Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

စိုင်းဝင်းမြင့် - ဒီဇင်ဘာညများ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
ဒီဇင်ဘာညများ
လမ်းမီးတိုင်တွေ ပိုမြင့်လာ
 ပိုလင်းလာတော့
ငါတို့ဟာ ပိုမှောင်လာ
 ပိုချွေးပျံလာတယ်
သစ်သားစားပွဲကနေ
ပလပ်စတစ်စားပွဲ
ညစ်ထေးတာက တောက်ပသေးတယ်
ကိုယ့်လက်ဘက်ရည်ခွက်တင်ထားတဲ့စားပွဲ
ထိုင်နေရင်း ရွေ့တတ်တာကတော့
အရာရာ ပေါ့ပျက်လှ
 
လွင့်နေတဲ့ လူငယ်ထဲ
ကောက်ရိုက်လို့ ရတဲ့ သစ်သားခွေးခြေကနေ
ဒီထက်ပို အရွယ်မကျသွားအောင်
သတိနဲ့ ထိန်းထိုင်နေရတဲ့ ပလပ်စတစ်ထိုင်ခုံ
 ဘဝတွေ ကုန်ဆုံးပုံက အသက်မဲ့လွန်းတယ်
 
ပြန်သူမဲ့လမ်းတွေ
အားလုံးသွားနေ
ငါလည်း ငေးနေရုံပဲ
တီဗီချန်နယ်က ဘာ live မှ မလွှင့်တဲ့အခါ
ဖုန်းမျက်နှာပြင်ထဲ အားလုံး ခေါင်းငိုက်စိုက်ကျ
လက်ဘက်ရည်တစ်ခွက်တည်းမှာ
တစ်ယောက်ကို တစ်ယောက် မတွေ့ကြ
ချိုသော
ဒီဇင်ဘာလို့ ပြောကြတာပဲ။
                                                ၁၁၊ ၂၊ ၂၀၁၇
 
 
ဒီဇင်ဘာည ၂
ဥက မပေါက်ခင်
အကောင်ကို ရေတွက်လို့
ကြယ်တွေကို ရေရွတ်လို့
မအေးသော မြို့မှာ
ငါလည်း အသက်မဝင်သော ကြက်ဆင်
ဧည့်ခန်းမှာ အလှဆင်လည်း
ဗလာလက်ဆောင်ထဲ ခရစ်စမတ်သစ်ပင်
သူ့အတွက် မမြင်ပဲ
ကိုယ့်အတွက် ပျော်ရွှင်ရတယ်ဆိုတာ
စန်တာကလော့မှာ ရှိသလား
လက်ဆောင်ပေးသူရဲ့ အိတ်ဟာ
ဘယ်တော့မှ လျော့မသွား။ ။
 
                                          ၂၊ ၁၂၊ ၂၀၁၇
                                          စိတ်ကူးချိုချို