဝမ်းသာသွား၏။ ချူဟူလင်ကိုလည်း ကျေးဇူးတင် မဆုံး ဖြစ်ကြ၏။