Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

စိုးမင်းအောင် - မျှော်လင့်ခြင်းအရိုးစု

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
ဂိမ်း
တစ်ခုလုံးကို ဖော်ထုတ်လိုက်ဖို့ တစ်ညလုံးရဲ့ တိတ်ဆိတ်သံထဲ
သမိုင်းပေါက်တူးကောက်ကိုင် မိမိရရ သုဘရာဇာ။
 
မိမိကိုယ်ကိုယ် ဘယ်သူနားလည်သလဲ ဝိုးတဝါးထဲ မေ့မြောပြီး
နေထိုင်ပုံကို ခဲသွပ်စေတယ် ခွကျနေတဲ့ ဘောင်းဘီအိတ်ကပ်ထဲ
နှာခေါင်းသွေးချောကလက် မရှာပါနဲ့ အပြောင်းအလဲပေး။
 
ကောင်းကင်ဖွင့်ပါ ဝေဒနာရှိတယ်
ကျပ်သိပ်နေအောင် သွတ်သွင်းနေတာ
အဆုံးမဲ့ပါ မျက်နှာကြက်မှာ ကပ်နေတဲ့ ခန္ဓာကို ထားခဲ့ပြီ။
 
တစ်ပြားသားမှ အသည်းနှလုံးမလျော့
ငှက်ဆိုးတွေကို ခွနဲ့ဆော်ဖို့ လိုတယ်
ကျောရိုးထဲက တွန်းကန်နေတာ ကျောသားကွဲထွက်လာပြီး
ရင်သားပဲထွက် အမျှင်အစများ။
 
မြက်ခင်းစိမ်းများတွင် ပြန့်ကျဲ အိပ်မက်ဆိုးချိုတွေ ထွက်နေပြီး
အရပ်မျက်နှာမှားလမ်းပြအိမ်မြှောင်ကို ထုတ်ခွဲလိုက်တယ်
အစိုင်အခဲနဲ့ မာကျောမှုတို့အား ခွန်အားသုံးပေါက်ခွင်း။ ။

                                                                            ၂၀၁၄။

တွေ့ရှိသူတစ်ဦးကတော့ ဂြိုဟ်သားဟု....
ကိုယ်ကျင့်တရားကို နေထုတ်လှန်းချိန်မှာ ကျီးမထိုးခွေးမဆွဲဖို့
ကိုယ့်ကိုယ်ကိုယ် စာခြောက်ရုပ်လုပ်ထားလိုက်တယ်။
 
အရသာတွေဟာ ချိုတယ်ပဲ ပြောပြော
အစာဟောင်းအဖြစ် ပြန်စွန့်ထုတ်ပစ်ခဲ့ကြရတယ်။
 
စောင်းမပြောဘူး။ မွေးညင်းလေးများမှာ ပုရွက်ဆိတ်တွေ အုံခဲနေတယ်။
ဖြိုဖျက်မယ့် စုန်းတွေ မတော်စော်ကားလာနေပြီ သေးနဲ့ ကော့ပန်းကြလို့
ကဗျာက ပြောကြားခဲ့တယ်။
 
ဂျင်းဘောင်းဘီဇစ်ပ်ကို အမြန်ဆွဲချွတ်ပြီး မြန်မြန်
မင်းရဲ့ ထင်ရှားတဲ့ အမှတ်အသားကိုလည်း မြန်မြန်ဝှက်။
 
နို့စတော်ဘယ်ရီရေခဲချောင်းလောကဟာ
အချိန်စေ့ခဲ့ရင် အရည်ပျော်သွားလိမ့်မယ်။
 
အဖြူရောင်မှာ စွန်းထင်းပြီးရင်
အဖြူရောင် ပြန်ဖြစ်ရတာ မလွယ်သလိုပေါ့။
 
အပေအတေတစ်ယောက်နေရောင်လို
စိတ်တွေ ပြိုပျက်စွာထွက်မနေအောင် စုစည်းရတာဟာ ခက်ပါတယ်။
စိုးရိမ်ပြီး အရိုးတွေ ပင်လယ်ထဲ မြှုပ်ထားခဲ့တယ်။ ။
 

                                                                                       ၂၀၁၄။

 

 

ခေါင်းစွပ်အနီ
ယုံကြည်ကိုးစားလွန်းအားကြီးခဲ့ပေမဲ့
ပစ်ပယ်မေ့လျော့ခံလိုက်ရတဲ့ အရာတစ်ခု
ကြယ်တံခွန်အဖြူ
လရောင်ကို ငါမတမ်းတ သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းခံခဲ့ရသလား
မေတ္တာရဲ့ ခြေဖဝါးကို နမ်း အဝါနဲ့ အစိမ်းတစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိဘဲ
ပါးစပ်ထဲကနေ ဒဏ်တွေ အန်ကျလာတယ်
အပြာ တလိမ့်ခေါက်ကွေး ဖိနပ်ကြိုးလို ငါလည်မျိုထဲမှာ
ရမ်းရမ်းကားကားချည်သွားကြတယ်
ငါ့ရင်မှာ နေနဲ့ လ မရှိတော့ဘူးမျက်နှာကြက်တွေမှာ
အညိုအမည်းစွဲမလောက် အာဏာလွဲတွေ အမဲလိုက်ခြင်း ခံနေရတဲ့ ကမ္ဘာ
ဂက်စ်မီးခြစ်ကို အပူဆုံးအထိ ခြစ်ပြီးငါ့နှုတ်ခမ်းမှာ ငါ
ကပ်ပစ်လိုက်တယ် ။
သံချွန်နဲ့ ခရမ်းရောင်သွေးပျက်မှုကို ထိုးကော်လိုက်တယ်
နံရံကို အနာခေါင်းနဲ့ ပြေးတိုက် ငါအေးစက်နေပါတယ် ၊
အချိန်ပြည့် ဖိသိပ်ခံခဲ့ရတာ ပျင်းလာတယ် မြစ်သည် ကောင်းကင်သို့
တရွေ့ရွေ့
ကြွက်ကပ်ကော်မှာ ကပ်မိနေတဲ့ ကြွက်တစ်ကောင်ဟာ
သေသည်အထိ ရုန်းသွားခဲ့သလိုမျိုး
ငါတို့အပြောင်းအလဲအနာကပ် ရုန်းရဦးမယ်
လုံခြုံရေးလို့ ငါအော်ပြီးကြယ်တံခွန်လမ်းကို သွားနေတယ်
အသက်လောက်တော့ ချကျွေးခဲ့ပါတယ်
ရူးမိုက်စွာ တားဆီးပိတ်ဆို့မှုကိုတော့ ငါသဘောတူမှာ မဟုတ်ဘူး

                                                                                       ၂၀၁၄။