Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

စိုးဘားဒိုင် - အသွင်ကွဲပိုးဖလံ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

အသွင်ကွဲပိုးဖလံ ၁

          ကိုယ့်တောင်ပံကိုယ်ကြည့်ပြီး ပိုးဖလံက သဘောကျနေသည်။ တောင်ပံ တွေကို အသာအယာခတ်ကြည့်သည်။ တိုးဝှေ့လာသော လေနုအေး ကလေးကို ကျေနပ်စွာ ခံယူလိုက်သည်။ တောင်ပံတွေကို အရှိန်မြှင့်တင် လိုက်တော့ ကိုယ်ကပါ ကြွတက်လာသည်။ ကြွတက်လာသောကိုယ်ကို ထိန်းရင်း ကိုယ်ကို လှုပ်ယမ်းကြည့်သည်။ ပျော်စရာကောင်းသော အတွေ့အကြုံက သူ့ကို စတင်စိန်ခေါ်လိုက်သည်ဟု သူ ခံစားရသည်။

          ပျံကြည့်လိုက်စမ်းပါဟူသော အသံတစ်သံကို သူ ကြားလိုက်ရ သည်ဟု ထင်သည်။ သို့သော် သူ့အနားတွင် ဘယ်သူမျှ ရှိမနေပေ။ သူ့စိတ်အာရုံကပဲ သူ့ကို လှုံ့ဆော်နေလေသလားဟု သူ တွေးသည်။ ထိုစိန်ခေါ်မှုကို သူ လက်ခံလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ တောင်ပံတွေထဲ ကို အားပိုထည့်လိုက်ပြီး သူ ခတ်လိုက်သည်။ ကိုယ်လုံးက ပိုကြွတက် လာပြီး လေထဲကိုထိုးတက်ဖို့ တကဲကဲဖြစ်နေသည်။ သူ ပိုအားစိုက်လိုက် ခြင်းနှင့်အတူ သူ့ကိုယ်လေထဲသို့ ထိုးတက်သွားသည်။

          လေထဲတွင် ပရမ်းပတာဖြစ်နေသော သူ့ကိုယ်ကို တောင်ပံဖြင့်ထိန်းဖို့ကြိုးစားသည်။ သူကြိုးစားလေ၊ သူ့ကိုယ်က ပရမ်းပတာဖြစ်လာလေ ဖြစ်နေသည်။ သူ ကြောက်ကြောက်လန့်လန့်ဖြင့် တောင်ပံကို အား စိုက်ခတ်လိုက်မိသည်။ ယိမ်းထိုးနေသောကိုယ်က လေထဲတွင် ဆောက် တည်ရာမရ လွင့်စဉ်လျက်ရှိနေသည်။ မြေကြီးပေါ်ကို ပြုတ်ကျသွားမည် စိုး၍ သူ ကြောက်လန့်တကြားဖြင့် တောင်ပံကို အားပြုကာထိန်းသည်။ တောင်ပံအားဖြင့် အရှိန်ပိုရလာကာ မြေကြီးပေါ်သို့ ထိုးဆင်းသွားတော့သည်။

          မြေကြီးပေါ်ရောက်တော့လည်း သူ ထိန်းမရ သိမ်းမနိုင်ဖြင့် တလိမ့် ခေါက်ကွေး လွင့်သွားသည်။ သူ့တောင်ပံတွေ ကျိုးပဲ့သွားပြီလားဟု စိတ်ပူတကြီးဖြင့် သူ ကြည့်လိုက်သည်။ တောင်ပံတွေက သူ့ကိုယ်မှာ ကပ်နေသည်ကို တွေ့ရသည်။ ထိုတောင်ပံတွေကို ယခုလို သိမ်းလိုက် ခြင်း ရှိမရှိကို သူ မသိပေ။ သဘာဝအရပင် မသိစိတ်က အလိုအလျောက် သိမ်းလိုက်လေသလားဟု သူ တွေးသည်။ သူ ပျံသန်းကြည့်မည့် အစီ အစဉ်ကို နည်းနည်းလန့်သွားသည်။ သူ ပျံသန်းကြည့်တာ အဆင်မပြေ ၍ တောင်ပံတွေ ကျိုးပဲ့သွားလျှင် အခြားသောပိုးဖလံတွေလို လေထဲမှာ လွတ်လပ်ပျော်ရွှင်စွာ ပျံသန်းနိုင်သည့်အခွင့်အရေးကို ဆုံးရှုံးသွားနိုင်သည်။

          ရဲရဲဝံ့ဝံ့ ပျံစမ်းပါဟူသော အသံကို ကြားလိုက်ရပြန်သည်။

          “တောင်ပံဆိုတာ ပျံသန်းဖို့ပေးထားတာကွ၊ တောင်ပံရတုန်း ပျံ လိုက်ပါ” ။

          အသံက ပို၍ကျယ်လောင်လာသော်လည်း ဘယ်နေရာကနေ ဘယ်သူက ပြောနေသလဲဟု သူ ရှာဖွေ၍ မတွေ့ဘဲဖြစ်နေသည်။ တောင်ပံ ရတုန်း ပျံလိုက်ပါဟူသော အားပေးစကားကြောင့် အခြားပျံသန်းနေသော ပိုးဖလံတွေကိုကြည့်ကာ သူ အားကျလာသည်။

          “ပျံကြည့်ထား၊ ညနေဆိုရင် ငါတို့တွေ မီးကြည့်ပွဲသွားကြမယ်..... မင်း မပျံနိုင်ရင်တော့ မင်းပဲကျန်နေရစ်မှာပဲ၊ အခုကတည်းက လေ့ကျင့် ထား”

          ပိုးဖလံက သူ့ကိုယ်ထဲကို သူ ပြန်ငုံ့ကြည့်လိုက်သည်။ သူ့ကိုယ်ထဲ ကလာသော အသံပဲဖြစ်လိမ့်မည်ဟု သူ တွေးမိသောကြောင့် ဖြစ်သည်။

          တောင်ပံတွေကို သူ ကြည့်လိုက်သည်။ တောင်ပံတွေက သူပျံချင်လျှင် ပျံနိုင်ဖို့ အဆင်သင့် ရှိနေပုံရသည်။ တောင်ပံတွေကို သူခတ်ကြည့်လိုက် သည်။ စောစောကထက်ပို၍ ပေါ့ပါးသွားသလို သူ ခံစားရသည်။

          တောင်ပံဆိုတာ ပျံသန်းဖို့ ပေးထားတာဟူသောအသံကို သူ ပြန်ကြား သည်။ တောင်ပံတွေကိုခတ်လိုက်ပြီး လေထဲကို နောက်တစ်ကြိမ်သူ ပျံတက်လိုက်သည်။ တောင်ပံနှစ်ဖက်ကို သူ စမ်းသပ်ထိန်းကျောင်းရင်း ထိန်းနည်းကို သူ သိသွားသည်။ လေထဲတွင် သူ ပျံနိုင်သွားလေပြီ။

          “မင်း ပျံနိုင်သွားပြီမဟုတ်လား၊ မင်းသေချာလေ့ကျင့်ထား၊ မင်း လေ့ကျင့်ထားတာ ကောင်းလေလေ မီးအလှကို အနီးကပ်ကြည့်ဖို့ အခွင့် အလမ်းသာလေလေပဲ”

          လေထဲတွင် ထောင်တက်သွားလိုက်၊ စိုက်ဆင်းသွားလိုက်၊ ဘယ် ဘက်ကို သိမ်းပိုက်ပျံလိုက်၊ ညာဘက်ကို ယိမ်းပိုက်ပျံလိုက်ဖြင့် တောင်ပံ ရထားသော ပိုးဖလံသည် ကစားစရာကောင်းကောင်း ရထားသော ကလေးတစ်ယောက်လို ပျော်ရွှင်စွာဖြင့် စမ်းသပ်ပျံသန်းလျက်ရှိသည်။ သူ့လိုပင် ပျံသန်းကြည့်နေသော ပိုးဖလံတွေကိုလည်း တွေ့ရသည်။

          “ငါတို့ အတူပျံကြမလား” “ပျံကြမယ်လေ၊ ဒါပေမဲ့ မတိုက်မိအောင် သတိထားရမယ်” “ဝေးဝေးက အရင်ပျံကြမယ်၊ ပြီးရင် ငါတို့ကပ်ပျံကြမယ်လေ” ပိုးဖလံလေးတွေမှာ သူတို့ရထားသော တောင်ပံတွေကို စိတ်ကြိုက်ခတ်ကာ ပျံသန်းနေကြသည်။တစ်ကောင်နှင့်တစ်ကောင် ခပ်ဝေးဝေး ပျံနေ ကြရာကနေ တဖြည်းဖြည်း ကပ်ပျံကြသည်။ နီးနီးကပ်ကပ် ရှောင်တိမ်း ကာ ပျံကြရတာကို သဘောကျနေကြသည်။

          “ပျော်စရာကြီးပေါ့... ငါတို့ ကောင်းကောင်းပျံနိုင်တယ်ကွ”

          “အဝေးကြီးမပျံနဲ့လို့ အဖေက မှာလိုက်တယ်.. ငါတို့ဒီမှာပဲ စိတ် ကြိုက်ပျံကြမယ်လေ”

          “ငါတို့ လိုက်တမ်းပြေးတမ်း ကစားကြမလား”

          “ဟေး.. ကောင်းတယ်.. ငါတို့ အပျံလေ့ကျင့်ပြီးသားလည်း ဖြစ် သွားတာပေါ့”

          ပိုးဖလံလေးမှာ စောစောကကြောက်စိတ်တွေ မရှိတော့ပေ။ ကြောက်စရာဟု သူထင်ထားသည့် ပျံသန်းခြင်းကိစ္စမှာ သူလေ့ကျင့်၍ ကျွမ်းကျင်သွားလျှင် သူ့ထံပါးကနေ ပျောက်ကွယ်ထွက်သွားမည့် ခြိမ်း ခြောက်မှုတစ်ခုသာဖြစ်ကြောင်း သူလက်တွေ့ သိလိုက်ရသည်။ သူ ပျံနိုင် သွားပြီဆိုသည့် အချိန်တွင် သူပျံသန်းရန် ကြောက်ဖို့ တွန်းအားပေးခဲ့ သော ကြောက်စိတ်သည် သူ ပျံနိုင်သွားပြီဆိုသောအခါ ပျောက်ကွယ် သွားပြီဖြစ်သည်။ ကြောက်စိတ်ကို ကျော်လွှားနိုင်သောနည်းမှာ ကိုယ့်ဆီ မှာပဲ ရှိနေသည်ကို ပိုးဖလံ သတိထားမိသွားသည်။

          “မင်းကိုမကြောက်နဲ့ ရဲရဲပျံလို့.. အဲဒါကြောင့် ပြောတာပေါ့၊ မင်းမှာ အစွမ်းအစက ရှိပြီးသားပဲ.. မင်းအသုံးချတတ်ဖို့နဲ့ ကြိုးစားဖို့ပဲ လိုတယ်”

          ယခုအခါမှာတော့ ထိုအသံကို ပိုးဖလံလေးက လိုက်ရှာမနေတော့ ပေ။ ထိုအသံသည် တွေဝေမေ့လျော့နေသော သူ့ကို သူကိုယ်တိုင်က ပြန်လည်သတိပေးသည့် ဒုတိယအသံအဖြစ် သူသတ်မှတ်လိုက်ပြီ ဖြစ် သည်။ ထိုသို့ အသံရှင်ကို သူ ရှာဖွေတွေ့ရှိသွားပြီ ဆိုသောအခါ သူက ထိုဒုတိယအသံနှင့် စကားပြောဖို့ ကြိုးစားတော့သည်။

          “ကောင်းပြီလေ.. အခုကောင်းကောင်းပျံနိုင်သွားပြီး.. ဒီညမှာ တောင် မီးကြည့်လိုက်လို့ရသွားပြီ.. မီးနဲ့ အနီးဆုံးကို သွားကြည့်လို့ရပြီ”

          “မီးနဲ့ အနီးဆုံးကို သွားဖို့ဆိုရင် မင်းရဲ့ ပျံသန်းမှုကို ကျွမ်းကျင် အောင်လုပ်ရမယ်.. မီးနဲ့အနီးဆုံးကို အရောက်သွားနိုင်တယ်ဆိုတာ သူရဲ ကောင်းတို့ အလုပ်ပဲကွ”

          ငါလည်း သူရဲကောင်း ဖြစ်နိုင်ပါတယ်.. သူရဲကောင်းဆိုတာ သူရဲ ကောင်းလုပ်ဖို့ သီးသန့်မွေးထုတ်လိုက်တာမှ မဟုတ်တာ”

          အားပါးတရ ရယ်လိုက်သောအသံကို ပိုးဖလံ ကြားလိုက်ရသည်။ သူ့ရင်ဘတ်ကြီး ပွင့်ထွက်မတတ်သော ရယ်သံဟုပင် ဆိုနိုင်သည်။

          “သိပ်ကိုမှန်တာပေါ့ကွာ.. သူရဲကောင်းဆိုတာ သူရဲကောင်းဖြစ်ဖို့ သီးသန့်မွေးလာတာမဟုတ်ဘူး.. တခြားအကောင်တွေလိုပဲ သူလည်း မွေးလာတာ.. ဒါပေမဲ့ သူက သူရဲကောင်းဖြစ်အောင် ကြိုးစားသွားတာ.. သူရဲကောင်းအခွင့်အရေးက မွေးကတည်းက အားလုံးမှာ ပါလာပြီးသား ပဲကွ.. အဲဒီအခွင့်အရေးကို အရယူနိုင်တဲ့သူ နည်းလွန်းလို့ သူရဲကောင်း တွေ နည်းနေတာပဲ”

          ပိုးဖလံက သူ့တောင်ပံတွေကို လေပြင်းပြင်းရအောင် ခတ်ပြလိုက် ပြီး စကားပြန်လိုက်သည်။

          “ငါ့ကိုယ်ထဲမှာ ပါပြီးသားဆိုရင် ငါ ရအောင်ယူပြမယ်.. မင်းအနီး ကပ် စောင့်ကြည့်နေပါ.. ငါ သူရဲကောင်း ဖြစ်လာစေရမယ်” ။

          ပိုးဖလံက ကြုံးဝါးလိုက်သည်။ ဒုတိယအသံဆီက အသံမကြားရ တော့ပေ။